မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား

မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား
Life Style

မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား

လူဆိုတာက ထူးဆန်းပါတယ်ဆိုတဲ့ ကိစ္စတွေနဲ့ အပြည့်စုံ သတ္တဝါတွေပဲ ဖြစ်ပါတယ်။ လူ့စိတ် ဆိုတာကလည်း တော်တော် ဆန်းကျယ်ပါတယ်။ အဲ့ဒိထဲမှာ ပြည့်ပြည့်စုံစုံ လူတွေက ပိုဆိုးပါတယ်။ ငှက်ကလေးတွေ သင်တို့ကားမှာ ငှက်သိုက်လာဖွဲ့ ရင် နှင်မထုတ်ပါနဲ့။

သူတို့ကို အနှောက်အယှက် မပေးပါနဲ့။ လောလောဆယ် တော့ ဒူဘိုင်း အိမ်ရှေ့မင်းသား က သူစီးနေတဲ့ မာစီဒီးကားပေါ်မှာ ငှက်မိသားစုတစ်စုက အသိုက်လာဖွဲ့ လို့ အဲ့ဒိကားကို မစီးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ဆိုတဲ့အကြောင်း လိုင်းပေါ် တင်လိုက်လို့ သူ့ကို လူတွေက ဝိုင်း ချီးကျုးနေကြပါတယ်။

မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား3

နောက်ပြီး သူရဲ့ကြင်နာမှု အတွက် လိုင်းပေါ်က လူတွေက သူတင်ထားတဲ့ ပို့စ်ကို ရှယ်လုပ်တာတွေ လိုက်ခ် ပေးတာတွေကို ဝိုင်းဝန်း ပြုလုပ်ခဲ့ပါတယ်။

အိမ်ရှေ့မင်းသားရဲ့ အင်စတာဂရမ် ပို့စ်မှာ ငှက်မောင်နှံက သူစီးတဲ့ မာစီဒီးကားရဲ့ ရှေ့လေကာမှန်မှာ အသိုက်လာဖွဲ့ နေတဲ့ ပုံကို တင်ခဲ့ပါတယ်။ သူက အဲ့ဒိပုံမှာ “ တစ်ခါတစ်လေ ဘဝမှာ သေးသေးလေးဆိုတဲ့ အရာတွေက လုံလောက်တာထက် အများကြီး ပိုပါတယ်” လို့ ပုံစာကို ရေးတင်ခဲ့ပါတယ်။

အဲ့ဒိ စာသားနဲ့ ပုံက လိုင်းသုံးတဲ့ သူတွေရဲ့ နှလုံးသားကို ထိမိသွားစေပြီး အရမ်း သဘောကျလို့ ဝိုင်းရှယ်ခဲ့ကြတာပါ။

မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား1

မနက်ပိုင်း အပြင်သွားစရာရှိလို့ အိမ်ရှေ့မင်းသားက ကားဂိုဒေါင်ထဲမှာ ထားတဲ့ မာစီဒီး ကားဆီကို လာခဲ့တဲ့ အချိန်မှာ ကားပေါ်မှာ ငှက်ကလေးတွေ အသိုက်ဖွဲ့ ထားတာကို မြင်တော့ သူက အဲ့ဒိကားကို မစီးတော့ဘဲ အခြားကားတစ်စီးကို မှာပြီး ခရီးထွက်ခဲ့ပါတယ်။

ပြန်လာတော့ သူ့က ဓာတ်ပုံရိုက်ပြီး လိုင်းပေါ် တင်ခဲ့ပါတယ်။ အသိုက်ထဲမှာ ဥတွေ ဥထားပြီးပြီဖြစ်လို့ သူတို့တွေ မိသားစုဖြစ်ပြီး သူ့ကားဆီကနေ မထွက်သွားမချင်း အဲ့ဒိအသိုက်ကို သူတို့ မစွန့်ခွာ မချင်း သူ့ကားကို ပြန်မသုံးတော့ဘူးလို့ ဆိုပါတယ်။

မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား2

နောက်ပြီးတော့ အိမ်ရှေ့ မင်းသားက သူ့ရဲ့ ကားမှာ အနီရောင် တိပ်တွေကို ကပ်ပြီး မသုံးရ ဆိုတဲ့ သတိပေးချက်ကိုလည်း လုပ်ထားပါတယ်။ သူတင်တဲ့ ပို့စ်ကြောင့် လိုင်းသုံးသူတွေက မေတ္တာ တရားနဲ့ သနား ကြင်နာမှုတွေကို စံပြလုပ်ဖို့အတွက် သူ့ရဲ့ ပုံတွေကို သုံးပြီး စာတွေ ရေးတင်ကြပါတယ်။

အိမ်ရှေ့မင်းသားဖြစ်လို့ ဝိုင်းအားပေးတာ ဖြစ်နိုင်သလို တကယ်ပဲ လူသားတစ်ယောက်ရဲ့ ကြင်နာမှုကို တွေ့ရလို့ ကျေနပ်ပြီး အားပေးတာဖြစ်ဖြစ် သူ့ရဲ့ အပြုအမှုကတော့ လူသားတွေရဲ့ နှလုံးသားကို နွေးထွေးစေခဲ့ပါတယ်။

မောင်ယဿ, REF: world of buzz, Photo; instargram

Zawgyi

မာစီဒီးကားမွာ ငွက္သိုက္လာဖြဲ႕လို႔ မစီးဖို႔ ဆုံးျဖတ္လိုက္တဲ့ ဒူဘိုင္း အိမ္ေရွ႕မင္းသား

လူဆိုတာက ထူးဆန္းပါတယ္ဆိုတဲ့ ကိစၥေတြနဲ႔ အျပည့္စုံ သတၱဝါေတြပဲ ျဖစ္ပါတယ္။ လူ႔စိတ္ ဆိုတာကလည္း ေတာ္ေတာ္ ဆန္းက်ယ္ပါတယ္။ အဲ့ဒိထဲမွာ ျပည့္ျပည့္စုံစုံ လူေတြက ပိုဆိုးပါတယ္။ ငွက္ကေလးေတြ သင္တို႔ကားမွာ ငွက္သိုက္လာဖြဲ႕ ရင္ ႏွင္မထုတ္ပါနဲ႔။

သူတို႔ကို အေႏွာက္အယွက္ မေပးပါနဲ႔။ ေလာေလာဆယ္ ေတာ့ ဒူဘိုင္း အိမ္ေရွ႕မင္းသား က သူစီးေနတဲ့ မာစီဒီးကားေပၚမွာ ငွက္မိသားစုတစ္စုက အသိုက္လာဖြဲ႕ လို႔ အဲ့ဒိကားကို မစီးေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္တယ္ ဆိုတဲ့အေၾကာင္း လိုင္းေပၚ တင္လိုက္လို႔ သူ႔ကို လူေတြက ဝိုင္း ခ်ီးက်ဳးေနၾကပါတယ္။

ေနာက္ၿပီး သူရဲ႕ၾကင္နာမႈ အတြက္ လိုင္းေပၚက လူေတြက သူတင္ထားတဲ့ ပို႔စ္ကို ရွယ္လုပ္တာေတြ လိုက္ခ္ ေပးတာေတြကို ဝိုင္းဝန္း ျပဳလုပ္ခဲ့ပါတယ္။

အိမ္ေရွ႕မင္းသားရဲ႕ အင္စတာဂရမ္ ပို႔စ္မွာ ငွက္ေမာင္ႏွံက သူစီးတဲ့ မာစီဒီးကားရဲ႕ ေရွ႕ေလကာမွန္မွာ အသိုက္လာဖြဲ႕ ေနတဲ့ ပုံကို တင္ခဲ့ပါတယ္။ သူက အဲ့ဒိပုံမွာ “ တစ္ခါတစ္ေလ ဘဝမွာ ေသးေသးေလးဆိုတဲ့ အရာေတြက လုံေလာက္တာထက္ အမ်ားႀကီး ပိုပါတယ္” လို႔ ပုံစာကို ေရးတင္ခဲ့ပါတယ္။

အဲ့ဒိ စာသားနဲ႔ ပုံက လိုင္းသုံးတဲ့ သူေတြရဲ႕ ႏွလုံးသားကို ထိမိသြားေစၿပီး အရမ္း သေဘာက်လို႔ ဝိုင္းရွယ္ခဲ့ၾကတာပါ။

မနက္ပိုင္း အျပင္သြားစရာရွိလို႔ အိမ္ေရွ႕မင္းသားက ကားဂိုေဒါင္ထဲမွာ ထားတဲ့ မာစီဒီး ကားဆီကို လာခဲ့တဲ့ အခ်ိန္မွာ ကားေပၚမွာ ငွက္ကေလးေတြ အသိုက္ဖြဲ႕ ထားတာကို ျမင္ေတာ့ သူက အဲ့ဒိကားကို မစီးေတာ့ဘဲ အျခားကားတစ္စီးကို မွာၿပီး ခရီးထြက္ခဲ့ပါတယ္။

ျပန္လာေတာ့ သူ႔က ဓာတ္ပုံ႐ိုက္ၿပီး လိုင္းေပၚ တင္ခဲ့ပါတယ္။ အသိုက္ထဲမွာ ဥေတြ ဥထားၿပီးၿပီျဖစ္လို႔ သူတို႔ေတြ မိသားစုျဖစ္ၿပီး သူ႔ကားဆီကေန မထြက္သြားမခ်င္း အဲ့ဒိအသိုက္ကို သူတို႔ မစြန႔္ခြာ မခ်င္း သူ႔ကားကို ျပန္မသုံးေတာ့ဘူးလို႔ ဆိုပါတယ္။

ေနာက္ၿပီးေတာ့ အိမ္ေရွ႕ မင္းသားက သူ႔ရဲ႕ ကားမွာ အနီေရာင္ တိပ္ေတြကို ကပ္ၿပီး မသုံးရ ဆိုတဲ့ သတိေပးခ်က္ကိုလည္း လုပ္ထားပါတယ္။ သူတင္တဲ့ ပို႔စ္ေၾကာင့္ လိုင္းသုံးသူေတြက ေမတၱာ တရားနဲ႔ သနား ၾကင္နာမႈေတြကို စံျပလုပ္ဖို႔အတြက္ သူ႔ရဲ႕ ပုံေတြကို သုံးၿပီး စာေတြ ေရးတင္ၾကပါတယ္။

အိမ္ေရွ႕မင္းသားျဖစ္လို႔ ဝိုင္းအားေပးတာ ျဖစ္ႏိုင္သလို တကယ္ပဲ လူသားတစ္ေယာက္ရဲ႕ ၾကင္နာမႈကို ေတြ႕ရလို႔ ေက်နပ္ၿပီး အားေပးတာျဖစ္ျဖစ္ သူ႔ရဲ႕ အျပဳအမႈကေတာ့ လူသားေတြရဲ႕ ႏွလုံးသားကို ေႏြးေထြးေစခဲ့ပါတယ္။

ေမာင္ယႆ, REF: world of buzz, Photo; instargram

No Comments

Leave a Reply

Your email address will not be published.

''မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ''
Life Style
”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ”

”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ” သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလား။ ဒါမှမဟုတ် ယုံကြည်မှု နည်းပါးသူလား ဆိုတာကို သင်ကိုယ်တိုင် ဆန်းစစ်ကြည့်ဖို့ လိုအပ်တယ် ဆိုတာကိုရော သင်သိပါရဲ့လား။ အဓိgyကအားဖြင့် သင့်မှာရှိနေတဲ့ စိတ်ကို သင်ကိုယ်တိုင် လေ့လာကြည့်ဖို့ပဲ လိုအပ်တာပါ။ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေရဲ့ စိတ်လက္ခဏာအချို့ကို သင် လေ့လာကြည့်ဖို့ ပြောပြပေးချင်ပါတယ်။ ”သင် ရယ်မောတတ်ပါသလား” ရယ်မောခြင်းဟာ အသက်ရှည် ကျန်းမာခြင်းကို အထောက်အကူပြုသလို သင့်ရဲ့အကောင်းမြင်စိတ်ကို ပိုမို မြှင့်တင်ပေးတတ်တာမို့ သင်ဟာ ရယ်မော ပျော်ရွှင်တတ်ခြင်း ရှိနေမယ် ဆိုမှသာ သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု …

ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ
Life Style
ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ

ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ အသက်၇၀ ကျော်ပြီ ဆိုရင် ကမ္ဘာ အနှံ့မှာ ရှိတဲ့ သူတွေက သူတို့ကိုယ် သူတို့ အိုသွားပြီဆိုတဲ့ အတွေး နဲ့ အရာရာ လေကန်ထိုင်းမှိုင်းပြီး နာကျင်လာတယ်လို့ ခံစားနေကြပါတယ်။ အညောင်အညာတွေ ရှိပြီးတော့ အနှိပ် အနင်း မလွတ်တော့ဘူးလို့ ထင်မြင်လာကြတယ်။ ဇရာနောက်က လိုက်လာတဲ့ နာကျင်မှုကို ခံစားနေကြ ရပါတယ်။ အများစုက ကျောနဲ့ ခါး နာလာတယ်။ ဒူးမကောင်းတော့ဘူးနဲ့ အချို့ဆိုရင် တင်ပါးစုံရိုး ကျိုးတဲ့အထိ ဖြစ်ကြပါတယ်။ အသားအရေတွေ တွဲကျလာတာကိုလည်း စိတ်မသက်မသာ ခံစားနေ ကြရပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ ဟန်ကျိုးက ၇၀ကျော် …

''သင်အသက်အရွယ် ကြီးလာပြီဆိုရင် ဘာတွေ လုပ်သင့်သလည်းဆိုတာ''
Life Style
”သင်အသက်အရွယ် ကြီးလာပြီဆိုရင် ဘာတွေ လုပ်သင့်သလည်းဆိုတာ”

”သင်အသက်အရွယ် ကြီးလာပြီဆိုရင် ဘာတွေ လုပ်သင့်သလည်းဆိုတာ” မည်သူမဆို အသက်အရွယ်ဆိုတာ ရပ်တန့်မနေပါဘူး။ တစ်နေ့ထက် တစ်နေ့ တစ်နှစ်ထက် တစ်နှစ် ကြီးပြင်းလာခြင်းသာ ဖြစ်တာမို့ သင် ထိုအသက်အရွယ် ကြီးပြင်းလာတဲ့အခါ အနေအထိုင်နဲ့အပြုအမူများကို ထိန်းသိမ်းစောင့်ရှောက်မှု ရှိမှသာ အသက်ကြီးခြင်းမှာ ပျော်စရာကောင်းပြီး အမြဲတမ်း နုပျိုတဲ့ ခံစားချက်ကို ရရှိလာပြီး သစ်လွင်လှပတဲ့ အတွေ့အကြုံသစ်တွေ မြင့်မားလာမှာ ဖြစ်ပါတယ်။ အမူအကျင့် ကောင်းလေးတွေဟာ သင့်ကို အထူးအထောက်အကူ ပြုစေမှာမို့ ရှာဖွေ ဖော်ပြလိုက်ပါတယ်။ ၁ ။ အသက်အရွယ် ကြီးလာခြင်းဟာ ဘဝရဲ့စိန်ခေါ်မှုတစ်ခု ဖြစ်သလို အတွေ့အကြုံ ရင့်ကျက်တည်ငြိမ်လာမှုလည်း ဖြစ်ပါတယ်။ ဘယ်လို အခက်အခဲမျိုးတွေ တွေ့ကြုံပါစေ သင်ဟာ ပျော်ရွှင်စွာ …