မဟတ္တမဂန္ဒီရဲ့ စာကြည့်မျက်မှန်ကို လန်ဒန်လေလံပွဲမှာ ရောင်းဖို့ ရောက်ရှိ

မဟတၱမဂႏၵီရဲ႕ စာၾကည့္မ်က္မွန္ကို လန္ဒန္ေလလံပြဲမွာ ေရာင္းဖို႔ ေရာက္ရွိ
International-news

မဟတ္တမဂန္ဒီရဲ့ စာကြည့်မျက်မှန်ကို လန်ဒန်လေလံပွဲမှာ ရောင်းဖို့ ရောက်ရှိ

အိန္ဒိယ အမျိုးသားခေါင်ဆောင်ကြီး မဟတ္တမဂန္ဒီ ရဲ့ စာကြည့်မျက်မှန်လို့ ခန့်မှန်းရတဲ့ ရွှေကိုင်း မျက်မှန် တစ်လက်က လာမယ့် သြဂုတ်လ ၂၁ရက်နေ့မှာ လေလံပစ်မယ့် လန်ဒန်မြို့က ပွဲအတွက် လေလံ ကုမ္ပဏီ ဆီကို ရောက်နေတယ်လို့ သိရပါတယ်။မဟတၱမဂႏၵီရဲ႕ စာၾကည့္မ်က္မွန္ကို လန္ဒန္ေလလံပြဲမွာ ေရာင္းဖို႔ ေရာက္ရွိ1

အဲ့ဒိ ရွှေကိုင်းမျက်မှန်က ၁၉၀၀ ထုတ်ဖြစ်ပြီး လေလံပစ်ရင် ပေါင် ၁၀၀၀၀ ကနေ ၁၅၀၀၀ အတွင်း ရနိုင်ပါတယ်။ ဟန်ဟမ်မြို့က အရှေ့ ဘရစ္စတိုလေလံအဖွဲ့က သူတို့မှာ ပရိသတ်တွေကို အံ့အားသင့်စေမယ့် ပစ္စည်း တစ်ခုကို စာတိုက်ကနေ ပါဆယ်ထုတ်ပြီး ပို့ထားလို့ ရောက်နေပါတယ်။

အဲ့ဒါက ရွှေကိုင်းမျက်မှန် တစ်လက်ပါပဲ။ နောက်ခံဇာတ်ကြောင်း နဲ့ သမိုင်းရာဇဝင်အကြီးကြီး ရှိနေတဲ့ မျက်မှန်ပါလို့ သူတို့ကဆိုတယ်။

မဟတၱမဂႏၵီရဲ႕ စာၾကည့္မ်က္မွန္ကို လန္ဒန္ေလလံပြဲမွာ ေရာင္းဖို႔ ေရာက္ရွိ2

လေလံပစ်မယ့် အန်ဒီစတိုဝီက “ကျနော်တို့ဆီကို ရောက်လာတဲ့ ပါဆယ်ထုတ်ထဲမှာ အဲ့ဒိရွှေကိုင်းမျက်မှန်ရဲ့ ရာဇဝင်ကိုပါ ရေးထားတဲ့ စာ ပါပါတယ်။ မျက်မှန်ရောင်းမယ့်သူက ဈေးနှုန်းကိုလည်း မဖော်ပြထားတော့ တော်တော် အံ့အားသင့်မိပါတယ်။

လက်ရှိပစ်မယ့် လေလံပစ္စည်းတွေ အားလုံးထက် အဲ့ဒိမျက်မှန်က သမိုင်း အထောက်အထား အကြီးမားဆုံး ပါပဲ။ နောက်ပြီး ကျနော်တို့ လေလံပစ်ခဲ့တဲ့ သက်တမ်းမှာ အကြီးကျယ်ဆုံးနဲ့ အိမ်မက်တစ်ခုလို့တောင်ပြောလို့ရတဲ့ အရာတစ်ခုပါ ”လို့ ဆိုတယ်။

မဟတၱမဂႏၵီရဲ႕ စာၾကည့္မ်က္မွန္ကို လန္ဒန္ေလလံပြဲမွာ ေရာင္းဖို႔ ေရာက္ရွိ3

အင်္ဂလန်က အမည်မဖော်လိုတဲ့ အဖိုးကြီးတစ်ယောက်က အဲ့ဒိမျက်မှန်ကို လေလံ ဌာနကို ပို့လိုက်တာပါ။ လေလံဌာနကတော့ ကြမ်းခင်းဈေးကို ပေါင် ၆၀၀၀ နဲ့ စဖွင့်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။ အဖိုကြီးက မျက်မှန်သမိုင်း ကို ရေးပို့တဲ့ နေရာမှာ သူ့အဖေကို သူ့ဦးလေးက ၁၉၃၀ လောက်က လက်ဆောင်အဖြစ် ပေးခဲ့တာလို့ ဆိုတယ်။

မဟတၱမဂႏၵီရဲ႕ စာၾကည့္မ်က္မွန္ကို လန္ဒန္ေလလံပြဲမွာ ေရာင္းဖို႔ ေရာက္ရွိ4

သူ့ဦးလေးက တောင်အာဖရိကမှာ ၁၉၁၀ ကနေ ၁၉၃၀ ကျော်အထိ ဗြိတိသျှပိုင် ရေနံကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ပါတယ်လို့ ဆိုတယ်။ အဲ့ဒိတုန်းက ရေနံကုမ္ပဏီက လူအချို့ရဲ့ နာမည်တွေကို ဖော်ပြခဲ့ပါတယ်။ အဲ့ဒိအချိန်က ဂန္ဒီက တောင်အာဖရိကမှာ ရှိတဲ့အချိန်ပါ။ သူတို့ ဂန္ဒီနဲ့ ပတ်သက်ပြီး အဲ့ဒိစာကြည့်မျက်မှန်ကို ရခဲ့တဲ့ ဇာတ်လမ်း ကို ရောင်းမယ့် အဖိုးအိုက စာထဲမှာရေး ခဲ့ပါတယ်။

လေလံပစ်မယ့်သူ အန်ဒီစတိုဝီက “၁၉၁၀ လောက်ကနေ ၁၉၂၀ လောက်အထိကို ဂန္ဒီက မျက်မှန် တပ်တယ်လို့တော့ သမိုင်းအထောက်အထား မရှိဘူး။ ဒါပေမဲ့ အဲ့ဒိ အချက်အလက်ကလွဲလို့ ကျန်တဲ့ အချက်အလက်တွေက အဖိုးကြီးပြောတဲ့အတိုင်း ဘာမှမလွဲပါဘူး။

ကျနော်အထင်တော့ ဂန္ဒီရဲ့ အစောပိုင်းက တပ်တဲ့ မျက်မှန်ဖြစ်မယ် ထင်တယ်”လို့ ဆိုတယ်။ သြဂုတ် ၂၁ရက်နေ့မှာ လေလံပစ်မယ့် အဲ့ဒိ ရွှေကိုင်းမျက်မှန်ကို အိန္ဒိယနိုင်ငံ အပါအဝင် နိုင်ငံ တော်တော်များများက စိတ်ဝင်စားနေပါတယ်။

မောင်ယဿ, REF: indianexpress, photo; zeenews

Zawgyi

မဟတၱမဂႏၵီရဲ႕ စာၾကည့္မ်က္မွန္ကို လန္ဒန္ေလလံပြဲမွာ ေရာင္းဖို႔ ေရာက္ရွိ

အိႏၵိယ အမ်ိဳးသားေခါင္ေဆာင္ႀကီး မဟတၱမဂႏၵီ ရဲ႕ စာၾကည့္မ်က္မွန္လို႔ ခန႔္မွန္းရတဲ့ ေ႐ႊကိုင္း မ်က္မွန္ တစ္လက္က လာမယ့္ ၾသဂုတ္လ ၂၁ရက္ေန႔မွာ ေလလံပစ္မယ့္ လန္ဒန္ၿမိဳ႕က ပြဲအတြက္ ေလလံ ကုမၸဏီ ဆီကို ေရာက္ေနတယ္လို႔ သိရပါတယ္။

အဲ့ဒိ ေ႐ႊကိုင္းမ်က္မွန္က ၁၉၀၀ ထုတ္ျဖစ္ၿပီး ေလလံပစ္ရင္ ေပါင္ ၁၀၀၀၀ ကေန ၁၅၀၀၀ အတြင္း ရႏိုင္ပါတယ္။ ဟန္ဟမ္ၿမိဳ႕က အေရွ႕ ဘရစၥတိုေလလံအဖြဲ႕က သူတို႔မွာ ပရိသတ္ေတြကို အံ့အားသင့္ေစမယ့္ ပစၥည္း တစ္ခုကို စာတိုက္ကေန ပါဆယ္ထုတ္ၿပီး ပို႔ထားလို႔ ေရာက္ေနပါတယ္။

အဲ့ဒါက ေ႐ႊကိုင္းမ်က္မွန္ တစ္လက္ပါပဲ။ ေနာက္ခံဇာတ္ေၾကာင္း နဲ႔ သမိုင္းရာဇဝင္အႀကီးႀကီး ရွိေနတဲ့ မ်က္မွန္ပါလို႔ သူတို႔ကဆိုတယ္။

ေလလံပစ္မယ့္ အန္ဒီစတိုဝီက “က်ေနာ္တို႔ဆီကို ေရာက္လာတဲ့ ပါဆယ္ထုတ္ထဲမွာ အဲ့ဒိေ႐ႊကိုင္းမ်က္မွန္ရဲ႕ ရာဇဝင္ကိုပါ ေရးထားတဲ့ စာ ပါပါတယ္။ မ်က္မွန္ေရာင္းမယ့္သူက ေဈးႏႈန္းကိုလည္း မေဖာ္ျပထားေတာ့ ေတာ္ေတာ္ အံ့အားသင့္မိပါတယ္။

လက္ရွိပစ္မယ့္ ေလလံပစၥည္းေတြ အားလုံးထက္ အဲ့ဒိမ်က္မွန္က သမိုင္း အေထာက္အထား အႀကီးမားဆုံး ပါပဲ။ ေနာက္ၿပီး က်ေနာ္တို႔ ေလလံပစ္ခဲ့တဲ့ သက္တမ္းမွာ အႀကီးက်ယ္ဆုံးနဲ႔ အိမ္မက္တစ္ခုလို႔ေတာင္ေျပာလို႔ရတဲ့ အရာတစ္ခုပါ ”လို႔ ဆိုတယ္။

အဂၤလန္က အမည္မေဖာ္လိုတဲ့ အဖိုးႀကီးတစ္ေယာက္က အဲ့ဒိမ်က္မွန္ကို ေလလံ ဌာနကို ပို႔လိုက္တာပါ။ ေလလံဌာနကေတာ့ ၾကမ္းခင္းေဈးကို ေပါင္ ၆၀၀၀ နဲ႔ စဖြင့္ေပးဖို႔ ဆုံးျဖတ္ထားပါတယ္။ အဖိုႀကီးက မ်က္မွန္သမိုင္း ကို ေရးပို႔တဲ့ ေနရာမွာ သူ႔အေဖကို သူ႔ဦးေလးက ၁၉၃၀ ေလာက္က လက္ေဆာင္အျဖစ္ ေပးခဲ့တာလို႔ ဆိုတယ္။

သူ႔ဦးေလးက ေတာင္အာဖရိကမွာ ၁၉၁၀ ကေန ၁၉၃၀ ေက်ာ္အထိ ၿဗိတိသွ်ပိုင္ ေရနံကုမၸဏီမွာ အလုပ္လုပ္ခဲ့ပါတယ္လို႔ ဆိုတယ္။ အဲ့ဒိတုန္းက ေရနံကုမၸဏီက လူအခ်ိဳ႕ရဲ႕ နာမည္ေတြကို ေဖာ္ျပခဲ့ပါတယ္။ အဲ့ဒိအခ်ိန္က ဂႏၵီက ေတာင္အာဖရိကမွာ ရွိတဲ့အခ်ိန္ပါ။ သူတို႔ ဂႏၵီနဲ႔ ပတ္သက္ၿပီး အဲ့ဒိစာၾကည့္မ်က္မွန္ကို ရခဲ့တဲ့ ဇာတ္လမ္း ကို ေရာင္းမယ့္ အဖိုးအိုက စာထဲမွာေရး ခဲ့ပါတယ္။

ေလလံပစ္မယ့္သူ အန္ဒီစတိုဝီက “၁၉၁၀ ေလာက္ကေန ၁၉၂၀ ေလာက္အထိကို ဂႏၵီက မ်က္မွန္ တပ္တယ္လို႔ေတာ့ သမိုင္းအေထာက္အထား မရွိဘူး။ ဒါေပမဲ့ အဲ့ဒိ အခ်က္အလက္ကလြဲလို႔ က်န္တဲ့ အခ်က္အလက္ေတြက အဖိုးႀကီးေျပာတဲ့အတိုင္း ဘာမွမလြဲပါဘူး။

က်ေနာ္အထင္ေတာ့ ဂႏၵီရဲ႕ အေစာပိုင္းက တပ္တဲ့ မ်က္မွန္ျဖစ္မယ္ ထင္တယ္”လို႔ ဆိုတယ္။ ၾသဂုတ္ ၂၁ရက္ေန႔မွာ ေလလံပစ္မယ့္ အဲ့ဒိ ေ႐ႊကိုင္းမ်က္မွန္ကို အိႏၵိယႏိုင္ငံ အပါအဝင္ ႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားက စိတ္ဝင္စားေနပါတယ္။

ေမာင္ယႆ, REF: indianexpress, photo; zeenews

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …