မလိုအပ္တဲ့ အဆီပိုေတြ ဘယ္လိုဖယ္ထုတ္မလဲ
- By : Phoe Linn
- Category : Health
- Tags: ့health & beauty

မလိုအပ္တဲ့ အဆီပိုေတြ ဘယ္လို ဖယ္ထုတ္မလဲ
မိန္းမသားမ်ားအေနနဲ႔ မိမိတို႔ရဲ႕ခႏၶာကိုယ္မွာ မလိုလားအပ္တဲ့ အဆီပိုမ်ားကို လက္သင့္ မခံခ်င္ၾကတာ
အမွန္ပင္ မဟုတ္ပါလား။ အဆီပိုေတြ အရမ္းမ်ားေနတဲ့ မိမိရဲ႕ ခႏၶာကိုယ္ဟာ က်စ္လစ္ၿပီး အဆီပိုမရွိတဲ့ ခႏၶာကိုယ္ကို ၾကည့္ေငး အားၾကေနရၿပီဆိုရင္ သင္ အားထုတ္မူွ ရွိရမယ္လို႔ ကိုယ့္ကိုယ္ကိုယ္ သတိေပးလိုက္ပါ။
သင့္ရဲ႕အဆီပိုေတြမ်ားေနတဲ့ ခႏၶာကိုယ္က မလိုလားအပ္တဲ့ အဆီေတြကို ဘယ္ပုံဘယ္နည္းနဲ႔ ေမာင္းထုတ္မလဲ။
ေခါင္းစားမေနပါနဲ႔ အခုေဖာ္ျပမဲ့ နည္းေလးကေတာ့ သင့္အတြက္ အသုံးဝင္ႏိုက္တာမို႔ ဖတ္ၾကည့္လိုက္ပါ။
သဘာဝက ေပးထားတဲ့ သစ္သီးသစ္ႏွံေတြဟာ လူသားမ်ားအတြက္ အၿမဲလိုလို အက်ိဳးျပဳေနတတ္တယ္ ဆိုတာကိုေတာ့ သင္မေမ့ပါနဲ႔။
သင္ လက္တစ္ကမ္းမွာပဲ ရွာေဖြရမွာမို႔ သင့္အတြက္ မခက္ခဲပါဘူး။ ေ႐ြးခ်ယ္ရန္ ပစၥည္းမ်ား…..
ခ်င္း (ဂ်င္း) တက္ အနည္းငယ္၊ သခြားသီး အေနေတာ္ တစ္လုံး၊ သံပုရာသီး အေနေတာ္တစ္လုံး၊ ပူစီနံ႐ြက္အနည္းငယ္…..
ဒီပစၥည္းေတြ ရၿပီဆိုရင္ ပထမဆုံး ခ်င္းတက္ကို ေရသန႔္စင္ေအာင္ ေဆးၿပီး ႀကိတ္ေခ်ကာ အရည္ကို လက္ဘက္စားဇြန္း တစ္ဇြန္းစာ ညႇစ္ယူထားပါ။ သခြားသီး အေနေတာ္တစ္လုံးကို ခပ္ပါးပါး လွီးထားပါ… အခြံ ခြာပစ္ရန္မလို… သံပုရာသီးကိုလည္း ခပ္ပါးပါး လွီးထားပါ… သံပုရာရည္မ်ား ဆုံး႐ူွံး မသြားဖို႔ေတာ့ သတိျပဳပါ။
ပူစီနံအ႐ြက္ ေကာင္းေကာင္းပို အ႐ြက္ခ်ည့္ ၁၂ ႐ြက္ခန႔္ ေခြၽထားပါ။ ေရသန႔္စင္စြာ ေဆးထားဖို႔လည္း မေမ့နဲ႔ေနာ္….. ကဲ ပစၰည္းေတ့ စုံညီၿပီဆိုရင္ ေရသန႔္ တစ္လီတာထဲမွာ အားလုံးကို ေရာၿပီး ထည့္လိုက္ပါ… ၿပီးရင္ အဖုံးကို လုံေအာင္ ဖုံးၿပီး ၅နာရီ ၾကာေအာင္ ထားပါ။
ေရခဲေသတၱာထဲမွာ ထားရင္ ပိုေကာင္းမြန္ပါတယ္။ တစ္ည သိပ္ထားရင္ ပိုေကာင္းပါတယ္။ ေသာက္သုံးပုံ နည္းစနစ္….
၅ နာရီၾကာ သို႔မဟုတ္ တစ္ညအိပ္ၾကာ ထားၿပီးေသာ သီးႏွံစုံအရည္ကို မနက္မွ စတင္၍ ညေနအထိ တစ္ေန႔တာပတ္လုံး ကုန္စင္ေအာင္ ေသာက္ေပးပါ။ အဖတ္မ်ားအား စားသုံးရန္ မလိုပါ။ ဒီသီးႏွံရည္ကို ၄ ရက္ဆက္တိုက္ ေသာက္ေပးျခင္း အားျဖင့္ သင့္ ခႏၶာကိုယ္တြင္းမွ အဆီပိုမ်ား သိသိသာသာ က်ဆင္းလာသည္ကို ေတြ႕ရမွာ ျဖစ္ပါတယ္။
အံၾသစရာ ေကာင္းေလာက္ေအာင္ သည္အရည္ဟာ သင့္ ခႏၶာကိုယ္က အဆီေတြကို က်ေစ႐ုံမက အသားအေရ လွပမူွကိုလည္း ပံပိုးေပးမွ ာျဖစ္ပါတယ္။ ခႏၶာကိုယ္တြင္း အဆိပ္အေတာက္မ်ားကိုလည္း ေျပေပ်ာက္ေစမွာျဖစ္ၿပီး ဝမ္းတြင္းဆိုင္ရာ ေဝဒနာအခ်ိဳ႕ကိုလည္း ေပ်ာက္ကင္းေစႏိုင္တာကို ေတြ႕ျမင္ရမွာ
ျဖစ္ပါတယ္။
ဆားပြင့္ေလး အနည္းငယ္ ထည့္ေသာက္ဖို႔ကို မေမ့နဲ႔ေနာ္…..
စႏၵီျမင့္မိုရ္#
photo by google
မလိုအပ်တဲ့ အဆီပိုတွေ ဘယ်လို ဖယ်ထုတ်မလဲ
မိန်းမသားများအနေနဲ့ မိမိတို့ရဲ့ခန္ဓာကိုယ်မှာ မလိုလားအပ်တဲ့ အဆီပိုများကို လက်သင့် မခံချင်ကြတာ
အမှန်ပင် မဟုတ်ပါလား။ အဆီပိုတွေ အရမ်းများနေတဲ့ မိမိရဲ့ ခန္ဓာကိုယ်ဟာ ကျစ်လစ်ပြီး အဆီပိုမရှိတဲ့ ခန္ဓာကိုယ်ကို ကြည့်ငေး အားကြနေရပြီဆိုရင် သင် အားထုတ်မူှ ရှိရမယ်လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်ပါ။
သင့်ရဲ့အဆီပိုတွေများနေတဲ့ ခန္ဓာကိုယ်က မလိုလားအပ်တဲ့ အဆီတွေကို ဘယ်ပုံဘယ်နည်းနဲ့ မောင်းထုတ်မလဲ။
ခေါင်းစားမနေပါနဲ့ အခုဖော်ပြမဲ့ နည်းလေးကတော့ သင့်အတွက် အသုံးဝင်နိုက်တာမို့ ဖတ်ကြည့်လိုက်ပါ။
သဘာဝက ပေးထားတဲ့ သစ်သီးသစ်နှံတွေဟာ လူသားများအတွက် အမြဲလိုလို အကျိုးပြုနေတတ်တယ် ဆိုတာကိုတော့ သင်မမေ့ပါနဲ့။
သင် လက်တစ်ကမ်းမှာပဲ ရှာဖွေရမှာမို့ သင့်အတွက် မခက်ခဲပါဘူး။ ရွေးချယ်ရန် ပစ္စည်းများ…..
ချင်း (ဂျင်း) တက် အနည်းငယ်၊ သခွားသီး အနေတော် တစ်လုံး၊ သံပုရာသီး အနေတော်တစ်လုံး၊ ပူစီနံရွက်အနည်းငယ်…..
ဒီပစ္စည်းတွေ ရပြီဆိုရင် ပထမဆုံး ချင်းတက်ကို ရေသန့်စင်အောင် ဆေးပြီး ကြိတ်ချေကာ အရည်ကို လက်ဘက်စားဇွန်း တစ်ဇွန်းစာ ညှစ်ယူထားပါ။ သခွားသီး အနေတော်တစ်လုံးကို ခပ်ပါးပါး လှီးထားပါ… အခွံ ခွာပစ်ရန်မလို… သံပုရာသီးကိုလည်း ခပ်ပါးပါး လှီးထားပါ… သံပုရာရည်များ ဆုံးရူှံး မသွားဖို့တော့ သတိပြုပါ။
ပူစီနံအရွက် ကောင်းကောင်းပို အရွက်ချည့် ၁၂ ရွက်ခန့် ချွေထားပါ။ ရေသန့်စင်စွာ ဆေးထားဖို့လည်း မမေ့နဲ့နော်….. ကဲ ပစ္ဏည်းတေ့ စုံညီပြီဆိုရင် ရေသန့် တစ်လီတာထဲမှာ အားလုံးကို ရောပြီး ထည့်လိုက်ပါ… ပြီးရင် အဖုံးကို လုံအောင် ဖုံးပြီး ၅နာရီ ကြာအောင် ထားပါ။
ရေခဲသေတ္တာထဲမှာ ထားရင် ပိုကောင်းမွန်ပါတယ်။ တစ်ည သိပ်ထားရင် ပိုကောင်းပါတယ်။ သောက်သုံးပုံ နည်းစနစ်….
၅ နာရီကြာ သို့မဟုတ် တစ်ညအိပ်ကြာ ထားပြီးသော သီးနှံစုံအရည်ကို မနက်မှ စတင်၍ ညနေအထိ တစ်နေ့တာပတ်လုံး ကုန်စင်အောင် သောက်ပေးပါ။ အဖတ်များအား စားသုံးရန် မလိုပါ။ ဒီသီးနှံရည်ကို ၄ ရက်ဆက်တိုက် သောက်ပေးခြင်း အားဖြင့် သင့် ခန္ဓာကိုယ်တွင်းမှ အဆီပိုများ သိသိသာသာ ကျဆင်းလာသည်ကို တွေ့ရမှာ ဖြစ်ပါတယ်။
အံသြစရာ ကောင်းလောက်အောင် သည်အရည်ဟာ သင့် ခန္ဓာကိုယ်က အဆီတွေကို ကျစေရုံမက အသားအရေ လှပမူှကိုလည်း ပံပိုးပေးမှ ာဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကိုလည်း ပြေပျောက်စေမှာဖြစ်ပြီး ဝမ်းတွင်းဆိုင်ရာ ဝေဒနာအချို့ကိုလည်း ပျောက်ကင်းစေနိုင်တာကို တွေ့မြင်ရမှာ
ဖြစ်ပါတယ်။
ဆားပွင့်လေး အနည်းငယ် ထည့်သောက်ဖို့ကို မမေ့နဲ့နော်…..
စန္ဒီမြင့်မိုရ်#
No Comments