- By : Phoe Linn
- Category : Entertainment
မောင်ယဿ REF; asia one
Photo; indian times
Unicode
မာအာနန်ရှီလာ ကိုယ်ရေးအတ္ထုပ္ပတိကို ရိုက်မယ့် ပရိယန်ကာချိုပရာ
မာအာနန်ရှီလာဆိုတာ အမေရိကန်က အော်ရီဂွန် ပြည်နယ်မှာ ဘာသာရေးဆိုင်ရာ လူ့အဖွဲ့အစည်းတစ်ခုကိုတည်ထောင်ပြီး အာဏါပိုင် အဖွဲ့ အစည်းတွေနဲ့ ပြဿနာတက်ခဲ့တဲ့ အိန္ဒိယနွယ်ဖွား ဆွစ်ဇာလန်-အမေရိကန် နိုင်ငံသား တစ်ယောက်ဖြစ်ပါတယ်။ သူ မ ကို ရှီ လာ လို့ လူ သိ များ ပါ တယ် ။ ရဂျ်နီရှ်ဆိုတဲ့ ဂုရု ကြီးတစ်ယောက်က ဘာသာရေး ဆိုင်ရာဟောပြောချက်တွေကို ပို့ချခဲ့တယ်။
သူက နောက်ပိုင်းမှာ အိုးရှိုးလို့ နာမည်ကြီးလာခဲ့ပြီး လိင်ပိုင်းဆိုင်ရာ ပွင့်လင်းဖို့အတွက် ဟောပြောချက်တွေကို ဟောပြောလို့ လိင်ဂုရုကြီးလို့တောင် နာမည်ထွက်ခဲ့ပါတယ်။ သူ့ရဲ့ လက်ရင်းတပည့်ကြီးဖြစ်တဲ့ ရှီလာက လူငယ်ပိုင်းအရွယ်ကတည်းက အိုရှိုးရဲ့အယူအဆတွေနဲ့ ကြီးပြင်းလာခဲ့ပြီး အသက်၁၈နှစ်မှာ အမေရိကားမှာ ကျောင်းသွားတက်ခဲ့ပါတယ်။အမေရိကားမှာ အကာအိုရှီုး လှုတ်ရှားမှုကိုဦးဆောင်ပြီး ရာဇဝတ်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် ဝက်စ်ကိုကောင်တီ မှာ ရဂျ်နီးရှ်ပူရမ် အက်ရှ်ရမ်ကို တည်ထောင်ပြီး လူ့အဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အဲ့ဒိလူ့အဖွဲ့အစည်းက ဒေသခံတွေနဲ့ ပြဿနာတွေ တက်လာတော့ အစာအဆိပ်သင့်စေတဲ့ ဆယ်မိုနယ်လားဘတ်တီးရီးယားတွေ မွေးပြီးလူ့အဖွဲ့အစည်းကို တိုက်ခိုက်ခဲ့ပါတယ်လို့ အာဏါပိုင် အဖွဲ့တွေက သံသယဝင်တာကိုခံခဲ့ရပြီး သူမကို ထောင်နှစ်၃၀ ထောင်ချခဲ့တယ် ။ ဒါပေမဲ့ ၃၉ လနဲ့ ထောင်ကလွတ်လာပြီး ဆွစ်ဇာလန်နိုင်ငံကို ပြောင်းနေခဲ့တယ်။ နောက် ပိုင်း ဖြစ် ရပ် တွေ က တော့ ရုပ် ရှင် ထွက် လာ မှ ပဲဆက် ကြည့် ပါ တော့။
နတ်ဖလစ် ရုပ်ရှင်ကုမ္ပဏီက သူမအကြောင်းကို ၂၀၁၈တုန်းက မှတ်တမ်းရုပ်ရှင်ရိုက်ထားပါတယ်။ အော်ရီဂွန်ပြည်နယ်က ဒေသခံတွေရယ် အုပ်ချုပ်ရေးပိုင်းဆိုင်ရာက လူတွေရယ် လူအဖွဲ့ အစည်းတွေကြားမှာရှိတဲ့ ပြဿနာတွေကိုစုစည်းပြီး အရိုင်းတို့ရဲ့ တိုင်းပြည်ဆိုပြီး ရိုက်ခဲ့တာပါ။ ဘောလီးဝုဒ် နာမည်ကျော် ဇတ်ညွှန်းရေးဆရာတွေ ဒါရိုက်တာတွေ စုပြီးရိုက်ထားပါတယ်။ ရိုက်ရက်ကလည်းရနေပြီးဆိုတော့ အခုဆိုရင်ရိုက်နေပါပြီ။
လက် ရှိ မှာ တော့ ပ ရိ ယန် ကာ က မက် ထ ရစ် အပိုင်း ၄ သိပ္ပံကား ကို ရိုက် နေ ပါ တယ်။
မောင်ယဿ REF; asia one
Photo; indian times
No Comments