မပ်ံႏိုင္တဲ့ငွက္နဲ႔ မသြားႏိုင္တဲ့ေခြး မိတ္ေဆြဖြဲ႕ ၾကၿပီ
- By : Phoe Linn
- Category : Life Style
- Tags: life style

မပ်ံႏိုင္တဲ့ငွက္နဲ႔ မသြားႏိုင္တဲ့ေခြး မိတ္ေဆြဖြဲ႕ ၾကၿပီ
နယူးေယာက္ခ္ တိရစာၦန္ ကယ္ဆယ္ေစာင့္ေရွာက္ေရးအဖြဲ႕ တစ္ဖြဲ႕က ကယ္တင္ထားတဲ့ လမ္းမေလွ်ာက္ႏိုင္တဲ့ ေခြးေလးတစ္ေကာင္နဲ႔ မပ်ံသန္းႏိုင္တဲ့ ခိုတစ္ေကာင္က မိတ္ေဆြဖြဲ႕ေနၾကတဲ့ အျဖစ္ကို အဲ့ဒိအဖြဲ႕က လိုင္းေပၚတင္ထားပါတယ္။
နယူးေယာက္ခ္ မီယာ တိရိစာၦန္ကယ္ဆယ္ေရး ေဖာင္ေဒးရွင္က ဒုကၡိတအေကာင္ငယ္ေလးေတြကို အသက္ရွင္ခြင့္ရေအာင္ ကူညီ ေစာင့္ေရွာက္ေပးေနတဲ့ အဖြဲ႕ပါ။ သူတို႔က ေမြးရာပါ ဒုကၡိတ အေကာင္ေတြနဲ႔ အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ ဒုကၡိတျဖစ္သြားတဲ့ အေကာင္ ငယ္ေလးေတြ ကို ေဂဟာဖြင့္ၿပီးေကြၽးေမြး ေစာင့္ေရွာက္ေနတာပါ။
ေျမာက္ကယ္႐ိုလိုင္းနားက မိသားစုတစ္ခုက ေျခမသန္တဲ့ ခ်ီဟြားဟြား ၂လသားအ႐ြယ္ ေခြးေပါက္ကေလးကို လမ္းေဘးမွာ စြန႔္ပစ္ခဲ့ပါတယ္။ မီယာအဖြဲ႕က လမ္းေဘးမွာ အစာငတ္ေနတဲ့ ေခြးေလး ကို ေတြ႕လို႔ ေကာက္ယူေမြးစားၿပီး လန္ဒီလို႔ နာမည္ေပးခဲ့ပါတယ္။ သူတို႔က အစပထမမွာ အဟာရျပတ္လို႔ လမ္းမေလွ်ာက္ ႏိုင္ဘူးလို႔ ထင္ထားေပမဲ့ တကယ္ေတာ့ လန္ဒီက အာ႐ုံေၾကာဆိုင္ရာ ျပႆနာေၾကာင့္ လမ္းမေလွ်ာက္ႏိုင္တာပါ။
လန္ဒီက ေဂဟာမွာရွိတဲ့ ဟာမန္လို႔ေခၚတဲ့ ခိုတစ္ေကာင္နဲ႔ အရမ္း ရင္းႏွီေနပါတယ္။ သူတို႔ ၂ေကာင္က တစ္ေနရာဆီက လာေပမဲ့ ေတြ႕ၿပီး သိပ္မၾကာခင္မွာ အလြန္ ရင္းႏွီးေနပါတယ္။ ဟာမန္က ပ်ံလို႔မရတဲ့ ခိုတစ္ေကာင္ပါ ။ သူထိခိုက္ထားတဲ့ ဒဏ္ရာက ျပန္ေကာင္းဖို႔ရာ မျဖစ္ႏိုင္ေတာ့ပါဘူး။
သူ႔ဘဝတစ္ေလွ်ာက္လုံး ခုန္ဆြခုန္ဆြ နဲ႔ပဲ သြားေနရမွာပါ။ အမွန္ေတာ့ ဟာမန္က လန္ဒီ့ကို အရင္ေတြ႕တာပါ။ လန္ဒီ့ကို ေခြးအိပ္ရာေလးမွာ တင္ထားတဲ့အခါ ဟာမန္က လန္ဒီဆီကို ခုန္ဆြခုန္ဆြနဲ႔ လာၿပီး လန္ဒီေႏြးေအာင္အတြက္ အေပၚကေန ေတာင္ပံနဲ႔ အုပ္ေပးခဲ့ပါတယ္။
ဒါကို ေဂဟာက လူေတြေတြ႕လို႔ လန္ဒီ့ေဘးမွာ အိပ္ရာေလး တစ္ခု ထားေပးၿပီး ဟာမန္နဲ႔ အတူ ေနေစတာပါ။ မီယာေဖာင္ေဒးရွင္း တည္ေထာင္သူ ဆူး႐ိုဂ်ာက လန္ဒီအတြက္ ဝီးခ်ဲတစ္ခု လုပ္ေပးဖို႔ စီစဥ္ထားပါတယ္။ ေနာက္ၿပီး ေမြးစားမယ့္ သူတစ္ေယာက္ေယာက္ ကိုလည္း ရွာေဖြေနပါတယ္လို႔ ဆိုတယ္။ အခုကေတာ့ လန္ဒီနဲ႔ ဟာမန္တို႔က ေပ်ာ္ေပ်ာ္႐ြင္႐ြင္ ေပါင္းသင္ေနၾကပါတယ္။
ေမာင္ယႆ REF: world of buzz photo ; ladbible
Unicode
မပျံနိုင်တဲ့ငှက်နဲ့ မသွားနိုင်တဲ့ခွေး မိတ်ဆွေဖွဲ့ ကြပြီ
နယူးယောက်ခ် တိရစ္ဆာန် ကယ်ဆယ်စောင့်ရှောက်ရေးအဖွဲ့ တစ်ဖွဲ့က ကယ်တင်ထားတဲ့ လမ်းမလျှောက်နိုင်တဲ့ ခွေးလေးတစ်ကောင်နဲ့ မပျံသန်းနိုင်တဲ့ ခိုတစ်ကောင်က မိတ်ဆွေဖွဲ့နေကြတဲ့ အဖြစ်ကို အဲ့ဒိအဖွဲ့က လိုင်းပေါ်တင်ထားပါတယ်။
နယူးယောက်ခ် မီယာ တိရိစ္ဆာန်ကယ်ဆယ်ရေး ဖောင်ဒေးရှင်က ဒုက္ခိတအကောင်ငယ်လေးတွေကို အသက်ရှင်ခွင့်ရအောင် ကူညီ စောင့်ရှောက်ပေးနေတဲ့ အဖွဲ့ပါ။ သူတို့က မွေးရာပါ ဒုက္ခိတ အကောင်တွေနဲ့ အကြောင်းတစ်စုံတစ်ရာကြောင့် ဒုက္ခိတဖြစ်သွားတဲ့ အကောင် ငယ်လေးတွေ ကို ဂေဟာဖွင့်ပြီးကျွေးမွေး စောင့်ရှောက်နေတာပါ။
မြောက်ကယ်ရိုလိုင်းနားက မိသားစုတစ်ခုက ခြေမသန်တဲ့ ချီဟွားဟွား ၂လသားအရွယ် ခွေးပေါက်ကလေးကို လမ်းဘေးမှာ စွန့်ပစ်ခဲ့ပါတယ်။ မီယာအဖွဲ့က လမ်းဘေးမှာ အစာငတ်နေတဲ့ ခွေးလေး ကို တွေ့လို့ ကောက်ယူမွေးစားပြီး လန်ဒီလို့ နာမည်ပေးခဲ့ပါတယ်။ သူတို့က အစပထမမှာ အဟာရပြတ်လို့ လမ်းမလျှောက် နိုင်ဘူးလို့ ထင်ထားပေမဲ့ တကယ်တော့ လန်ဒီက အာရုံကြောဆိုင်ရာ ပြဿနာကြောင့် လမ်းမလျှောက်နိုင်တာပါ။
လန်ဒီက ဂေဟာမှာရှိတဲ့ ဟာမန်လို့ခေါ်တဲ့ ခိုတစ်ကောင်နဲ့ အရမ်း ရင်းနှီနေပါတယ်။ သူတို့ ၂ကောင်က တစ်နေရာဆီက လာပေမဲ့ တွေ့ပြီး သိပ်မကြာခင်မှာ အလွန် ရင်းနှီးနေပါတယ်။ ဟာမန်က ပျံလို့မရတဲ့ ခိုတစ်ကောင်ပါ ။ သူထိခိုက်ထားတဲ့ ဒဏ်ရာက ပြန်ကောင်းဖို့ရာ မဖြစ်နိုင်တော့ပါဘူး။
သူ့ဘဝတစ်လျှောက်လုံး ခုန်ဆွခုန်ဆွ နဲ့ပဲ သွားနေရမှာပါ။ အမှန်တော့ ဟာမန်က လန်ဒီ့ကို အရင်တွေ့တာပါ။ လန်ဒီ့ကို ခွေးအိပ်ရာလေးမှာ တင်ထားတဲ့အခါ ဟာမန်က လန်ဒီဆီကို ခုန်ဆွခုန်ဆွနဲ့ လာပြီး လန်ဒီနွေးအောင်အတွက် အပေါ်ကနေ တောင်ပံနဲ့ အုပ်ပေးခဲ့ပါတယ်။
ဒါကို ဂေဟာက လူတွေတွေ့လို့ လန်ဒီ့ဘေးမှာ အိပ်ရာလေး တစ်ခု ထားပေးပြီး ဟာမန်နဲ့ အတူ နေစေတာပါ။ မီယာဖောင်ဒေးရှင်း တည်ထောင်သူ ဆူးရိုဂျာက လန်ဒီအတွက် ဝီးချဲတစ်ခု လုပ်ပေးဖို့ စီစဉ်ထားပါတယ်။ နောက်ပြီး မွေးစားမယ့် သူတစ်ယောက်ယောက် ကိုလည်း ရှာဖွေနေပါတယ်လို့ ဆိုတယ်။ အခုကတော့ လန်ဒီနဲ့ ဟာမန်တို့က ပျော်ပျော်ရွင်ရွင် ပေါင်းသင်နေကြပါတယ်။
မောင်ယဿ REF: world of buzz photo ; ladbible
No Comments