မိုက်ကယ်ဂျက်ဆင်ရဲ့ လက်ရေးမူ တစ်စောင်မှာ ”ကျွန်တော် ကမ္ဘာကြီးကို ပြောင်းလဲ နိုင်ခဲ့ပါပြီ”လို့ အဲ့ဒိစာထဲမှာ ရေးထား

မိုက်ကယ်ဂျက်ဆင်ရဲ့ လက်ရေးမူ တစ်စောင်မှာ ''ကျွန်တော် ကမ္ဘာကြီးကို ပြောင်းလဲ နိုင်ခဲ့ပါပြီ''လို့ အဲ့ဒိစာထဲမှာ ရေးထား
Cele News

မိုက်ကယ်ဂျက်ဆင်ရဲ့ လက်ရေးမူ တစ်စောင်မှာ ”ကျွန်တော် ကမ္ဘာကြီးကို ပြောင်းလဲ နိုင်ခဲ့ပါပြီ”လို့ အဲ့ဒိစာထဲမှာ ရေးထား

မိုက်ကယ်ဂျက်ဆင်ရဲ့ အထိမ်းအမှတ် ပစ္စည်းတွေက တဖြည်းဖြည်းနဲ့ လေလံပွဲတွေဆီကို ရောက်လာပြီး အထိမ်းအမှတ် ပစ္စည်းတွေကို သိမ်းဆည်းထားလိုတဲ့ သူတွေက ဝယ်ယူ စုဆောင်းနေရာ သူ့ရဲ့ လက်ရေးမူ တစ်စောင်မှာ အင်္ဂလန်က နာမည်ကြီး ဘီးတဲလ် အဖွဲ့ နဲ့ အမေရိကန်က ရော့ခ်ဂီတ ဘုရင်ကြီး အဲလ်ဗစ် ပရက်စလေ တို့ကို လူမျိုးရေး ခွဲခြားမှု အသားအရောင် ခွဲခြားမှုတွေ ရှိခဲ့တယ်လို့ အပြစ်တင် ပြောဆိုထားတာကို တွေ့ခဲ့ရပါတယ်။

မိုက်ကယ်ဂျက်ဆင်ရဲ့ လက်ရေးမူ တစ်စောင်မှာ ''ကျွန်တော် ကမ္ဘာကြီးကို ပြောင်းလဲ နိုင်ခဲ့ပါပြီ''လို့ အဲ့ဒိစာထဲမှာ ရေးထား1

ဒါအပြင် သူက အနောက်ကမ္ဘာရဲ့ ဂီတလောကမှာ အသားအရောင် ခွဲခြားမှုတွေ အများကြီး ရှိနေတယ်။ အဲ့ဒါကြောင့် အဲ့ဒိလူမျိုးရေး ခွဲခြားမှုတွေကို ပြောင်းလဲ ပစ်နိုင်ဖို့အတွက် သူ ကြိုးစားခဲ့ရတယ်လို့ ရေးသားခဲ့ ပါတယ်။

၁၉၈၇ ခုနှစ်လောက်က ရေးသားခဲ့ပုံရတဲ့ အဲ့ဒိစာထဲမှာ သူက လူမျိုးရေး ခွဲခြားမှုကြောင့် မတရားမှုတွေ ဖြစ်ပေါ်နေ ခဲ့တယ်လို့ ဆိုတဲ့အပြင် ဂီတ စီးပွားရေး လောကထဲမှာ အခြေအနေတွေ တော်တော် ဆိုးတယ်လို့ ပေါ့ပ် ဘုရင်ကြီးက သူ့ရဲ့ စာထဲမှာ ရေးခဲ့ပါတယ်။

မိုက်ကယ်ဂျက်ဆင်ရဲ့ လက်ရေးမူ တစ်စောင်မှာ ''ကျွန်တော် ကမ္ဘာကြီးကို ပြောင်းလဲ နိုင်ခဲ့ပါပြီ''လို့ အဲ့ဒိစာထဲမှာ ရေးထား2

မိုက်ကယ်ဂျက်ဆင်ရဲ့ သြဇာက သေဆုံးပြီးလို့ ၁၀ နှစ်ကျော် သွားသည်အထိ တိုင်အောင် ပုံရိပ်ကျဆင်းသွားခြင်း မရှိသေးပါဘူး။ အမေရိကန် ဂီတလောကမျိုးမှာတောင် အသားအရောင် ရှိတဲ့သူတွေရဲ့ ဂီတကို လူမဲထုတ်လုပ်သူတွေက လွဲလို့ ဘယ်သူမှ စွန့်စားပြီး ထုတ်ပေးလေ့ မရှိဘူးလို့လည်း စွတ်စွဲ ပြောဆို ခဲ့ပါတယ်။

သူက နာမည်ကြီး လူဖြူ အဆိုတော်တွေကို ကျော်တက်နိုင်ဖို့အတွက် ကြိုးစားခဲ့ပြီး နာမည်တစ်လုံး ရေးထိုး နိုင်အောင် လုပ်ခဲ့ရပါတယ်။ သူရဲ့စာထဲမှာ “အဲ့လ်ဗစ်ပရက်စလေဆိုတာ ဂီတမှာ ဘုရင်တစ်ပါး မဟုတ်ပါဘူး။ လူဖြူတွေက အလွန်အကျူး တင်စား ပြောဆိုနေတာပါ။

မိုက်ကယ်ဂျက်ဆင်ရဲ့ လက်ရေးမူ တစ်စောင်မှာ ''ကျွန်တော် ကမ္ဘာကြီးကို ပြောင်းလဲ နိုင်ခဲ့ပါပြီ''လို့ အဲ့ဒိစာထဲမှာ ရေးထား3

အဲ့လိုပဲ ဘီးတဲလ်တွေက မကောင်းဘူး မဟုတ်ပါဘူး ။ သူတို့တွေ တော်ကြပေမဲ့ လူမဲတွေထက် ပိုပြီး ကောင်းအောင် မဆိုတတ်ပါဘူး။ မကတတ်ပါဘူး။ ပေါ့ပ်ဂီတနဲ့ ကမ္ဘာကို လွှမ်းမိုးဖို့ ကြိုးစားရမယ်။ လူမဲ ပေါ့ပ်ဘုရင်တစ်ယောက်ရဲ့ အချိန်ကို ရောက်ပြီ ” လို့ ရေးခဲ့ပါတယ်။

မိုက်ကယ်ဂျက်ဆင်ရဲ့ လက်ရေးမူ တစ်စောင်မှာ ''ကျွန်တော် ကမ္ဘာကြီးကို ပြောင်းလဲ နိုင်ခဲ့ပါပြီ''လို့ အဲ့ဒိစာထဲမှာ ရေးထား4

မိုက်ကယ်က အမေရိကန်မှာ ရှိတဲ့ လူဖြူလူမဲ ခွဲခြားတဲ့ အစွန်းရောက် လူမိုက်ဂိုဏ်းတစ်ခု ဖြစ်တဲ့ ကေ ၃လုံး ဂိုဏ်းနဲ့ ပတ်သက်ပြီးတော့ အသားအရောင်ကြောင့် ကလေးတွေရဲ့အနာဂတ် ထိခိုက်ရမှာကို မိဘတွေ စိုးရိမ် နေကြရပါတယ်လို့လည်း ရေးခဲ့ပါတယ်။

မိုက်ကယ်ဂျက်ဆင်ရဲ့ လက်ရေးမူ တစ်စောင်မှာ ''ကျွန်တော် ကမ္ဘာကြီးကို ပြောင်းလဲ နိုင်ခဲ့ပါပြီ''လို့ အဲ့ဒိစာထဲမှာ ရေးထား5

၁၉၈၂ မှာ သူ့ရဲ့ THRILLER အယ်လ်ဘမ်က အချပ်ရေ သန်း ၂၀၀ ကျော် ရောင်းရခဲ့ပြီး နောက်မှာတော့ သူက လူမဲတွေရဲ့ ဂီတက ကမ္ဘာကို လွှမ်းမိုးနိုင်ပြီလို့ ယူဆခဲ့ပုံ ရပါတယ်။ သူက ကျွန်တော် ကမ္ဘာကြီးကို ပြောင်းလဲ နိုင်ခဲ့ပါပြီလို့ အဲ့ဒိစာထဲမှာ ဆိုခဲ့ပါတယ်။

မောင်ယဿ, REF: morror, Photo; getty image

No Comments

Leave a Reply

Your email address will not be published.

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်
Cele News
အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ် အမျိုးသမီးတစ်ယောက်လို့ ပရိသတ်အချို့ သိထားကြတဲ့ မော်ဒယ် စစ်ပိုးအိမ်က သူမက လိင်ခွဲစိတ်ထားသူ Transexual တစ်ဦး ဖြစ်ကြောင်း သူမဘဝ ဖြစ်တည်မှု ကို အားလုံးရှေ့မှာ ဖွင့်ချလိုက်ပါတယ်။ သူမ ရင်သား ခွဲစိတ်နေတဲ့ ပုံအပါအဝင် ငယ်စဉ်ကလေးဘဝ ပုံများပါ မကျန် သူမ ရဲ့ ဖြစ်တည်မှုကို သူမရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စ် စာမျက်နှာကနေ ပရိသတ်ကို အသိပေးခဲ့တာပါ။ စစ်ပိုးအိမ် တစ်ယောက် အမျိုးသမီး အစစ်တစ်ယောက် မဟုတ်မှန်း အချို့ပရိသတ်‌တွေ သိကြပေမဲ့ သူမဖွင့်ချတဲ့ ဓါတ်ပုံတွေ‌ကြောင့် ပရိသတ် အချို့က‌တော့ ယခုအချိန်မှ ခွဲစိတ်ထားသူ ဖြစ်မှန်း သိကြတာ …

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့
Cele News
မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့ တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ ဘလက်ပင့်ခ်နဲ့ အမေရိကန် နာမည်ကြီး ဆယ်လီနာဂိုမက်ဇ် တို့ ပူးပေါင်းပြီး ICE CREAM ဆိုတဲ့ မြူဇစ်ဗီဒီယို တစ်ခုကို မနေ့က သြဂုတ်လ ၂၈ရက်နေ့မှာ ထုတ်လွှင့်လိုက် ပါတယ်။ သဘောင်္သား ဦးထုတ်ဆောင်းထားပြီး ဘီကီနီ ဝတ်ထားတဲ့ ဂိုးမက်ဇ်က ရေခဲမုန့်ရောင်းတဲ့ ကားနဲ့ သီချင်းဆို ပြနေတာ တော်တော် လှနေပါတယ်။ သီချင်းတစ်ပုဒ်လုံးက အရောင်တွေ စုံလင်စွာနဲ့ ကြည့်လို့ အရမ်းကောင်းပါတယ်။ ဘလက်ပင့်ခ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျီဆိုး ၊ဂျန်နီ ၊ရိုစီနဲ့ လီဆာတို့ကလည်း …

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား
Cele News
ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား ဒီတနင်္လာနေ့က ဟောလီးဝုဒ် ဆယ်လီအဆိုတော် ဘရစ်တနေစပီးယားက သူမရဲ့ ဘော်ဒီဝိတ်ကို ချနိုင်ဖို့ အတွက် ပြင်းထန်တဲ့ အကလေ့ကျင်းခန်းတွေ လုပ်နေတယ် ဆိုတာကို ပြဖို့အတွက် သူမရဲ့ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာမှာ တင်လိုက်ပါတယ်။ “ကျမ ဘော်ဒီနဲ့ ပတ်သက်ပြီး စိတ်ညစ်လွန်းလို့ ဒီကာလအတွင်းမှာ ဝိတ်ချနိုင်ဖို့ အက လေ့ကျင့်ခန်းတွေကို ပြင်းပြင်း ထန်ထန် လုပ်နေပါတယ်။ ဒီကပ်ရောဂါ ကာလကြီးကတော့ ကျမအတွက် သိပ်ခက်ခဲတဲ့ အချိန်ပါပဲ။ သွားစရာ နေရာတွေလည်း မရှိဘူး။ အားလုံးကလည်း ပိတ်ထားတယ်။ ကျမကတော့ ဘုရားဆီမှာ ဆုတောင်း နေတာက အရသာသိပ်ရှိတဲ့ အစားအစာတွေ မစားရပါစေနဲ့ ဆိုပြီး တောင်းနေရတယ်။ …