မာဘယ် ဟီးရိုးတွေရဲ့ နာမည်ပေးထားတဲ့ ယင်မျိုးစိတ်သစ် ၅မျိုးတွေ့ရှိ

မာဘယ္ ဟီး႐ိုးေတြရဲ႕ နာမည္ေပးထားတဲ့ ယင္မ်ိဳးစိတ္သစ္ ၅မ်ိဳးေတြ႕ရွိ
International-news

မာဘယ် ဟီးရိုးတွေရဲ့ နာမည်ပေးထားတဲ့ ယင်မျိုးစိတ်သစ် ၅မျိုးတွေ့ရှိ

သြစတေးလျှ သိပ္ပံပညာရှင်တွေက သူတို့တွေ့ရှိခဲ့တဲ့ ယင်ကောင် မျိုးစိတ်သစ် ၅မျိုးကို ရုပ်ရှင်ထဲက ကမ္ဘာကျော် ဟီရိုးတွေဖြစ်တဲ့ မာဘယ်သူရဲကောင်းတွေရဲ့ နာမည်ကို ဗုဒ္ဓဟူးနေ့က ပေးခဲ့ပါတယ်။ အဲဒိထဲက ၂ကောင်က မာဘယ်ဟီးရိုးတွေကို မွေးထုတ်ပေးခဲ့တဲ့ ရုပ်ပြစာအုပ်နဲ့ ရုပ်ရှင် ကုမ္ပဏီပိုင်ရှင် စတန်လေ နဲ့ နာမည်ကျော် မာဘယ်ဟီးရိုး ဓာတ်ပူး တို့ပဲဖြစ်ပါတယ်။

မာဘယ္ ဟီး႐ိုးေတြရဲ႕ နာမည္ေပးထားတဲ့ ယင္မ်ိဳးစိတ္သစ္ ၅မ်ိဳးေတြ႕ရွိ1

သိပ္ပံပညာရှင်တွေက မနှစ်က အကောင်မျိုးစိတ် သစ် ၁၆၅မျိုး ရှာဖွေတွေ့ရှိခဲ့ရာ အဲ့ဒိယင်မျိုးစိတ်သစ် ၅မျိုးလည်း ပါပါတယ်။ ဒါအပြင် ငါးမျိုးစိတ်သစ် ၂မျိုး၊ ငှက်မျိုးစိတ်ခွဲ ၃မျိုး နဲ့ ဖွတ်တွေရဲ့ ကိုယ်ပေါ်မှာ နေတဲ့ မွှားကောင် ၁မျိုးကိုလည်း တွေ့ခဲ့သေးတယ်လို့ ဓနသဟာရ သိပ္ပံနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ သုတေသနအဖွဲ့ CSIRO က ဆိုပါတယ်။

“သိပ္ပံလောကမှာ မမြင်ဘူးသေးတဲ့ အကောင်တွေမို့လို့ သူတို့ကို သိပ္ပံနာမည်တွေ နဲ့ တွဲပေးဖို့အတွက် စဉ်စားခဲ့ပါသေးတယ်။ သူတို့ရဲ့ ရုပ်သွင်ပြင်နဲ့ လုပ်ငန်းဆောင်တာတွေက နာမည်ကျော်ဟီးရိုးတွေနဲ့ တူလို့ သူတို့ကို ဟီးရိုး နာမည်တွေ ပေးခဲ့တာပါ”လို့ CSIRO က ဆိုပါတယ်။

စတန်လေယင်ကောင်က မျက်မှန်တပ်ထားပြီး နှုတ်ခမ်းမွှေး အဖြူတွေပါလို့ မာဘယ်ဟီးရိုးတွေရဲ့ဖန်ဆင်းရှင် စတန်လေရဲ့ နာမည်ပေးခဲ့တာပါ။ ဓာတ်ပူးယင်ကောင်ကလည်း အနီနဲ့ အနက် တွဲနေတဲ့ မျက်နှာဖုံးနဲ့ တူလို့ပါ။ အခြားယင်ကောင် ၃မျိုးကိုတော့ လိုကီ ၊ သောဝ် နဲ့ ဘလက်ဝစ်ဒိုး တို့ ရဲ့ နာမည်ပေးထားပါတယ်။

မာဘယ္ ဟီး႐ိုးေတြရဲ႕ နာမည္ေပးထားတဲ့ ယင္မ်ိဳးစိတ္သစ္ ၅မ်ိဳးေတြ႕ရွိ2

တွေ့ရှိခဲ့တဲ့ မျိုးစိတ်သစ်တွေကို ဟာသဆန်ဆန် နာမည်ပေးထားပေမဲ့ အချို့သော မျိုးစိတ်သစ်တွေက လူတွေအတွက် အကျိုးအများကြီးရှိတဲ့ အကောင်တွေ ပါပါတယ်။ အဲ့ဒိထဲမှာ တွေ့ခဲ့ရတဲ့ နားကျယ်ကောင်တစ်မျိုးရဲ့ အဆိပ်က အယ်ဇိုင်းမား နဲ့ အကြောသေတဲ့ ရောဂါကို ကုသနိုင်ပါတယ်။

မနှစ်က သြစတေးလျှမှာ တောမီးလောင်လို့ တောထဲက ထွက်လာတဲ့ အကောင်တွေကို မှတ်တမ်းပြုရင်းနဲ့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြတာပါ။ တောမီးလောင်ပြီး စားကျက်ပျောက်သွားတဲ့ အကောင်တွေကို သူတို့အနေနဲ့ ဂရုတစိုက် ပြုစုစောင့်ရှောက် နေရပါတယ်။

မောင်ယဿ, REF: reuter, Photo; yahoonews

Zawgyi

မာဘယ္ ဟီး႐ိုးေတြရဲ႕ နာမည္ေပးထားတဲ့ ယင္မ်ိဳးစိတ္သစ္ ၅မ်ိဳးေတြ႕ရွိ

ၾသစေတးလွ် သိပၸံပညာရွင္ေတြက သူတို႔ေတြ႕ရွိခဲ့တဲ့ ယင္ေကာင္ မ်ိဳးစိတ္သစ္ ၅မ်ိဳးကို ႐ုပ္ရွင္ထဲက ကမာၻေက်ာ္ ဟီ႐ိုးေတြျဖစ္တဲ့ မာဘယ္သူရဲေကာင္းေတြရဲ႕ နာမည္ကို ဗုဒၶဟူးေန႔က ေပးခဲ့ပါတယ္။ အဲဒိထဲက ၂ေကာင္က မာဘယ္ဟီး႐ိုးေတြကို ေမြးထုတ္ေပးခဲ့တဲ့ ႐ုပ္ျပစာအုပ္နဲ႔ ႐ုပ္ရွင္ ကုမၸဏီပိုင္ရွင္ စတန္ေလ နဲ႔ နာမည္ေက်ာ္ မာဘယ္ဟီး႐ိုး ဓာတ္ပူး တို႔ပဲျဖစ္ပါတယ္။

မာဘယ္ ဟီး႐ိုးေတြရဲ႕ နာမည္ေပးထားတဲ့ ယင္မ်ိဳးစိတ္သစ္ ၅မ်ိဳးေတြ႕ရွိ3

သိပၸံပညာရွင္ေတြက မႏွစ္က အေကာင္မ်ိဳးစိတ္ သစ္ ၁၆၅မ်ိဳး ရွာေဖြေတြ႕ရွိခဲ့ရာ အဲ့ဒိယင္မ်ိဳးစိတ္သစ္ ၅မ်ိဳးလည္း ပါပါတယ္။ ဒါအျပင္ ငါးမ်ိဳးစိတ္သစ္ ၂မ်ိဳး၊ ငွက္မ်ိဳးစိတ္ခြဲ ၃မ်ိဳး နဲ႔ ဖြတ္ေတြရဲ႕ ကိုယ္ေပၚမွာ ေနတဲ့ မႊားေကာင္ ၁မ်ိဳးကိုလည္း ေတြ႕ခဲ့ေသးတယ္လို႔ ဓနသဟာရ သိပၸံနဲ႔ စက္မႈလုပ္ငန္းဆိုင္ရာ သုေတသနအဖြဲ႕ CSIRO က ဆိုပါတယ္။

“သိပၸံေလာကမွာ မျမင္ဘူးေသးတဲ့ အေကာင္ေတြမို႔လို႔ သူတို႔ကို သိပၸံနာမည္ေတြ နဲ႔ တြဲေပးဖို႔အတြက္ စဥ္စားခဲ့ပါေသးတယ္။ သူတို႔ရဲ႕ ႐ုပ္သြင္ျပင္နဲ႔ လုပ္ငန္းေဆာင္တာေတြက နာမည္ေက်ာ္ဟီး႐ိုးေတြနဲ႔ တူလို႔ သူတို႔ကို ဟီး႐ိုး နာမည္ေတြ ေပးခဲ့တာပါ”လို႔ CSIRO က ဆိုပါတယ္။

စတန္ေလယင္ေကာင္က မ်က္မွန္တပ္ထားၿပီး ႏႈတ္ခမ္းေမႊး အျဖဴေတြပါလို႔ မာဘယ္ဟီး႐ိုးေတြရဲ႕ဖန္ဆင္းရွင္ စတန္ေလရဲ႕ နာမည္ေပးခဲ့တာပါ။ ဓာတ္ပူးယင္ေကာင္ကလည္း အနီနဲ႔ အနက္ တြဲေနတဲ့ မ်က္ႏွာဖုံးနဲ႔ တူလို႔ပါ။ အျခားယင္ေကာင္ ၃မ်ိဳးကိုေတာ့ လိုကီ ၊ ေသာဝ္ နဲ႔ ဘလက္ဝစ္ဒိုး တို႔ ရဲ႕ နာမည္ေပးထားပါတယ္။

ေတြ႕ရွိခဲ့တဲ့ မ်ိဳးစိတ္သစ္ေတြကို ဟာသဆန္ဆန္ နာမည္ေပးထားေပမဲ့ အခ်ိဳ႕ေသာ မ်ိဳးစိတ္သစ္ေတြက လူေတြအတြက္ အက်ိဳးအမ်ားႀကီးရွိတဲ့ အေကာင္ေတြ ပါပါတယ္။ အဲ့ဒိထဲမွာ ေတြ႕ခဲ့ရတဲ့ နားက်ယ္ေကာင္တစ္မ်ိဳးရဲ႕ အဆိပ္က အယ္ဇိုင္းမား နဲ႔ အေၾကာေသတဲ့ ေရာဂါကို ကုသႏိုင္ပါတယ္။

မႏွစ္က ၾသစေတးလွ်မွာ ေတာမီးေလာင္လို႔ ေတာထဲက ထြက္လာတဲ့ အေကာင္ေတြကို မွတ္တမ္းျပဳရင္းနဲ႔ သိပၸံပညာရွင္ေတြက ေတြ႕ရွိခဲ့ၾကတာပါ။ ေတာမီးေလာင္ၿပီး စားက်က္ေပ်ာက္သြားတဲ့ အေကာင္ေတြကို သူတို႔အေနနဲ႔ ဂ႐ုတစိုက္ ျပဳစုေစာင့္ေရွာက္ ေနရပါတယ္။

ေမာင္ယႆ, REF: reuter, Photo; yahoonews

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အြန္လိုင္းေပၚက ေစာ္ကားမႈေတြကို ေလွ်ာ့ခ်ေပးဖို႔အတြက္ ေရွ႕ေနခ်ဳပ္က ေဖ့စ္ဘုတ္ကို ေတာင္းဆို
International-news
အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို

အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို အမေရိကန်က ပြည်နယ်ရှေ့နေချုပ် ၃၀လောက်က ဖေ့စ်ဘုတ်ပေါ်က အမုန်းစကားတွေ သတင်းလွဲတွေ သတင်းမှားတွေ နဲ့ ရာဇဝတ်မှုတွေကို လျော့ချပေးမဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဖို့အတွက် တောင်းဆို လိုက်တဲ့အပြင် စော်ကားခံနေရတဲ့ လိုင်းသုံးဖို့ရာ ကြောက်နေရတဲ့ သားကောင်တွေ အတွက် အားပေး ကူညီနိုင်တဲ့ အစီအစဉ်တွေကို လုပ်ဖို့လည်း ညွှန်ကြားလိုက်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ အွန်လိုင်းပေါ်မှာ တိုးတက်လာတဲ့ အမုန်းစကားတွေ နဲ့ လူအဖွဲ့အစည်းကို အနှောက်အယှက် ဖြစ်စေတဲ့ အပြုအမှုတွေကို တတ်နိုင်သလောက် လျှော့ချပေးဖို့အတွက် တောင်းဆိုတဲ့ ပြည်နယ် ၂၀ကျော်က ရှေ့နေချုပ်တွေ လက်မှတ်ရေးထိုးထားတဲ့ စာတစ်စောင်ကို ဖေ့စ်ဘုတ် အမှူဆောင်အရာရှိချုပ် …

ေဘ႐ြတ္ ေပါက္ကြဲမႈ ဆိပ္ကမ္းအာဏါပိုင္ေတြကို ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ဖမ္းဆီးထား
International-news
ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား

ဘေရွတ် ပေါက်ကွဲမှု ဆိပ်ကမ်းအာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထား လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ရေပေါ်ဆိပ်ကမ်းက ဂိုထောင်ထဲမှာ ထားရှိတဲ့ ဓာတုပစ္စည်တွေ ပေါက်ကွဲမှုကြီး ဖြစ်ပြီး နောက်မှာတော့ ဆိပ်ကမ်း အာဏါပိုင်တွေကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းထားတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေရဲ့ မှတ်တမ်းအရ သေဆုံးသူ ၁၃၅ယောက် ရှိနေပြီး လူ ၅၀၀၀ကျော် ဒဏ်ရာရကာ လူ၃သိန်း ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားစေခဲ့တဲ့ ပေါက်ကွဲမှုကြီးနဲ့ ပတ်သက်လို့ အစိုးရပိုင်းက အထက်တန်းလွှာတွေကို အကာအကွယ် ပေးနေတယ်လို့ အရပ်သားတွေက ယူဆတဲ့အတွက် အားလုံး မကျေမနပ် ဖြစ်နေကြ ပါတယ်။ ဒီလို ပေါက်ကွဲကြီးက မဖြစ်သင့်ဘဲ ဖြစ်ရတယ်လို့ အရပ်သားတွေက …

စစ္ျဖစ္ခဲ့တဲ့ ေျမေတြကို ထြန္ယက္စိုက္ပ်ိဳးဖို႔ ေတာင္သူလယ္သမားေတြကို ေရာင္း
International-news
စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း

စစ်ဖြစ်ခဲ့တဲ့ မြေတွေကို ထွန်ယက်စိုက်ပျိုးဖို့ တောင်သူလယ်သမားတွေကို ရောင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ၂နိုင်ငံ နယ်ခြားက စစ်ဖြစ်ခဲ့တဲ့ တောင်ကိုရီးယားပိုင် မြေတွေကို ဆယ်စုနှစ် တော်တော်ကြာ ဝင်ရောက် ကျူးကျော် စိုက်ပျိုးနေတဲ့ ဒေသခံလယ်သမားတွေကို တောင်ကိုရီးယား အစိုးရက အကွက်ရိုက်ပြီး ရောင်းချနေပါတယ်။ အစိုးရ အေဂျင်စီတစ်ခုဖြစ်တဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးနဲ့ ပြည်သူ့အခွင့်အရေး ကော်မရှင်က ဂမ်ဝမ်းပြည်နယ် ယန်ဂူခရိုင်မှာ ရှိတဲ့ မြေဧက ၂၃၇၀ကို ကျူးကျော် ဝင်ရောက်စိုက်ပျိုးနေတဲ့ ဒေသခံ လယ်သမားတွေကို တရားဝင် ဖြစ်စေဖို့အတွက် ခုံသမာဓိစီရင် ဆုံးဖြတ်ချက်ဆိုင်ရာ အဆိုပြုချက် အသစ်တစ်ရပ် ရေးဆွဲကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၅၃ခုနှစ် ကိုရီးယားစစ်ကာလအတွင်းက မြောက်ကိုရီးယားတပ်တွေနဲ့ …