မီးဖိုချောင် မျက်နှာကျက် အပေါ်ကနေ စပါးကြီးမြွေ ၂ကောင် ပြုတ်ကျလာတဲ့အခါ
- By : Phoe Linn
- Category : International-news
- Tags: international news

မီးဖိုချောင် မျက်နှာကျက် အပေါ်ကနေ စပါးကြီးမြွေ ၂ကောင် ပြုတ်ကျလာတဲ့အခါ
သြစတေးလျှ နိုင်ငံသား တစ်ဦးအနေနဲ့ အိပ်မက်ဆိုး မက်စရာတစ်ခု ဖြစ်သွာခဲ့တဲ့ ဖြစ်ရပ်က ကော်ဖီသောက်ဖို့ မီးဖိုချောင်ထဲမှာ ကော်ဖီ ဖျော်နေစဉ်မှာ ဖြစ်သွားခဲ့ပါတယ်။
ကော်ဖီကိုမှုန့်ကို ခွက်ထဲထည့်ပြီး သကြားနဲ့ နို့ဆီ ထည့်ကာ ဇွန်နဲ့ ခလောက်နေစဉ်မှာ ဝုန်းကနဲ မျက်နှာကျက်က ပြိုကျပြီး အမဲရောင် အလုံးအထွေး တစ်ခု ပြုတ်ကျလာပါတယ်။ အလန့်တကြား ခုန်ရှောင်ပြီး ကြည့်လိုက် စဉ်မှာတော့ စပါးကြီး မြွေ ၂ကောင်ကို တွေ့လိုက် ရတာပါပဲ။
ဘရစ်ဘိန်း မြို့ မြောက်ဖက် အိမ်တစ်လုံးမှာနေတဲ့ ဒေးဗစ်တစ် က မြွေ ၂ ကောင် ပြုတ်ကျလာတာကို တွေ့ပြီး နောက်မှာတော့ မီဖိုခန်းတံခါးကို ပိတ်ပြီး မြွေဖမ်းသမား စတိဘရောင်းကို ဖုန်းဆက်ခေါ်ပြီး မြွေတွေကို ဖမ်းဖို့ လုပ်ခဲ့ရပါတယ်။
စတိ ကတော့ အဲ့ဒိမြွေ ၂ ကောင်က အထီး အမ တစ်စုံဖြစ်ကြောင်း သူတို့က နောက်ထပ် မြွေ တစ်ကောင် ရောက်လာလို့ တိုက်ခိုက်ရင်းနဲ့ ပြုတ်ကျလာတာ ဖြစ်နိုင်ကြောင်း ဆိုပါတယ်။ အထီးကောင်က ၈ ပေကျာ် ရှည်ပြီး အမက ၈ ပေနီးပါး လောက် ရှိပါတယ်။
၂ ကောင်စလုံးက ၉ ပိဿာ နီးပါးစီ ရှိကြပါတယ်။ မြွေဖမ်းသမား စတိ ကတော့ သူဖမ်းဖူးသမျှ မြွေတွေထဲ မှာ ဒီ ၂ ကောင်က အကြီးဆုံးနဲ့ အဝဆုံးပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒိမြွေ ၂ ကောင်ကို နီးစပ်ရာ သစ်တောထဲမှာ သွားရောက် လွှတ်ပေးပြီး တတိယ မြွေကို လိုက်ရှာ ကြည့်ရာ ရှာမတွေ့ဘဲ ဖြစ်နေပါတယ်။ စတိရဲ့ သဘောကတော့ အဲ့ဒိအကောင်က အိမ်ရဲ့ တစ်နေရာရာမှာ ခိုအောင်းနေမယ်လို့ ဆိုတော့ အိမ်ပိုင်ရှင် ဒေးဗစ်တစ်အတွက် စိတ်ပူစရာ ဖြစ်သွားခဲ့ပါတယ်။
ဒေးဗစ်တစ်က “ ကျနော်အိမ်က တောပိုင်းနားမှာ ဆိုတော့ မြွေတွေကို ခဏခဏ တွေ့ဖူးပါတယ်။ ဒါပေမဲ့ဗျာ ဒီလောက်ကြီးတဲ့ အကောင်တွေကိုတော့ မမြင်ဖူးဘူးပေါ့ဗျာ။ အိမ်နားမှာကလည်း ချုံ ပုတ်တွေ ရှိနေတော့ မြွေတွေ ခိုအောင်းတာက မဆန်းပါဘူး။ အိပ်နေတုန်းသာ အပေါ်က ဆင်းလာမယ်ဆိုရင်တော့ ကျောချမ်း စရာကြီးပဲ” လို့ သူက ဆိုတယ်။
သြစတေးလျှမှာ ရာသီဥတုက ပူပြင်းလာတော့ မြွေတွေက ဒီရာသီဆိုရင် သစ်ပင်ချုံနွယ်တွေက နေ အပြင်ကို ထွက်လာလေ့ ရှိပါတယ်။ ဒီရာသီမှာ စတိလို မြွေဖမ်းသမားတွေ အလုပ်ရှုပ်တဲ့ ရာသီပါ။ လာမယ့် သီတင်းပတ်အတွင်း လူတွေအနေနဲ့ မြွေတွေကို ပိုမြင်ရဦးမယ်လို့ သူက သတိပေးသလိုပဲ မဲလ်ဘုန်းမြို့ က သတင်းဌာနတွေကလည်း မြွေတွေနဲ့ တွေ့နိုင်လို့ သတိထားဖို့လည်း ကြေညာထားပါတယ်။
မြွေဖမ်းသမားတွေကတော့ အောက်တိုဘာလဆိုရင် တစ်ရက်ကို ဖုန်းကော ၂၀ ကနေ ၃၀ အတွင်း လက်ခံရရှိလေ့ ရှိပါတယ်။ အသံလွှင့် ဌာနတွေကလည်း မြွေတွေကို အတွေ့အကြုံ မရှိဘဲ မဖမ်းဖို့ အသိပေးထားပါတယ်။
မောင်ယဿ, REF: the guardian, Photo;steave brown
Zawgyi
မီးဖိုေခ်ာင္ မ်က္ႏွာက်က္ အေပၚကေန စပါးႀကီးေႁမြ ၂ေကာင္ ျပဳတ္က်လာတဲ့အခါ
ၾသစေတးလွ် ႏိုင္ငံသား တစ္ဦးအေနနဲ႔ အိပ္မက္ဆိုး မက္စရာတစ္ခု ျဖစ္သြာခဲ့တဲ့ ျဖစ္ရပ္က ေကာ္ဖီေသာက္ဖို႔ မီးဖိုေခ်ာင္ထဲမွာ ေကာ္ဖီ ေဖ်ာ္ေနစဥ္မွာ ျဖစ္သြားခဲ့ပါတယ္။
ေကာ္ဖီကိုမႈန႔္ကို ခြက္ထဲထည့္ၿပီး သၾကားနဲ႔ ႏို႔ဆီ ထည့္ကာ ဇြန္နဲ႔ ခေလာက္ေနစဥ္မွာ ဝုန္းကနဲ မ်က္ႏွာက်က္က ၿပိဳက်ၿပီး အမဲေရာင္ အလုံးအေထြး တစ္ခု ျပဳတ္က်လာပါတယ္။ အလန႔္တၾကား ခုန္ေရွာင္ၿပီး ၾကည့္လိုက္ စဥ္မွာေတာ့ စပါးႀကီး ေႁမြ ၂ေကာင္ကို ေတြ႕လိုက္ ရတာပါပဲ။
ဘရစ္ဘိန္း ၿမိဳ႕ ေျမာက္ဖက္ အိမ္တစ္လုံးမွာေနတဲ့ ေဒးဗစ္တစ္ က ေႁမြ ၂ ေကာင္ ျပဳတ္က်လာတာကို ေတြ႕ၿပီး ေနာက္မွာေတာ့ မီဖိုခန္းတံခါးကို ပိတ္ၿပီး ေႁမြဖမ္းသမား စတိဘေရာင္းကို ဖုန္းဆက္ေခၚၿပီး ေႁမြေတြကို ဖမ္းဖို႔ လုပ္ခဲ့ရပါတယ္။
စတိ ကေတာ့ အဲ့ဒိေႁမြ ၂ ေကာင္က အထီး အမ တစ္စုံျဖစ္ေၾကာင္း သူတို႔က ေနာက္ထပ္ ေႁမြ တစ္ေကာင္ ေရာက္လာလို႔ တိုက္ခိုက္ရင္းနဲ႔ ျပဳတ္က်လာတာ ျဖစ္ႏိုင္ေၾကာင္း ဆိုပါတယ္။ အထီးေကာင္က ၈ ေပက်ာ္ ရွည္ၿပီး အမက ၈ ေပနီးပါး ေလာက္ ရွိပါတယ္။
၂ ေကာင္စလုံးက ၉ ပိႆာ နီးပါးစီ ရွိၾကပါတယ္။ ေႁမြဖမ္းသမား စတိ ကေတာ့ သူဖမ္းဖူးသမွ် ေႁမြေတြထဲ မွာ ဒီ ၂ ေကာင္က အႀကီးဆုံးနဲ႔ အဝဆုံးပဲ ျဖစ္တယ္လို႔ ဆိုပါတယ္။
အဲ့ဒိေႁမြ ၂ ေကာင္ကို နီးစပ္ရာ သစ္ေတာထဲမွာ သြားေရာက္ လႊတ္ေပးၿပီး တတိယ ေႁမြကို လိုက္ရွာ ၾကည့္ရာ ရွာမေတြ႕ဘဲ ျဖစ္ေနပါတယ္။ စတိရဲ႕ သေဘာကေတာ့ အဲ့ဒိအေကာင္က အိမ္ရဲ႕ တစ္ေနရာရာမွာ ခိုေအာင္းေနမယ္လို႔ ဆိုေတာ့ အိမ္ပိုင္ရွင္ ေဒးဗစ္တစ္အတြက္ စိတ္ပူစရာ ျဖစ္သြားခဲ့ပါတယ္။
ေဒးဗစ္တစ္က “ က်ေနာ္အိမ္က ေတာပိုင္းနားမွာ ဆိုေတာ့ ေႁမြေတြကို ခဏခဏ ေတြ႕ဖူးပါတယ္။ ဒါေပမဲ့ဗ်ာ ဒီေလာက္ႀကီးတဲ့ အေကာင္ေတြကိုေတာ့ မျမင္ဖူးဘူးေပါ့ဗ်ာ။ အိမ္နားမွာကလည္း ခ်ဳံ ပုတ္ေတြ ရွိေနေတာ့ ေႁမြေတြ ခိုေအာင္းတာက မဆန္းပါဘူး။ အိပ္ေနတုန္းသာ အေပၚက ဆင္းလာမယ္ဆိုရင္ေတာ့ ေက်ာခ်မ္း စရာႀကီးပဲ” လို႔ သူက ဆိုတယ္။
ၾသစေတးလွ်မွာ ရာသီဥတုက ပူျပင္းလာေတာ့ ေႁမြေတြက ဒီရာသီဆိုရင္ သစ္ပင္ခ်ဳံႏြယ္ေတြက ေန အျပင္ကို ထြက္လာေလ့ ရွိပါတယ္။ ဒီရာသီမွာ စတိလို ေႁမြဖမ္းသမားေတြ အလုပ္ရႈပ္တဲ့ ရာသီပါ။ လာမယ့္ သီတင္းပတ္အတြင္း လူေတြအေနနဲ႔ ေႁမြေတြကို ပိုျမင္ရဦးမယ္လို႔ သူက သတိေပးသလိုပဲ မဲလ္ဘုန္းၿမိဳ႕ က သတင္းဌာနေတြကလည္း ေႁမြေတြနဲ႔ ေတြ႕ႏိုင္လို႔ သတိထားဖို႔လည္း ေၾကညာထားပါတယ္။
ေႁမြဖမ္းသမားေတြကေတာ့ ေအာက္တိုဘာလဆိုရင္ တစ္ရက္ကို ဖုန္းေကာ ၂၀ ကေန ၃၀ အတြင္း လက္ခံရရွိေလ့ ရွိပါတယ္။ အသံလႊင့္ ဌာနေတြကလည္း ေႁမြေတြကို အေတြ႕အႀကဳံ မရွိဘဲ မဖမ္းဖို႔ အသိေပးထားပါတယ္။
ေမာင္ယႆ, REF: the guardian, Photo;steave brown
No Comments