
International-news







မောင်ယဿ


Unicode

မီတာခ ခိုးလို့ ထောင်တွေကို ဆိုလာနဲ့ပဲ မီးပေးတော့မယ်

ဒီနေ့ ( တနင်္ဂနွေနေ့ ) မှာ ထိုင်းနိုင်ငံ တရားသူကြီးချုပ် ဆွမ်ဆက် သပ်ဆူသင်က ထိုင်းနိုင်ငံတစ်နိုင်ငံ လုံးမှာ ရှိတဲ့ အကျဉ်းထောင် ၁၄၃ ထောင် က လျှပ်စစ်မီတာခ မဆောင်ဘဲ လျှပ်စစ်ခိုးသုံး နေတာကို အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် ရဲ့ တင်ပြ လာမှုကြောင့် မီတာ ကုန်ကျစားရိတ် နည်းပါးအောင် ဆိုလာပြားတွေကို တပ်ဆင် ပေးရမယ်လို့ အမိန့်ထုတ်ပြန်လိုက် ပါတယ် ။

၂၀၁၉ ဘဏ္ဍါရေးနှစ် အတွင်းမှာ အကျဉ်းဦးစီး ဌာနက မီတာခ ဘတ်၂၇၁ သန်း ပေးဆောင်ခြင်း မရှိ ကြောင်းနဲ့ အမှန်တကယ် သုံးစွဲတဲ့ လျှပ်စစ် ယူနစ်ပမာဏ ကုန်ကျ စားရိတ် ကဘတ် ၃၇၂ သန်း ဖြစ်ရာ အကျဉ်းထောင်တွေ ခိုးသုံးတဲ့ မီတာခက ဘတ် ၁၇၈ သန်းဖိုး ရှိနေကြောင်း ကော်မရှင်က တရားရေး ဌာနကို တင်ပြ လာပါတယ် ။

ဒါ့အပြင် အကျဉ်းဦးစီးက သူတို့ အတွက်ရထားတဲ့ ရေဖိုး ဘတ်ဂျက် ၁၇၈ သန်းထက် ပိုမိုသုံးစွဲပြီး ၃၄၃ သန်းဖိုးတောင် သုံးစွဲ ထားပါတယ် ။ ၂၀၁၉ ဘတ်ဂျက်ထက် ကျော်သုံး နေတဲ့အတွက် အစိုးရ အနေနဲ့ တစ်ခုခု လုပ်ဆောင်နိုင်ရန် အတွက် တရားရေး ဌာနကို တင်ပြ ထားပါတယ် ။ ၂၀၁၈ ကလည်း ပေးဖို့ ရေဖိုးနဲ့ မီးဖိုးကြွေးကျန် ဘတ် ၃၄၂ သန်း ကိုလည်း ပေးချေ ထားခြင်းမရှိခဲ့ ပါဘူး ။

ဒါကြောင့် တရားသူကြီးချုပ်က အကျဉ်း ဦးစီးဌာနကို ကုန်ကျ စားရိတ်တွေ ချုံ့ဖို့အတွက် ဆိုလာ ပြားတွေ တပ်ဖို့ အတွက် စီစဉ်ခဲ့ တာပါ ။ တရားသူကြီးချုပ်က စွမ်းအင် ဝန်ကြီးဌာန လက်အောက်က စွမ်းအင် ထိန်းသိမ်းစီမံ ခန့်ခွဲရေး ဌာန ကို ကုန်ကျ စားရိတ် တွက်ချက် ခိုင်းရာ အကျဉ်းထောင် ၁၄၃ ခု အတွက် ဆိုလာပြား တပ်ဆင်ခ ဘတ် သန်း ၁၁၂၀ ကျမယ်လို့ ပြောပါတယ် ။

အဲ့ဒိ နှုန်းအတိုင်း ဆိုရင် ၁၀ နှစ် ကြာရင် အကြွေးတွေ ကျေနိုင်တဲ့ အတွက် အရန် ဘတ်ဂျက်ထဲကနေ ထုတ်သုံးဖို့ အမိန့် ပေးလိုက် ပါတယ် ။ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးကော်မရှင်ကလည်း လက်ရှိ သုံးနေတဲ့ လျှပ်စစ်ကြိုးတွေနဲ့ လျှပ်စစ် တပ်ဆင်ပစ္စည်းတွေ အားလုံးကို လည်း ပြန်လည် သိမ်းဆည်းဖို့ အတွက် ညွှန်ကြား ထားပါတယ် ။ တွက်ချက်မှု အရ တစ်နှစ်ကို အနည်းဆုံး ဘတ် ၄၅ သန်း လောက် စုဆောင်း မိမှာ ဖြစ်တဲ့ အတွက်ကြောင့် အကောင်းဆုံး လုပ်ဆောင်ချက် ဖြစ်တယ်လို့ တရားသူကြီး ချုပ်က ဆိုတယ် ။

မောင်ယဿ

REF: bangkokpost / Photo; kohphangan tale

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်

အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …

လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း

လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …

BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း

BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …