မီဒီယာေတြ စားသာတဲ့ေန႔
- By : Phoe Linn
- Category : International-news
- Tags: international news

မီဒီယာေတြ စားသာတဲ့ေန႔
မေလးရွားႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ မဟာသီယာ မိုဟာမတ္က ဝန္ႀကီးခ်ဳပ္ရာထူးကေန အနားယူမယ္ဆိုၿပီး မေလးရွား ဘုရင္ထံ ထြက္စာတင္ခဲ့ပါတယ္။ နဂိုကတည္းက ႏိုင္ငံေရး အရႈတ္ေတာ္ပုံ ႀကီး ျဖစ္တဲ့ မေလးရွားက မဟာသီယာ ထြက္တယ္လည္း ဆိုေရာ ေန႔ခ်င္းကိုပဲ လႈတ္႐ြလႈတ္႐ြ ျဖစ္ကုန္ၾကတယ္။
မဟာသီရဲ႕ဘာဆာတူ ပါတီ လႊတ္ေတာ္အမတ္ေတြက ဟာရာပန္လို႔ ေခၚတဲ့ ၫႊန႔္ေပါင္းအစိုးရ အဖြဲ႕ကေန ႏႈတ္ထြက္ကုန္ၾကပါတယ္။ အခုေတာ့ ႏိုင္ငံေရးသမားေတြက ႏိုင္ငံေရးမ်က္ႏွာ ရခ်င္လို႔ အစ္တာနာ နီဂါရာ နန္းေတာ္ကို ဝင္ထြက္လာကုန္က်ပါတယ္။
မေလးရွား ဘုရင္နဲ႔ မိဘုရား မ်က္ႏွာသာေပးတာကို ခံခ်င္လို႔ ေန႔ခ်င္းညခ်င္းကို နန္းေတာ္ကို ဝင္ထြက္လာၿပီး ဂါရဝျပဳၾကပါတယ္။ ဒါကို သိတဲ့မီဒီယာေတြကလည္း နီဂါရာ နန္းေတာ္အျပင္ကေန အသင့္ေစာင့္ဆိုင္းၿပီး ဘယ္သူေတြကေတာ့ နန္းေတာ္ကို လာၿပီးဂါရ၀ ျပဳေနၿပီ ဆိုတာကို ေရးသားေဖာ္ျပေနပါတယ္။
နန္းေတာ္အျပင္က ေနပူက်ဲက်ဲမွာ ဓာတ္ပုံေလးတစ္ပုံ ရဖို႔အတြက္ မနက္အေစာႀကီးကတည္းက ေနရာယူေစာင့္ဆိုင္းေနရတဲ့ မီဒီယာသမားေတြကို သနားလို႔တဲ့ ဘုရင္နဲ႔ မိဘုရားက အေစာင့္ေတြကို ေခၚၿပီး KFC ၾကက္ေၾကာ္နဲ႔ အေအးေတြကို လႉဒါန္းေကြၽးေမြးတယ္တဲ့။
ဒီေန႔အဖို႔ေတာ့ မီဒီယာသမားေတြ စားသာတဲ့ေန႔ ျဖစ္သြားပါၿပီ။ နန္းေတာ္ အရာရွိေတြက စားေသာက္စရာေတြကို ယူလာေတာ့ မီဒီယာ သမားေတြက ေဟး ကနဲ႔ ေအာ္ဟစ္ အားေပးၾကပါတယ္။ လာေပးတဲ့သူေတြကလည္း ေပ်ာ္႐ြင္စြာနဲ႔ စားၾကပါ လိုေသးရင္ လာပို႔ေပးဦးမယ္လို႔ ဆိုတယ္။
စားေသာက္ခြင့္ရတဲ့ မီဒီယာသမားေတြကလည္း ဘုရင္ႀကီးနဲ႔ မိဘုရားႀကီးတို႔ သက္ေတာ္ရွည္ေစေၾကာင္း ဆုေတြေတာင္းၾကပါတယ္။ မနက္၇ နာရီေလာက္မွာ လာပို႔တယ္ဆိုေပမဲ့ အဲ့ဒိအခ်ိန္က မေလရွားမွာ ေတာ္ေတာ္ပူေနပါၿပီ။
လူေတြက မနက္အေစာႀကီးကတည္းက လာေစာင့္ေနရလို႔ ဆာလည္းဆာ ပူလည္း ပူတဲ့အခ်ိန္ ဘုရင္ႀကီးရဲ႕ ေစတနာနဲ႔ေတြ႕ေတာ့ ေအာ္ဟစ္ အားေပးခဲ့တဲ့အထိ ျဖစ္သြားပါတယ္။ ဒီေန႔ေတာ့ ႏိုင္ငံေရးသမားေတြ အဝင္ေနာက္က်လို႔ ေအးေအးေဆးေဆး စားေသာက္ၿပီး လုပ္ငန္းခြင္အတြက္ ျပင္ဆင္ၾကပါတယ္။
ေမာင္ယႆ REF: world of buzz
Photo; twitter
Unicode
မီဒီယာတွေ စားသာတဲ့နေ့
မလေးရှားနိုင်ငံမှာ ဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာ မိုဟာမတ်က ဝန်ကြီးချုပ်ရာထူးကနေ အနားယူမယ်ဆိုပြီး မလေးရှား ဘုရင်ထံ ထွက်စာတင်ခဲ့ပါတယ်။ နဂိုကတည်းက နိုင်ငံရေး အရှုတ်တော်ပုံ ကြီး ဖြစ်တဲ့ မလေးရှားက မဟာသီယာ ထွက်တယ်လည်း ဆိုရော နေ့ချင်းကိုပဲ လှုတ်ရွလှုတ်ရွ ဖြစ်ကုန်ကြတယ်။
မဟာသီရဲ့ဘာဆာတူ ပါတီ လွှတ်တော်အမတ်တွေက ဟာရာပန်လို့ ခေါ်တဲ့ ညွှန့်ပေါင်းအစိုးရ အဖွဲ့ကနေ နှုတ်ထွက်ကုန်ကြပါတယ်။ အခုတော့ နိုင်ငံရေးသမားတွေက နိုင်ငံရေးမျက်နှာ ရချင်လို့ အစ်တာနာ နီဂါရာ နန်းတော်ကို ဝင်ထွက်လာကုန်ကျပါတယ်။
မလေးရှား ဘုရင်နဲ့ မိဘုရား မျက်နှာသာပေးတာကို ခံချင်လို့ နေ့ချင်းညချင်းကို နန်းတော်ကို ဝင်ထွက်လာပြီး ဂါရဝပြုကြပါတယ်။ ဒါကို သိတဲ့မီဒီယာတွေကလည်း နီဂါရာ နန်းတော်အပြင်ကနေ အသင့်စောင့်ဆိုင်းပြီး ဘယ်သူတွေကတော့ နန်းတော်ကို လာပြီးဂါရ၀ ပြုနေပြီ ဆိုတာကို ရေးသားဖော်ပြနေပါတယ်။
နန်းတော်အပြင်က နေပူကျဲကျဲမှာ ဓာတ်ပုံလေးတစ်ပုံ ရဖို့အတွက် မနက်အစောကြီးကတည်းက နေရာယူစောင့်ဆိုင်းနေရတဲ့ မီဒီယာသမားတွေကို သနားလို့တဲ့ ဘုရင်နဲ့ မိဘုရားက အစောင့်တွေကို ခေါ်ပြီး KFC ကြက်ကြော်နဲ့ အအေးတွေကို လှူဒါန်းကျွေးမွေးတယ်တဲ့။
ဒီနေ့အဖို့တော့ မီဒီယာသမားတွေ စားသာတဲ့နေ့ ဖြစ်သွားပါပြီ။ နန်းတော် အရာရှိတွေက စားသောက်စရာတွေကို ယူလာတော့ မီဒီယာ သမားတွေက ဟေး ကနဲ့ အော်ဟစ် အားပေးကြပါတယ်။ လာပေးတဲ့သူတွေကလည်း ပျော်ရွင်စွာနဲ့ စားကြပါ လိုသေးရင် လာပို့ပေးဦးမယ်လို့ ဆိုတယ်။
စားသောက်ခွင့်ရတဲ့ မီဒီယာသမားတွေကလည်း ဘုရင်ကြီးနဲ့ မိဘုရားကြီးတို့ သက်တော်ရှည်စေကြောင်း ဆုတွေတောင်းကြပါတယ်။ မနက်၇ နာရီလောက်မှာ လာပို့တယ်ဆိုပေမဲ့ အဲ့ဒိအချိန်က မလေရှားမှာ တော်တော်ပူနေပါပြီ။
လူတွေက မနက်အစောကြီးကတည်းက လာစောင့်နေရလို့ ဆာလည်းဆာ ပူလည်း ပူတဲ့အချိန် ဘုရင်ကြီးရဲ့ စေတနာနဲ့တွေ့တော့ အော်ဟစ် အားပေးခဲ့တဲ့အထိ ဖြစ်သွားပါတယ်။ ဒီနေ့တော့ နိုင်ငံရေးသမားတွေ အဝင်နောက်ကျလို့ အေးအေးဆေးဆေး စားသောက်ပြီး လုပ်ငန်းခွင်အတွက် ပြင်ဆင်ကြပါတယ်။
မောင်ယဿ REF: world of buzz
Photo; twitter
No Comments