”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ”

''မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ''
Life Style

”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ”

သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလား။ ဒါမှမဟုတ် ယုံကြည်မှု နည်းပါးသူလား ဆိုတာကို သင်ကိုယ်တိုင် ဆန်းစစ်ကြည့်ဖို့ လိုအပ်တယ် ဆိုတာကိုရော သင်သိပါရဲ့လား။

အဓိgyကအားဖြင့် သင့်မှာရှိနေတဲ့ စိတ်ကို သင်ကိုယ်တိုင် လေ့လာကြည့်ဖို့ပဲ လိုအပ်တာပါ။ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေရဲ့ စိတ်လက္ခဏာအချို့ကို သင် လေ့လာကြည့်ဖို့ ပြောပြပေးချင်ပါတယ်။

”သင် ရယ်မောတတ်ပါသလား”

ရယ်မောခြင်းဟာ အသက်ရှည် ကျန်းမာခြင်းကို အထောက်အကူပြုသလို သင့်ရဲ့အကောင်းမြင်စိတ်ကို ပိုမို မြှင့်တင်ပေးတတ်တာမို့ သင်ဟာ ရယ်မော ပျော်ရွှင်တတ်ခြင်း ရှိနေမယ် ဆိုမှသာ သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသူတစ်ယောက် ဖြစ်လာမှာပါ။

”သဘောထား သေးသိမ်မှုကို တွန်းလှန်ပါ”

သင့်မှာ ကျဉ်းမြောင်းတဲ့ အမြင်မျိုး သဘောထား မကြီးခြင်းမျိုး ရှိနေမယ် ဆိုရင် ချက်ချင်းသာ ပြုပြင်လိုက်ပါ။ သင့်ရဲ့ စိတ်နေစိတ်ထားမှာ သဘောထားကြီးခြင်း ခွင့်လွှတ် နားလည်တတ်ခြင်း ဟာလည်း သင့်မှာ မိမိကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝနေခြင်း ဖြစ်တယ်ဆိုတာကို ရည်ညွှန်းနေပါတယ်။

”လေ့လာ သင်ယူလိုစိတ် ရှိနေဖို့ လိုတယ်ဆိုတာ သင်သိပါရဲ့လား”

မိမိသိသည်ထက် ပိုမိုသိရှိဖို့ အခြားသူများထံတွင် လေ့လာ သင်ယူလိုစိတ် ရှိခြင်းဟာလည်း သင့်ရဲ့စိတ်သဘောထား ပြည့်ဝပြီး မိမိကိုယ်ကိုယ် ယုံကြည်မှု များပြားစေပါတယ်။

မိမိကိုယ်ကိုယ်သာ အသိအတတ်လို့ မထင်မမြင်ပဲ အခြားသူများ သိသည့်အရာကို မိမိမသိသေးပါက ရဲဝံစွာ လေ့လာသင်ယူလိုစိတ် ရှိခြင်းကလည်း မိမိကိုယ်ကိုယ် ယုံကြည်စိတ်ကို တိုးပွားစေပါတယ်။

”တာဝန်ယူစိတ် ရှိခြင်း”

သင့်မှာရှိနေတဲ့ အတွေးအခေါ် ခံစားချက် လုပ်ငန်း လုပ်ဆောင်ချက် ရလဒ်များ စတဲ့ မိမိကိုယ်တိုင် ဖော်ထုတ် ပြသရသော မည်သည့် ကိစ္စမျိုးမှာမဆို သင့်ရဲ့ ပြုမူ လုပ်ဆောင်မှု အပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု အပြည့် ရှိခြင်းအားဖြင့် သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေတဲ့သူ ဖြစ်တယ်ဆိုတာကို သိထားသင့်ပါတယ်။

စည်းကမ်းနဲ့ ကျင့်ကြံအားထုတ်မှု အပေါ်မှာ သင်ဟာ မညည်းငြူပဲ လိုက်နာခြင်းဟာလည်း မိမိကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝသူတို့ရဲ့ အားထုပ်မှု တစ်ရပ်ပဲဖြစ်ပါတယ်။

”မိမိအမှားကို မိမိဝန်ခံရန် ဝန်မလေးခြင်း”

အမှားတွေ့လာတဲ့ အခါမှာ ခေါင်းခံ ဖြေရှင်းနိုင်ခြင်း၊ မိမိအပြစ်နဲ့ အခြားသူများရဲ့ အပြစ်တို့ကို ထောက်ပြဖို့ အဆင်သင့် ရှိနေတတ်တာ မျိုးကလည်း သင့်ရဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝခြင်းသာ ဖြစ်ပါတယ်။

”ပေါင်းသင်း ဆက်ဆံမှု”

လူအများနဲ့ ပေါင်းသင်းဆက်ဆံတဲ့ အခါမှာ တစ်ပါးသူကို အမြဲလို ပြစ်တင် ဝေဖန်ခြင်း မရှိပဲ အစဉ်ပြေပြေ ပြောဆို ဆက်ဆံတတ်ပြီး လူအများနဲ့ ပေါင်းသင်း ဆက်ဆံနေရခြင်း အပေါ်မှာ သဘောကျ နှစ်သက်ခြင်းကလည်း သင့်ကို ယုံကြည်မှု ပြည့်ဝစေပါတယ်။

နောက်ထပ် သိထားရမှာတွေကတော့ သင်ဟာ အခြားသူများရဲ့ မတူညီတဲ့ ကွဲပြားခြားနားတဲ့ အတွေးအခေါ်များကို လက်ခံနိုင်ပြီး ဆုံးဖြတ်ချက် ချရာမှာ ပိုင်ပိုင်နိုင်နိုင်နဲ့ ခပ်မြန်မြန် ချမှတ်နိုင်ခြင်းကလည်း သင့်အတွက် သင့်ကိုသင် ယုံကြည်မှု အပြည့်ရှိခြင်းကို ပြသမှု တစ်ခုပဲ ဖြစ်ပါတယ်။

သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသူအဖြစ် ဘဝမှာ ရပ်တည်မယ်ဆိုရင် အရာရာကို လေ့လာပြီး မိမိကိုယ်ကိုယ် ခိုင်မာသော စိတ်ဓာတ်နဲ့ ကြံ့ခိုင်သော အနာဂတ်ကို သေသေချာချာ မြှင့်တင်နိုင်သူတစ်ယောက် ဖြစ်လာမှာ သေချာပါတယ်။

ဒါကြောင့်မို့ သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝသူ ဖြစ်ရဲ့လားဆိုတာကို အထက်ပါအချက်များနဲ့ တိုက်ဆိုင်စစ်ဆေးပြီး လေ့လာစမ်းစစ် ကြည့်ပါလို့ အကြံပြုလိုက်ပါရစေ။

# စန္ဒီမြင့်မိုရ်

Zawgyi

”မိမိကိုယ္ကိုယ္ ယုံၾကည္မႈ အျပည့္အဝရွိတဲ့ သူလားဆိုတာ သင့္ကိုယ္သင္ ဆန္းစစ္ၾကည့္ပါ”

သင္ဟာ မိမိကိုယ္ကိုယ္ ယုံၾကည္မႈ အျပည့္အဝရွိတဲ့ သူလား။ ဒါမွမဟုတ္ ယုံၾကည္မႈ နည္းပါးသူလား ဆိုတာကို သင္ကိုယ္တိုင္ ဆန္းစစ္ၾကည့္ဖို႔ လိုအပ္တယ္ ဆိုတာကိုေရာ သင္သိပါရဲ႕လား။

အဓိကအားျဖင့္ သင့္မွာရွိေနတဲ့ စိတ္ကို သင္ကိုယ္တိုင္ ေလ့လာၾကည့္ဖို႔ပဲ လိုအပ္တာပါ။ မိမိကိုယ္ကိုယ္ ယုံၾကည္မႈ ရွိသူေတြရဲ႕ စိတ္လကၡဏာအခ်ိဳ႕ကို သင္ ေလ့လာၾကည့္ဖို႔ ေျပာျပေပးခ်င္ပါတယ္။

”သင္ ရယ္ေမာတတ္ပါသလား”

ရယ္ေမာျခင္းဟာ အသက္ရွည္ က်န္းမာျခင္းကို အေထာက္အကူျပဳသလို သင့္ရဲ႕အေကာင္းျမင္စိတ္ကို ပိုမို ျမႇင့္တင္ေပးတတ္တာမို႔ သင္ဟာ ရယ္ေမာ ေပ်ာ္႐ႊင္တတ္ျခင္း ရွိေနမယ္ ဆိုမွသာ သင္ဟာ မိမိကိုယ္ကိုယ္ ယုံၾကည္မႈ အျပည့္ရွိသူတစ္ေယာက္ ျဖစ္လာမွာပါ။

”သေဘာထား ေသးသိမ္မႈကို တြန္းလွန္ပါ”

သင့္မွာ က်ဥ္းေျမာင္းတဲ့ အျမင္မ်ိဳး သေဘာထား မႀကီးျခင္းမ်ိဳး ရွိေနမယ္ ဆိုရင္ ခ်က္ခ်င္းသာ ျပဳျပင္လိုက္ပါ။ သင့္ရဲ႕ စိတ္ေနစိတ္ထားမွာ သေဘာထားႀကီးျခင္း ခြင့္လႊတ္ နားလည္တတ္ျခင္း ဟာလည္း သင့္မွာ မိမိကိုယ္ကိုယ္ ယုံၾကည္မႈ ျပည့္ဝေနျခင္း ျဖစ္တယ္ဆိုတာကို ရည္ၫႊန္းေနပါတယ္။

”ေလ့လာ သင္ယူလိုစိတ္ ရွိေနဖို႔ လိုတယ္ဆိုတာ သင္သိပါရဲ႕လား”

မိမိသိသည္ထက္ ပိုမိုသိရွိဖို႔ အျခားသူမ်ားထံတြင္ ေလ့လာ သင္ယူလိုစိတ္ ရွိျခင္းဟာလည္း သင့္ရဲ႕စိတ္သေဘာထား ျပည့္ဝၿပီး မိမိကိုယ္ကိုယ္ ယုံၾကည္မႈ မ်ားျပားေစပါတယ္။

မိမိကိုယ္ကိုယ္သာ အသိအတတ္လို႔ မထင္မျမင္ပဲ အျခားသူမ်ား သိသည့္အရာကို မိမိမသိေသးပါက ရဲဝံစြာ ေလ့လာသင္ယူလိုစိတ္ ရွိျခင္းကလည္း မိမိကိုယ္ကိုယ္ ယုံၾကည္စိတ္ကို တိုးပြားေစပါတယ္။

”တာဝန္ယူစိတ္ ရွိျခင္း”

သင့္မွာရွိေနတဲ့ အေတြးအေခၚ ခံစားခ်က္ လုပ္ငန္း လုပ္ေဆာင္ခ်က္ ရလဒ္မ်ား စတဲ့ မိမိကိုယ္တိုင္ ေဖာ္ထုတ္ ျပသရေသာ မည္သည့္ ကိစၥမ်ိဳးမွာမဆို သင့္ရဲ႕ ျပဳမူ လုပ္ေဆာင္မႈ အေပၚမွာ တာဝန္ယူမႈ တာဝန္ခံမႈ အျပည့္ ရွိျခင္းအားျဖင့္ သင္ဟာ မိမိကိုယ္ကိုယ္ ယုံၾကည္မႈ အျပည့္ရွိေနတဲ့သူ ျဖစ္တယ္ဆိုတာကို သိထားသင့္ပါတယ္။

စည္းကမ္းနဲ႔ က်င့္ႀကံအားထုတ္မႈ အေပၚမွာ သင္ဟာ မညည္းျငဴပဲ လိုက္နာျခင္းဟာလည္း မိမိကိုယ္ကိုယ္ ယုံၾကည္မႈ ျပည့္ဝသူတို႔ရဲ႕ အားထုပ္မႈ တစ္ရပ္ပဲျဖစ္ပါတယ္။

”မိမိအမွားကို မိမိဝန္ခံရန္ ဝန္မေလးျခင္း”

အမွားေတြ႕လာတဲ့ အခါမွာ ေခါင္းခံ ေျဖရွင္းႏိုင္ျခင္း၊ မိမိအျပစ္နဲ႔ အျခားသူမ်ားရဲ႕ အျပစ္တို႔ကို ေထာက္ျပဖို႔ အဆင္သင့္ ရွိေနတတ္တာ မ်ိဳးကလည္း သင့္ရဲ႕ မိမိကိုယ္ကိုယ္ ယုံၾကည္မႈ ျပည့္ဝျခင္းသာ ျဖစ္ပါတယ္။

”ေပါင္းသင္း ဆက္ဆံမႈ”

လူအမ်ားနဲ႔ ေပါင္းသင္းဆက္ဆံတဲ့ အခါမွာ တစ္ပါးသူကို အၿမဲလို ျပစ္တင္ ေဝဖန္ျခင္း မရွိပဲ အစဥ္ေျပေျပ ေျပာဆို ဆက္ဆံတတ္ၿပီး လူအမ်ားနဲ႔ ေပါင္းသင္း ဆက္ဆံေနရျခင္း အေပၚမွာ သေဘာက် ႏွစ္သက္ျခင္းကလည္း သင့္ကို ယုံၾကည္မႈ ျပည့္ဝေစပါတယ္။

ေနာက္ထပ္ သိထားရမွာေတြကေတာ့ သင္ဟာ အျခားသူမ်ားရဲ႕ မတူညီတဲ့ ကြဲျပားျခားနားတဲ့ အေတြးအေခၚမ်ားကို လက္ခံႏိုင္ၿပီး ဆုံးျဖတ္ခ်က္ ခ်ရာမွာ ပိုင္ပိုင္ႏိုင္ႏိုင္နဲ႔ ခပ္ျမန္ျမန္ ခ်မွတ္ႏိုင္ျခင္းကလည္း သင့္အတြက္ သင့္ကိုသင္ ယုံၾကည္မႈ အျပည့္ရွိျခင္းကို ျပသမႈ တစ္ခုပဲ ျဖစ္ပါတယ္။

သင္ဟာ မိမိကိုယ္ကိုယ္ ယုံၾကည္မႈ အျပည့္ရွိသူအျဖစ္ ဘဝမွာ ရပ္တည္မယ္ဆိုရင္ အရာရာကို ေလ့လာၿပီး မိမိကိုယ္ကိုယ္ ခိုင္မာေသာ စိတ္ဓာတ္နဲ႔ ႀကံ့ခိုင္ေသာ အနာဂတ္ကို ေသေသခ်ာခ်ာ ျမႇင့္တင္ႏိုင္သူတစ္ေယာက္ ျဖစ္လာမွာ ေသခ်ာပါတယ္။

ဒါေၾကာင့္မို႔ သင္ဟာ မိမိကိုယ္ကိုယ္ ယုံၾကည္မႈ ျပည့္ဝသူ ျဖစ္ရဲ႕လားဆိုတာကို အထက္ပါအခ်က္မ်ားနဲ႔ တိုက္ဆိုင္စစ္ေဆးၿပီး ေလ့လာစမ္းစစ္ ၾကည့္ပါလို႔ အႀကံျပဳလိုက္ပါရေစ။

# စႏၵီျမင့္မိုရ္

No Comments

Leave a Reply

Your email address will not be published.

မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား
Life Style
မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား

မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား လူဆိုတာက ထူးဆန်းပါတယ်ဆိုတဲ့ ကိစ္စတွေနဲ့ အပြည့်စုံ သတ္တဝါတွေပဲ ဖြစ်ပါတယ်။ လူ့စိတ် ဆိုတာကလည်း တော်တော် ဆန်းကျယ်ပါတယ်။ အဲ့ဒိထဲမှာ ပြည့်ပြည့်စုံစုံ လူတွေက ပိုဆိုးပါတယ်။ ငှက်ကလေးတွေ သင်တို့ကားမှာ ငှက်သိုက်လာဖွဲ့ ရင် နှင်မထုတ်ပါနဲ့။ သူတို့ကို အနှောက်အယှက် မပေးပါနဲ့။ လောလောဆယ် တော့ ဒူဘိုင်း အိမ်ရှေ့မင်းသား က သူစီးနေတဲ့ မာစီဒီးကားပေါ်မှာ ငှက်မိသားစုတစ်စုက အသိုက်လာဖွဲ့ လို့ အဲ့ဒိကားကို မစီးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ဆိုတဲ့အကြောင်း လိုင်းပေါ် တင်လိုက်လို့ သူ့ကို လူတွေက ဝိုင်း ချီးကျုးနေကြပါတယ်။ နောက်ပြီး သူရဲ့ကြင်နာမှု …

ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ
Life Style
ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ

ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ အသက်၇၀ ကျော်ပြီ ဆိုရင် ကမ္ဘာ အနှံ့မှာ ရှိတဲ့ သူတွေက သူတို့ကိုယ် သူတို့ အိုသွားပြီဆိုတဲ့ အတွေး နဲ့ အရာရာ လေကန်ထိုင်းမှိုင်းပြီး နာကျင်လာတယ်လို့ ခံစားနေကြပါတယ်။ အညောင်အညာတွေ ရှိပြီးတော့ အနှိပ် အနင်း မလွတ်တော့ဘူးလို့ ထင်မြင်လာကြတယ်။ ဇရာနောက်က လိုက်လာတဲ့ နာကျင်မှုကို ခံစားနေကြ ရပါတယ်။ အများစုက ကျောနဲ့ ခါး နာလာတယ်။ ဒူးမကောင်းတော့ဘူးနဲ့ အချို့ဆိုရင် တင်ပါးစုံရိုး ကျိုးတဲ့အထိ ဖြစ်ကြပါတယ်။ အသားအရေတွေ တွဲကျလာတာကိုလည်း စိတ်မသက်မသာ ခံစားနေ ကြရပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ ဟန်ကျိုးက ၇၀ကျော် …

''သင်အသက်အရွယ် ကြီးလာပြီဆိုရင် ဘာတွေ လုပ်သင့်သလည်းဆိုတာ''
Life Style
”သင်အသက်အရွယ် ကြီးလာပြီဆိုရင် ဘာတွေ လုပ်သင့်သလည်းဆိုတာ”

”သင်အသက်အရွယ် ကြီးလာပြီဆိုရင် ဘာတွေ လုပ်သင့်သလည်းဆိုတာ” မည်သူမဆို အသက်အရွယ်ဆိုတာ ရပ်တန့်မနေပါဘူး။ တစ်နေ့ထက် တစ်နေ့ တစ်နှစ်ထက် တစ်နှစ် ကြီးပြင်းလာခြင်းသာ ဖြစ်တာမို့ သင် ထိုအသက်အရွယ် ကြီးပြင်းလာတဲ့အခါ အနေအထိုင်နဲ့အပြုအမူများကို ထိန်းသိမ်းစောင့်ရှောက်မှု ရှိမှသာ အသက်ကြီးခြင်းမှာ ပျော်စရာကောင်းပြီး အမြဲတမ်း နုပျိုတဲ့ ခံစားချက်ကို ရရှိလာပြီး သစ်လွင်လှပတဲ့ အတွေ့အကြုံသစ်တွေ မြင့်မားလာမှာ ဖြစ်ပါတယ်။ အမူအကျင့် ကောင်းလေးတွေဟာ သင့်ကို အထူးအထောက်အကူ ပြုစေမှာမို့ ရှာဖွေ ဖော်ပြလိုက်ပါတယ်။ ၁ ။ အသက်အရွယ် ကြီးလာခြင်းဟာ ဘဝရဲ့စိန်ခေါ်မှုတစ်ခု ဖြစ်သလို အတွေ့အကြုံ ရင့်ကျက်တည်ငြိမ်လာမှုလည်း ဖြစ်ပါတယ်။ ဘယ်လို အခက်အခဲမျိုးတွေ တွေ့ကြုံပါစေ သင်ဟာ ပျော်ရွှင်စွာ …