မူရီတီရက် ရေနံကွက် ကြောင့် လင်းပိုင် အကောင် ၄၀လောက်သေ

မူရီတီရက် ရေနံကွက် ကြောင့် လင်းပိုင် အကောင် ၄၀လောက်သေ
International-news

မူရီတီရက် ရေနံကွက် ကြောင့် လင်းပိုင် အကောင် ၄၀လောက်သေ

သြဂုတ်လ အစောပိုင်းမှာ မူရီတီရက် ကျွန်းနားမှာ သောင်တင်ပြီး ထက်ပိုင်း ကျိုးသွားတဲ့ ဂျပန်ကုမ္ပဏီပိုင် သင်္ဘောနဲ့ တင်လာတဲ့ ရေနံစိမ်း တန် ၃၆၀၀ က ပင်လယ်ထဲကို ပေါက်ကျသွားတဲ့အတွက် ရေပြင်ပေါ်မှာ ရေနံကွက်ကြီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲ့ဒိ ရေနံကွက်ကြီးတွေကြောင့် သဘာဝ ပတ်ဝန်းကျင် လှပပါတယ် ဆိုတဲ့ မူရီတီရက်ကျွန်းက အလှ ပျက်သွားတဲ့အပြင် ဂေဟစနစ်တွေ စတင်ပြီး ပျက်စီး လာပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သောကြာနေ့ သြဂုတ်လ ၂၈မှာ မူရီတီရက်ကျွန်း ကမ်းခြေကို လင်းပိုင်အသေ ၃၉ ကောင် သောင်တင်လာ ခဲ့ပါတယ်လို့ ဒေသခံတွေက ဖိုဘီသတင်း ဌာနကို ပြောပါတယ်။

မူရီတီရက် ရေနံကွက် ကြောင့် လင်းပိုင် အကောင် ၄၀လောက်သေ1

သင်္ဘောပေါ်မှာက ရေနံအပြင် အခြားသော ဓာတုကုန်စည်တွေ ပါလာတဲ့ အတွက်ကြောင့် သင်္ဘောဦးပိုင်း နှစ်မြုပ်ပြီး နောက်ပိုင်းမှာ ရေနေသတ္တဝါတွေ ထိခိုက်မှု ရှိလာခဲ့ပါတယ် လို့ ဒေသခံတွေက ဆိုပါတယ်။

မူရီတီရက် အဏ္ဏဝါ ထန်းသိမ်းရေး အဖွဲ့ ခေါင်းဆောင် ဂျက်ကလင်း ဆွာဇီက “ရေရှည်မှာ ဘာတွေ ဖြစ်လာဦးမယ် ဆိုတာကိုတော့ ကျနော် မသိပါဘူး။ လောလောဆယ်တော့ အခြေအနေ တော်တော် ဆိုးပါတယ်။ ဆာလာဖာဓာတ် နည်းတဲ့ ရေနံစိမ်းတွေက ပင်လယ်ရေထဲမှာရှိတဲ့ အောက်စီဂျင် ပါဝင်မှုကို လျှော့ချ ပစ်နေပါတယ်။

မူရီတီရက် ရေနံကွက် ကြောင့် လင်းပိုင် အကောင် ၄၀လောက်သေ2

ကျနော်တို့ အတွက်ကတော့ ရေနံစိမ်းတွေ ကျွန်းနားမှာလာပြီး ဖိတ်စင်မှု ဖြစ်တာက ပထမဆုံး အတွေ့အကြုံ ဖြစ်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိဘူး ဖြစ်နေပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ရေရှည်လုပ်ရမယ့် အစီအစဉ် ဆိုရင် ဘာကိုမှ မသိဖြစ်နေပါတယ်”လို့ ဆိုပါတယ်။

ပင်လယ် ကမ်းခြေမှာလည်း တစ်နေ့ထက် တစ်နေ့ ရေနေသတ္တဝါ အသေကောင်တွေ ကမ်းကို လာလာ တင်နေ ပါတယ်။ နောက်ပြီး ခရီးသွားလာမှု လုပ်ငန်းကလည်း ရပ်ထားရတယ် ဆိုတော့ ဒေသခံတွေအတွက် စီးပွားရေး အခက်အခဲ ဖြစ်နေကြပါတယ်။

မူရီတီရက် ရေနံကွက် ကြောင့် လင်းပိုင် အကောင် ၄၀လောက်သေ3

မူရီတီးရက် မြို့တော်မှာလည်း ဒီကိစ္စ နဲ့ ပတ်သက်ပြီး အစိုးရက လုပ်ငန်းစဉ် တွေကို ရှင်းလင်းမှု မပြုလုပ်တဲ့အတွက် ပြည်သူတွေက မကျေမနပ်ဖြစ်ကာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပါတယ်။

သြဂုတ်လ ၆ရက်နေ့ ကတည်းက ဖြစ်ပေါ်နေတဲ့ ရေနံကွက်တွေကို ရှင်လင်းမှု လုပ်ရာမှာ အစိုးရရဲ့ တုန့်ပြန်မှု နှေးကွေးတဲ့အတွက် ဒီနေ့အထိ မသေသင့်ဘဲ သေနေရတဲ့ ရေနေသတ္တဝါတွေက တဖြည်းဖြည်း များလာနေတယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက ဆိုပါတယ်။

မောင်ယဿ, REF: world of buzz, Photo; the new York times

ဆက်စပ်သတင်းများ

ရေနံတန်ချိန် ၃၀၀၀ကျော် ပါလာတဲ့ သင်္ဘော ဗိုက်ပေါက်လို့ မူရီတီယက်နိုင်ငံ အရေးပေါ် အခြေအနေကြေညာ

မူရီတီးယက် ကမ်းလွန်မှာ ရေနံယိုဖိတ်တဲ့ သင်္ဘော ၂ ပိုင်းကျိုးသွားပြီ

Zawgyi

မူရီတီရက္ ေရနံကြက္ ေၾကာင့္ လင္းပိုင္ အေကာင္ ၄၀ေလာက္ေသ

ၾသဂုတ္လ အေစာပိုင္းမွာ မူရီတီရက္ ကြၽန္းနားမွာ ေသာင္တင္ၿပီး ထက္ပိုင္း က်ိဳးသြားတဲ့ ဂ်ပန္ကုမၸဏီပိုင္ သေဘၤာနဲ႔ တင္လာတဲ့ ေရနံစိမ္း တန္ ၃၆၀၀ က ပင္လယ္ထဲကို ေပါက္က်သြားတဲ့အတြက္ ေရျပင္ေပၚမွာ ေရနံကြက္ႀကီးေတြ ျဖစ္ေပၚခဲ့ပါတယ္။

အဲ့ဒိ ေရနံကြက္ႀကီးေတြေၾကာင့္ သဘာဝ ပတ္ဝန္းက်င္ လွပပါတယ္ ဆိုတဲ့ မူရီတီရက္ကြၽန္းက အလွ ပ်က္သြားတဲ့အျပင္ ေဂဟစနစ္ေတြ စတင္ၿပီး ပ်က္စီး လာပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ ေသာၾကာေန႔ ၾသဂုတ္လ ၂၈မွာ မူရီတီရက္ကြၽန္း ကမ္းေျခကို လင္းပိုင္အေသ ၃၉ ေကာင္ ေသာင္တင္လာ ခဲ့ပါတယ္လို႔ ေဒသခံေတြက ဖိုဘီသတင္း ဌာနကို ေျပာပါတယ္။

သေဘၤာေပၚမွာက ေရနံအျပင္ အျခားေသာ ဓာတုကုန္စည္ေတြ ပါလာတဲ့ အတြက္ေၾကာင့္ သေဘၤာဦးပိုင္း ႏွစ္ျမဳပ္ၿပီး ေနာက္ပိုင္းမွာ ေရေနသတၱဝါေတြ ထိခိုက္မႈ ရွိလာခဲ့ပါတယ္ လို႔ ေဒသခံေတြက ဆိုပါတယ္။

မူရီတီရက် ရေနံကွက် ကြောင့် လင်းပိုင် အကောင် ၄၀လောက်သေ4

မူရီတီရက္ အဏၰဝါ ထန္းသိမ္းေရး အဖြဲ႕ ေခါင္းေဆာင္ ဂ်က္ကလင္း ဆြာဇီက “ေရရွည္မွာ ဘာေတြ ျဖစ္လာဦးမယ္ ဆိုတာကိုေတာ့ က်ေနာ္ မသိပါဘူး။ ေလာေလာဆယ္ေတာ့ အေျခအေန ေတာ္ေတာ္ ဆိုးပါတယ္။ ဆာလာဖာဓာတ္ နည္းတဲ့ ေရနံစိမ္းေတြက ပင္လယ္ေရထဲမွာရွိတဲ့ ေအာက္စီဂ်င္ ပါဝင္မႈကို ေလွ်ာ့ခ် ပစ္ေနပါတယ္။

က်ေနာ္တို႔ အတြက္ကေတာ့ ေရနံစိမ္းေတြ ကြၽန္းနားမွာလာၿပီး ဖိတ္စင္မႈ ျဖစ္တာက ပထမဆုံး အေတြ႕အႀကဳံ ျဖစ္ေတာ့ ဘာလုပ္လို႔ ဘာကိုင္ရမွန္းကို မသိဘူး ျဖစ္ေနပါတယ္။ အဲ့ဒါနဲ႔ ပတ္သက္ၿပီး ေရရွည္လုပ္ရမယ့္ အစီအစဥ္ ဆိုရင္ ဘာကိုမွ မသိျဖစ္ေနပါတယ္”လို႔ ဆိုပါတယ္။

မူရီတီရက် ရေနံကွက် ကြောင့် လင်းပိုင် အကောင် ၄၀လောက်သေ5

ပင္လယ္ ကမ္းေျခမွာလည္း တစ္ေန႔ထက္ တစ္ေန႔ ေရေနသတၱဝါ အေသေကာင္ေတြ ကမ္းကို လာလာ တင္ေန ပါတယ္။ ေနာက္ၿပီး ခရီးသြားလာမႈ လုပ္ငန္းကလည္း ရပ္ထားရတယ္ ဆိုေတာ့ ေဒသခံေတြအတြက္ စီးပြားေရး အခက္အခဲ ျဖစ္ေနၾကပါတယ္။

မူရီတီးရက္ ၿမိဳ႕ေတာ္မွာလည္း ဒီကိစၥ နဲ႔ ပတ္သက္ၿပီး အစိုးရက လုပ္ငန္းစဥ္ ေတြကို ရွင္းလင္းမႈ မျပဳလုပ္တဲ့အတြက္ ျပည္သူေတြက မေက်မနပ္ျဖစ္ကာ ဆႏၵျပမႈေတြ ျဖစ္ေပၚေနပါတယ္။

ၾသဂုတ္လ ၆ရက္ေန႔ ကတည္းက ျဖစ္ေပၚေနတဲ့ ေရနံကြက္ေတြကို ရွင္လင္းမႈ လုပ္ရာမွာ အစိုးရရဲ႕ တုန႔္ျပန္မႈ ေႏွးေကြးတဲ့အတြက္ ဒီေန႔အထိ မေသသင့္ဘဲ ေသေနရတဲ့ ေရေနသတၱဝါေတြက တျဖည္းျဖည္း မ်ားလာေနတယ္လို႔ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး သမားေတြက ဆိုပါတယ္။

ေမာင္ယႆ, REF: world of buzz, Photo; the new York times

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …