
International-news






မောင်ယဿ


Unicode

မလေးရှား-စင်ကာပူ နယ်စပ်ဂိတ် လူရွေးပြီး ဝင်ခွင့်ပြု

ဇွန်လ ၂၃ ရက်နေ့ လောက်ကတည်းက စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ၂နိုင်ငံနယ်စပ်ဂိတ်တွေကို မဖွင့် ထားပေမဲ့ မလေးရှားက လာပြီး အလုပ်လုပ်မယ့်သူတွေကို နယ်စပ်မှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ သေချာအောင် စစ်ပြီးမှ အဝင်ခံမယ်လို့ ကြေငြာထားပါတယ် ။ စင်ကာပူအနေနဲ့မလေးအလုပ်သမားတိုင်းကို အဝင်ခံလို့မရ ပါဘူး။ စင်ကာပူကို ဝင်ဖို့ကြိုးစားတဲ့ အလုပ်သမားတွေကို အဆင့်ဆင့် စစ်ဆေးပြီးမှ လက်ခံမယ်လို့ဆိုတယ် ။

နောက်ဆုံး မနေ့ကရတဲ့သတင်း အရ မလေးအစိုးရနဲ့ စင်ကာပူ အစိုးရတို့ညှိနှိုင်းလိုက်ကြပြီး စင်ကာပူမှာ နေထိုင်တဲ့ မလေးတွေနဲ့ ခရီးသည်တွေကို လူရွေးလက်ခံဖို့ ဆုံးဖြတ်လိုက်ကြတယ်လို့ သိရပါတယ် ။ စင်ကာပူမှာ နှစ်ရှည် စီးပွားရေးနဲ့ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ရထားတဲ့သူတွေကို ဦးစားပေးမယ်လို့ မီဒီယာက ဆိုတယ် ။ အဲ့ဒိ ဆုံးဖြတ်ချက်က မလေးရှား ဝန်ကြီးချုပ်နဲ့ စင်ကာပူ ဝန်ကြီးချုပ်တို့ ဖုန်းဆက်ပြီး သဘောတူညီချက် ကနေ ရလာတာပါ ။

သူတို့က နယ်စပ်ဖြတ်ကျော်ဖို့ အတွက် အထူး ပလက်ဖောင်းတစ်ခုကို လုပ်ပြီး အဲ့ဒိ ကနေမှတစ်ဆင့် စစ်ဆေးမှု တွေကို လုပ်မယ် ။ ပြီးတော့ စခန်းတစ်ခု ဖွင့်ပြီး အဝင်အထွက် လုပ်တဲ့ သူတွေကို စစ်ဆေး စမ်းသပ်မှာပါ ။ မလေးရှား ဖက်ကစခန်းကနေကျန်းမာရေးဆိုင်ရာ စစ်ဆေးမှု လုပ်ပြီးရင် နယ်စပ်ဖြတ်ကျော်ခိုင်းမယ်ပြီးရင် စင်ကာပူဖက်က စခန်းကနေ ဆက်လက်စစ်ဆေးမယ်။ အဲ့ဒိ စစ်ဆေးမှု ၂ခုလုံးကို အသွားအပြန် ၂ဖက်လုံး စစ်ဆေးဖို့အတွက် စီစဉ်လိုက်တာပါ ။ နောက်ပြီး စီးပွားရေးဆိုင်ရာ ကိစ္စ မဖြစ်မနေ သွားရောက်ရမယ့် သူတွေကိုပဲ ပထမဦးစားပေးအဖြစ် လွှတ်မှာ ဖြစ်ပါတယ် ။

“ကျနော့်တို့ဆီမှာ ပြီးခဲ့၃လုံးလုံး လော့ခ်ဒေါင်း ချထားတော့ စင်ကာပူက လုပ်ငန်းခွင်တွေထဲကနေ အိမ်ပြန်လို့မရဘဲ ပိတ်မိနေတဲ့ မလေးရှားသားတွေ ရှိနေသလို မလေးရှားဖက်မှာ ပိတ်မိနေတဲ့ စင်ကာပူသားတွေနဲ့ စင်ကာပူ လုပ်ငန်းတွေထဲက ကိုယ်စားလှယ် ဝန်ထမ်းတွေ ရှိနေပါတယ် ။ သူတို့တွေ အားလုံး အိမ်ပြန်ချင် နေကြပြီ၊ သူတို့တွေကို ဝင်ထွက်ခွင့်ပေးပြီး အိမ်ပြန် နိုင်အောင် လုပ်တဲ့အစီအစဉ်ပါ”လို့ စင်ကာပူ ဝန်ကြီးချုပ်က ဆိုပါတယ် ။ စင်ကာပူ-မလေးရှား နယ်စပ်က နေ့စဉ် ပျားပန်းခတ်အောင် အသွားအလာ များနေရာက ကော်ရိုနာဗိုင်းရက်ကြောင့် ၂နိုင်ငံလုံးလော့ခ်ဒေါင်းချလိုက်လို့ လူသူကင်းမဲ့နေပါတယ် ။ အခုတော့၂နိုင်ငံလုံးရဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီအစဉ်အတိုင်း နယ်စပ် ဝင်ထွက်ခွင့် ပြုမယ်လို့သိရပါတယ် ။

မောင်ယဿ

REF: world of buzz / Photo; straight times

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …