မာဘယ်စူပါဟီးရိုး တစ်ဦးဖြစ်တဲ့ ဘလက်ပန်သာ (၄၃နှစ်) ကွယ်လွန်

မာဘယ်စူပါဟီးရိုး တစ်ဦးဖြစ်တဲ့ ဘလက်ပန်သာ (၄၃နှစ်) ကွယ်လွန်
International-news

မာဘယ်စူပါဟီးရိုး တစ်ဦးဖြစ်တဲ့ ဘလက်ပန်သာ (၄၃နှစ်) ကွယ်လွန်

မနေ့က သြဂုတ်လ (၂၈)နေ့မှာ မာဘယ် ရုပ်ရှင်တွေက စူပါဟီးရိုး တစ်ယောက်ဖြစ်တဲ့ ဘလက်ပန်သာ အဖြစ် သရုပ်ဆောင်သူ ချက်ဒ်ဝစ်ဘိုစီမန် တစ်ယောက် လော့စ်အိန်ဂျလီက နေအိမ်မှာ ကွယ်လွန် သွားခဲ့ပါတယ်။

သူ့ရဲ့ တရားဝင် အင်စတာဂရမ် အကောင့် မှာ ကွယ်လွန်သွားပြီ ဖြစ်ကြောင်းကို လည်း ကြေညာခဲ့ပါတယ်။ သူက သူချစ်ရတဲ့ သူတွေကို ထားသွားတော့မယ်လို့ ဆိုခဲ့ပါတယ်။

မာဘယ်စူပါဟီးရိုး တစ်ဦးဖြစ်တဲ့ ဘလက်ပန်သာ (၄၃နှစ်) ကွယ်လွန်1

အင်စတာဂရမ်မှာ တင်ထားတဲ့ ပို့စ်အရ လွန်ခဲ့တဲ့ ၄နှစ်ကတည်းက ချက်ဒ်ဝစ် က အူမကြီးကင်ဆာကို အပြင်းအထန် ခံစားနေခဲ့ ရပါတယ်လို့ ဆိုပါတယ်။ ရောဂါကို ကုသရင် အဆင့် ၄ ထိ ရောက်ခဲ့ပါတယ်။ “ သူက တကယ့် တိုက်ခိုက်ရေးသမား တစ်ဦးပါ။ သူက ကျနော်တို့ အတွက် ကြည့်ဖို့ ခံစားဖို့အတွက် ရုပ်ရှင်တွေ အများကြီးကို ထားခဲ့ပါတယ်။

ခွဲစိတ်မှုတွေ ဓာတု ကုထုံးတွေ လုပ်နေတဲ့ ကြားထဲကတောင် မာရှယ် လို ရုပ်ရှင် ကနေ ဒဖိုက်ဘလက် လို ကားမျိုးတွေအထိ ရုပ်ရှင်တွေ ရိုက်ခဲ့ပါတယ်” လို့ သူ့ရဲ့ အကောင့်ကို ကိုင်တဲ့သူက ရေးတင်ခဲ့ပါတယ်။ အဲ့ဒိပို့စ်ကို လိုင်းသုံးသူ ၆သန်းကျော်က ဝမ်းနည်းကြေကွဲ ရကြောင်း ဖော်ပြခဲ့ပါတယ်။

မာဘယ်စူပါဟီးရိုး တစ်ဦးဖြစ်တဲ့ ဘလက်ပန်သာ (၄၃နှစ်) ကွယ်လွန်2

သူ့ရဲ့ အူမကြီးကင်ဆာက အဆင့် ၃ ရောက်နေပြီ ဆိုတာကို ၂၀၁၆ ခုနှစ် ကတည်းက စတင် သိခဲ့ပါတယ်။ သူက ကုသမှုတွေကို လုပ်နေရင်နဲ့ က ၄နှစ်အကြာ မှာ အဆင့် ၄ အထိ ရောက်လာခဲ့ပါတယ်။ ရုပ်ရှင်ကားတွေကို ဖန်တီးနေရင်းနဲ့ သူ့ရဲ့ ရောဂါကို တောင့်ခံ ခဲ့ပါတယ်။ အဲ့ဒိလို ဖြစ်နေရင်းနဲ့တောင် သူက ဘလက်ပန်သာ လို ရုပ်ရှင်ကားကို ရိုက်နိုင် ခဲ့ပါသေးတယ်။

အခုတော့ မိသားစုတွေကို အနားမှာထားပြီး ထွက်ခွာ သွားခဲ့ပါပြီ။ အခုလို ကပ်ရောဂါ ကာလအတွင်းမှာ အဝေးကနေ ဆုတောင်းပေးတဲ့ သူတွေ အားလုံးကို မိသားစုတွေက အထူး ကျေးဇူးတင်ကြောင်း ပို့စ်မှာ ရေးတင်ခဲ့ပါတယ်။

မာဘယ်စူပါဟီးရိုး တစ်ဦးဖြစ်တဲ့ ဘလက်ပန်သာ (၄၃နှစ်) ကွယ်လွန်3

ချက်ဒ်ဝစ်အာရွန်ဘိုစီမန်က ဟောလီးဝုဒ်က ရုပ်ရှင် သရုပ်ဆောင် ထုတ်လုပ်သူ တစ်ဦးဖြစ်ပါတယ်။ သူက ကိုယ်ရေး အတ္ထုပ္ပတိတွေကို ရုပ်ရှင်လုပ်ပြီး ထုတ်လုပ်တဲ့ နေရာမှာ နာမည်ကြီးပါတယ်။

သူနာပြုဖြစ်သူ မိခင်နဲ့ ချည်မျှင်နဲ့အထည်စက်ရုံ မန်နေဂျာ ဖြစ်သူ ဖခင်တို့က မွေးဖွားခဲ့ပေမဲ့ တက္ကသိုလ် ဒုတိယနှစ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက်အကြောင်းကို ရေးပြီး ကျောင်းမှာ ပြဇာတ် တစ်ခု တင်ဆက်နိုင်ခဲ့ပြီး သူ့ရဲ့ အနုပညာစွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်။

မာဘယ်စူပါဟီးရိုး တစ်ဦးဖြစ်တဲ့ ဘလက်ပန်သာ (၄၃နှစ်) ကွယ်လွန်4

ဒါရိုက်တာပညာနဲ့ ဘွဲ့ရခဲ့ပါတယ်။ ဗြိတိန် အမေရိကန် ဒရမ္မာအကယ်ဒမီကို တက်ရောက် သင်ကြားခွင့် ရခဲ့ပါတယ်။ အမေရိကန်က ဒစ်ဂျစ်တယ် ရုပ်ရျင်အကယ်ဒမီမှာ ပညာသင်ပြီးနောက်မှာတော့ သူက လော့စ်အိန်ဂျလိစ်မှာ အခြေစိုက်ပြီး ရုပ်ရှင်လုပ်ငန်းတွေကို လုပ်လာခဲ့တာပါ။

မောင်ယဿ, REF: world of buzz, Photo; facebook

Zawgyi












No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …