မုဒိမ်းမှု မူးယစ်ဆေးဝါး နဲ့ အဖမ်းဆီးခံ ဘ၀ ထဲကနေ ရုန်းထွက်နိုင်ခဲ့တဲ့ ဒက်ဖီ

Entertainment

မုဒိမ်းမှု မူးယစ်ဆေးဝါး နဲ့ အဖမ်းဆီးခံ ဘ၀ ထဲကနေ ရုန်းထွက်နိုင်ခဲ့တဲ့ ဒက်ဖီ







မောင်ယဿ

REF; Asia 0ne

photo; single track

Unicode

မုဒိမ်းမှု မူးယစ်ဆေးဝါ နဲ့ အဖမ်းဆီးခံ ဘ၀ ထဲကနေ ရုန်းထွက်နိုင်ခဲ့တဲ့ ဒက်ဖီ

ဗြိတိသျှ အဆိုတော် ဒက်ဖီက မုဒိမ်းမှု ပြဿနာ မူးယစ်ဆေးဝါ သံသရာနဲ့ အဖမ်းဆီးခံဘဝထဲကနေ ကျော်ဖြတ်လွန်မြောက်ပြီး အခု ပရိသက်ဆီကို ပြန်လာပြီလို့ ပြီးခဲ့တဲ့ အဂါင်္နေ့က သူမရဲ့ အင်စတာဂရမ်ပေါ်မှာ တင်ခဲ့ပါတယ်။

သူမက ဘယ်နေရာ မှာ ဘယ်သူတွေနဲ့ ဘာကြောင့်ဖြစ်ပျက်ခဲ့တယ်ဆိုတာကို တော့မပြောဘဲ သူမအနေနဲ့ ဘဝသစ်တစ်ခုကိုတည်ဆောက်နေပြီမို့လို့ အတိတ်က ဖြစ်ရပ်တွေကို မေ့ထားလိုက်ပြီလို့လည်းပြောပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက Rock Ferry ဆိုတဲ့ အယ်လ်ဘမ်က Mercyသီချင်းနဲ့ ပေါက်ခဲ့ပြီး ၂၀၁၉မှာပေးတဲ့ ဂရမ္မီဆု ကို ရခဲ့တဲ့ ဒက်ဖီက “ကျမ အခုအခြေနေကောင်းပါတယ်။

အားလုံးဘေးကင်းလုံခြုံပါတယ်”လို့ ပြောပါတယ်။ ဝေလပြည်နယ်က ဆိုးလ် သီချင်းတွေနဲ့ ကျော်ကြားခဲ့တဲ့ သူမက ဂရမ္မီဆုအပြင် အင်္ဂလန်က ချီးမြှင့်တဲ့ အထင်ကရဆု ၃ ဆုလည်းရခဲ့သူဖြစ်ပါတယ်။ ၂၀၁၀မှာ သူမရဲ့ ဒုတိယ အယ်လ်ဘမ် ထုတ်နေစဉ်မှာပဲ ပရိသက်ရဲ့ မြင်ကွင်းကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပါတယ်။ ၂၀၁၃မှာ နယူးယောက်ခ်ဂီတဖျော်ဖြေပွဲ မှာ သီချင်းတက်ဆိုတာကို တွေ့ခဲ့ရပြီးနောက် နောက်တစ်ခါပျောက်သွားပြန်တယ်။ ၂၀၁၅ မှာ မှုခင်းကားတို လေးတွေ ကိုရိုက်ခဲ့ပြီးနောက်မှာ ပရိသက်နဲ့ လုံး၀ အထိအတွေ့ မရှိတော့ပါဘူး။

“ကျမ ဘာဖြစ်ခဲ့လဲဆိုတာကို အများစုက တွေးတောနေမှာပါ။ ဘာကြောင့် ကျမက ပရိသက်ရဲ့မျက်စေ့ရှေ့ ကနေ ပျောက်ကွယ်သွားရတာလဲ ဆိုတာကို စဉ်းစားနေကြမှာ သိချင်နေကြမှာပါ။ အမှန်က ကျေးဇူးပြုပြီး ကျမကို ယုံ ကြည်ပေးကြပါ၊ ကျမ မုဒိမ်းကျင့်ခံ လိုက်ရပါတယ်။ နောက်ပြီး မူယစ်ဆေးဝါတွေ နဲ့ လုံးလည်ခြာ လည် လိုက်နေခဲ့ရပါတယ်။

ပြီးတော့ ရက်အတော်ကြာ ဖမ်းဆီးခံနေရတဲ့ ဘဝနဲ့ လည်း နေခဲ့ရပါတယ်။ အခု ကျမ လုံး၀ အိုကေနေပါပြီ၊ ဘေးကင်းသွား ပါပြီ။ ကျမရဲ့ ကြမ္မာဆိုးတွေကနေ ရှင်သန်လွတ်မြောက် လာခဲ့ပါ တယ်။ ပြန်လည်ရှင်သန်နိုင်ဖို့အတွက် ပြုစုပျိုးထောင်ဖို့အချိန်ယူခဲ့ရတာပါ”လို့ သူမရဲ့ အင်စတာဂရမ်ထဲမှာ ရေးသားခဲ့ပါတယ်။ သူမကို ဘယ်သူတွေ က ဘယ်နေရာမှာ ဘယ်အချိန်တုန်းက ဖမ်းသွားတာလဲဆိုတာ ကိုတော့ သူမက ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

လတ်တလောမှာတော့ အင်တာဗျူးတစ်ခု လုပ်ပါလိမ့် မယ်။ အဲ့ဒိမှာသူမက နည်းနည်းပြောပြပါမယ် လို့တော့ ကြိုပြီး သတင်းပေးထားပါတယ်။ “ကျမက သီချင်းတွေ ကို ပြန်ပြီးဖန်တီးနေပါတယ်။ အဲ့ဒိသီချင်းတွေမှာ ကျမဘဝရဲ့နာကျဉ်မှုတွေကို နားဆင်ရမယ်လို့မမျှော်လင့်ပါနဲ့ ။ကျမ မျက်ဝန်းထဲက ကြေကွဲမှုတွေကို လူတွေကို မမြင်စေချင်ပါဘူး။ ကျမကိုယ်ကျမ ပြန်မေးနေမိတာက ကျမဖန်တီးတဲ့ ဂီတက ဒီအရိပ်မည်းကြီးကနေ လွတ်မြောက်နိုင်ပါ့မလားလို့တောင် တွေးနေမိတယ်။ ကြေကွဲနေရတာကို မကြေကွဲပဲ နေပြရမှာကိုလေ”လို့ ဆိုပါတယ်။

မောင်ယဿ

REF; Asia 0ne

photo; single track

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

Entertainment
ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ်

ဘယ်လ်ဂျီယံမှာ စပြမယ့် ဝမ်းဒါးဝူးမန်း ၁၉၈၄ ကို မကြာခင် ကြည့်ရတော့မယ် ၁၉၈၄ ဆိုတာ ကမ္ဘာပေါ်မှာ စစ်အေးစစ်ပွဲ အရှိန်အမြင့်ဆုံး အချိန်ပါ။ အမေရိကန်နဲ့ ရုရှားတို့ ရဲ့ တစ်ဖက်နဲ့ တစ်ဖက် နျူကလိယလက်နက်တွေ အပြိုင်အဆိုင် တပ်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ လက်နက် အင်အားကြီးမှုကို ပြပြီး ကမ္ဘာ့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ကာလ ဖြစ်တဲ့အပြင် ကမ္ဘာ့ တတိယလှိုင်း ဖြစ်တဲ့ ကွန်မြူဝါဒ ကြီးစိုးလာမှုကို အရင်းရှင် နိုင်ငံတွေက အသေအလဲ ကာကွယ်နေချိန်လည်း ဖြစ်ပါတယ်။ သိပ္ပံပညာကို အခြေခံပြီးတော့ စစ်ပွဲတွေမှာ သုံးဖို့အတွက် လူသားကို ကြောက်စရာ အကောင်တွေအဖြစ် အသွင်းပြောင်း နိုင်မဲ့ စမ်းသပ်မှုတွေကို တစ်ခုပြီး …

Entertainment
ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ်

ဆယ်လ်မန်ခန်း ရဲ့ တိုက်ဂါး ၃ အခြေအနေကောင်းရင် စက်တင်ဘာ ထဲမှာ ပြသမယ် အီရတ်နိုင်ငံက ဆေရုံတစ်ရုံမှာ အိန္ဒိယနဲ့ ပါကစ္စတန် သူနာပြုတွေကို အဘူ အူစမန်ခေါင်းဆောင်တဲ့ စစ်သွေးကြွ အုပ်စုတစ်စုက ဓားစာခံအဖြစ် ဖမ်းထားပါတယ်။ အိန္ဒိယထောက်လှမ်းရေးတပ်ဖွဲ့ က အေးဂျင့် တိုက်ဂါးကို ပါကစ္စတန်အေးဂျင့် ဇိုယာနဲ့ တွဲပြီး အဖွဲ့တစ်ဖွဲ့ကာ ဓားစာခံတွေကို ကယ်ထုတ်ဖို့အတွက် အစီအစဉ်တွေ ဆွဲခဲ့ပါတယ်။ အဲ့ဒိအချိန်မှာ အမေရိကန်စစ်တပ်က အဲ့ဒိဆေးရုံက အကြမ်းဖက်သမားတွေကို အပြတ်ရှင်းဖို့ အတွက် လေကြောင်းတိုက်ခိုက်မှု တွေ လုပ်ဖို့ လေယာဉ်တွေ လွှတ်လိုက်ပါပြီ။ အိန္ဒိယ ပါကစ္စတန် ထောက်လှမ်းရေး ပူးပေါင်းစစ်ဆင်ရေး က သူနာပြုတွေကို ရအောင်ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ …

Entertainment
ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။

Unicode ဂလိုက်ဒါစီးပြီး ဒရမ်တီးသူ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူများပြီး နာမည်ကြီးနေပါတယ် …. ။ အွန်လိုင်းပေါ်မှာ ထူးထူးခြားးခြား ဖြစ်စဉ်တွေ ရီစရာကောင်းတဲ့ ဖြစ်စဉ်တွေက မကြာခဏဆိုသလိုပဲ ပေါ်လာလေ့ရှိပါတယ် ။ အခုလည်း တူရကီနိုင်ငံက လူတစ်ယောက်က အဖော်နဲ့ အတူ ဂလိုက်ဒါစီးရင်းက လေထဲမှာ ဒရမ်တီးပြခဲ့တဲ့ အကြောင်းက လိုင်းပေါ်မှာ ပြန့်နှံ့နေပါတယ် ။ တူရကီ ဂီတပညာရှင် အာမတ်စလစ်ဟာ တူရကီနိုင်ငံ တီကာဒက်ရှ် ပြည်နယ်က တောင်တန်းတွေပေါ်ကနေ မြေပြင်မီတာ၆၀၀ အမြင့်မှ သူ့ရဲ့ ဒရမ်ကို လွယ်ကာ အဖော်တစ်ယောက် နဲ့ အတူ ဂလိုက်ဒါ စီးပြခဲ့တာပါ ။ အခုလိုင်းပေါ်ကို သူတင်လိုက်တဲ့ ဗီဒီယိုဖိုင်က ပလူပျံ …