မူးယစ္ႏြံ မွ ႐ုန္းထြက္ႏိုင္ခဲ့တဲ့ ဒီမီလိုဗာတိုက ဂ်က္စတင္ဘီဘာကို စံထားခဲ့ရတယ္လို႔ဆို
- By : Phoe Linn
- Category : Entertainment
- Tags: cele news

မူးယစ္ႏြံ မွ ႐ုန္းထြက္ႏိုင္ခဲ့တဲ့ ဒီမီလိုဗာတိုက ဂ်က္စတင္ဘီဘာကို စံထားခဲ့ရတယ္လို႔ဆို
အေမရိကားမွာ အသက္ငယ္ငယ္နဲ႔ ေအာင္ျမင္မႈေတြ တည္ေဆာက္ၿပီး မူးယစ္ေဆးဝါးရဲ႕ ေက်းကြၽန္ျဖစ္ၿပီးမွ ျပန္လည္ အဖတ္ဆည္ တည္ေဆာက္ႏိုင္ခဲ့တဲ့ သူေတြထဲမွာေတာ့ ဂ်က္စတင္ဘီဘာ နဲ႔ ဒီမီလိုဗာတို တို႔က ေက်ာ္ၾကားပါတယ္။
ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက အယ္လင္ရႈိးမွာ သူတို႔ ၂ေယာက္ကို တြဲၿပီး အင္တာဗ်ဴး ခဲ့ပါတယ္။ အဲ့ဒိရႈိးမွာ ဒီမီလိုဗာတိုက သူမ စိတ္က်ေရာဂါျဖစ္ၿပီး မူးယစ္ေဆးေတြ စြဲ အအိပ္အစားမမွန္ ျဖစ္ေနတဲ့ အခ်ိန္မွာ ဂ်က္စတင္က သူငယ္ခ်င္းေကာင္းပီသစြာ သူမကို ကူညီခဲ့လို႔ သူ႔ကိုအားက်ၿပီး ျပဳျပင္ ႏိုင္ခဲ့ တယ္လို႔ ပြင့္ပြင့္လင္းလင္း ေျပာသြားပါတယ္။
ဒီမီက အေအာင္ျမင္ဆုံးကာလ ၂၀၁၈ တုန္းက မူးယစ္ေဆးဝါးေတြနဲ႔ နဘမ္းလုံးေနခဲ့ပါတယ္။ ၿပီးေတာ့ ေဆးလြန္ကာ ကိုယ့္ကိုယ္ကို သတ္ေသတဲ့ အဆင့္ထိ ျဖစ္ခဲ့ၿပီး ေဆး႐ုံ တက္ေရာက္ ကုသခဲ့ရပါတယ္။
သူမ အဲ့လိုျဖစ္ရတာရဲ႕ အေၾကာင္းအရင္းက အအိပ္ အစား မမွန္ခဲ့လို႔ပါပဲ။ အဲ့ဒါေၾကာင့္ စိတ္ေဖာက္သြားတာ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။ သူမက အဲ့လို ေျပာေနခ်ိန္မွာ ဂ်က္စတင္ကလည္း သူလည္း ေဆးေျခာက္ ေဆးလုံးေတြကို စြဲၿပီး ႐ုန္းကန္ေန ခဲ့ရပါတယ္လို႔ ဝန္ခံသြားခဲ့ပါတယ္။
သူတို႔ ၂ေယာက္လုံး တူတဲ့အခ်က္က ငယ္ငယ္နဲ႔ ေအာင္ျမင္ခဲ့တာပါပဲ။ ၿပီးေတာ့ ၂ေယာက္လုံးက တစ္ဦးနဲ႔ တစ္ဦး ေစာင့္ေရွာက္ခဲ့ၾကပါတယ္။ “က်မ အေတြ႕အႀကဳံနဲ႔ က်မအတြက္ ကေတာ့ မႏွစ္က က်မ မူးယစ္ေဆးေတြနဲ႔ ႐ုန္းကန္ေနစဥ္က က်မ ရွင့္ကို ၾကည့္ခဲ့ပါတယ္။
ၿပီးေတာ့ ေလးလည္း ေလးစားပါ တယ္။ က်မ ႀကိဳးစားၿပီး ႐ုန္းကန္ေနရတဲ့ဘဝကို ရွင္က အသာေလး ေက်ာ္ျဖတ္ႏိုင္တာေၾကာင့္ပါ။ ဒီကေန႔ က်မေရွ႕မွာ ထိုင္ေနတဲ့ ရွင့္ကို အရမ္း ၾကည္ညိဳ ေလးစားပါတယ္။” လို႔ ဒီမီက ဂ်က္စတင္ကိုေျပာပါတယ္။
ဂ်က္စတင္ကေတာ့ “ မင္း ပိုၿပီး ရင့္က်က္လာတဲ့ အခါမွာ မင္းရဲ႕ အားနည္းခ်က္ေၾကာင့္ ျဖစ္လာတဲ့ စြမ္းအားေတြကို ပိုၿပီး ျမင္ခြင့္ရမွာလို႔ က်ေနာ္ထင္ပါတယ္။ အဲ့ဒါကို မင္းက အျခားလူေတြကို ျပခြင့္ရလိုက္တာနဲ႔ မင္းကို သူတို႔ ပိုၿပီး ယုံၾကည္မႈ ရွိလာၾကမွာပါ ”ဆိုၿပီး ေျပာခဲ့ပါ တယ္။
ဒီမီက သူမက ၁၆ႏွစ္ ဂ်က္စတင္ ၁၄ ႏွစ္တုန္းက စတူဒီယို တစ္ခုေရွ႕ မွာ ဂ်က္စတင္က သူမနဲ႔တြဲၿပီး ဓာတ္ပုံ႐ိုက္ခြင့္ ေတာင္းစဥ္က အျဖစ္ကေလးကို ဟာသေဖာက္ၿပီး အမွတ္တရ ေျပာခဲ့ပါတယ္။ အဲ့ဒိတုန္းက ဂ်က္စတင္က သူ႔နာမည္ကို ဒီမီ တစ္ေန႔ေန႔ မွာ ၾကားသိရေစမယ္လို႔ ေျပာသြားတဲ့ စကားကိုပါ။
ေမာင္ယႆ Ref: the mirror uk
Phoito; warnerbros
Unicode
မူးယစ်နွံ မှ ရုန်းထွက်နိုင်ခဲ့တဲ့ ဒီမီလိုဗာတိုက ဂျက်စတင်ဘီဘာကို စံထားခဲ့ရတယ်လို့ဆို
အမေရိကားမှာ အသက်ငယ်ငယ်နဲ့ အောင်မြင်မှုတွေ တည်ဆောက်ပြီး မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်ဖြစ်ပြီးမှ ပြန်လည် အဖတ်ဆည် တည်ဆောက်နိုင်ခဲ့တဲ့ သူတွေထဲမှာတော့ ဂျက်စတင်ဘီဘာ နဲ့ ဒီမီလိုဗာတို တို့က ကျော်ကြားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အယ်လင်ရှိုးမှာ သူတို့ ၂ယောက်ကို တွဲပြီး အင်တာဗျူး ခဲ့ပါတယ်။ အဲ့ဒိရှိုးမှာ ဒီမီလိုဗာတိုက သူမ စိတ်ကျရောဂါဖြစ်ပြီး မူးယစ်ဆေးတွေ စွဲ အအိပ်အစားမမှန် ဖြစ်နေတဲ့ အချိန်မှာ ဂျက်စတင်က သူငယ်ချင်းကောင်းပီသစွာ သူမကို ကူညီခဲ့လို့ သူ့ကိုအားကျပြီး ပြုပြင် နိုင်ခဲ့ တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောသွားပါတယ်။
ဒီမီက အအောင်မြင်ဆုံးကာလ ၂၀၁၈ တုန်းက မူးယစ်ဆေးဝါးတွေနဲ့ နဘမ်းလုံးနေခဲ့ပါတယ်။ ပြီးတော့ ဆေးလွန်ကာ ကိုယ့်ကိုယ်ကို သတ်သေတဲ့ အဆင့်ထိ ဖြစ်ခဲ့ပြီး ဆေးရုံ တက်ရောက် ကုသခဲ့ရပါတယ်။
သူမ အဲ့လိုဖြစ်ရတာရဲ့ အကြောင်းအရင်းက အအိပ် အစား မမှန်ခဲ့လို့ပါပဲ။ အဲ့ဒါကြောင့် စိတ်ဖောက်သွားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ သူမက အဲ့လို ပြောနေချိန်မှာ ဂျက်စတင်ကလည်း သူလည်း ဆေးခြောက် ဆေးလုံးတွေကို စွဲပြီး ရုန်းကန်နေ ခဲ့ရပါတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။
သူတို့ ၂ယောက်လုံး တူတဲ့အချက်က ငယ်ငယ်နဲ့ အောင်မြင်ခဲ့တာပါပဲ။ ပြီးတော့ ၂ယောက်လုံးက တစ်ဦးနဲ့ တစ်ဦး စောင့်ရှောက်ခဲ့ကြပါတယ်။ “ကျမ အတွေ့အကြုံနဲ့ ကျမအတွက် ကတော့ မနှစ်က ကျမ မူးယစ်ဆေးတွေနဲ့ ရုန်းကန်နေစဉ်က ကျမ ရှင့်ကို ကြည့်ခဲ့ပါတယ်။
ပြီးတော့ လေးလည်း လေးစားပါ တယ်။ ကျမ ကြိုးစားပြီး ရုန်းကန်နေရတဲ့ဘဝကို ရှင်က အသာလေး ကျော်ဖြတ်နိုင်တာကြောင့်ပါ။ ဒီကနေ့ ကျမရှေ့မှာ ထိုင်နေတဲ့ ရှင့်ကို အရမ်း ကြည်ညို လေးစားပါတယ်။” လို့ ဒီမီက ဂျက်စတင်ကိုပြောပါတယ်။
ဂျက်စတင်ကတော့ “ မင်း ပိုပြီး ရင့်ကျက်လာတဲ့ အခါမှာ မင်းရဲ့ အားနည်းချက်ကြောင့် ဖြစ်လာတဲ့ စွမ်းအားတွေကို ပိုပြီး မြင်ခွင့်ရမှာလို့ ကျနော်ထင်ပါတယ်။ အဲ့ဒါကို မင်းက အခြားလူတွေကို ပြခွင့်ရလိုက်တာနဲ့ မင်းကို သူတို့ ပိုပြီး ယုံကြည်မှု ရှိလာကြမှာပါ ”ဆိုပြီး ပြောခဲ့ပါ တယ်။
ဒီမီက သူမက ၁၆နှစ် ဂျက်စတင် ၁၄ နှစ်တုန်းက စတူဒီယို တစ်ခုရှေ့ မှာ ဂျက်စတင်က သူမနဲ့တွဲပြီး ဓာတ်ပုံရိုက်ခွင့် တောင်းစဉ်က အဖြစ်ကလေးကို ဟာသဖောက်ပြီး အမှတ်တရ ပြောခဲ့ပါတယ်။ အဲ့ဒိတုန်းက ဂျက်စတင်က သူ့နာမည်ကို ဒီမီ တစ်နေ့နေ့ မှာ ကြားသိရစေမယ်လို့ ပြောသွားတဲ့ စကားကိုပါ။
မောင်ယဿ Ref: the mirror uk
Phoito; warnerbros
No Comments