မေလးရွားႏိုင္ငံေရးက အရႈတ္ထုတ္ႀကီး ျဖစ္ေနလို႔ ထြက္ရတာလို႔ မဟာသီဆို
- By : Phoe Linn
- Category : International-news
- Tags: international news

မေလးရွားႏိုင္ငံေရးက အရႈတ္ထုတ္ႀကီး ျဖစ္ေနလို႔ ထြက္ရတာလို႔ မဟာသီဆို
ဒီအပတ္ တနလာေနၤ့ (ေဖေဖာ္ဝါရီလ ၂၄ရက္ေန႔)က ကမာၻ႔ အသက္ႀကီးဆုံး ဝန္ႀကီးခ်ဳပ္ျဖစ္တဲ့ မေလးရွား ဝန္ႀကီးခ်ဳပ္ တြန္ ေဒါက္တာမဟာသီရာ မိုဟာမတ္က ရာထူးက ႏႈတ္ထြက္ ခဲ့ပါတယ္။ ဒီေန႔မနက္ေတာ့ သူက သူ႔ရဲ႕ ေဖ့စ္ဘုတ္ကေန ဘာေၾကာင့္ ရာထူးက ႏႈတ္ထြက္ရတဲ့ အေၾကာင္းကို ရွင္းျပပါတယ္။
သူက မေလးရွား ႏိုင္ငံေရးက မလိုအပ္တာေတြ နဲ႔ အပိုအလုပ္ရႈတ္ ေနလို႔ ထြက္ရတာလို႔ဆိုတယ္။ သူထြက္ရတဲ့ အေၾကာင္းက အမ်ားႀကီးပါတဲ့။ သူကို ဝန္ႀကီးခ်ဳပ္ရာထူး ဆက္ခံဖို႔ အမ်ားႀကီး ေထာက္ခံခဲ့ပါတယ္။ ဒါေပမဲ့ ဘယ္ပါတီကို ေ႐ြးခ်ယ္ရမွန္း သူမသိခဲ့ပါဘူးလို႔ ေျပာပါတယ္။
“အခ်ိဳ႕ က်ေနာ့္ ကို အာဏါ႐ူး ႀကီးလို႔ ေျပာၾကတယ္။ ဒီအာဏါကို မက္လို႔ ဒီအသက္အ႐ြယ္အထိ ျပန္အေ႐ြးခံတာ လို႔ ေျပာၾကတယ္။ ျပန္စဥ္းစား ၾကည့္စမ္းပါ။ မေလးရွားႏိုင္ငံက က်ေနာ္မရွိခဲ့တုန္းက ဘာေတြ ျဖစ္ ေနလဲဆိုတာကို”လို႔ဆိုတယ္။
“ႏိုင္ငံေရးမွာ လုပ္ပိုင္ခြင့္ အာဏါဆိုတာရွိတယ္။ ဘာအာဏါမွ က်ေနာ္မေတြ႕ ခဲ့ပါဘူး။ က်ေနာ့္ ရည္မွန္းခ်က္က ေသအတူ ရွင္အတူပဲ။ က်ေနာ္ျဖစ္ေနတာကို ၾကည့္ပါဦး ဝန္ႀကီးခ်ဳပ္တစ္ေယာက္ရဲ႕ အာဏါနဲ႔ ေနရာက ဘယ္မွာလဲ။ တိုင္းျပည္ေကာင္းစားဖို႔အတြက္ က်ေနာ္တို႔ရဲ႕ ပန္းတိုင္ေတြ ရည္မွန္းခ်က္ေတြ ကို အေကာင္ အထည္ ေဖာ္ဖို႔အတြက္ ဝန္ႀကီးခ်ဳပ္တစ္ေယာက္မွာ လုပ္ပိုင္ခြင့္ေတြ ရွိရမယ္။
အဲ့ဒါေတြမရွိရင္ က်ေနာ္က ဘာလုပ္ဖို႔ ဝန္ႀကီးခ်ဳပ္ လုပ္ေနရမွာလဲ။ ထြက္တယ္။ က်ေနာ့္တစ္ေယာက္တည္း အျမင္ကို ေျပာမယ္။ တိုင္းျပည္ကို ဦးေဆာင္ေနတာ ဘယ္ပါတီဆိုတဲ့ ေခါင္းစဥ္ ရွိကို ရွိရမယ္”လို႔ သူကဆိုတယ္။
မေလးရွားမွာက မဟာသီကို ေထာက္ခံတဲ့ အင္အားက မေသးပါဘူး။ ေနာက္တစ္ႀကီမ္ ေ႐ြးေကာက္ပြဲလုပ္လည္း သူႏိုင္မွာက ေသခ်ာပါတယ္။ သူကလည္း ႏိုင္ငံေရးမွာ အေျပာင္းအလဲ လုပ္ခ်င္ေနတယ္။ မေလးရွား ႏိုင္ငံက ေခါင္းေဆာင္းပိုင္း အေျပာင္းအလဲကို လုပ္ဖို႔ လိုေနၿပီလို႔လည္း သူက ခံယူထားပါတယ္။
သူဒီတစ္ခါ ရာထူးက ႏႈတ္ထြက္တာ အၿပီးပဲ။ ႏိုင္ငံေရးထဲကို ဘယ္ေတာ့မွ ဝင္မပါေတာ့ဘူးလို႔ ဆုံးျဖတ္ထားေၾကာင္း ေျပာပါတယ္။ “ပါကန္တန္ဟာရာပန္ ၫႊန႔္ေပါင္းအစိုးရအဖြဲ႕ကေန က်ေနာ့္ပါတီ ဘာစတူက ဘာလို႔ ထြက္ၾကတာလဲလို႔ က်ေနာ့္ကိုယ္ က်ေနာ္ အခါခါ ျပန္ေမးၾကည့္မိတယ္။
အဲ့ဒိၫႊန္ေပါင္းအစိုးရကေန အျခားပါတီေတြလည္း ထြက္ရင္ ၫႊန္ေပါင္းအစိုးရ ၿပိဳလဲၿပီေပါ့။ အတိုက္အခံ UMNO က သူတို႔ ပါတီဝင္ေတြကို ပါတီၾသဇာ ခံခိုင္းၿပီး အျခားပါတီေတြထဲမွာ ေနရာရေအာင္ လုပ္ေနတယ္။ အစိုးရထဲထိ ေရာက္လာေတာ့ က်ေနာ္ဘာလုပ္ရမလဲ။ ထြက္ဖို႔ပဲ ရွိေတာ့တာေပါ့”လို႔ ဆိုပါတယ္။
ေမာင္ယႆ REF; world of buzz
photo; daily star
Unicode
မလေးရှားနိုင်ငံရေးက အရှုတ်ထုတ်ကြီး ဖြစ်နေလို့ ထွက်ရတာလို့ မဟာသီဆို
ဒီအပတ် တနလာင်္နေ့ (ဖေဖော်ဝါရီလ ၂၄ရက်နေ့)က ကမ္ဘာ့ အသက်ကြီးဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ မလေးရှား ဝန်ကြီးချုပ် တွန် ဒေါက်တာမဟာသီရာ မိုဟာမတ်က ရာထူးက နှုတ်ထွက် ခဲ့ပါတယ်။ ဒီနေ့မနက်တော့ သူက သူ့ရဲ့ ဖေ့စ်ဘုတ်ကနေ ဘာကြောင့် ရာထူးက နှုတ်ထွက်ရတဲ့ အကြောင်းကို ရှင်းပြပါတယ်။
သူက မလေးရှား နိုင်ငံရေးက မလိုအပ်တာတွေ နဲ့ အပိုအလုပ်ရှုတ် နေလို့ ထွက်ရတာလို့ဆိုတယ်။ သူထွက်ရတဲ့ အကြောင်းက အများကြီးပါတဲ့။ သူကို ဝန်ကြီးချုပ်ရာထူး ဆက်ခံဖို့ အများကြီး ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်ပါတီကို ရွေးချယ်ရမှန်း သူမသိခဲ့ပါဘူးလို့ ပြောပါတယ်။
“အချို့ ကျနော့် ကို အာဏါရူး ကြီးလို့ ပြောကြတယ်။ ဒီအာဏါကို မက်လို့ ဒီအသက်အရွယ်အထိ ပြန်အရွေးခံတာ လို့ ပြောကြတယ်။ ပြန်စဉ်းစား ကြည့်စမ်းပါ။ မလေးရှားနိုင်ငံက ကျနော်မရှိခဲ့တုန်းက ဘာတွေ ဖြစ် နေလဲဆိုတာကို”လို့ဆိုတယ်။
“နိုင်ငံရေးမှာ လုပ်ပိုင်ခွင့် အာဏါဆိုတာရှိတယ်။ ဘာအာဏါမှ ကျနော်မတွေ့ ခဲ့ပါဘူး။ ကျနော့် ရည်မှန်းချက်က သေအတူ ရှင်အတူပဲ။ ကျနော်ဖြစ်နေတာကို ကြည့်ပါဦး ဝန်ကြီးချုပ်တစ်ယောက်ရဲ့ အာဏါနဲ့ နေရာက ဘယ်မှာလဲ။ တိုင်းပြည်ကောင်းစားဖို့အတွက် ကျနော်တို့ရဲ့ ပန်းတိုင်တွေ ရည်မှန်းချက်တွေ ကို အကောင် အထည် ဖော်ဖို့အတွက် ဝန်ကြီးချုပ်တစ်ယောက်မှာ လုပ်ပိုင်ခွင့်တွေ ရှိရမယ်။
အဲ့ဒါတွေမရှိရင် ကျနော်က ဘာလုပ်ဖို့ ဝန်ကြီးချုပ် လုပ်နေရမှာလဲ။ ထွက်တယ်။ ကျနော့်တစ်ယောက်တည်း အမြင်ကို ပြောမယ်။ တိုင်းပြည်ကို ဦးဆောင်နေတာ ဘယ်ပါတီဆိုတဲ့ ခေါင်းစဉ် ရှိကို ရှိရမယ်”လို့ သူကဆိုတယ်။
မလေးရှားမှာက မဟာသီကို ထောက်ခံတဲ့ အင်အားက မသေးပါဘူး။ နောက်တစ်ကြီမ် ရွေးကောက်ပွဲလုပ်လည်း သူနိုင်မှာက သေချာပါတယ်။ သူကလည်း နိုင်ငံရေးမှာ အပြောင်းအလဲ လုပ်ချင်နေတယ်။ မလေးရှား နိုင်ငံက ခေါင်းဆောင်းပိုင်း အပြောင်းအလဲကို လုပ်ဖို့ လိုနေပြီလို့လည်း သူက ခံယူထားပါတယ်။
သူဒီတစ်ခါ ရာထူးက နှုတ်ထွက်တာ အပြီးပဲ။ နိုင်ငံရေးထဲကို ဘယ်တော့မှ ဝင်မပါတော့ဘူးလို့ ဆုံးဖြတ်ထားကြောင်း ပြောပါတယ်။ “ပါကန်တန်ဟာရာပန် ညွှန့်ပေါင်းအစိုးရအဖွဲ့ကနေ ကျနော့်ပါတီ ဘာစတူက ဘာလို့ ထွက်ကြတာလဲလို့ ကျနော့်ကိုယ် ကျနော် အခါခါ ပြန်မေးကြည့်မိတယ်။
အဲ့ဒိညွှန်ပေါင်းအစိုးရကနေ အခြားပါတီတွေလည်း ထွက်ရင် ညွှန်ပေါင်းအစိုးရ ပြိုလဲပြီပေါ့။ အတိုက်အခံ UMNO က သူတို့ ပါတီဝင်တွေကို ပါတီသြဇာ ခံခိုင်းပြီး အခြားပါတီတွေထဲမှာ နေရာရအောင် လုပ်နေတယ်။ အစိုးရထဲထိ ရောက်လာတော့ ကျနော်ဘာလုပ်ရမလဲ။ ထွက်ဖို့ပဲ ရှိတော့တာပေါ့”လို့ ဆိုပါတယ်။
မောင်ယဿ REF; world of buzz
photo; daily star
No Comments