မိန္းမသားတို႔ အလွနဲ႔ ျမန္မာ့ခ်ည္ထည္
- By : Phoe Linn
- Category : Fashion and Beauty
- Tags: fashion & beauty

မိန္းမသားတို႔ အလွနဲ႔ ျမန္မာ့ခ်ည္ထည္
ဟိုးလြန္ေလၿပီးေသာ ရာစုႏွစ္မ်ား ဆီကဆိုလွ်င္ ျပည္တြင္းျဖစ္ကို အားေပးပါဟု ေႂကြးေၾကာ္ေနခ်ိန္တြင္ ႏိုင္ငံျခားျဖစ္ အထည္မ်ားကိုသာ အထင္ႀကီး ဝယ္ယူ ဝတ္ဆင္ခဲ့ၾက ဖူးေပသည္။ ယခုေခတ္ ယခုအခါတြင္ေတာ့ ျမန႔္မာ့႐ိုးရာ ခ်ည္ထည္မ်ားမွာ တစ္ေခတ္ ဆန္းလာၿပီး ႐ိုးရာ ခ်ည္ထည္မ်ားကိုလည္း ႏွစ္သက္စြာ ဝတ္ဆင္ လာၾကၿပီ ျဖစ္သည္။
တိုင္းရင္းသား လူမ်ိဳးမ်ားရဲ႕ ႐ိုးရာ အထည္မ်ားဟာလည္း လွပဆန္းသစ္ၿပီး ခ်ည္သားမ်ားနဲ႔သာ ယက္လုပ္ထားၾကတာ ျဖစ္ပါတယ္။ ျမန္မာ့႐ိုးရာ ခ်ည္ထည္မ်ားနဲ႔ တိုင္းရင္းသား႐ိုးရာ ခ်ည္ထည္မ်ားကို ကမာၻကပင္ စိတ္ဝင္စားလာၾကသည္ကို ေတြ႕ျမင္ရေပသည္။
ခ်ည္ထည္ရဲ႕ ေကာင္းက်ိဳးမ်ားကို ၾကည့္မယ္ဆိုရင္…
အသားအေရနဲ႔ ျမန္မာ့ခ်ည္ထည္..
ျမန္မာျဖစ္ ခ်ည္ထည္မ်ားဟာဆိုရင္ ဓာတုပစၥည္းမ်ားနဲ႔ ကင္းၿပီး သဘာဝ စိုက္ပ်ိဳးပင္ျဖစ္တဲ့ ‘ဝါ’ ပင္ကေန ထုတ္လုပ္ထားတာျဖစ္ပါတယ္။ ဝါ ပင္ကေန တိုက္႐ိုက္ ထုတ္လုပ္ထားတဲ့ ခ်ည္မွ်င္မ်ားကို ယက္လုပ္ထားျခင္းေၾကာင့္ သင့္အသားအေရ ပ်က္ဆီးျခင္းမွ ကာကြယ္ေပးႏိုင္ပါတယ္။
ျမန္မာ့ခ်ည္ထည္ သဘာဝ
ျမန္မာ့ ခ်ည္ထည္မ်ားဟာဆိုရင္ ျပင္ပ ေလဒါဏ္၊ ေနပူဒါဏ္ေတြကို အေရျပားဆီ အလြယ္တကူ မေရာက္ရွိေစရန္ ထိထိေရာက္ေရာက္ ကာကြယ္ေပးပါတယ္။ ေနေရာင္ျခည္ကို စုပ္ယူျခင္းမရွိပဲ တြန္းလွန္ေပးႏိုင္တဲ့သတၱိ အျပည့္အဝ ရွိပါတယ္။ ခ်ည္သားရဲ႕ ထူထဲႏုညံျခင္း သဘာဝေၾကာင့္ ေအးတဲ့ ရာသီမွာ အေႏြးဓာတ္ကိုေပးၿပီး ပူတဲ့ရာသီမွာ အေအးဓာတ္ကို ေပးပါတယ္။
က်န္းမာႏုပ်ိဳမူွနဲ႔ခ်ည္ထည္
ျမန္မာ့ ခ်ည္ထည္မ်ားဟာ နဂိုမူလ ရွိရင္းစြဲ သဘာဝအရ ဝတ္ဆင္ထားသည့္အခါ ေခြၽးစို႔လာေစၿပီး ပ်ံထြက္လာသည့္ ေခြၽးတို႔ကို ျပန္လည္ စုပ္ယူ ထိန္သိမ္းထားႏိုင္စြမ္း ရွိတာမို႔ အသားအေရ ေအးျမမူွကို ရရွိေစၿပီး က်န္းမာေရးကို အေထာက္အကူ ျပဳေစပါတယ္။
ေခြၽးစို႔ၿပီး ေအးျမတဲ့ အသားအေရကို ျဖစ္ေပၚေစတဲ့ ျမန္မာ့ခ်ည္ထည္မ်ားဟာ တင္းရင္းစိုေျပတဲ့ အသားအေရကို ျဖစ္ေပၚေစၿပီး ေျခာက္ေသြ႕ေပ်ာ့တြဲ မသြားေအာင္ ထိန္းသိမ္းေပးႏိုင္စြမ္း ရွိပါတယ္။
ျမန္မာ့ခ်ည္ထည္နဲ႔ ဖက္ရွင္တစ္ေခတ္ ဆန္းလာၿပီမို႔ ျပည္တြင္းျဖစ္ကို အားေပးျခင္းျဖင့္ က်န္းမာ လွပမူွကို ျမႇင့္တင္ၾကပါစို႔….
စႏၵီျမင့္မိုရ္”
photo by google
Unicode
မိန်းမသားတို့ အလှနဲ့ မြန်မာ့ချည်ထည်
ဟိုးလွန်လေပြီးသော ရာစုနှစ်များ ဆီကဆိုလျှင် ပြည်တွင်းဖြစ်ကို အားပေးပါဟု ကြွေးကြော်နေချိန်တွင် နိုင်ငံခြားဖြစ် အထည်များကိုသာ အထင်ကြီး ဝယ်ယူ ဝတ်ဆင်ခဲ့ကြ ဖူးပေသည်။ ယခုခေတ် ယခုအခါတွင်တော့ မြန့်မာ့ရိုးရာ ချည်ထည်များမှာ တစ်ခေတ် ဆန်းလာပြီး ရိုးရာ ချည်ထည်များကိုလည်း နှစ်သက်စွာ ဝတ်ဆင် လာကြပြီ ဖြစ်သည်။
တိုင်းရင်းသား လူမျိုးများရဲ့ ရိုးရာ အထည်များဟာလည်း လှပဆန်းသစ်ပြီး ချည်သားများနဲ့သာ ယက်လုပ်ထားကြတာ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ ချည်ထည်များနဲ့ တိုင်းရင်းသားရိုးရာ ချည်ထည်များကို ကမ္ဘာကပင် စိတ်ဝင်စားလာကြသည်ကို တွေ့မြင်ရပေသည်။
ချည်ထည်ရဲ့ ကောင်းကျိုးများကို ကြည့်မယ်ဆိုရင်…
အသားအရေနဲ့ မြန်မာ့ချည်ထည်..
မြန်မာဖြစ် ချည်ထည်များဟာဆိုရင် ဓာတုပစ္စည်းများနဲ့ ကင်းပြီး သဘာဝ စိုက်ပျိုးပင်ဖြစ်တဲ့ ‘ဝါ’ ပင်ကနေ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဝါ ပင်ကနေ တိုက်ရိုက် ထုတ်လုပ်ထားတဲ့ ချည်မျှင်များကို ယက်လုပ်ထားခြင်းကြောင့် သင့်အသားအရေ ပျက်ဆီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
မြန်မာ့ချည်ထည် သဘာဝ
မြန်မာ့ ချည်ထည်များဟာဆိုရင် ပြင်ပ လေဒါဏ်၊ နေပူဒါဏ်တွေကို အရေပြားဆီ အလွယ်တကူ မရောက်ရှိစေရန် ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။ နေရောင်ခြည်ကို စုပ်ယူခြင်းမရှိပဲ တွန်းလှန်ပေးနိုင်တဲ့သတ္တိ အပြည့်အဝ ရှိပါတယ်။ ချည်သားရဲ့ ထူထဲနုညံခြင်း သဘာဝကြောင့် အေးတဲ့ ရာသီမှာ အနွေးဓာတ်ကိုပေးပြီး ပူတဲ့ရာသီမှာ အအေးဓာတ်ကို ပေးပါတယ်။
ကျန်းမာနုပျိုမူှနဲ့ချည်ထည်
မြန်မာ့ ချည်ထည်များဟာ နဂိုမူလ ရှိရင်းစွဲ သဘာဝအရ ဝတ်ဆင်ထားသည့်အခါ ချွေးစို့လာစေပြီး ပျံထွက်လာသည့် ချွေးတို့ကို ပြန်လည် စုပ်ယူ ထိန်သိမ်းထားနိုင်စွမ်း ရှိတာမို့ အသားအရေ အေးမြမူှကို ရရှိစေပြီး ကျန်းမာရေးကို အထောက်အကူ ပြုစေပါတယ်။
ချွေးစို့ပြီး အေးမြတဲ့ အသားအရေကို ဖြစ်ပေါ်စေတဲ့ မြန်မာ့ချည်ထည်များဟာ တင်းရင်းစိုပြေတဲ့ အသားအရေကို ဖြစ်ပေါ်စေပြီး ခြောက်သွေ့ပျော့တွဲ မသွားအောင် ထိန်းသိမ်းပေးနိုင်စွမ်း ရှိပါတယ်။
မြန်မာ့ချည်ထည်နဲ့ ဖက်ရှင်တစ်ခေတ် ဆန်းလာပြီမို့ ပြည်တွင်းဖြစ်ကို အားပေးခြင်းဖြင့် ကျန်းမာ လှပမူှကို မြှင့်တင်ကြပါစို့….
စန္ဒီမြင့်မိုရ်”
No Comments