
International-news







Unicode

မုန်တိုင်း ရှာရာ နောက်ကလိုက်လာတဲ့ ဒန်နစ်က လူအသေ အပျောက်ရှိလာ

ပြီးခဲ့တဲ့ သီတင်းပတ်က အတ္တလန်တစ် သမုဒ္ဒရာထဲကနေ ဥရောပတိုက်ဆီကို ဦးတည်တိုက်ခတ်လာတဲ့ မုန်တိုင်းရှာရာပြီး နောက်မှာတော့ အခုနောက်ထပ် ဟာရီကိန်းမုန်တိုင် ဒန်နစ်က ဥရောပကို ဝင်ရောက်တိုက်ခတ်နေပြန်ပါပြီ။ အင်္ဂလန်တောင်ပိုင်းက ပင်လယ်ထဲကနေ လူသေအလောင်း၂လောင်းကို ကယ်ဆယ်ရေး သမားတွေက ဆယ်ယူခဲ့ရပါတယ်။ဒါအပြင် စစ်သားတွေက ကမ်းစပ်တွေမှာ ရေကျော်မလာအောင် အတားအဆီးတွေ လုက်နေရ ပါတယ်။ ၂ပတ်ဆက်တိုက်ဝင်လာတဲ့မုန်တိုင်း ၂လုံးကြောင့် အင်္ဂလန်မှာ ရေကြီးရေလျှံမှုတွေ ဖြစ် လာ ဖွယ် ရာ ရှိ နေ ပါ တယ်။

စံချိန်တင် လေဖိအားနည်းရပ်ဝန်းဖြစ်နေတဲ့ မြောက်အတ္တလန်တစ်မှာ နောက်ထပ်မုန်တိုင်းတွေ ဖြစ်လာစရာ ရှိနေပါတယ်။ အခုတော့ လေယာဉ်ခရီးစဉ်တွေ ရပ်ထားပါတယ်။ မီးရထားလမ်းတွေ ကားလမ်းတွေလည်း ရေမြုပ်တဲ့ နေရာက ရေမြုပ်နေတဲ့ အတွက်ကြောင့် ခရီးစဉ်တွေ အားလုံးနီးပါးရပ်ထားရပါတယ်။ အခုဝင်လာတဲ့ မုန်တိုင်း ဒန်နစ်က ၄လုံးမြောက်မုန်တိုင်းဖြစ်ပြီး အရင်မုန်တိုင်းတွေထက် အပျက်အစီး ပိုများပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ တက်လာတဲ့ ဗီဒီယိုဖိုင်တွေအရဆိုရင် အင်္ဂလန်ထက် စကော်တလန်ဖက်က အ ပျက် အစီး ပို များ နေ ပါ တယ်။

စကော်တလန် ကမ်းခြေတွေမှာ ရေတွေ အလုံးလိုက် ကုန်းတွင်းပိုင်းကို တိုးဝင်နေပါတယ် ။ အန်ဒရောဆန်ဆိပ်ကမ်းမှာဆိုရင် သင်္ဘောတွေ က ကုန်ပေါ်ထိ ရောက်လာနေပါတယ်။ မိုးလေဝသဌာနက တော့ ရေကြီး ရေလျှံဖြစ်မှု အင်္ဂလန်မှာ ၃၁နေရာဖြစ်မယ်။ စကော်တလန်မှာ ၂၆နေရာ ရေကြီးနိုင်ပြီး ဝေးလ်မှာတော့ ၄နေရာရေကြီးမယ်လို့ ကြိုတင်ခန့်မှန်း ပြောကြားထားပါတယ်။ အင်္ဂလန်မှာ မုန်တိုင်းဒဏ်ခံနေရချိန်မှာ ပြင်သစ်မြောက်ပိုင်းမှာလည်း မိုးတွေ အဆက်မပြတ် ရွာသွန်းနေပါတယ်။ အရင်အပတ် မုန်တိုင်းရှာရာတိုက်ခတ်မှုကြောင့် ဥရောပ တစ်တိုက်လုံး မှာ လူ ၈ ဦး သေ ဆုံး ခဲ့ ပါ တယ်။

အခုမုန်တိုင်း ဒန်နစ်က လူအသေအပျောက်ပိုနိုင်ပါတယ်။ အင်္ဂလန် တပ်ရင်း၇၅ ကတော့ ဝက်စ်ရှိုင်းယားက ရေနစ်မြုပ်နေရာတွေမှာအကူအညီပေးဖို့ ချီတက်သွားပါပြီ။ တပ်ရင်း ၇၀ က တော့ အဲ့ဒေသထဲကို ဝင်လာတဲ့ ရေတွေကို ပိတ်ဖို့အတွက် ပစ္စည်း ကရိယာ စု ဆောင်း ပြီး ထွက် ခွာ လာ နေ ပါ ပြီ။

မောင်ယဿ ref; upi photo ;ap

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း
International-news
နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း

နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း အိန္ဒိယမှာ ကော်ရိုနာ ဗိုင်းရက် ပြန့်ပွားနေလို့ တစ်နိုင်ငံလုံး အပြင်မထွက်ရ ကာဖြူး အမိန့်ထုတ်ထားလို့ စားရေး သောက်ရေး ဒုက္ခ ရောက်နေတဲ့ နေ့စား အလုပ်သမား မိသားစု တစ်သိန်းကို တစ်လစာ ရိက္ခာ ထောက်ပံ့ ပေးမယ် လို့ ဘောလီးဝုဒ်က မဟာစတားကြီး အမီတာဘချန်းက ဆိုပါတယ် ။ သူက အိန္ဒိယ တစ်နိုင်ငံလုံးက ရုပ်ရှင်လုပ်ငန်းနဲ့ ပတ်သက်တဲ့ နေ့စားတွေအားလုံးကို ရည်ရွယ်ပြီး လှူဒါန်းမှာဖြစ်ပါတယ် ။ အဲ့ဒိအလှူကို အိန္ဒိယနိုင်ငံ ဆိုနီရုပ်ရှင်လုပ်ငန်းနဲ့ ရတနာ ကုမ္ပဏီ တစ်ခုက ပူးတွဲ စပွန်ဆာပေးထားပါတယ် …

အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ
International-news
အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ

အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ ဧပြီလ ၅ ရက်နေ့က အမေရိကန်က ဘရွန့်ဇ် တိရစ္ဆာန်ရုံ အုပ်ချုပ်ရေးမှူးရဲ့ သတင်း ထုတ်ပြန်ချက်အရ သူတို့ဆီ က ကျားတစ်ကောင်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ သိရပါတယ် ။ ဘရွန့်ဇ် တိရစ္ဆာန်ရုံမှာ ထားရှိတဲ့ မလေးရှားက ကျား ၂ ကောင်နဲ့ အာဖရိက ခြင်္သေ့ ၃ကောင်တို့က ချောင်း ခြောက်တွေ ဆိုးနေလို့ အုပ်ချုပ်ရေးမှူးက မသကာ င်္ဖြစ်ကာ အဲ့ဒိ အကောင်တွေရဲ့ သလိပ်ကို ရယူကာ အမေရိ ကန် စိုက်ပျိုးရေး ဝန်ကြီးဌာန လက်အောက်ခံ တိရစ္ဆာန် ရောဂါကုဌာနသို့ ပို့ပြီး …

အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ
International-news
အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ

အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ ကိုဗစ်-၁၉ ကူးစက်မှုက ကမ္ဘာတစ်ဝှန်းမှာ ကူးစက်မှုများပြားလာပေမဲ့ အီတလီ ပြင်သစ် နဲ့ စပိန်တို့မှာ ယခင်ကထက် သေဆုံးမှု ဦးရေမှာ တဖြည်းဖြည်း နည်းပါးလာကြောင်းသိရပါတယ်။ world meter.com ရဲ့ တိုင်းတာချက်အရ ကိုဗစ်-၁၉ကြောင့် သေဆုံးသူ ဦးရေ စုစုပေါင်း ၆၉၃၄၆ ဦးရှိရာ အီတလီက ၁၅၈၈၇ ဦး သေဆုံးခဲ့ပြီး သေဆုံးသူအများဆုံး ဖြစ်နေပြီး စပိန်က ၁၂၄၁၈ ဦးသေဆုံးကာ ဒုတိယအများဆုံး ဖြစ်နေပါတယ်။ ပြင်သစ်ကတော့ ၈၀၇၈ဦး သေဆုံးခဲ့ပြီး ကမ္ဘာ့ စတုတ္ထအများဆုံး သေဆုံးသောနိုင်ငံဖြစ်နေပါတယ်။ အမေရိကားက သေဆုံးသူ ဦးရေ ၉၀၀၀ကျော်နေပါတယ်။ …