International-news
မောင်ယဿ
Unicode
မီတာခ တက်တာကို မယုံကြည်ရင် အချိန်မရွေး လာစစ်လို့ရပါတယ်လို့ အိန္ဒိယပြည်နယ် စွမ်းအင်ဝန်ကြီးဆို
ကိုဗစ်-၁၉ ကြောင့် တိုင်းပြည်လော့ခ်ဒေါင်းချထားချိန်မှာ မီတာဖတ်တဲ့ လုပ်ငန်းတွေ မလုပ်နိုင်လို့ ဇွန်လထဲမှာ မီတာကောက်ခံတဲ့ အချိန်မှာ မီတာခ ကြီးမြင့်မှုတွေကို ကြုံတွေ့ရလို့ ပြည်သူတွေက မကျေမနပ် ဖြစ်ရခြင်းကို မဟာရာရှထရာ ပြည်နယ်စွမ်းအင်ဝန်ကြီးက ပြည်သူတွေအနေနဲ့ မီတာခကို နည်းနည်းချင်း ပေးဆောင် လို့ရပါ တယ်လို့ ဆိုလိုက်ပါတယ် ။
ပြည်နယ် လျှပ်စစ်စွမ်းအင် ဖြန့်ဖြူးရေး ကုမ္ပဏီအင်္ဂါနေ့ကထုတ်ပြန်တဲ့ စာထဲမှာ ဝန်ကြီးက စားသုံးသူ မည်သူတစ်ဦးတစ်ယောက်ကိုမှ မီတာခ လိမ်လည် တောင်းခံခြင်းမရှိခဲ့ပါဘူးလို့ ဆိုထားပါတယ် ။ “ဧပြီ နဲ့ မေလတုန်းက မီတာဖတ်တဲ့ အလုပ်ကို မလုပ်နိုင် ခဲ့ပါဘူး ။ စားသုံးသူတွေအနေနဲ့ လွန်ခဲ့တဲ့ ၃လစာအတွက် မီတာခ ပြေစာကို လက်ခံရရှိခဲ့တာပါ ။
ကျနော်တို့ဆီမှာ ဧပြီလ၁ရက်နေ့ ကနည်း လျှပ်စစ် ဖြန့်ဖြူးခဲ့တဲ့ စာရင်းရှိတယ် ။ လက်ရှိတောင်းခံထားတဲ့ မီတာခက ကျနော်တို့ ကုဋေ၃၈၀၀ အရှုံးခံပြီးမှ ကောက်ခံထားတဲ့ ကြေးပါ။ မီတာခက များနေတယ်ဆိုရင် နည်းနည်းချင်းဖဲ့ပြီး ဆပ်သွားလို့ရပါတယ် ။ ဘာအကြောင်းပြချက်နဲ့မှ ကျနော်က မီးမဖျက်ပါဘူး”လို့ ထုတ်ပြန်ခဲ့ပါတယ် ။
မဟာရာရှထရာ ပြည်နယ်က လျှပ်စစ်မီးပေး ကုမ္ပဏီက သူတို့ရဲ့ဝက်ဘ်ဆိုက်မှာ မီတာခနဲ့ ပတ်သက်တဲ့ ရှင်းလင်းချက်တွေအားလုံး တင်ပေးထားတယ် ဆိုပြီး သူတို့ရဲ့ ဝက်ဘ်ဆိုက်လိပ်စာကို ထုတ်ပြန်ချက် အထဲမှာ ဖော်ပြပေးထားပါတယ် ။ “ စားသုံးသူတွေ အနေနဲ့ ကျနော်တို့ကောက်ခံတဲ့ မီတာခအပေါ်မှာ ယုံကြည်မှု မရှိဘူး ဆိုရင် ကျနော်တို့ ဝက်ဘ်ဆိုက် ထဲမှာ နယ်မြေခွဲ အသီးသီးက မီတာရုံးတွေနဲ့ လျှပ်စစ်ဝ န်ဆောင်မှု လုပ်ငန်းခွဲ အသီးသီးမှာ ရှင်းလင်းချက်တွေဖော်ပြ ထားပါတယ် ။ ဝင်ကြည့်လို့ရပါတယ်။ နောက်ပြီး မီတာခကို လုံးခနဲမ ရှင်းပေးနိုင်ရင် ခွဲပေးလို့လည်းရပါတယ်”လို့ ကုမ္ပဏီ အရာရှိကဆိုပါတယ် ။
မဟာရာရှထရာ ပြည်နယ်မှာ မီတာအလုံးပေါင်း၂.၃ကုဋေ ချထားပေးပြီးတော့ ကုမ္ပဏီက သူတို့ဖက်က လုံးဝအမှားမရှိဘဲ လော့ခ်ဒေါင်း ကာလအတွင်း ပြည်သူတွေ အိမ်မှာ အနေများတာကြောင့် သုံးစွဲမှုများပြီး အခုလို မီတာခတက်တာဖြစ်ကြောင်း ဆိုတယ် ။
မောင်ယဿ
REF:hindustantimes / Photo ;hindustantimes
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …