International-news
Unicode
မိန်းကလေးကျောင်းကို အုပ်စုလိုက် ဝင်စီး တဲ့ အိန္ဒိယက ဇာတ်ရှုတ်
အိန္ဒိယ တူဒေးမှာ ဖော်ပြတဲ့သတင်းတစ်ပုဒ်ကိုဖတ်လိုက်ရတော့ တော်တော်လေးကိုထိတ်လန့် သွားပါတယ်။ အမျိုးသား တွေအများကြီး က မိန်းကလေးကျောင်းကို တံခါးဖျက်ပြီးဝင်ကာ ကျောင်းသူတွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေပြုကြတဲ့သတင်းပါ။ နယူးဒေလီက ဂုဏ်သတင်းအကြီးဆုံး ကျောင်းတစ်ကျောင်းဖြစ်တဲ့ ဂါဂီကောလိပ်မှာကျောင်းနှစ်ပတ်လည် ကပွဲလုပ်နေတုန်း ဖြစ်သွားတာပါ။
အဲ့ဒီဖြစ်စဉ်ကို အပြင်ကနေ ဗီဒီယိုရိုက်ပြီး လိုင်းပေါ်တင်လိုက်တာပါ။ ဗီဒီယိုဖိုင်မှာ အမျိုးသားတွေ အများကြီးက ကျောင်း ခြံဝင်းတံခါးကို ဖျက်ပြီး ကျောင်းထဲကို ဝင်နေတဲ့ ပုံတွေကို ရိုက်ထားတာပါ။ ဂါဂီကောလိပ်က ကျောင်းသူတွေအဆိုအရ အရက်တွေမူးနေတဲ့ လူလတ်ပိုင်းအရွယ်တွေက ကျောင်းတံခါးကို ဖျက်ဆီးပြီး ဝင်ရောက်လာကြ တယ်လို့ဆိုတယ်။
“အရက်တွေမူးနေတဲ့ လူလတ်ပိုင်း အရွယ်တွေက ကျောင်းထဲကိုဝင်လာပြီး ကျမတို့ကို ဟိုကိုင်ဒီကိုင်လာလုပ်ကြပါတယ်။ ပြီးတော့ ကျမတို့ကို မဖွယ်မရာတွေ လှန်ပြ ၊ လုပ်ပြပါတယ်။ ကျမဆိုရင် အဲ့ဒိ ယောက်ျားအုပ်ကြီးရဲ့ ဟိုကိုင်ဒီကိုင်ကို ၃ခါလောက် ခံလိုက်ရပါတယ်။ ကျမက အော်တော့ သူတို့ကဝိုင်းရီကြပါတယ်”လို့ပြောပါတယ်။ နောက်အမည်မဖော်လိုတဲ့ ကျောင်းသူတစ်ယောက်က အိန္ဒိယတူဒေး နေ့စဉ်သတင်းစာကို “ညနေ ၄နာရီခွဲလောက်မှာ ယောကျ်ားတွေ တင်လာတဲ့ ထရက်ကားတွေကို တွေ့လိုက်ရတယ်။
သူတို့က ကျောင်းတံခါးဖျက် ဝင်လာပြီး တွေ့သမျှကျောင်းသူကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေလုပ်ကြတော့တာပါပဲ။ ကျောင်းသူတွေကို ကိုင်တယ် ဟိုနှိုက် ဒီနှိုက်လုပ်တယ်။ နောက်ပြီး ဒိုတီတွေချွတ်ပြကြပါတယ်”လို့ဆိုတယ်။ အဆိုးဆုံးကိစ္စကတော့ ကျောင်းလုံခြုံရေးအစောင့်တွေက သူတို့ကို တားဆီးခြင်း မလုပ်ကြတာပါပဲ။
“ကျမတို့ကျောင်းမှာ လုံခြုံရေးအဖွဲ့တွေရှိပါတယ်။ လူအုပ်ကြီးကလာပြီး ကျောင်းသူတွေကို မဖွယ်မရာ လာလုပ်နေ တာကို ရပ်ပြီး စောင့်ကြည့်နေပါတယ်။ အကိုင်ခံလိုက်ရတဲ့ ကျမသူငယ်ချင်းတစ်ယောက်ဆိုရင် လုံခြုံရေးတစ်ယောက်ဆီပြေးသွားပြီး ကယ်ပါဦးလို့ အကူအညီတောင်းတာကို သူကလှုတ်တောင်မှမလှုတ်ပါဘူး”လို့ကျောင်းသူတစ်ယောက်ကပြောပါတယ်။ လိင်ပိုင်းဆိုင်ရာ အစော်ကားခံရတဲ့ ကျောင်းသူတွေက အခုတော့ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုကျူလွန်ခံရမှုကို အကာအကွယ်မပေးတဲ့ ကျောင်းကို ဝိုင်းဆန္ဒပြနေပါပြီ။ ဒီလိုဖြစ်စဉ်ကို ကာကွယ်မစောင့်ရှောက်ပေးတဲ့ လုံခြုံရေးတွေကိုလည်း အလုပ်ကထွက်ဖို့ အော်ဟစ်တောင်းဆို နေပါတယ်။
ရဲကလည်းဒီအမှုကိုကျူးလွန်တဲ့လူ ၁၁ ဦးကိုဖမ်းထားတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ လာပြီးကျူးလွန်တဲ့ လူ၁၀၀ နီးပါးလောက်မှာ ၁၁ ယောက်ပဲဖမ်းထားတယ်ဆိုတာရယ်၊ လူလတ်ပိုင်းတွေကို အရက်မူးအောင်တိုက်ပြီး ကားနဲ့တင်ခေါ်လာပြီး မိန်းကလေးကျောင်းရှေ့ ချပေးကာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေလုပ်ခိုင်းတာရယ် နောက်ကွယ်မှာတော့ ရှုတ်ထွေးမှုကြီး ရှိနိုင်ပါတယ်။ တကယ့်တော့ နေ့ဖက်လူမြင်ကွင်းမှာ ဒိလိုအုပ်စုလိုက်ကျူးလွန်ကြတယ်ဆိုတော့ တော်တော်ကိုရှုတ်တဲ့ အရှုတ်ထုတ်ကြီးဖြစ်မှာသေချာပါတယ်။
မောင်ယဿ REF: world of buzz photo:twitter and india today
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
ဇွန်လ၂ရက်နေ့ ကို Black out အင်္ဂါနေ့ အဖြစ်သက်မှတ်ပြီး အမေရိကန် အသံသွင်း လုပ်ငန်းတွေ ရပ်နား
International-news
ဇွန်လ၂ရက်နေ့ ကို Black out အင်္ဂါနေ့ အဖြစ်သက်မှတ်ပြီး အမေရိကန် အသံသွင်း လုပ်ငန်းတွေ ရပ်နား
ဇွန်လ၂ရက်နေ့ ကို Black out အင်္ဂါနေ့ အဖြစ်သက်မှတ်ပြီး အမေရိကန် အသံသွင်း လုပ်ငန်းတွေ ရပ်နား မင်နီဆိုတာမှာ ဖြစ်ခဲ့တဲ့ ရဲတွေပါဝင်တဲ့ လူမဲသေဆုံးမှုနဲ့ ပတ်သက်ပြီး အမေရိကားက နာမည်ကြီး အသံသွင်း လုပ်ငန်းတွေ အားလုံးနီးပါး ဇွန်လ၂ ရက်နေ့မှာ လုပ်ငန်းတွေ အားလုံး ရပ်နားထားလိုက်ကြပါတယ် ။ ပြီးတော့ အဲ့ဒိနေ့ကို အမှောင်ချ ထားတဲ့ နေ့ဆိုပြီး သက်မှတ်လိုက် ကြပါတယ် ။ ယူနီဗာဆယ် မြူးဇစ်အုပ်စု၊ ဝမ်းနား မြူးဇစ်၊ အတ္တလန်တစ်ရီကော်ဒင်း ၊ကိုလံဘီယာ ရီကော်ဒင်း၊ အင်တာစကုတ်ဂစ်ဖင် အေးအန်အမ် ၊ ဒက်ဖ်ဂျမ် ၊ ဆိုနီမြူးဇစ်နဲ့ အခြား နာမည်ကြီး အသံသွင်း …
အမေရိကားက နာမည်ကြီး လက်လီဆိုင်တွေ လုယက် မှုကြောင့် ပိတ်ထားရပြီ
International-news
အမေရိကားက နာမည်ကြီး လက်လီဆိုင်တွေ လုယက် မှုကြောင့် ပိတ်ထားရပြီ
အမေရိကားက နာမည်ကြီး လက်လီဆိုင်တွေ လုယက် မှုကြောင့် ပိတ်ထားရပြီ အမေရိကားမှာ နာမည်ကြီး လက်လီဆိုင် စူပါမားကတ်တွေက ဆန္ဒပြမှု နောက်က လိုက်လာတဲ့ ဆူပူ သောင်း ကျန်းမှုနဲ့ လုယက် ဖျက်ဆီးမှု ဒဏ်တွေ ကိုကြောက်လို့ ဆိုင်တွေကို ပိတ်ထားပါတယ် ။ မင်နီဆိုတာ ရဲ တွေ ကြောင့် သေဆုံးသွားတဲ့ လူမဲဂျော့ဖလွိုက် နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဖြစ်နေရာက တစ်ဆင့်တက်ပြီး မင်နီပိုလိရဲစခန်းကို ဆူပူ သူတွေက မီးတင်ရှို့ ခဲ့ရာမှာ အမေရိကား မှာ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ် ။ အခုဆိုရင် ဆူပူမှုကနေ တစ်ဆင့်ကျော်ပြီး လုယက်မှု တွေပါ ဖြစ်ပေါ် …
ဗီယက်နမ်မှာ ပုစွန်တွေမှာ ဖြစ်တတ်တဲ့ D1V1 ရောဂါ ပြန့်နေ
International-news
ဗီယက်နမ်မှာ ပုစွန်တွေမှာ ဖြစ်တတ်တဲ့ D1V1 ရောဂါ ပြန့်နေ
ဗီယက်နမ်မှာ ပုစွန်တွေမှာ ဖြစ်တတ်တဲ့ D1V1 ရောဂါ ပြန့်နေ ကော်ရိုနာ ဗိုင်းရက် ဒဏ် အပြင်းအထန်ခံစားနေရတဲ့ အရှေ့တောင် အာရှနိုင်ငံ တစ်ခုဖြစ်တဲ့ဗီယက်နမ်နိုင်ငံမှာ D1V1ရာဂါပိုးတစ်မျိုးပြန့်နှံ့ ပြီး နောက်ထပ် ခြိမ်းခြောက်မှု တစ်ခုကို ရင်ဆိုင်နေရပါတယ် ။ ခက်တာက D1V1ဗိုင်းရက် က ပုစွန်တွေမှာ အဓိက ကူးစက်ပြီး အဲ့ဒိ ရောဂါပိုးက လူတွေဆီကို ကူးစက်နိုင် မကူးစက် နိုင်ဘူး ဆိုတာကို ဘယ်သူမှ စမ်းသပ်ချက် မလုပ်ရသေးတာပါ ။ သိပ္ပံပညာရှင် အချို့ကတော့ ဗိုင်းရက်ကို အခြား အကောင်တွေနဲ့ ကူးစက်မှု ရှိမရှိ စမ်းသပ်နေပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် လောလောဆယ် ဗီယက်နမ်မှာ …