မေလးရွား အဆိုေတာ္ ဖစ္ရ္ွလီအြန္း ဟင္းခ်က္ နည္းမ်ား ႐ုပ္သံလႊင့္မည္

မေလးရွား အဆိုေတာ္ ဖစ္ရ္ွလီအြန္း ဟင္းခ်က္ နည္းမ်ား ႐ုပ္သံလႊင့္မည္

မေလးရွား မွာ ေကာ္႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ခရီးသြားလာ ခြင့္ ထိန္းခ်ဳပ္ အမိန္႔ ထုတ္ျပန္ ထားရာ အိမ္တြင္းေအာင္း ေနရတဲ့အတြက္ ျပည္သူ႔ အက်ိဳးျပဳ လုပ္ငန္း တစ္ရပ္လုပ္ရန္ မေလးနာမည္ႀကီး အဆိုေတာ္ ဖစ္ရ္ွလီအြန္က ဟင္းခ်က္နည္း ေတြကို အိမ္က ႐ိုက္ၿပီး Live လႊင့္မယ္လို႔ ဆိုတယ္ ။

ဖစ္ရွ္ ( ၄၁ႏွစ္ ) က ၿပီးခဲ့တဲ့ တနဂၤေႏြ ေန႔မွာ မိသားစု အတြက္ ေအာမလက္ ၾကက္ဥ ေၾကာ္တာကို ဗီဒီယို ႐ိုက္ရင္း အဲဒီ အစီအစဥ္ကို စဥ္းစား မိတာပါ ။ အဲဒီေနာက္ သူမက လိုင္းေပၚ ကေန ဟင္းခ်က္ နည္းေတြ ျပသေပးမယ္လို႔ ေၾကညာ လိုက္ပါတယ္ ။

သူမက ဆယ္ဖီ ဆြဲသလိုပဲ ကင္မရာကို အေသ တစ္ေနရာမွာ ထားၿပီး ဟင္းခ်က္စရာ ေတြကို ယူလာၿပီး ဘယ္လို ျပင္တယ္ ၊ ဘယ္လို ခ်က္ျပဳတ္တယ္ ဆိုတာကို ျပသ သြားမွာပါ ။

သူမက “လြန္ခဲ့တဲ့ ႏွစ္၂၀က ကြၽန္မကို ရွင္တို႔ ျမင္ဖူးတယ္ မႈတ္လား ။ လွတယ္ ေခ်ာတယ္ ၊ သီခ်င္းဆို ေကာင္းတယ္၊ အသံေလးက သိပ္ သာယာတာပဲဆိုၿပီး စြဲလမ္းဖူး သူေတြအတြက္ အခု ကြၽန္မ ျပမယ့္ အရာ ကိုလည္း စြဲလမ္းေစ မွာပါ”လို႔ အ႐ြန္းေဖာက္ၿပီး ေျပာပါတယ္ ။

သူမ ေျပာသလိုပဲ ဟုတ္ပါတယ္ ။ ၁၉၉၉ ခုႏွစ္ ၀န္းက်င္မွာ တ႐ုတ္ ၊ ေဟာင္ေကာင္ ၊ ထိုင္၀မ္ ၊ စင္ကာပူနဲ႔ မေလးရွားမွာ သူမရဲ႕ သီခ်င္းသံက အိမ္တိုင္း လူတိုင္း ၾကားခဲ့ နားေထာင္ ခဲ့ရပါတယ္ ။ အေရွ႕ေတာင္အာရွ အေနအထားနဲ႔ အယ္လ္ဘမ္ ၂ သန္း နီးပါး ေရာင္းခ်ရတယ္ ဆိုတာက ေတာ္႐ုံ ေအာင္ျမင္မႈ မဟုတ္ပါဘူး။

တ႐ုတ္စကားေျပာ သီခ်င္းေတြမွာလည္း ေအာင္ျမင္မႈ ရွိခဲ့ပါတယ္။ အခုေတာ့ သူမက ဟင္းေတြ ခ်က္ျပမယ္ ဆိုေတာ့လည္း အမ်ားစုက အားေပးပါတယ္။

လိုင္းသုံးသူေတြကလည္း သူမရဲ႕ ဟင္းခ်က္နည္းေတြက တစ္မ်ိဳးတစ္ဖုံ အရသာရွိႏိုင္မယ္လို႔ ေမွ်ာ္လင့္ၾကပါတယ္ ဆိုၿပီး လိုင္းေပၚကေန အားေပးေနပါတယ္။

ေမာင္ယႆ

REF: Asiaone / Photo; 8 day

Unicode

မလေးရှား အဆိုတော် ဖစ်ရ်ှလီအွန်း ဟင်းချက် နည်းများ ရုပ်သံလွှင့်မည်

မလေးရှား မှာ ကော်ရိုနာ ဗိုင်းရပ်စ်ကြောင့် ခရီးသွားလာ ခွင့် ထိန်းချုပ် အမိန့် ထုတ်ပြန် ထားရာ အိမ်တွင်းအောင်း နေရတဲ့အတွက် ပြည်သူ့ အကျိုးပြု လုပ်ငန်း တစ်ရပ်လုပ်ရန် မလေးနာမည်ကြီး အဆိုတော် ဖစ်ရ်ှလီအွန်က ဟင်းချက်နည်း တွေကို အိမ်က ရိုက်ပြီး Live လွှင့်မယ်လို့ ဆိုတယ် ။

ဖစ်ရှ် ( ၄၁နှစ် ) က ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့မှာ မိသားစု အတွက် အောမလက် ကြက်ဥ ကြော်တာကို ဗီဒီယို ရိုက်ရင်း အဲဒီ အစီအစဉ်ကို စဉ်းစား မိတာပါ ။ အဲဒီနောက် သူမက လိုင်းပေါ် ကနေ ဟင်းချက် နည်းတွေ ပြသပေးမယ်လို့ ကြေညာ လိုက်ပါတယ် ။

သူမက ဆယ်ဖီ ဆွဲသလိုပဲ ကင်မရာကို အသေ တစ်နေရာမှာ ထားပြီး ဟင်းချက်စရာ တွေကို ယူလာပြီး ဘယ်လို ပြင်တယ် ၊ ဘယ်လို ချက်ပြုတ်တယ် ဆိုတာကို ပြသ သွားမှာပါ ။

သူမက “လွန်ခဲ့တဲ့ နှစ်၂၀က ကျွန်မကို ရှင်တို့ မြင်ဖူးတယ် မှုတ်လား ။ လှတယ် ချောတယ် ၊ သီချင်းဆို ကောင်းတယ်၊ အသံလေးက သိပ် သာယာတာပဲဆိုပြီး စွဲလမ်းဖူး သူတွေအတွက် အခု ကျွန်မ ပြမယ့် အရာ ကိုလည်း စွဲလမ်းစေ မှာပါ”လို့ အရွန်းဖောက်ပြီး ပြောပါတယ် ။

သူမ ပြောသလိုပဲ ဟုတ်ပါတယ် ။ ၁၉၉၉ ခုနှစ် ၀န်းကျင်မှာ တရုတ် ၊ ဟောင်ကောင် ၊ ထိုင်၀မ် ၊ စင်ကာပူနဲ့ မလေးရှားမှာ သူမရဲ့ သီချင်းသံက အိမ်တိုင်း လူတိုင်း ကြားခဲ့ နားထောင် ခဲ့ရပါတယ် ။ အရှေ့တောင်အာရှ အနေအထားနဲ့ အယ်လ်ဘမ် ၂ သန်း နီးပါး ရောင်းချရတယ် ဆိုတာက တော်ရုံ အောင်မြင်မှု မဟုတ်ပါဘူး။

တရုတ်စကားပြော သီချင်းတွေမှာလည်း အောင်မြင်မှု ရှိခဲ့ပါတယ်။ အခုတော့ သူမက ဟင်းတွေ ချက်ပြမယ် ဆိုတော့လည်း အများစုက အားပေးပါတယ်။

လိုင်းသုံးသူတွေကလည်း သူမရဲ့ ဟင်းချက်နည်းတွေက တစ်မျိုးတစ်ဖုံ အရသာရှိနိုင်မယ်လို့ မျှော်လင့်ကြပါတယ် ဆိုပြီး လိုင်းပေါ်ကနေ အားပေးနေပါတယ်။

မောင်ယဿ

REF: Asiaone / Photo; 8 day

No Comments

Leave a Reply

Your email address will not be published.