
Knowledge








မောင်ယဿ REF: upi
Photo; lonely planet

Unicode

မာရသွန် ထရိုင်ရသလွန် တို့က နလုံးကျန်းမာရေးအတွက် ထိရောက်မှု မရှိ

အမေရိကန် နှလုံး ကျန်မာရေး စောင့်ရှောက်မှု အဖွဲ့ ရဲ့ အဆိုအရ မာရသွန်လို အားကစားနည်းတွေ ထရိုင်ရသလွန် လို ကစားနည်းတွေက နှလုံးကျန်းမာရေးအတွက် အထောက်အကူ မဖြစ်စေပါဘူးလို့ ဆိုလိုက်ပါတယ်။

အောက်စီဂျင်ကို အားရ ပါးရ ရှုသွင်းရ တဲ့ အားကစားနည်း တွေက နှလုံး ကျန်းမာရေး အတွက် ကောင်းစွာ အထောက်အကူ ပြုတာမှန်ပေမဲ့ မာရသွန် ထရိုင်ရသလွန် လို ကစားနည်းမျိုးကတော့ အချိန်အကြာကြီး ကစားရလို့ ကစားနေရင်း နဲ့ နှလုံးခုန် ရပ်သွား နိုင်ပါတယ်။ သွေးလွှတ်ကြောတွေ က လှုတ်ရှား ရတာများလွန်း လို့ ခဏရပ်သွားကာ နှလုံးခုန်လည်း ရပ်သွား တတ်ပါတယ်။

သူတို့က အဲ့ဒိအဆိုကို တင်ပြဖို့နိုင်ရာအတွက် သိပ္ပံ သုတေသန ၃၀၀ ကျော် လုပ်ခဲ့ပါတယ်။ လေ့ကျင်းခန်းက ဆေးဝါတစ်မျိုးပါပဲ။ နှလုံးကျန်းမာရေး အတွက်ကတော့ ပုံမှန်သင့်တင့် မျှတတဲ့ လေကျင့်ခန်းမျိုးပဲ လိုအပ်ပါတယ်။ ရုပ်ခန္တာကို တရားလွန် ညှင်းပမ်း နှိပ်စက်တာ မျိုးကတော့ ကိုယ်ခန္တာ ကြွက်သားတွေ ဖွံ့ဖြိုးလာနိုင်ပေမဲ့ နလုံးကိုတော့ ထိခိုက်စေပါတယ်။ လေ့ကျင်ခန်းတွေက ဆေးဝါးတွေ လို ပါပဲ ။

ဆေးချက်မပြည့်တာ နဲ့ ဆေးလွန်တာက လူကို အန္တရာယ် ဖြစ်စေနိုင်သလိုပါပဲ။ လေ့ကျင့်ခန်း မလုပ်တာ နဲ့ အလုပ်လွန်တာ ၂ ခု စလုံးက လူကို အန္တရာယ်ဖြစ်စေပါတယ်။ ပုံမှန်လမ်းလျှောက်သူတွေက နလုံးရောဂါ ၅၀ % လျော့ကျစေပါတယ်။ နလုံးဖောက်ပြီး သေတဲ့သူအများစုက ငြိမ်ငြိမ်လေး နေရာကနေ ရုတ်တရက် ပြင်းပြင်းထန်ထန် လှုတ်ရှားမှု ကို လုပ်လို့ပါတဲ့။

နောက်ပြီး အကြာကြီး လုပ်ရတဲ့ လေ့ကျင်ခန်းကို မနားပဲ လုပ်နေရင်လည်း နလုံးက ရုတ်တရက် ဖောက်တတ်ပါတယ်။ နလုံခုန် မမှန်တတ်တဲ့ သူမျိုးဆိုရင် ပိုတောင် ဆိုးတတ်ပါတယ်။ နလုံး ရုတ်တရက် ဖောက်ပြီး သေဆုံးသူတွေမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် ရာခိုင်နှုန်းပိုပါတယ်။

မာရသွန်လို ကစားနည်းတွေ ထရိုင်ရသလွန်လို ကစားနည်းတွေမှာ နလုံးဖောက်ပြီး သေဆုံးသူတွေ ရှိပါတယ်။ သေဆုံးသူ အားလုံးနီးပါးက ပထမဆုံးအကြိမ် အဖြစ်ပါဝင်သူတွေပါပဲ။ အောက်စီဂျင်ကို အမျာအပြား ရှုသွင်းလို့ရတဲ့ ကစားနည်းတွေကတော့ လမ်းလျှောက်တာ ပြေးတာ စက်ဘီးစီးတာနဲ့ ရေကူးတာတွေပါပဲ။

မောင်ယဿ REF: upi
Photo; lonely planet

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါလွတ်မြောက်ရေး လယ်တီဆရာတော်ဘုရားကြီး၏အစီအရင်တော်
Knowledge
“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက် ရပ်ကွပ်၊မြို့ရွာ၊တိုင်းခရိုင်၊ပြည်နယ်အလိုက် ကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းလမ်း” ၂

“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက် ရပ်ကွပ်၊မြို့ရွာ၊တိုင်းခရိုင်၊ပြည်နယ်အလိုက် ကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းလမ်း” ၂ (၁)မိမိတို့၏ ရပ်ကွပ်၊ကျေးရွာရှိ လမ်းတိုင်း၊လမ်းတိုင်းတွင် ခြုံနွယ်ပိတ်ပေါင်းများကင်းစင်စေရန်အတွက် ခုတ်ထွင်ရှင်းလင်းခြင်း၊အမှိုက်ပုံ၊ရေပုပ်ရေကန်စ သည့် အပုပ်နံ့၊အညီနံ့ အကောင်းသည့်အနံ့အသက်များထွက်ပေါ်နေသည့် နေရာများကိုအနံ့အသက်ကင်းပျောက်စေရန် စီမံပြုလုပ်ခြင်း၊တံမြက်စည်းလှဲ၍ သန့်ရှင်းအောင်ပြုလုပ်ထားခြင်း၊လူမနေသည့် အိမ်၊အိမ်အိုအိမ်ပျက်၊တဲအိုတဲပျက်များကို ခွင့်ပြုချက်ယူ၍ ဖြိုဖျက်ခြင်း၊လူအစောင့်အရှောက်ထားစေခြင်းတို့ ကိုစီမံပြုလုပ်ထားရပါမည်။ဖျားနာနေသောလူနာများရှိလျှင် ဆေးဝါးကုသပေးခြင်း၊ဆေးရုံ၊ဆေးခန်း၊ဒေသန်္တရကျန်းမာရေးဌာနများသို့ပို့ဆောင်ပေးခြင်းတို့ ကိုပါပြုလုပ်ပေးရပါမည်။ (၂) ရပ်ကွပ်၊ကျေးရွာများရှိ လူကြီး၊လူငယ်၊ပရဟိတအဖွဲ့များသည် မိမိတို့၏ ရပ်ကွပ်၊ကျေးရွာရှိ ရဟန်းသံဃာတော်များထံသို့သွားရောက်ပြီး အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်ရန်အတွက် လျှောက်ထားပြီး ရပ်ကွပ်၊ကျေးရွာအတွင်း၌ အန်္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲများကျင်းပနိုင်ရန်အတွက် စနစ်တ ကျစီစဉ်ပြီး ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကြီးများကို ပြုလုပ်ပေး၍ ရပ်ကွပ်၊ကျေးရွာအနှံ့တွင် ပရိတ်ရေစင်များပက်ဖျန်းပေးရပါမည်။ထို့အပြင် အသံမစဲမဟာပဋ္ဌာန်း ပွဲကြီးကိုပါစီစဉ်၍ကျင်းပပြုလုပ်ပေးရပါမည်။ပဋ္ဌာန်းပွဲပြီးလျှင် ပဋ္ဌာန်းရေစင်များကိုလည်း အထက်ပါနည်းအတိုင်း ရပ်ကွပ်၊ကျေးရွာအနှံ့တွင် အန္တရာယ်ကင်း စေရန်အတွက် ပက်ဖျန်းပေးရပါမည်။ဤနည်းအတိုင်း မြို့နယ်၊တိုင်းဒေသကြီး၊ပြည်နယ်များတွင်ပါ …

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါလွတ်မြောက်ရေး လယ်တီဆရာတော်ဘုရားကြီး၏အစီအရင်တော်
Knowledge
“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက်လူတစ်ဦးခြင်း ကြိုတင်ကာကွယ်ရမည့်နည်းလမ်း”

“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက်လူတစ်ဦးခြင်း ကြိုတင်ကာကွယ်ရမည့်နည်းလမ်း” (၂) သူတစ်ပါးအသက်ကိုသတ်ဖြတ်ခြင်းမှရှောင်ကြဉ်ရမည်။ (၁) အရက်သေစာ၊မူးယစ်ဆေးဝါး သုံးစွဲခြ င်းမှရှောင်ကြဉ်ရမည်။ (၃) ခိုးဆိုး၊လုယက်စသည့် မတရားသောအမှုကိုပြုလုပ်ခြင်းမှရှောင်ကြဉ်ရမည်။ (၃) ခိုးဆိုး၊လုယက်စသည့် မတရားမှုပြုလုပ်ခြင်းမှရှောင်ကြဉ်ရမည်။ (၄) သူတစ်ပါးသားမယားကိုပြစ်မှားခြင်းမှရှောင်ကြဉ်ရမည်။ (၅) မဟုတ်မမှန်သောမုသားစကားပြောဆိုခြင်းမှရှောင်ကြဉ်ရမည်။ (၆) ကပ်ရောဂါပိုဆိုးလာလျှင်(သို့မဟုတ်)ယခုအချိန်မှစတင်၍ သက်သတ်လွတ်ကိုသာစားလျှင်ပို၍ကောင်းပါသည်။ (၇) ရတနသုတ်ပရိတ်တော်ကြီးနှင့်ဘုရားခုနှစ်ဆူ စက်ပရိတ်တော်ကြီးကို နေ့၊ညမှန်မှန်ရွတ်ဖတ်ပူဇော်ရမည်။(အခေါက်ရေများများရွတ်နိုင်လေပိုကောင်း လေဖြစ်၏) (၈) ပရိတ်ချည်၊ပရိတ်ကြိုးများကို ကိုယ်မှာဆောင်ထားရမည်။ဆောင်ထားရမည်ဆိုသည်မှာ လယ်တီဆရာတော်ဘုရားကြီးက အတိအကျလမ်းညွှန်ထား သည်မှာ လည်ပင်းတွင်လည်းဆွဲထားရမည်။ထို့အတူလက်ကောင်ဝတ်နှစ်ဘက်တွင်လည်းချည်ထားရမည်ဟု ညွှန်ကြားထားသည့်အတွက်ထိုအတိုင်း ဆောင်ထားရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ (၉) တုတ်၊ဓားလက်နက်၊လေးခွတို့ကိုဆောင်ထားပါ။ဘီလူးသားဘက်တို့သည် ၎င်းင်းတို့၏တန်ခိုးဖြင့်ကိုယ်ယောင်ဖျောက်ထားနိုင်သော်လည်း တုတ်၊ဓား လက်နက်၊ဆူးချွန်၊လေးခွတို့ကို မကာကွယ်နိုင်သဖြင့်အလွန်ကြောက်ကြ၏။ထို့ကြောင့်လက်နက်တို့နှင့်ဝေးရာသို့ ရှောင်ရှားထွက်ပြေးကြ၏။မိမိတို့ကိုအန္တရာယ်ပေးခြင်း၊ဖမ်းစားခြင်းမပြုနိုင်ဟု ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးက ကိုယ်တွေ့နှိမ်နင်းနိုင်ခဲ့သည့်နည်းလမ်းဖြစ်ကြောင်းကိုမိန့်ဆိုထားလေ၏။ ထို့ကြောင့် ထို့ကြောင့်လမ်းသွားလမ်းလာပြုသောအခါတွင် တုတ်၊ဓားလက်နက်ဆောင်၍ရသောနယ်များတွင်၊တုတ်၊ဓားလက်နက်များကိုဆောင်သွားပါ။အ နည်းဆုံး …

ချစ်ပြီးမှ လမ်းမခွဲ ချင်ဘူးဆိုရင်တော့
Knowledge
ချစ်ပြီးမှ လမ်းမခွဲ ချင်ဘူးဆိုရင်တော့

ချစ်ပြီးမှ လမ်းမခွဲ ချင်ဘူးဆိုရင်တော့ ချစ်ပြီးမှ လမ်းခွဲစကား ပြောဖို့က တကယ်တော့ အားနာဖို့ကောင်းတယ် ။ တစ်ယောက် အကြောင်းလည်း တစ်ယောက် သိနေပြီ ။ တစ်ယောက် အားနည်းချက် ကိုလည်း မြင်ပြီးမှ အဲဒါကို နင်းပြီး လမ်းခွဲ လိုက်ကြတာ ဘယ်ကောင်းမလဲ ။ တကယ် နှစ်နှစ်ကာကာ ချစ်တဲ့ သူတွေ ဆိုရင် နစ်နာပါတယ် ။ ချစ်တယ် ဆိုတဲ့ စကားလုံးကို လိင် စိတ်ဖြေဖို့အတွက် သက်သက် အငှားသုံးတဲ့သူတွေကို မဆိုလိုပါဘူး ။ အပြန်အလှန် ချစ်မိကြလို့ အကြောင်းကြောင်းကြောင့် လမ်းမခွဲချင်ဘူး ဆိုရင်တော့ အောက်မှာ အကြံပြုထားတာကို လိုက်နာကြည့်ပါလား။ ၁။ အပြုသဘောဆောင်တဲ့ …