မသမာသူတစ္ေယာက္လက္ခ်က္ေၾကာင့္ ဦးေႏွာက္တစ္ျခမ္းပြင့္ထြက္ကာ ဘဝကိုအခက္ခဲဆုံး ရွင္သန္ေနရတဲ့အမ်ိဳးသား
- By : Phoe Linn
- Category : International-news
- Tags: international news

မသမာသူတစ္ေယာက္လက္ခ်က္ေၾကာင့္ ဦးေႏွာက္တစ္ျခမ္းပြင့္ထြက္ကာ ဘဝကိုအခက္ခဲဆုံး ရွင္သန္ေနရတဲ့အမ်ိဳးသား
ရာဇဝတ္မႈေတြ ေပါမ်ားတဲ့ အေမရိကန္ ႏိုင္ငံမွာေတာ့ ကိုယ့္ရဲ႕ အႏၲရာယ္ကို ဘယ္အခ်ိန္ က်ေရာက္မလဲ သတိထား ေနမွ ေတာ္ကာ က်မွာပါ ။ မဟုတ္ရင္ေတာ့ ဘဝပ်က္သြား ႏိုင္ၿပီး အခန႔္ မသင့္ရင္ အသက္ ဆုံးရႈံးရဖို႔ မ်ားပါတယ္ ။
ဒါေပမဲ့ အသက္လည္း မေသ ၊ ေသတာထက္ ဆိုးတဲ့ ဒုကၡကို ခံစား ေနရတဲ့ စတီဗင္လို လူမ်ိဳးေတြလည္း အေမရိကန္မွာ ရွိပါ ေသးတယ္ ။
နယူးေယာခ့္ မွာေနတဲ့ ကေလး ႏွစ္ေယာက္ အေဖ ၊ ( ၃၂ ) ႏွစ္ အ႐ြယ္ စတီဗင္ဟာ ၿပီးခဲ့တဲ့ႏွစ္ ေမလ ( ၂၀၁၈ ) တုန္းက အလုပ္ ကေန အိမ္ကို ျပန္လာတဲ့ လမ္းမွာ ေဘ့ေဘာစ္ တုတ္နဲ႔ ေခ်ာင္း႐ိုက္ ခံခဲ့ရပါတယ္ ။
ညဖက္ ျဖစ္ေနတဲ့ အျပင္ ဘယ္သူမွန္း မသိလိုက္တဲ့ အေနအထားမွာ ဦးေခါင္းကို ႐ိုက္ခံလိုက္ရတာ ျဖစ္တဲ့ အတြက္ ေသလုေမ်ာပါး ျဖစ္ခဲ့ၿပီး ေဆး႐ုံကို အေရးေပၚ အေနအထားနဲ႔ ေရာက္ခဲ့ပါတယ္ ။
ဆရာဝန္ ေတြက ဆုံးျဖတ္ခ်က္ တစ္ခုကို အေသအခ်ာ ခ်လိုက္ၿပီး ၊ အသက္ရွင္ခ်င္ရွင္ ဒဏ္ရာ အျပင္းအထန္ ရထားတဲ့ ဦးေႏွာက္ကို ခြဲထုတ္ပစ္ဖို႔ ေဆာင္႐ြက္ ခဲ့ပါတယ္ ။
ေတာ္ေတာ္ေလးကို အႏၲရာယ္မ်ားတဲ့ အလုပ္ျဖစ္ေပမဲ့ ဆရာဝန္ ေတြဟာ စတီဗင္ရဲ႕ အသက္ကို ကယ္ႏိုင္လိုက္ၿပီး တစ္ႏွစ္ေက်ာ္ၾကာ အခ်ိန္မွာေတာ့ ဦးေႏွာက္မရွိတဲ့ အသက္ရွင္ေနသူ ျဖစ္လာခဲ့ ပါတယ္ ။
ေဆး႐ုံ တက္ေနရစဥ္ ကာလ တစ္ေလွ်ာက္လုံး ေသမင္းနဲ႔ တိုက္ပြဲဝင္ခဲ့ရတဲ့ စတီဗင္ဟာ ေသကံ မေရာက္ခဲ့သလို ခြဲစိတ္မႈနဲ႔ ကံၾကမၼာက မ်က္ႏွာသာ ေပးခဲ့ ခ်ိန္မွာေတာ့ အခုအခ်ိန္အထိ အသက္ရွင္ ေနခဲ့ပါတယ္ ။
ထူးဆန္းတာက စတီဗင္ကို ႐ိုက္တဲ့သူကို ဖမ္းမိခဲ့တာ ျဖစ္ၿပီး တရား႐ုံးမွာ တစ္ႏွစ္ပဲ ေထာင္ခ်ခံရတာ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့တဲ့ အတြက္ ( ၇၂ ) ရက္မွာ ခံဝန္နဲ႔ ျပန္လြတ္သြားခဲ့ ပါတယ္ ။
မိန္းမျဖစ္သူ ဒိုနာနဲ႔ သမီးေလး ႏွစ္ေယာက္ဟာ စတီဗင္ အတြက္ စိတ္မေကာင္း ျဖစ္႐ုံကလြဲလို႔ ဘာမွ မတတ္ႏိုင္ခဲ့ သလို ေဆး႐ုံကို ေန႔တိုင္း လာေနခဲ့ တာဟာ လက္ရွိအခ်ိန္ထိ အိမ္ဦးနဲ႔ ၾကမ္းျပင္လို ျဖစ္ေနတုန္းလို႔ ဆိုပါတယ္ ။
ကံေကာင္းခဲ့တာ တစ္ခုကေတာ့ အျဖစ္အပ်က္ကို နားလည္ခဲ့တဲ့ ၿမိဳ႕ေတာ္ လူမႈကူညီေရး တစ္သင္းေၾကာင့္ အလုံးစုံ ေထာက္ပံ့မႈကို ရခဲ့ၿပီး မိသားစုနဲ႔ စတီဗင္ဟာ ေဆး႐ုံစရိတ္ အတြက္ ပူစရာမလိုခဲ့ ပါဘူး ။
ဒါေပမဲ့ လက္ရွိ အခ်ိန္မွာ ရွင္ရက္နဲ႔ ေသေနတဲ့ ဘဝတစ္ခုကို ပိုင္ဆိုင္ထားရတဲ့ အတြက္ ျမင္သူတိုင္း စိတ္မေကာင္းျဖစ္မွာ အမွန္ပါပဲ ။
သူေရး (ဆန္းသစ္စ)
Unicode
မသမာသူတစ်ယောက်လက်ချက်ကြောင့် ဦးနှောက်တစ်ခြမ်းပွင့်ထွက်ကာ ဘဝကိုအခက်ခဲဆုံး ရှင်သန်နေရတဲ့အမျိုးသား
ရာဇဝတ်မှုတွေ ပေါများတဲ့ အမေရိကန် နိုင်ငံမှာတော့ ကိုယ့်ရဲ့ အန္တရာယ်ကို ဘယ်အချိန် ကျရောက်မလဲ သတိထား နေမှ တော်ကာ ကျမှာပါ ။ မဟုတ်ရင်တော့ ဘဝပျက်သွား နိုင်ပြီး အခန့် မသင့်ရင် အသက် ဆုံးရှုံးရဖို့ များပါတယ် ။
ဒါပေမဲ့ အသက်လည်း မသေ ၊ သေတာထက် ဆိုးတဲ့ ဒုက္ခကို ခံစား နေရတဲ့ စတီဗင်လို လူမျိုးတွေလည်း အမေရိကန်မှာ ရှိပါ သေးတယ် ။
နယူးယောခ့် မှာနေတဲ့ ကလေး နှစ်ယောက် အဖေ ၊ ( ၃၂ ) နှစ် အရွယ် စတီဗင်ဟာ ပြီးခဲ့တဲ့နှစ် မေလ ( ၂၀၁၈ ) တုန်းက အလုပ် ကနေ အိမ်ကို ပြန်လာတဲ့ လမ်းမှာ ဘေ့ဘောစ် တုတ်နဲ့ ချောင်းရိုက် ခံခဲ့ရပါတယ် ။
ညဖက် ဖြစ်နေတဲ့ အပြင် ဘယ်သူမှန်း မသိလိုက်တဲ့ အနေအထားမှာ ဦးခေါင်းကို ရိုက်ခံလိုက်ရတာ ဖြစ်တဲ့ အတွက် သေလုမျောပါး ဖြစ်ခဲ့ပြီး ဆေးရုံကို အရေးပေါ် အနေအထားနဲ့ ရောက်ခဲ့ပါတယ် ။
ဆရာဝန် တွေက ဆုံးဖြတ်ချက် တစ်ခုကို အသေအချာ ချလိုက်ပြီး ၊ အသက်ရှင်ချင်ရှင် ဒဏ်ရာ အပြင်းအထန် ရထားတဲ့ ဦးနှောက်ကို ခွဲထုတ်ပစ်ဖို့ ဆောင်ရွက် ခဲ့ပါတယ် ။
တော်တော်လေးကို အန္တရာယ်များတဲ့ အလုပ်ဖြစ်ပေမဲ့ ဆရာဝန် တွေဟာ စတီဗင်ရဲ့ အသက်ကို ကယ်နိုင်လိုက်ပြီး တစ်နှစ်ကျော်ကြာ အချိန်မှာတော့ ဦးနှောက်မရှိတဲ့ အသက်ရှင်နေသူ ဖြစ်လာခဲ့ ပါတယ် ။
ဆေးရုံ တက်နေရစဉ် ကာလ တစ်လျှောက်လုံး သေမင်းနဲ့ တိုက်ပွဲဝင်ခဲ့ရတဲ့ စတီဗင်ဟာ သေကံ မရောက်ခဲ့သလို ခွဲစိတ်မှုနဲ့ ကံကြမ္မာက မျက်နှာသာ ပေးခဲ့ ချိန်မှာတော့ အခုအချိန်အထိ အသက်ရှင် နေခဲ့ပါတယ် ။
ထူးဆန်းတာက စတီဗင်ကို ရိုက်တဲ့သူကို ဖမ်းမိခဲ့တာ ဖြစ်ပြီး တရားရုံးမှာ တစ်နှစ်ပဲ ထောင်ချခံရတာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တဲ့ အတွက် ( ၇၂ ) ရက်မှာ ခံဝန်နဲ့ ပြန်လွတ်သွားခဲ့ ပါတယ် ။
မိန်းမဖြစ်သူ ဒိုနာနဲ့ သမီးလေး နှစ်ယောက်ဟာ စတီဗင် အတွက် စိတ်မကောင်း ဖြစ်ရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ သလို ဆေးရုံကို နေ့တိုင်း လာနေခဲ့ တာဟာ လက်ရှိအချိန်ထိ အိမ်ဦးနဲ့ ကြမ်းပြင်လို ဖြစ်နေတုန်းလို့ ဆိုပါတယ် ။
ကံကောင်းခဲ့တာ တစ်ခုကတော့ အဖြစ်အပျက်ကို နားလည်ခဲ့တဲ့ မြို့တော် လူမှုကူညီရေး တစ်သင်းကြောင့် အလုံးစုံ ထောက်ပံ့မှုကို ရခဲ့ပြီး မိသားစုနဲ့ စတီဗင်ဟာ ဆေးရုံစရိတ် အတွက် ပူစရာမလိုခဲ့ ပါဘူး ။
ဒါပေမဲ့ လက်ရှိ အချိန်မှာ ရှင်ရက်နဲ့ သေနေတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားရတဲ့ အတွက် မြင်သူတိုင်း စိတ်မကောင်းဖြစ်မှာ အမှန်ပါပဲ ။
သူရေး (ဆန်းသစ်စ)
No Comments