မလေး အမျိုးသမီးငယ်တွေမှာ လိင်စွဲလမ်းမှု ပြဿနာရှိနေတယ်လို့ ရဲသုတေသနက ဆို

မလေး အမျိုးသမီးငယ်တွေမှာ လိင်စွဲလမ်းမှု ပြဿနာရှိနေတယ်လို့ ရဲသုတေသနက ဆို
International-news

မလေး အမျိုးသမီးငယ်တွေမှာ လိင်စွဲလမ်းမှု ပြဿနာရှိနေတယ်လို့ ရဲသုတေသနက ဆို

မောင်ယဿ ( စက်တင်ဘာ ၂၇ )

မလေးရှားတော်ဝင် ရဲတပ်ဖွဲ့ ကပြုလုပ်တဲ့ သုတေသန စစ်တမ်း တစ်ရပ်အရ မလေးအမျိုးသမီးငယ်၁၀ ယောက်မှာ ၉ ယောက်လောက်က လိင်စွဲလမ်းမှု ပြဿနာ ဖြစ်နေတယ်လို့ သိရပါတယ်။

စစ်တမ်းထဲမှာ လိင်စွဲလမ်းမှုဆိုတာ ဘာသောရေး အမြင်မှာ မကောင်းမှု ဆိုတာနဲ့ ကိုယ်ကျင့်တရားဖောက်ပြန်မှု ဆိုတာကို နားလည် သဘောပေါက်ပေမဲ့ သူတို့ရဲ့ လိုအင်ဆန္ဒကို မဆန့်ကျင်နိုင်ဘူးလို့ ဝန်ခံခဲ့ကြောင်း ပါရှိပါတယ်။

အမျိုးသမီးနဲ့ကလေးသူငယ်စုံစမ်းရေး ဌာနရဲ့ လိင်ပိုင်း ဆိုင်ရာဌာနခွဲ ( ၁၁ ) က ပြုလုပ်တဲ့ သုတေသန လုပ်ငန်းပါ။ အဲ့ဒိဌာနက လက်ထောက်ညွှန်မှူး ဆီတီကတ်ရှီယာ ဟတ်ဆန်က ဦးစီးပြီး ရာဇဝန်မှု ၃၇၆ နဲ့ ပတ်သက်တဲ့ ပုဒ်မခွဲ ထဲမှာ ငြိစွန်းပြီးဖြစ်ပွားခဲ့တဲ့ အမှုတွေ က တရားလို ၊ တရားခံတွေကို သောင်းနဲ့ ချီပြီး စုံးစမ်းမေးမြန်းမှုတွေ လုပ်ခဲ့တာပါ။

သူမက “ ကျမတို့လေ့လာတွေ့ရှိမှုကတော့ မလေးရှား ၁၀ ကျော်သက်တော်တော်များများ မှာ လိင်စွဲလမ်းမှု ပြဿနာတက်နေတယ်ဆိုတာပါပဲ ၊ ကျမစိတ်ပူတာက ၁၀ကျော်သက်ဆိုတဲ့ စကားလုံးနဲ့ သာပြောရတာ အဲ့ဒိမှာ ၁၆နှစ်နဲ့ ၁၆ နှစ်အောက်တွေ အများကြီးဖြစ်နေတာပါပဲ ၊ သူတို့တွေမှာ လိင်စိတ်ပြင်းပြမှုတွေ အရမ်းဖြစ်နေကြပါတယ်။

ဒီလဦးပိုင်းမှာတောင် ကေင်းမလေး ၂ယောက်က သူမတို့ ရဲ့ ဖောက်သည် နဲ့ ဆက်ဆံပြော ဆိုနေတာတွေကို ကျမတို့ ရဲ့ D-11 ဌာနခွဲက ရလိုက်ပါတယ်။ သူမတို့က လိင်စွဲလမ်းမှု ကိုဖြေဖျောက်ဖို့အတွက်နဲ့ နှစ်သက်အားရမှုကို ရယူဖို့ ဆက်သွယ်ခဲ့တာ” လို့ ဆိုပါတယ်။

“ ကျမ စိတ်မကောင်း တာက ကျမတို့နဲ့ အင်တာဗျူးခဲ့တဲ့ ကောင်မလေးတစ်ယောက်ဆိုရင် သူမမှာ ဖောက်သည် ၆ ယောက်တောင် ရှိတယ်ဆိုတာပါပဲ ၊ ဘာဖြစ်လို့ အဲ့လိုလုပ်ရတာလဲလို့ မေးခွန်ကိုတော့ သူမက စွဲလမ်းမှုကြောင့်လို့ ဖြေပါတယ်”

“ အဓိကပြော ချင်တာက အဲ့လိုဖြစ်နေတာကို မိသားစုတွေ မသိတာပါပဲ။ သူတို့ သမီးတွေ အိမ်အပြင်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို သူတို့ သိအောင်းမကြိုး စားကြဘူးဖြစ်နေပါတယ်။

သူတို့က သူတို့ရဲ့ ကလေး တွေကို ယုံကြည်မှု လွန်ကဲနေကြပါတယ်။ ကျမတို့ စစ်တမ်းထဲက ကလေးမတစ်ယောက်ဆိုရင် မကောင်းမှုနဲ့ အနာဂတ်ဘဝကို ထိခိုက်မှု ရှိနေတယ်ဆိုတာကို သိသိချည်းနဲ့ လုပ်နေတာပါ။

သူတို့က သူတို့ရဲ့ ဖောက်သည်တွေကို ဆိုရှယ်မီဒီယာတွေကနေ ရှာပြီး ရင်ဂစ် ၅၀ လောက်နဲ့ အလုပ်လုပ် နေကြ ပါတယ်။ ဒါပေမဲ့ ငွေရေးကြေးရေးကြောင့်မဟုတ်ဘဲ သူတို့ရဲ့ အာသီသကြောင့် တရားမဝင်ဆက်ဆံရေးတွေ လုပ်နေပါတယ်” လို့ ဆိုပါတယ်။

REF: asianbookie,Photo :Credit  the laural center

Zawgyi


မောင်ယဿ ( စက်တင်ဘာ ၂၇ )










REF: asianbookie
Photo : the laural center

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ်
International-news
အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ်

အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ် မောင်ယဿ ( စက်တင်ဘာ ၂၉ ) ဒီကနေ့ ဘလွန်းဘာဂ် ဝက်ဆိုက် က တက်လာတဲ့ သတင်းထဲမှာ အင်္ဂလန်မှာ လောင်စာဆီတွေ ပြတ်လပ်ပြီး ဆိုင်တွေ မှာ ရောင်းစရာမရှိတော့ ဂတ်စ်ဆိုင်တွေမှာ အလုအယက် တန်းစီပြီး ဝယ်နေရတယ်လို့ ဆိုတယ်။ ယူကေ စီးပွားရေး အတွင်းဝန် ကာဝါစီက တော့ အရေးပေါ် လောင်စာဆီလိုအပ်တဲ့နေရာတွေကို စစ်တပ်အစောင့်အရှောက် နဲ့ ဆီတင်ကားတွေ ကိုပို့လွှတ်နေပါတယ်။ ဆီးကားတွေကို အရပ်သားဒရိုင်ဘာတွေ နဲ့ရောပြီး စစ်သားဒရိုင်ဘာ ၁၅၀ ကို မောင်းခိုင်းထားတယ်လို့ လည်းပြောပါတယ်။ ဆီဆိုင်တွေနဲ့ …

အာဖဂန်ကိစ္စ နဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်အကြီးအကဲတွေ အထက်လွှတ်တော်မှာ အမေးခံနေရပြီ
International-news
အာဖဂန်ကိစ္စ နဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်အကြီးအကဲတွေ အထက်လွှတ်တော်မှာ အမေးခံနေရပြီ

အာဖဂန်ကိစ္စ နဲ့ ပတ်သက်ပြီး အမေရိကန် စစ်တပ်အကြီးအကဲတွေ အထက်လွှတ်တော်မှာ အမေးခံနေရပြီ မောင်ယဿ ( စက်တင်ဘာ ၂၈ ) အမေရိကန်စစ်ဌာနချုပ် (ပင်တာဂွန် ) အကြီးအကဲ ကာကွယ်ရေးဝန်ကြီး လွိုက် သြစတင် နဲ့ ပူးပေါင်းစစ်ဆင်ရေး စစ်ရေးချုပ် ဗိုလ်ချုပ်ကြီး မာ့ခ် မီလေးတို့ကို အာဖဂန်နိုင်ငံကနေ ကသောင်းကနင်းနဲ့ ဆုတ်ခွာခဲ့ရတာနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်မှာပဲ အထက်လွှတ်တော်က လူတွေ့ မေးမြန်းမှုတွေ လုပ်နေပါတယ်။ အမေရိကန် အထက်လွှတ်တော် စစ်ရေးဝန်ဆောင်မှု ကော်မတီက လွိုက်သြစတင် ၊ မာ့ခ် မီလေး နဲ့ ဗိုလ်ချုပ်ကြီး ကဲနတ် မက်ကင်ဇီ တို့ ကို ဒီမနက် …

ပြီသိပ်ပြီး ရိုးသားပြမနေပါနဲ့ လို့ ဥရောပကို ပြင်သစ်သမ္မတ မာခွန်ပြော
International-news
သိပ်ပြီး ရိုးသားပြမနေပါနဲ့ လို့ ဥရောပကို ပြင်သစ်သမ္မတ မာခွန်ပြောပြီ

သိပ်ပြီး ရိုးသားပြမနေပါနဲ့ လို့ ဥရောပကို ပြင်သစ်သမ္မတ မာခွန်ပြောပြီ မောင်ယဿ ( စက်တင်ဘာ ၂၈ ) တိုင်းပြည်အကျိုးစီးပွား ကာကွယ်ဖို့နဲ့ ကိုယ်တိုင်းပြည်လုံခြုံရေးအတွက် စစ်တပ်တွေကို တည်ဆောက်တဲ့ နေရာ သိပ်ပြီး ရိုးသားပြနေစရာ မလိုဘူးလို့ ဥရောပနိုင်ငံတွေကို ပြင်သစ်သမ္မတက ဒီကနေ့ ပြောလိုက်ပါတယ်။ သူက ဂရိနိုင်ငံကို ကန်ဒေါ်လာ သန်း ၃၅၀၀ ကျော်ဖိုး စစ်သင်္ဘော ၃စင်းကို ရောင်းချဖို့ အတွက်ဒီနေ့မနက် လက်မှတ်ထိုးပြီးနောက်မှာ အထက်ပါစကားကိုပြောလိုက်တာပါပဲ ။ ပြီးခဲ့တဲ့ ရက်တွေတုန်းက သြစတေးလျှကို ရေငုတ်သင်္ဘောရောင်းဖို့ အတွက် ပြော ပြီးဆိုပြီးမှာ အမေရိကန်နဲ့ ဗြိတိန်တို့ က ဖြတ်ခုတ်သွားလို့ မကျေမနပ်ဖြစ်ကာ အမေရိကန်နဲ့ …