မိခင္တို႔ ထိန္းသိမ္းသင့္ေသာ အသားအရည္
- By : Phoe Linn
- Category : beauty-tip
- Tags: ့health & beauty

မိခင္တို႔ ထိန္းသိမ္းသင့္ေသာ အသားအရည္
ႏုပ်ိဳေသာ မိခင္တို႔ရဲ႕ အသားအရည္ ထိန္းသိမ္းပုံ ထိန္းသိမ္းနည္း ေတြ ရွိတယ္ဆိုတာ သင္သိပါရဲ႕လား။ သင္ဟာ ကေလးေတြ ေမြးဖြားထားရလို႔ျဖစ္ေစ.. အသက္အ႐ြယ္ေၾကာင့္ျဖစ္ေစ အသားအေရကို ထိခိုက္ပ်က္စီးေလ့ ရွိပါတယ္။
အိုမင္းတာ ေနေရာင္ျခည္ေၾကာင့္ ထိခိုက္တာနဲ႔ ပတ္ဝန္းက်င္ အေၾကာင္းအခ်က္ေတြေၾကာင့္ ရရွိလာတဲ့ ဓာတ္တိုး ပစၥည္းေတြက အသားအေရကို ထိခိုက္ ပ်က္စီးေစႏိုင္တာ ျဖစ္ပါတယ္။
ဒါေၾကာင့္ အသက္ႀကီးလာေလေသာ္လည္း အသားအေရကို မပ်က္မစီးပဲ ေတာက္ပၿမဲ ေတာက္ပေနေအာင္ မိခင္တို႔ ထိန္းသိမ္းနည္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။
သေဘၤာသီး
သေဘၤာသီးမွာ ကယ္႐ိုတင္း ၊ ဗီတာမင္စီ ၊ သတၱဳ ဓာတ္နဲ႔ ပက္ပိန္း အင္ဇိုင္း ပါဝင္မႈ မ်ားတာေၾကာင့္ သဘာဝ အသားအေရ ေခ်ာေမြ႕ေစတဲ့ အစိုဓာတ္ထိန္းခရင္မ္ပဲ ျဖစ္ပါတယ္။ သေဘၤာသီးကို ပါးပါးလွီးၿပီး ပုံမွန္ လိမ္းေပးတာေၾကာင့္ သင့္အသားအေရကို ေတာက္ပေစမွာ ျဖစ္ပါတယ္။
သက္ႀကီး အစက္ေပ်ာက္ေတြကို ေလ်ာ့က်ေစပါတယ္။ သေဘၤာသီးဟာ ေခြၽးေပါက္ပိတ္တာကို ပြင့္ေစတာေၾကာင့္ အေရျပားကို ႏူးညံၿပီး ေခ်ာေမြ႕ ေတာက္ပေစပါတယ္။
အသုံးျပဳပုံ
သေဘၤာသီးက အသုံးျပဳရ လြယ္ပါတယ္… သေဘၤာသီး အႏွစ္ကို ေၾကညက္ေအာင္ ေခ်ၿပီး မ်က္ႏွာျပင္ေပၚကို စက္ဝိုင္းပုံစံ လွည့္ၿပီး တိုက္႐ိုက္ လိမ္းေပးပါ။ သေဘၤာသီးကို စားလည္း စားသုံးေပးပါ အမွ်င္ဓာတ္ ပိုတက္စီယမ္နဲ႔ ဗီတာမင္ေအ ဗီတာမင္စီတို႔ ပါဝင္တာေၾကာင့္ အက်ိဳးရွိေစပါတယ္။
ေထာပတ္သီး
သင့္အသားအေရကို ေခ်ာေမြ႕ေနေစဖို႔ ဗီတာမင္ေတြ လိုအပ္ပါတယ္။ ေထာပတ္သီးမွာ ဗီတာမင္ေအ၊ ဘီ၊ ဒီနဲ႔ အီးေတြ ပါဝင္မႈ မ်ားပါတယ္။
သူ႔မွာ ငွက္ေျပာသီး တစ္လုံးမွာထက္ ပိုတက္စီယမ္ပါဝင္မႈ ပိုမ်ားၿပီး က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အဆီမ်ားတာေၾကာင့္ သဘာဝ အစိုဓာတ္ထိန္း ပစၥည္းအျဖစ္ သုံးႏိုင္ပါတယ္။
ေထာပတ္သီးဟာ အေရးေၾကာင္းထင္တာ ပါးေရတြန႔္တာ အိုမင္းျခင္းလကၡဏာ ေတြကို ေလ်ာ့က်ေစပါတယ္။
ေထာပတ္သီးမွာ ပါဝင္တဲ့ သဘာဝအဆီဓာတ္က မ်က္ႏွာျပင္ အညစ္အေၾကးေတြကို ကင္းစင္ေစၿပီး ႏွင္းခူ အနီေရာင္ အစက္အေျပာက္နဲ႔ ထိလြယ္ခိုက္လြယ္တဲ့ အသားအေရအတြက္ အေကာင္းဆုံးကုသရာ ေဆးျဖစ္ပါတယ္။
အသုံးျပဳပုံ
ေထာပတ္သီးကို မ်က္ႏွာ ေပါင္းတင္ပစၥည္းအျဖစ္ အသုံးျပဳတာက ဆိုးက်ိဳးမရွိပဲ အဆင္ေျပတဲ့ နည္းပဲျဖစ္ပါတယ္။ ျပဳလုပ္ရမွာကေတာ့ ေထာပတ္သီး အမွည့္တစ္လုံးကို ႏုညက္တဲ့အထိ
ႀကိတ္ေခ်ၿပီး မ်က္ႏွာေပၚမွာ ညင္ညင္သာသာ လိမ္းေပးပါ။
အခ်ိန္ဆယ္မိနစ္ေလာက္ ၾကာမွ ေအးျမစိုစြတ္တဲ့ ပိတ္စသန႔္သန႔္နဲ႔ သုတ္ေပးပါ။ အစိုဓာတ္ ပိုရေစဖို႔အတြက္ ႏြားႏို႔အနည္းငယ္ သို႔မဟုတ္ ပ်ားရည္ လက္ဖက္စားဇြန္းရဲ႕ေလးပုံ တစ္ပုံေလာက္ ထည့္ၿပီး မ်က္ႏွာေပၚလိမ္းေပးရမွာ ျဖစ္ပါတယ္။
သဘာဝအသီးႏွံမ်ားရဲ႕ ေကာင္းက်ိဳးကို သိၿပီးၿပီဆိုေတာ့ အခုပဲစမ္းသပ္ လုပ္ၾကည့္လိုက္ပါ။
စႏၵီျမင့္မိုရ္#
photo : internet
Unicode
မိခင်တို့ ထိန်းသိမ်းသင့်သော အသားအရည်
နုပျိုသော မိခင်တို့ရဲ့ အသားအရည် ထိန်းသိမ်းပုံ ထိန်းသိမ်းနည်း တွေ ရှိတယ်ဆိုတာ သင်သိပါရဲ့လား။ သင်ဟာ ကလေးတွေ မွေးဖွားထားရလို့ဖြစ်စေ.. အသက်အရွယ်ကြောင့်ဖြစ်စေ အသားအရေကို ထိခိုက်ပျက်စီးလေ့ ရှိပါတယ်။
အိုမင်းတာ နေရောင်ခြည်ကြောင့် ထိခိုက်တာနဲ့ ပတ်ဝန်းကျင် အကြောင်းအချက်တွေကြောင့် ရရှိလာတဲ့ ဓာတ်တိုး ပစ္စည်းတွေက အသားအရေကို ထိခိုက် ပျက်စီးစေနိုင်တာ ဖြစ်ပါတယ်။
ဒါကြောင့် အသက်ကြီးလာလေသော်လည်း အသားအရေကို မပျက်မစီးပဲ တောက်ပမြဲ တောက်ပနေအောင် မိခင်တို့ ထိန်းသိမ်းနည်းတွေကို ဖော်ပြပေးချင်ပါတယ်။
သင်္ဘောသီး
သင်္ဘောသီးမှာ ကယ်ရိုတင်း ၊ ဗီတာမင်စီ ၊ သတ္တု ဓာတ်နဲ့ ပက်ပိန်း အင်ဇိုင်း ပါဝင်မှု များတာကြောင့် သဘာဝ အသားအရေ ချောမွေ့စေတဲ့ အစိုဓာတ်ထိန်းခရင်မ်ပဲ ဖြစ်ပါတယ်။ သင်္ဘောသီးကို ပါးပါးလှီးပြီး ပုံမှန် လိမ်းပေးတာကြောင့် သင့်အသားအရေကို တောက်ပစေမှာ ဖြစ်ပါတယ်။
သက်ကြီး အစက်ပျောက်တွေကို လျော့ကျစေပါတယ်။ သင်္ဘောသီးဟာ ချွေးပေါက်ပိတ်တာကို ပွင့်စေတာကြောင့် အရေပြားကို နူးညံပြီး ချောမွေ့ တောက်ပစေပါတယ်။
အသုံးပြုပုံ
သင်္ဘောသီးက အသုံးပြုရ လွယ်ပါတယ်… သင်္ဘောသီး အနှစ်ကို ကြေညက်အောင် ချေပြီး မျက်နှာပြင်ပေါ်ကို စက်ဝိုင်းပုံစံ လှည့်ပြီး တိုက်ရိုက် လိမ်းပေးပါ။ သင်္ဘောသီးကို စားလည်း စားသုံးပေးပါ အမျှင်ဓာတ် ပိုတက်စီယမ်နဲ့ ဗီတာမင်အေ ဗီတာမင်စီတို့ ပါဝင်တာကြောင့် အကျိုးရှိစေပါတယ်။
ထောပတ်သီး
သင့်အသားအရေကို ချောမွေ့နေစေဖို့ ဗီတာမင်တွေ လိုအပ်ပါတယ်။ ထောပတ်သီးမှာ ဗီတာမင်အေ၊ ဘီ၊ ဒီနဲ့ အီးတွေ ပါဝင်မှု များပါတယ်။
သူ့မှာ ငှက်ပြောသီး တစ်လုံးမှာထက် ပိုတက်စီယမ်ပါဝင်မှု ပိုများပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီများတာကြောင့် သဘာဝ အစိုဓာတ်ထိန်း ပစ္စည်းအဖြစ် သုံးနိုင်ပါတယ်။
ထောပတ်သီးဟာ အရေးကြောင်းထင်တာ ပါးရေတွန့်တာ အိုမင်းခြင်းလက္ခဏာ တွေကို လျော့ကျစေပါတယ်။
ထောပတ်သီးမှာ ပါဝင်တဲ့ သဘာဝအဆီဓာတ်က မျက်နှာပြင် အညစ်အကြေးတွေကို ကင်းစင်စေပြီး နှင်းခူ အနီရောင် အစက်အပြောက်နဲ့ ထိလွယ်ခိုက်လွယ်တဲ့ အသားအရေအတွက် အကောင်းဆုံးကုသရာ ဆေးဖြစ်ပါတယ်။
အသုံးပြုပုံ
ထောပတ်သီးကို မျက်နှာ ပေါင်းတင်ပစ္စည်းအဖြစ် အသုံးပြုတာက ဆိုးကျိုးမရှိပဲ အဆင်ပြေတဲ့ နည်းပဲဖြစ်ပါတယ်။ ပြုလုပ်ရမှာကတော့ ထောပတ်သီး အမှည့်တစ်လုံးကို နုညက်တဲ့အထိ
ကြိတ်ချေပြီး မျက်နှာပေါ်မှာ ညင်ညင်သာသာ လိမ်းပေးပါ။
အချိန်ဆယ်မိနစ်လောက် ကြာမှ အေးမြစိုစွတ်တဲ့ ပိတ်စသန့်သန့်နဲ့ သုတ်ပေးပါ။ အစိုဓာတ် ပိုရစေဖို့အတွက် နွားနို့အနည်းငယ် သို့မဟုတ် ပျားရည် လက်ဖက်စားဇွန်းရဲ့လေးပုံ တစ်ပုံလောက် ထည့်ပြီး မျက်နှာပေါ်လိမ်းပေးရမှာ ဖြစ်ပါတယ်။
သဘာဝအသီးနှံများရဲ့ ကောင်းကျိုးကို သိပြီးပြီဆိုတော့ အခုပဲစမ်းသပ် လုပ်ကြည့်လိုက်ပါ။
စန္ဒီမြင့်မိုရ်#
No Comments