မိန္းမနဲ႔ကြဲလိုက္တာ ေနာင္တ အႀကီးႀကီးရတယ္လို႔ လင္းႏို႔လူသားႀကီးေျပာ

မိန္းမနဲ႔ကြဲလိုက္တာ ေနာင္တ အႀကီးႀကီးရတယ္လို႔ လင္းႏို႔လူသားႀကီးေျပာ
Cele News

မိန္းမနဲ႔ကြဲလိုက္တာ ေနာင္တ အႀကီးႀကီးရတယ္လို႔ လင္းႏို႔လူသားႀကီးေျပာ

၂၀၁၈တုန္းက ဂ်နီဖာဂါနာနဲ႔ လမ္းခြဲလိုက္တဲ့ အတြက္ သူ႔မွာေနာင္တ အႀကီးႀကီး ရမိပါတယ္လို႔ လင္းႏို႔လူသား ထဲက မင္းသား ဘန္အက္ဖလက္က နယူေယာက္ခ္တိုင္း သတင္းစာနဲ႔ အင္တာဗ်ဴးမွာ ေျပာသြားပါတယ္ ။

ေဖေဖာ္ဝါရီလ ၁၈ရက္ေန႔ထုတ္ သတင္းစာမွာ သူ႔အတိတ္ကိုျဖစ္ရပ္ေတြကို ရွင္းရွင္းလင္းလင္း သိျမင္ခဲ့ရပါၿပီ ၊ အဲ့ဒိတုန္းက သူက သူ႔စိတ္နဲ႔ေတာင္ ရန္ျဖစ္ေနခဲ့ရၿပီး မျဖစ္သင့္တဲ့ အဆုံးသတ္မႈ တစ္ခုကို ေ႐ြးခ်ယ္မိခဲ့တယ္လို႔ ဆိုတယ္ ။

၁၃ႏွစ္ေက်ာ္တြဲခဲ့ၿပီးမွာ အဲ့ဒိကာလအတြင္းက ေကာင္းတူ ဆိုးဖက္ ျဖစ္ခဲ့တာေတြကို ျပန္မေအာက္ေမ့ဘဲနဲ႔ ဘာမဟုတ္တဲ့ ကာလတို အတြင္းမွာ မိုက္မဲတဲ့ဆုံး ျဖတ္ခ်က္တစ္ခုကို ခ်လိုက္မိခဲ့တဲ့ အခ်ိန္မွာ သူတို႔မွာ ကေလး၃ေယာက္ ေတာင္ ရေနခဲ့ပါၿပီ ။

ဗိုင္အိုလက္ (၁၃ႏွစ္) ၊ ဆီရာဖီနာ (၁၀ႏွစ္) နဲ႔ ဆင္ျမဴရယ္ (၇ႏွစ္) တို႔ရဲ႕မ်က္ႏွာေတြကို ျမင္တိုင္း သူလုပ္ခဲ့တဲ့ အမွားက သူ႔ကို တေစၥေျခာက္ေနသလို ခံစားေနရပါတယ္ ။ အခုသူက အမ်ားျပည္သူ သိေအာင္ လူသိထင္ရွား ေနာင္တ ရတယ္ အျပစ္ရွိတယ္ ဆိုတဲ့ အေၾကာင္းေျပာတာက သူမကို ျပန္လည္ လိုအပ္တဲ့ အေၾကာင္းေျပာျပတာပါတဲ့ ။

ျပန္ေပါင္းမယ္ မေပါင္းဘူး ကေတာ့ သူမစိတ္ႀကိဳက္ ဆုံးျဖတ္ပါေစလို႔ ဆိုတယ္ ။ ဂ်နီဖာဘက္က ၾကားရတဲ့ သတင္းတစ္ခုကေတာ့ ဘန္ရဲ႕ ေနာင္တရမႈ အေပၚကို ေတာ္ေတာ္ စိတ္ဝင္စားေနတယ္လို႔ အတြင္းသတင္း တစ္ရပ္က ဆိုပါတယ္ ။

သူမက “ေယာက္်ား ပီသတဲ့ သူရဲ႕လက္ထဲမွာ ကေလးေတြကို ထားခဲ့ရတဲ့ အတြက္ ဂုဏ္ယူမိပါတယ္ ၊ အမွားလုပ္ခဲ့တဲ့ လူတစ္ေယာက္က သူ႔ရဲ႕အမွားကို ျပန္လည္ သင္ယူၿပီး သူကိုယ္တိုင္ နဲ႔ သူ႔မိသားစုကို နာက်င္ ေစခဲ့တယ္ဆိုတာကို ျမင္ ႏိုင္တဲ့ အတြက္လည္း ေက်နပ္ပါတယ္ ။ သူ အခုလိုေျပာတာကို စိတ္ထဲမွာ ပီတိ ျဖစ္မိပါတယ္ ။

သူအေကာင္းဆုံး ျပန္ျဖစ္လာမယ္လို႔ လည္းေမွ်ာ္လင့္ ေနပါတယ္ ၊ က်မကို ဆုံးရႈံးလိုက္ရလို႔ သူေနာင္တရ ေနတယ္ ႐ုန္းကန္ ေနရတယ္ ဆိုတာကို ၾကားရေတာ့ စိတ္မေကာင္း ျဖစ္မိပါတယ္”လို႔ ေျပာတယ္ဆိုတာ ၾကားလူ တစ္ေယာက္က NYTကို ေျပာပါတယ္ ။

သူမက ဘန္နဲ႔ ျပန္ေပါင္းဖို႔ မရည္႐ြယ္ ေပမဲ့ ကေလးေတြကို ထိန္းေက်ာင္းဖို႔ အတြက္ သူငယ္ခ်င္း မိတ္ေဆြ အျဖစ္နဲ႔ ဆက္လက္ ရွိေနမွာပါ ။ ဂ်နီဖာက ဘန္ရဲ႕ မေကာင္းတဲ့ စိတ္ကို ျမင္မိ ၿပီးမွာ အဲ့ဒီမေကာင္းတဲ့ စိတ္ကို သူ႔ဖာသာသူ ဆက္လက္ တိုက္ခိုက္ ေစခ်င္ေနပါတယ္ ။

သူ႔ဖာသာ သူ ျပန္ေကာင္းလာေအာင္ ႀကိဳးစာႏိုင္မယ္ လို႔လည္း ေမွ်ာ္လင့္ေၾကာင္း ေျပာတယ္လို႔
သိလိုက္ရပါတယ္ ။

ေမာင္ယႆ REF: Hollywood life
Photo; daily mail

Unicode

မိန်းမနဲ့ကွဲလိုက်တာ နောင်တ အကြီးကြီးရတယ်လို့ လင်းနို့လူသားကြီးပြော

၂၀၁၈တုန်းက ဂျနီဖာဂါနာနဲ့ လမ်းခွဲလိုက်တဲ့ အတွက် သူ့မှာနောင်တ အကြီးကြီး ရမိပါတယ်လို့ လင်းနို့လူသား ထဲက မင်းသား ဘန်အက်ဖလက်က နယူယောက်ခ်တိုင်း သတင်းစာနဲ့ အင်တာဗျူးမှာ ပြောသွားပါတယ် ။

ဖေဖော်ဝါရီလ ၁၈ရက်နေ့ထုတ် သတင်းစာမှာ သူ့အတိတ်ကိုဖြစ်ရပ်တွေကို ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ရပါပြီ ၊ အဲ့ဒိတုန်းက သူက သူ့စိတ်နဲ့တောင် ရန်ဖြစ်နေခဲ့ရပြီး မဖြစ်သင့်တဲ့ အဆုံးသတ်မှု တစ်ခုကို ရွေးချယ်မိခဲ့တယ်လို့ ဆိုတယ် ။

၁၃နှစ်ကျော်တွဲခဲ့ပြီးမှာ အဲ့ဒိကာလအတွင်းက ကောင်းတူ ဆိုးဖက် ဖြစ်ခဲ့တာတွေကို ပြန်မအောက်မေ့ဘဲနဲ့ ဘာမဟုတ်တဲ့ ကာလတို အတွင်းမှာ မိုက်မဲတဲ့ဆုံး ဖြတ်ချက်တစ်ခုကို ချလိုက်မိခဲ့တဲ့ အချိန်မှာ သူတို့မှာ ကလေး၃ယောက် တောင် ရနေခဲ့ပါပြီ ။

ဗိုင်အိုလက် (၁၃နှစ်) ၊ ဆီရာဖီနာ (၁၀နှစ်) နဲ့ ဆင်မြူရယ် (၇နှစ်) တို့ရဲ့မျက်နှာတွေကို မြင်တိုင်း သူလုပ်ခဲ့တဲ့ အမှားက သူ့ကို တစ္စေခြောက်နေသလို ခံစားနေရပါတယ် ။ အခုသူက အများပြည်သူ သိအောင် လူသိထင်ရှား နောင်တ ရတယ် အပြစ်ရှိတယ် ဆိုတဲ့ အကြောင်းပြောတာက သူမကို ပြန်လည် လိုအပ်တဲ့ အကြောင်းပြောပြတာပါတဲ့ ။

ပြန်ပေါင်းမယ် မပေါင်းဘူး ကတော့ သူမစိတ်ကြိုက် ဆုံးဖြတ်ပါစေလို့ ဆိုတယ် ။ ဂျနီဖာဘက်က ကြားရတဲ့ သတင်းတစ်ခုကတော့ ဘန်ရဲ့ နောင်တရမှု အပေါ်ကို တော်တော် စိတ်ဝင်စားနေတယ်လို့ အတွင်းသတင်း တစ်ရပ်က ဆိုပါတယ် ။

သူမက “ယောက်ျား ပီသတဲ့ သူရဲ့လက်ထဲမှာ ကလေးတွေကို ထားခဲ့ရတဲ့ အတွက် ဂုဏ်ယူမိပါတယ် ၊ အမှားလုပ်ခဲ့တဲ့ လူတစ်ယောက်က သူ့ရဲ့အမှားကို ပြန်လည် သင်ယူပြီး သူကိုယ်တိုင် နဲ့ သူ့မိသားစုကို နာကျင် စေခဲ့တယ်ဆိုတာကို မြင် နိုင်တဲ့ အတွက်လည်း ကျေနပ်ပါတယ် ။ သူ အခုလိုပြောတာကို စိတ်ထဲမှာ ပီတိ ဖြစ်မိပါတယ် ။

သူအကောင်းဆုံး ပြန်ဖြစ်လာမယ်လို့ လည်းမျှော်လင့် နေပါတယ် ၊ ကျမကို ဆုံးရှုံးလိုက်ရလို့ သူနောင်တရ နေတယ် ရုန်းကန် နေရတယ် ဆိုတာကို ကြားရတော့ စိတ်မကောင်း ဖြစ်မိပါတယ်”လို့ ပြောတယ်ဆိုတာ ကြားလူ တစ်ယောက်က NYTကို ပြောပါတယ် ။

သူမက ဘန်နဲ့ ပြန်ပေါင်းဖို့ မရည်ရွယ် ပေမဲ့ ကလေးတွေကို ထိန်းကျောင်းဖို့ အတွက် သူငယ်ချင်း မိတ်ဆွေ အဖြစ်နဲ့ ဆက်လက် ရှိနေမှာပါ ။ ဂျနီဖာက ဘန်ရဲ့ မကောင်းတဲ့ စိတ်ကို မြင်မိ ပြီးမှာ အဲ့ဒီမကောင်းတဲ့ စိတ်ကို သူ့ဖာသာသူ ဆက်လက် တိုက်ခိုက် စေချင်နေပါတယ် ။

သူ့ဖာသာ သူ ပြန်ကောင်းလာအောင် ကြိုးစာနိုင်မယ် လို့လည်း မျှော်လင့်ကြောင်း ပြောတယ်လို့
သိလိုက်ရပါတယ် ။

မောင်ယဿ REF: Hollywood life
Photo; daily mail

No Comments

Leave a Reply

Your email address will not be published.

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်
Cele News
အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ် အမျိုးသမီးတစ်ယောက်လို့ ပရိသတ်အချို့ သိထားကြတဲ့ မော်ဒယ် စစ်ပိုးအိမ်က သူမက လိင်ခွဲစိတ်ထားသူ Transexual တစ်ဦး ဖြစ်ကြောင်း သူမဘဝ ဖြစ်တည်မှု ကို အားလုံးရှေ့မှာ ဖွင့်ချလိုက်ပါတယ်။ သူမ ရင်သား ခွဲစိတ်နေတဲ့ ပုံအပါအဝင် ငယ်စဉ်ကလေးဘဝ ပုံများပါ မကျန် သူမ ရဲ့ ဖြစ်တည်မှုကို သူမရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စ် စာမျက်နှာကနေ ပရိသတ်ကို အသိပေးခဲ့တာပါ။ စစ်ပိုးအိမ် တစ်ယောက် အမျိုးသမီး အစစ်တစ်ယောက် မဟုတ်မှန်း အချို့ပရိသတ်‌တွေ သိကြပေမဲ့ သူမဖွင့်ချတဲ့ ဓါတ်ပုံတွေ‌ကြောင့် ပရိသတ် အချို့က‌တော့ ယခုအချိန်မှ ခွဲစိတ်ထားသူ ဖြစ်မှန်း သိကြတာ …

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့
Cele News
မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့ တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ ဘလက်ပင့်ခ်နဲ့ အမေရိကန် နာမည်ကြီး ဆယ်လီနာဂိုမက်ဇ် တို့ ပူးပေါင်းပြီး ICE CREAM ဆိုတဲ့ မြူဇစ်ဗီဒီယို တစ်ခုကို မနေ့က သြဂုတ်လ ၂၈ရက်နေ့မှာ ထုတ်လွှင့်လိုက် ပါတယ်။ သဘောင်္သား ဦးထုတ်ဆောင်းထားပြီး ဘီကီနီ ဝတ်ထားတဲ့ ဂိုးမက်ဇ်က ရေခဲမုန့်ရောင်းတဲ့ ကားနဲ့ သီချင်းဆို ပြနေတာ တော်တော် လှနေပါတယ်။ သီချင်းတစ်ပုဒ်လုံးက အရောင်တွေ စုံလင်စွာနဲ့ ကြည့်လို့ အရမ်းကောင်းပါတယ်။ ဘလက်ပင့်ခ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျီဆိုး ၊ဂျန်နီ ၊ရိုစီနဲ့ လီဆာတို့ကလည်း …

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား
Cele News
ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား ဒီတနင်္လာနေ့က ဟောလီးဝုဒ် ဆယ်လီအဆိုတော် ဘရစ်တနေစပီးယားက သူမရဲ့ ဘော်ဒီဝိတ်ကို ချနိုင်ဖို့ အတွက် ပြင်းထန်တဲ့ အကလေ့ကျင်းခန်းတွေ လုပ်နေတယ် ဆိုတာကို ပြဖို့အတွက် သူမရဲ့ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာမှာ တင်လိုက်ပါတယ်။ “ကျမ ဘော်ဒီနဲ့ ပတ်သက်ပြီး စိတ်ညစ်လွန်းလို့ ဒီကာလအတွင်းမှာ ဝိတ်ချနိုင်ဖို့ အက လေ့ကျင့်ခန်းတွေကို ပြင်းပြင်း ထန်ထန် လုပ်နေပါတယ်။ ဒီကပ်ရောဂါ ကာလကြီးကတော့ ကျမအတွက် သိပ်ခက်ခဲတဲ့ အချိန်ပါပဲ။ သွားစရာ နေရာတွေလည်း မရှိဘူး။ အားလုံးကလည်း ပိတ်ထားတယ်။ ကျမကတော့ ဘုရားဆီမှာ ဆုတောင်း နေတာက အရသာသိပ်ရှိတဲ့ အစားအစာတွေ မစားရပါစေနဲ့ ဆိုပြီး တောင်းနေရတယ်။ …