
International-news







Unicode

မီးတောင်ကြီးကို နောက်ခံထား မင်္ဂလာ ဆောင်ကြ ရအောင်

ဖိလစ်ပိုင်မှာ လက်ရှိ ပေါက်ကွဲ နေတဲ့ တာအယ် မီးတောင်ကြီးကို နောက်ခံ ထားပြီး စုံတွဲ တစ်တွဲက မင်္ဂလာ အခမ်းအနား တစ်ခု ဇန်နဝါရီလ ၁၂ ရက် တနင်္ဂနွေ နေ့က ကျင်းပခဲ့ ပါတယ် ။ အဲ့ဒိ နေ့မှာပဲ မီးတောင်ကြီးက ပြာတွေ ချော်ရည်တွေ စပန်းထွက် ပါတယ် ။ ပန်းထွက် နေတဲ့ ပြာတွေ ချော်ရည်တွေနဲ့ မီးခိုးလုံး တွေကို မင်္ဂလာပွဲ နောက်ခံအဖြ စ်လုပ်ထားခဲ့ ပါတယ် ။ မင်္ဂလာဆောင် ဓာတ်ပုံ ဆရာက သဘာဝ ပါတ်ဝန်းကျင် အန္တရာယ်နဲ့ လူသားတွေရဲ့ ထိမ်းမြားမင်္ဂလာပုံ ဆိုပြီး ဖေ့စ်ဘုတ် စာမျက်နှာပေါ်ကို တင်ခဲ့တယ် ။

ချီနို နဲ့ ကတ်ဗေဖလား တို့က အနည်းဆုံး ၆ မိုင် နဲ့ ၉မိုင် အထိ ပြာတွေ ချော်တွေ ပေါက်ကွဲ လွင့်စင်နေတဲ့ မီးတောင် တာအယ်ကို ၁၀မိုင် အကွာက နေပြီး မင်္ဂလာဆောင် နောက်ခံ လုပ်ခဲ့တယ် ။ မီးတောင်ပညာရှင် တွေကတော့ မြို့တော် မနီလာနဲ့ ၃၆ မိုင် သာဝေးတဲ့ တာအယ် မီးတောင် ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ရင် အနား မကပ်ကြဖို့ ညွှန်ကြား ထားပါတယ် ။ ငလျင် အပြင် ဆူနာမီတွေ ပ ါ ဖြစ်နိုင်တဲ့ အတွက်ကြောင့် ပညာရှင် တွေက အကြံပြု ထားတာပါ ။

မင်္ဂလာဆောင် ဓာတ်ပုံဆရာ အီဗန်ကတော့ “ အလုပ်သဘေ ာအရသာ ဒီနေရာမှာ ရှိနေရတာ တကယ်တော့ ကြောက်ကြောက်နဲ့ လုပ်နေ ရတာဗျ ။ တစ်ခုတော့လည်း ကောင်းတာ ပါတယ် ။ အွန်လိုင်းပေါ်မှာ မီးတောင် ပေါက်ကွဲနေ တဲ့ ပုံတွေ တင်လို့ ရတာပေါ့ဗျာ ။ ကျနော်တို့ကို မီးတောင် ကနေ ချော်ရည်တွေ အချိန်မရွေး ပန်းထွက် နိုင်တယ်လို့ သတိပေး ထားတာတွေတော့ ရှိပါတယ် ။

အဲ့ဒါတွေကို ခဏ မေ့ထားပြီး ကိုယ့်အလုပ်ထဲကို ကိုယ့် ဖာသာ အာရုံနစ် ထားရပါတယ် ”လို့ ဆိုတယ် ။ သူကသာ ကြောက်ကြောက်နဲ့ လုပ်နေ ပေမဲ့ တာဂေတေ ရွာက ဆာဗန်နား ခြံထဲမှာ လုပ်တဲ့ မင်္ဂလာဧည့်ခံပွဲ ကိုလာကြတဲ့ ဧည့်ပရိသက် တွေကတော့ အေးအေး ဆေးဆေး တည်တည်ငြိမ်ငြိမ် ပါပဲ ။ မင်္ဂလာပွဲက ပျော်ပျော်ရွင်ရွင်နဲ့ပဲ ပြီးဆုံးသွားခဲ့ ပါတယ် ။ အီဗန် ကတော့ ပွဲပြီးပြီးချင်း မနီလာမြို့ကိုချက်ခြင်း ပြန်ပြေးလာခဲ့ ပါတယ် ။ သူ့အတွက်ကတော့ မဟာ စွန့်စားခန်း တစ်ရပ် ဖြစ်ခဲ့ ရပါတယ် ။

မောင်ယဿ REF:world of buzz

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …