
International-news








မောင်ယဿ REF: CNN
Photo ;china daily

Unicode

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက် ရာထူးမှ နှုတ်ထွက်

တနင်္လာနေ့ မနက်ပိုင်းက မလေးရှားဘုရင့်ထံ ရာထူးမှ နှုတ်ထွက်ကြောင်း စာတင်ခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီရာ မိုဟာမက်က သူ့ရုံခန်းကနေ ကြေညာခဲ့ပါတယ်။ နိုင်ငံရေးပဋိက္ခ ဖြစ်နေတဲ့ မလေးရှားမှာ သူ့ရဲ့ နှုတ်ထွက်မှုက ရှော့ အကြီးကြီး တစ်ခုဖြစ်ပါတယ်။

အသက် ၉၄နှစ်အရွယ် ရောက်နေပြီ ဖြစ်တဲ့ မဟာသီယာက နိုင်ငံရေး ပြန်လည်သင့်မြတ်မှု ရရန်အတွက် ရွေးကောက်ပွဲကို ပြန်ဝင်ပြီး ဝန်ကြီးချုပ် ပြန်လုပ်နေတာပါ။ သူက သူ့နေရာကို ဆက်ခံဖို့အတွက် အန်နဝါ အီဘရာဟင်ကို ရာထူး လွှဲပေးဖို့အတွက် ညွှန်ကြားခဲ့ပါ။

မဟာသီရာရဲ့ ပါတီဖြစ်တဲ့ ဘာဆာတူကတော့ သူ့ရဲ့ နှုတ်ထွက်ကြောင်း ကြေညာပြီးလိုက်တာနဲ့ ထုတ်ပြန်ချက်တစ်ခုကို ကြေညာလိုက်ပါတယ်။ ဝန်ကြီးချုပ်ကို ထောက်ခံနေသူတွေက ပါတီအားလုံး စုပေါင်း အုပ်ချုပ်မယ်ဆိုတဲ့ ညွှန့်ပေါင်းအစိုးရဖြစ်တဲ့ ပါကာတန်ဟာရာပန်ကို ဖျက်သိမ်းလိုက်တာနဲ့ တူနေတယ်လို့ ထုတ်ပြန်သွားပါတယ်။

ဘာဆာတူပါတီဥက္ကဌဖြစ်သူ ယက်ဆင်က “ မလေးရှားနိုင်ငံက ဝန်ကြီးချုပ်လို့ ယုံကြည်ထားတဲ့သူ မဟာသီက အနားယူမယ်ဆိုတော့ ညွှန့်ပေါင်းအစိုးရထဲမှာရှိတဲ့ ဘာဆာတူ လွှတ်တော်အမတ်တွေက ပါကာတန် ဟာရာပန် ညွန့်ပေါင်းအဖွဲ့ကို ယုံကြည်မှု မရှိတော့ လို့ နှုတ်ထွက်စာတွေ လိုက်တင်နေကြပါတယ်။

အားလုံး ထွက်မယ်ထင်တာပဲ”လို့ ဆိုပါတယ်။ ကမ္ဘာ့ အသက်ကြီးဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ မဟာသီယာက ကမ္ဘာ နိုင်ငံရေး ကျွမ်းကျင်သူတွေ အံ့အားသင့်သွားအောင် ၂၀၁၈ ရွေးကောက်ပွဲ မှာ အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။ မလေးရှားနိုင်ငံရေးကို လက်ဝါးကြီးအုပ်နေတဲ့ နာဂျစ်ရာဇတ်ရဲ့ ညွှန့်ပေါင်းအစိုးရကလည်း ရပ်တန့်သွားပါတယ်။

အရှေ့တောင်အာရှ မှာ မလေးရှားကို ကျားတစ်ကောင်ဖြစ်အောင် လုပ်ခဲ့တဲ့ မဟာသီရာ က အကျင့်ပျက်ခြစားမှုတွေ များလွန်နေတဲ့ မလေးရှားကို ပြန်လည် အဖတ်ဆယ်နိုင်ဖို့ နိုင်ငံရေးလောကထဲ တစ်ကျော့ပြန် ဝင်ရောက် လာခဲ့တာပါ။ အခုတော့ တစ်ခါက သူကိုယ်တိုင် ထောင်ချခဲ့တဲ့ လက်ရှိ ဒုတိယဝန်ကြီးချုပ် အန်နဝါလက်ထဲကို သူ့ရဲ့ အာဏါ လွှဲပြောင်းခဲ့ပါတယ်။

မောင်ယဿ REF: CNN
Photo ;china daily

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …