မိုးပျံမော်တော်ဆိုင်ကယ်ကို လာမယ့်နှစ်ထဲမှာ မြင်ရတော့မယ်

မိုးပျံမော်တော်ဆိုင်ကယ်ကို လာမယ့်နှစ်ထဲမှာ မြင်ရတော့မယ်
International-news

မိုးပျံမော်တော်ဆိုင်ကယ်ကို လာမယ့်နှစ်ထဲမှာ မြင်ရတော့မယ်

မောင်ယဿ ( သြဂုတ် ၂၃ )

ဒန်ယာ သတင်းဌာနရဲ့ သတင်းတစ်ခုမှာ ဂျက်ပတ်လေကြောင်း ကုမ္ပဏီက မိုးပျံမော်တော်ဆိုင်ကယ် ကို လာမယ့် နှစ်အတွင်းမှာ စမ်းသက်မောင်နှင်ပြပြီး ၂နှစ်အတွင်း မှာ အများပြည်သူစီးနှင်းနိုင်ဖို့ ဈေးကွက်ထဲကို ပို့ပေးမယ်လို့ ပါလာပါတယ်။

လက်ရှိကတော့ ပထမဆုံး အစီးကို စမ်းသက်မောင်းနှင်နေပါပြီ ။ သူတို့က ဒေါင်လိုက် အတက်အဆင်းလုပ်တဲ့ ဂျက်အင်ဂျင်ကို တီထွင်ထားပြီး လေထဲမှာ မောင်နှင်းမှုနဲ့ အတက်အဆင်းပိုင်းဆိုင်ရာ ကတော့ စိတ်ချနေရပြီလို့ ဆိုပါတယ်။

ကယ်လီဖိုးနီးယား အခြေစိုက် ဂျက်ပက်က စမ်းသက်မှုက မော်တော်ဆိုင်ကယ်ကို တစ်ယောက်စီး အနေနဲ့က အောင်မြင်ပြီး ဖြစ်ပေမဲ့ လူပိုစီးနိုင်ဖို့အတွက် လိုအပ်တဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။

နောက်ပြီးမြေပြင်ပေါ်မှာ စီးနေတဲ့ သာမန်မော်တော်ဆိုင်ကယ်တွေလိုပဲ အလွယ်တကူ စီးနှင်း နိုင်လို့ရတဲ့ အပြင် ကောင်းကင်ပေါ်က ဆင်းလာပြီး မြေပြင်ပေါ်ဆက်သွားနိုင်ဖို့ အတွက်လည်း ရှေ့တိုး စမ်းသက်မှု တွေ လုပ်ရဦးမှာပါ။

ဂျက်ပတ်က မိုးပျံ ဆိုင်ကယ်မှာ လေကြောင်းထိန်းသိမ်းမှုနဲ့ ပျံသန်းမှု လုပ်ငန်းတွေ အားလုံကို ကွန်ပြူတာ ဆော့ဝဲလ် နဲ့ ထိန်းချုပ်ထားလို့ ရအောင် ဖန်တီးထားပါတယ်။

ပြောချင်တာက တစ်စင်းလုံး ကွန်ပြူ ဒရိုက်နဲ့ ထိန်းချုပ်ထားတာပါ။ အဲ့ဒိဆော့ဝဲလ်ကို တစ်နှစ်ခွဲ ကြာအောင် တီထွင်ခဲ့ရပါတယ်။ အသုံးပြုပုံကလည်း သာမန်ဆိုင်ကယ်တွေလိုပဲ ရိုးရိုးရှင်းရှင်း ဖြစ်အောင် ပြုလုပ်ထားပါတယ်။

ဂျက်ပတ်လေကြောင်း ကုမ္ပဏီ စီအီးအို ဒေဗစ်မေမန်က “ ကျနော်တို့ မိုးပျံဆိုင်ကယ်စီးဖိုအတွက် ဘာလိုင်စင်မှမလိုအောင် ရိုးရှင်းတဲ့ မောင်းနှင်မှုတွေ လုပ်လို့ရအောင် တီထွင်နေလို့ နည်းနည်း ကြာနေတာ ပါ။ လက်ရှိတီထွင်ပြီးသလောက် ဆိုရင်ပဲ လူတော်တော်များများ စီးနှင်းလို့ ရနေပါပြီ” လို့ ဆိုလိုက်ပါတယ်။

ပုံမှန် ဆိုရင် တစ်နာရီမိုင် ၆၀ နှုန်းနဲ့ အနည်းဆုံ ၁၅ မိနစ်တော့ လေထဲမှာ မောင်းဖူး မှ အခုလို မိုးပျံ ယာဉ်တွေကို စီးခွင့်ရတာပါ။ အဲ့ဒိစမ်းသက်မှု လိုင်စင်မရှိဘဲ ဘယ်သူမှ မိုးပျံခွင့် မပေးထားပါဘူး။

တစ်နာရီ မိုင် ၂၅၀ နဲ့ လေထဲမှာ ၃၅ မိနစ်ပျံသန်းနိုင်တဲ့ မိုးပျံဆိုင်ကယ်ကို The Speeder လို့နာမည်ပေးထားပြီး ကန်ဒေါ်လာ ၄သိန်းနီးပါးလောက်ကျသင့်မယ်လို့ ဆိုပါတယ်။

REF: world of buzz,Photo:Credit  Robb Report

Zawgyi


မိုးပျံမော်တော်ဆိုင်ကယ်ကို လာမယ့်နှစ်ထဲမှာ မြင်ရတော့မယ်
မိုးပျံမော်တော်ဆိုင်ကယ်ကို လာမယ့်နှစ်ထဲမှာ မြင်ရတော့မယ်

မောင်ယဿ ( သြဂုတ် ၂၃ )



မိုးပျံမော်တော်ဆိုင်ကယ်ကို လာမယ့်နှစ်ထဲမှာ မြင်ရတော့မယ်1




မိုးပျံမော်တော်ဆိုင်ကယ်ကို လာမယ့်နှစ်ထဲမှာ မြင်ရတော့မယ်2



မိုးပျံမော်တော်ဆိုင်ကယ်ကို လာမယ့်နှစ်ထဲမှာ မြင်ရတော့မယ်3



REF: world of buzz
Photo: Robb Report

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …