မေလးရွားမွာ အိႏၵိယက မသြင္းေတာ့လို႔ ပါရာစီတေမာ ျပတ္ေတာ့မယ္ဆို

မေလးရွားမွာ အိႏၵိယက မသြင္းေတာ့လို႔ ပါရာစီတေမာ ျပတ္ေတာ့မယ္ဆို
Health

မေလးရွားမွာ အိႏၵိယက မသြင္းေတာ့လို႔ ပါရာစီတေမာ ျပတ္ေတာ့မယ္ဆို

မေလးရွားႏိုင္ငံ ေဆးထုတ္လုပ္ေရး လုပ္ငန္းစုေတြက ေကာ္႐ိုနာဗိုင္းရက္ ဆက္လက္ျဖစ္ပြားေနပါက သူတို႔လည္း ကုန္ၾကမ္းျပတ္ၿပီး ေဆးေတြကို ဆက္ထုတ္ႏိုင္ေတာ့မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္ ။

နယူးစထရိတ္တိုင္း သတင္းစာ အဆိုအရ မေလးရွားရွိ ေဆးလုပ္ငန္း အုပ္စုေတြက အလုပ္ခ်ိန္ရွည္ၾကာစြာ လုပ္ေနရျခင္း ကုန္ၾကမ္းပစၥည္း နည္းလာျခင္း လုပ္သားမ်ား အားအင္ ကုန္ခမ္းလာျခင္းနဲ႔ မလုံေလာက္ျခင္း တို႔ေၾကာင့္ ေကာ္႐ိုနာ ဗိုင္းရက္ ဆက္လက္ ျဖစ္ပြားေနပါက သူတို႔ လုပ္ငန္း ေတြကို ရပ္ပစ္ ရေတာ့မယ့္ အေျခအေနထိ ျဖစ္ေနတယ္လို႔ ဆိုပါတယ္ ။

မေလးရွား ေဆးဝါးထုတ္လုပ္ေရး လုပ္ငန္းစု ဥကၠဌ အမ္ဟာရီေဘာင္က “ လက္ရွိ ကေတာ့ မေလးရွား အေျခအေန ေတြကို ထိန္းထား ႏိုင္တုန္းပဲ ။ ေဆးအုပ္စု လိုက္ နည္းနည္းစီ ေလ်ာ့လာ တယ္ ။ ဆက္ ျဖစ္ေနဦးမယ္ ဆိုရင္ေတာ့ ထိန္းထား ႏိုင္ေတာ့မွာ မဟုတ္ဘူး ” လို႔ ဆိုတယ္ ။ ေဆးထုတ္လုပ္ေရး လုပ္ငန္းသုံး ကုန္ၾကမ္းေတြကို မေလးရွားက တ႐ုတ္နဲ႔ အိႏၵိယ က ဝယ္သုံးေနရတယ္ ။

တ႐ုတ္ကလည္း သူ႔ ျပည္တြင္း ေဈးကြက္ကို ျပန္ျဖည့္ ေနရတယ္ ။ အိႏၵိယ ကလည္း ျပည္ပပို႔ ပစၥည္း၂၆ မ်ိဳးကို ကန႔္သတ္ လိုက္ေတာ့ ေဆးထုတ္တဲ့ ေနရာမွာ သုံးတဲ့ အမယ္ ေတြက ေလ်ာ့လာတယ္ ။ ေဆးကို ထုတ္ပိုးတဲ့ ပစၥည္း ေတြက အျခား ႏိုင္ငံေတြက သြင္းဖို႔ မလြယ္ဘူး ျဖစ္ေနပါတယ္ ။

အခု ဆိုရင္ အကိုက္အခဲ ေပ်ာက္ေဆး တစ္မ်ိဳးျဖစ္တဲ့ ပါရာစီတေမာ အိႏၵိယက မေလးရွားကို မသြင္းေတာ့ ေဈးကြက္ကို ၾကာၾကာ ထိန္းထားႏိုင္မွာ မဟုတ္ေတာ့ ပါဘူး ။ မေလးရွား မွာသုံးေနတဲ့ ေဆး ၇၀ % က ႏိုင္ငံျခားက သြင္းတာပါ ။

ျပည္တြင္းထုတ္ေတြ မဟုတ္ပါဘူး ။ ျပည္တြင္း မွာက ထုတ္ပိုးတဲ့ စနစ္ပဲ ရွိတာပါ ။ ေဆးအဝင္မရွိ ေတာ့ရင္ လုပ္ငန္းေတြ ရပ္ရေတာ့မွာပါ ။ ေဆး႐ုံေတြနဲ႔ ေဆးခန္းေတြကေတာ့ ေဆးစေတာ့ေဈးကြက္ေပၚ တက္ၿပီး ရွာဖို႔အတြက္ အႀကံျပဳ ထားပါတယ္ ။

ေမာင္ယႆ REF: world of buzz

Photo;livemint

Unicode

မလေးရှားမှာ အိန္ဒိယက မသွင်းတော့လို့ ပါရာစီတမော ပြတ်တော့မယ်ဆို

မလေးရှားနိုင်ငံ ဆေးထုတ်လုပ်ရေး လုပ်ငန်းစုတွေက ကော်ရိုနာဗိုင်းရက် ဆက်လက်ဖြစ်ပွားနေပါက သူတို့လည်း ကုန်ကြမ်းပြတ်ပြီး ဆေးတွေကို ဆက်ထုတ်နိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ် ။

နယူးစထရိတ်တိုင်း သတင်းစာ အဆိုအရ မလေးရှားရှိ ဆေးလုပ်ငန်း အုပ်စုတွေက အလုပ်ချိန်ရှည်ကြာစွာ လုပ်နေရခြင်း ကုန်ကြမ်းပစ္စည်း နည်းလာခြင်း လုပ်သားများ အားအင် ကုန်ခမ်းလာခြင်းနဲ့ မလုံလောက်ခြင်း တို့ကြောင့် ကော်ရိုနာ ဗိုင်းရက် ဆက်လက် ဖြစ်ပွားနေပါက သူတို့ လုပ်ငန်း တွေကို ရပ်ပစ် ရတော့မယ့် အခြေအနေထိ ဖြစ်နေတယ်လို့ ဆိုပါတယ် ။

မလေးရှား ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းစု ဥက္ကဌ အမ်ဟာရီဘောင်က “ လက်ရှိ ကတော့ မလေးရှား အခြေအနေ တွေကို ထိန်းထား နိုင်တုန်းပဲ ။ ဆေးအုပ်စု လိုက် နည်းနည်းစီ လျော့လာ တယ် ။ ဆက် ဖြစ်နေဦးမယ် ဆိုရင်တော့ ထိန်းထား နိုင်တော့မှာ မဟုတ်ဘူး ” လို့ ဆိုတယ် ။ ဆေးထုတ်လုပ်ရေး လုပ်ငန်းသုံး ကုန်ကြမ်းတွေကို မလေးရှားက တရုတ်နဲ့ အိန္ဒိယ က ဝယ်သုံးနေရတယ် ။

တရုတ်ကလည်း သူ့ ပြည်တွင်း ဈေးကွက်ကို ပြန်ဖြည့် နေရတယ် ။ အိန္ဒိယ ကလည်း ပြည်ပပို့ ပစ္စည်း၂၆ မျိုးကို ကန့်သတ် လိုက်တော့ ဆေးထုတ်တဲ့ နေရာမှာ သုံးတဲ့ အမယ် တွေက လျော့လာတယ် ။ ဆေးကို ထုတ်ပိုးတဲ့ ပစ္စည်း တွေက အခြား နိုင်ငံတွေက သွင်းဖို့ မလွယ်ဘူး ဖြစ်နေပါတယ် ။

အခု ဆိုရင် အကိုက်အခဲ ပျောက်ဆေး တစ်မျိုးဖြစ်တဲ့ ပါရာစီတမော အိန္ဒိယက မလေးရှားကို မသွင်းတော့ ဈေးကွက်ကို ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်တော့ ပါဘူး ။ မလေးရှား မှာသုံးနေတဲ့ ဆေး ၇၀ % က နိုင်ငံခြားက သွင်းတာပါ ။

ပြည်တွင်းထုတ်တွေ မဟုတ်ပါဘူး ။ ပြည်တွင်း မှာက ထုတ်ပိုးတဲ့ စနစ်ပဲ ရှိတာပါ ။ ဆေးအဝင်မရှိ တော့ရင် လုပ်ငန်းတွေ ရပ်ရတော့မှာပါ ။ ဆေးရုံတွေနဲ့ ဆေးခန်းတွေကတော့ ဆေးစတော့ဈေးကွက်ပေါ် တက်ပြီး ရှာဖို့အတွက် အကြံပြု ထားပါတယ် ။

မောင်ယဿ REF: world of buzz

Photo;livemint

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …