မေလးရွားမွာ ဧၿပီ ေမ ဇြန္ သုံးလစာ လွ်ပ္စစ္မီး အခမဲ့ ေပးသုံး

မေလးရွားမွာ ဧၿပီ ေမ ဇြန္ သုံးလစာ လွ်ပ္စစ္မီး အခမဲ့ ေပးသုံး
International-news

မေလးရွားမွာ ဧၿပီ ေမ ဇြန္ သုံးလစာ လွ်ပ္စစ္မီး အခမဲ့ ေပးသုံး

မေလးရွား အစိုးရက ေကာ္႐ိုနာ ဗိုင္းရက္ ကာလအတြင္း ျပည္သူေတြကို ဝန္ထုပ္ဝန္ပိုး မျဖစ္ေစဖို႔ လွ်ပ္စစ္မီး သုံးစြဲမႈကို ဧၿပီ ေမ ဇြန္ ၃လစာ အတြက္ အခမဲ့ ျဖန္ျဖဴး ေပးခဲ့ပါတယ္ ။ အစိုးရက မီးေပးတဲ့ ကုမၸဏီနဲ႔ သဘာတူ လက္မွတ္ ေရးထိုးၿပီး ရင္းဂစ္ ၉၂၄ သန္းဖို႔ ေဈးေလွ်ာ့ ယူဖို႔ ေျပာခဲ့ပါတယ္ ။ အဲ့ဒိ အစီအစဥ္ေၾကာင့္ မေလးရွား အိမ္ေထာင္စု ၇.၆၆ သန္း က လွ်ပ္စစ္မီတာခ သက္ေတာင့္ သက္သာ ျဖစ္ခဲ့ ရပါတယ္ ။

၂၀၂၀ ဧၿပီ ေမ ဇြန္ ၃လစာ အတြက္ လွ်ပ္စစ္ သုံးစြဲမႈ ဝပ္ ၃၀၀ နဲ႔ ေအာက္က လွ်ပ္စစ္မီး အခမဲ့သုံးစြဲခြင့္ ရခဲ့ၿပီး ဝပ္ ၃၀၀ နဲ႔ အထက္ သုံးစြဲတဲ့ အိမ္ေထာင္စု ေတြကေတာ့ တစ္လခ်င္းစီ အတြက္ ၇၇ ရင္းဂစ္ ေပးေဆာင္ရမွာ ျဖစ္ပါတယ္ ။ ခန႔္မွန္း တြက္ခ်က္မႈ အရ အဲ့ဒိ အစီအစဥ္က အိမ္ေထာင္စု ၄ သန္းကို အခမဲ့ ျဖစ္ေစၿပီး က်န္အိမ္ ေထာင္စု ၃.၆ သန္းကေတာ့ တစ္လကို ၇၇ ရင္းဂစ္ ေပးေဆာင္မႈ ျဖစ္ေစခဲ့ပါတယ္ ။

ဘာနားမား သတင္းစာ အဆိုအရ အဲ့ဒိ မီတာခ ေလွ်ာ့ေပးတာေတြကို ဇူလိုင္လမွာ ေကာက္ခံမယ့္ေျပစာမွာ ေဖာ္ျပေပးမွာလို႔ ဆိုပါတယ္ ။ ေၾကညာခ်က္ကိုေတာ့ မေလးရွား စြမ္းအင္နဲ႔ သဘာဝရင္းျမစ္ဝန္ႀကီးဌာနက ထုတ္ျပန္ ေပးတာ ျဖစ္ပါတယ္ ။ ေမလ လယ္မွာ ကုမၸဏီက မီတာဖတ္တဲ့လုပ္ငန္း ျပန္လည္ စတင္ႏိုင္တဲ့ အခါမွာေတာ့ မေလးရွား ႏိုင္ငံသားအမ်ားစုက သူတို႔ရဲ႕ မီတာခေတြ သိသိသာသာ တိုးျမင့္ေနတာကို ေတြ႕လာရလို႔ အားလုံးက အံအားသင့္ခဲ့ ရတယ္ ။ လွ်ပ္စစ္ဓာတ္အားေပးကုမၸဏီက အမွန္တကယ္ စြမ္းအင္ သုံးစြဲမႈကို လအလိုက္ အေရအတြက္အၾကား ခြဲေဝေပးသည့္ ႀကိဳတင္ ခန႔္မွန္းမႈ နည္းလမ္းကို အသုံးျပဳကာ အမွန္တကယ္ေငြေတာင္းခံ ျခင္းသည္ မွန္ကန္ေၾကာင္း ရွင္းလင္း ေျပာၾကားခဲ့သည္ ။

ဓာတ္အားျဖန႔္ျဖဴးတဲ့ ကုမၸဏီကေတာ့ ခရီးသြားလာခြင့္ ထိန္းခ်ဳပ္တဲ့ ကာလအတြင္း လူေတြက အိမ္မွာ အေနမ်ားတဲ့ အတြက္ေၾကာင့္ မီတာခ ပိုမိုကုန္က်တာ ျဖစ္တယ္လို႔ ဆိုပါတယ္ ။ လူေန အိမ္ရာေတြနဲ႔ တိုက္ခန္းတြဲ ေတြမွာ ဆိုရင္ လွ်ပ္စစ္အသုံး ျပဳမႈက ၂၀% ကေန ၂၅ % အထိတိုးတက္လာခဲ့တယ္လို႔ ကုမၸဏီက အစီရင္ခံ တင္ျပခဲ့ပါတယ္ ။ သူတို႔အေနနဲ႔ ႀကိဳတြက္ၿပီး ေတာင္းရတာေတြ ရွိတဲ့အေၾကာင္းက စားသုံးသူေတြကို ေငြပိုမို မေဆာင္ရေအာင္လို႔ ျဖစ္တယ္လို႔လည္း ရွင္းခဲ့ပါတယ္ ။ ဘာပဲျဖစ္ျဖစ္ မေလးရွား အစိုးရကေတာ့ ျပည္သူေတြရဲ႕ ဝန္ထုတ္ဝန္ပိုးကိုတတ္ႏိုင္ သေလာက္ ေျဖေလွ်ာ့ ေပးႏိုင္ခဲ့ပါတယ္ ။

ေမာင္ယႆ

REF: soyacincau.com / Photo ;world of buzz

Unicode

မလေးရှားမှာ ဧပြီ မေ ဇွန် သုံးလစာ လျှပ်စစ်မီး အခမဲ့ ပေးသုံး

မလေးရှား အစိုးရက ကော်ရိုနာ ဗိုင်းရက် ကာလအတွင်း ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ လျှပ်စစ်မီး သုံးစွဲမှုကို ဧပြီ မေ ဇွန် ၃လစာ အတွက် အခမဲ့ ဖြန်ဖြူး ပေးခဲ့ပါတယ် ။ အစိုးရက မီးပေးတဲ့ ကုမ္ပဏီနဲ့ သဘာတူ လက်မှတ် ရေးထိုးပြီး ရင်းဂစ် ၉၂၄ သန်းဖို့ ဈေးလျှော့ ယူဖို့ ပြောခဲ့ပါတယ် ။ အဲ့ဒိ အစီအစဉ်ကြောင့် မလေးရှား အိမ်ထောင်စု ၇.၆၆ သန်း က လျှပ်စစ်မီတာခ သက်တောင့် သက်သာ ဖြစ်ခဲ့ ရပါတယ် ။

၂၀၂၀ ဧပြီ မေ ဇွန် ၃လစာ အတွက် လျှပ်စစ် သုံးစွဲမှု ဝပ် ၃၀၀ နဲ့ အောက်က လျှပ်စစ်မီး အခမဲ့သုံးစွဲခွင့် ရခဲ့ပြီး ဝပ် ၃၀၀ နဲ့ အထက် သုံးစွဲတဲ့ အိမ်ထောင်စု တွေကတော့ တစ်လချင်းစီ အတွက် ၇၇ ရင်းဂစ် ပေးဆောင်ရမှာ ဖြစ်ပါတယ် ။ ခန့်မှန်း တွက်ချက်မှု အရ အဲ့ဒိ အစီအစဉ်က အိမ်ထောင်စု ၄ သန်းကို အခမဲ့ ဖြစ်စေပြီး ကျန်အိမ် ထောင်စု ၃.၆ သန်းကတော့ တစ်လကို ၇၇ ရင်းဂစ် ပေးဆောင်မှု ဖြစ်စေခဲ့ပါတယ် ။

ဘာနားမား သတင်းစာ အဆိုအရ အဲ့ဒိ မီတာခ လျှော့ပေးတာတွေကို ဇူလိုင်လမှာ ကောက်ခံမယ့်ပြေစာမှာ ဖော်ပြပေးမှာလို့ ဆိုပါတယ် ။ ကြေညာချက်ကိုတော့ မလေးရှား စွမ်းအင်နဲ့ သဘာဝရင်းမြစ်ဝန်ကြီးဌာနက ထုတ်ပြန် ပေးတာ ဖြစ်ပါတယ် ။ မေလ လယ်မှာ ကုမ္ပဏီက မီတာဖတ်တဲ့လုပ်ငန်း ပြန်လည် စတင်နိုင်တဲ့ အခါမှာတော့ မလေးရှား နိုင်ငံသားအများစုက သူတို့ရဲ့ မီတာခတွေ သိသိသာသာ တိုးမြင့်နေတာကို တွေ့လာရလို့ အားလုံးက အံအားသင့်ခဲ့ ရတယ် ။ လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီက အမှန်တကယ် စွမ်းအင် သုံးစွဲမှုကို လအလိုက် အရေအတွက်အကြား ခွဲဝေပေးသည့် ကြိုတင် ခန့်မှန်းမှု နည်းလမ်းကို အသုံးပြုကာ အမှန်တကယ်ငွေတောင်းခံ ခြင်းသည် မှန်ကန်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည် ။

ဓာတ်အားဖြန့်ဖြူးတဲ့ ကုမ္ပဏီကတော့ ခရီးသွားလာခွင့် ထိန်းချုပ်တဲ့ ကာလအတွင်း လူတွေက အိမ်မှာ အနေများတဲ့ အတွက်ကြောင့် မီတာခ ပိုမိုကုန်ကျတာ ဖြစ်တယ်လို့ ဆိုပါတယ် ။ လူနေ အိမ်ရာတွေနဲ့ တိုက်ခန်းတွဲ တွေမှာ ဆိုရင် လျှပ်စစ်အသုံး ပြုမှုက ၂၀% ကနေ ၂၅ % အထိတိုးတက်လာခဲ့တယ်လို့ ကုမ္ပဏီက အစီရင်ခံ တင်ပြခဲ့ပါတယ် ။ သူတို့အနေနဲ့ ကြိုတွက်ပြီး တောင်းရတာတွေ ရှိတဲ့အကြောင်းက စားသုံးသူတွေကို ငွေပိုမို မဆောင်ရအောင်လို့ ဖြစ်တယ်လို့လည်း ရှင်းခဲ့ပါတယ် ။ ဘာပဲဖြစ်ဖြစ် မလေးရှား အစိုးရကတော့ ပြည်သူတွေရဲ့ ဝန်ထုတ်ဝန်ပိုးကိုတတ်နိုင် သလောက် ဖြေလျှော့ ပေးနိုင်ခဲ့ပါတယ် ။

မောင်ယဿ

REF: soyacincau.com / Photo ;world of buzz

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …