Sport
၂၃ ဦး သေ ဆုံး ခဲ့ ပါ တယ်။ ။
Unicode
မန်ယူဂန္ထဝင်ကစားသမားကြီး ဟာရီဂရဂ်(၈၇နှစ်) ကွယ်လွန်
မန်ယူအသင်း ဂိုးသမားဟောင်း နဲ့ မြူးနစ်လေယာဉ်ပျက်ကျစဉ်က ကျန်ခဲ့တဲ့ သူရဲကောင်း ဟာရီဂရဂ်က အသက်၈၇နှစ်အရွယ်မှာ ဆုံးပါးသွားပါပြီ။ ၁၉၅၈ခုနှစ် ဖေဖော်ဝါရီလ ၆ရက်နေ့မှာ ဥရောပဖလားအတွက် ဘဲလ်ဂိတ်မှာ ကစားပြီး အိမ်အပြန် ဂျာမဏီနိုင်ငံ မြူးနစ်မြို့မှာ နားပြီး ပြန်ထွက်ချိန် လေယာဉ်ပျက်ကျစဉ်တုန်းက အသင်းဖော်တွေနဲ့ အခြားခရီးသည်တွေကို ကယ်ဆယ်ရေး လုပ်ပေးနိုင်ခဲ့တဲ့ ဟာရီဂရဂ်က မြောက်အိုင်ယာလန် နိုင်ငံလက်ရွေးစင်ဘောလုံးသမားပါ။ အဲဒိလေယာဉ်ပျက်ကျမှုမှာ မန်ယူ ဘောလုံး သမား ၈ ဦး အ ပါ အ ဝင်
၂၃ ဦး သေ ဆုံး ခဲ့ ပါ တယ်။ ။
မန်ယူရဲ့ အိုင်ကွန်ကြီးဖြစ်တဲ့ ဆာဘော်ဘီချာတန်က လေယာဉ်ပျက် ကျစဉ်တုန်းက ကလေးငယ်တစ်ယောက်ကို ကယ်ဖို့ကြိုးစားစဉ် အပျက်အစီးတွေနဲ့ပိနေတုန်း ဂရဂ်က သူ့အသက်ကို ကယ်တင် ခဲ့ပါတယ်။ လေယာဉ် ပျက်ကျပြီး၂ပတ်အတွင်းမှာ အသင်းနဲ့အတူပြန်ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဘောလုံး သမားစွမ်းရည်ကို ဂုဏ်ပြုတဲ့ အနေနဲ့အင်္ဂလန်နန်းတော်က ၁၉၉၅မှာ MBEဘွဲ့ကို၎င်း ၂၀၁၈မှာ OBEဘွဲ့ကို၎င်း ချီးမြှင့်ခဲ့ပါတယ်။ သူကမန်ယူအသင်းကို လေယာဉ်ပျက်ကျတဲ့ခရီးစဉ် မတိုင်မီ ၂လလောက်အလိုမှာ ဒွန်ကတ်စတာ အသင်း က နေ ပြောင်း ရွေ့ လာ တာ ပါ ။ ။
မန်ယူအသင်းအတွက် ၂၄၇ ပွဲကစားပေးခဲ့ပါတယ်။ ၂၀၁၈မှာ သူ့ကို OBEဘွဲ့ပေးတော့ BBC က လေယာဉ်ပျက်ကျစဉ်က ကိစ္စကို အင်တာဗျူးခဲ့တယ်။ အဲ့ဒိမှာ သူက “ ကျနော်ရူးနေတာနေမှာပါဗျာ။ သာမာန်လူတစ်ယောက်လို မတွေးနိုင်တော့ဘူး။ လေယာဉ်က အချိန်မရွေးပေါက်ကွဲ သွားနိုင်တယ်ဆိုတာကို လုံးဝမစဉ်းစားမိတာအမှန်ပါပဲ။ ဒဏ်ရာတွေနဲ့လဲပြိုနေသူတွေကို ဒီလေယာဉ်ပျက်ကြီး ထဲက အပြင်ကို ခေါ်ထုတ်ဖို့ပဲ စဉ်းစားနေမိတယ်” လို့ ဆိုတယ်။ သူက ၁၉၆၈ ကနေ ၁၉၈၇ အထိ ရှုးဘယ်ရီ၊ ဆွမ်ဆီး၊ ခရစ်ဝီး နဲ့ကာလစ်စလီ အသင်းတွေကိုနည်းပြ လုပ်ခဲ့ပါတယ်။ သူ့ရဲ့ အအောင်မြင်ဆုံး အချိန် တွေ က တော့ မန် ယူ မှာ ဂိုး သ မား အ ဖြစ် နဲ့ ရှိ နေ စဉ် က ပါ ပဲ ။ ။
မောင်ယဿ REF: daily mail photo ;action image
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
FA ပဉ္စမအဆင့်ပွဲတွေ အကြောင်း ကြည့်ရအောင်
Entertainment
FA ပဉ္စမအဆင့်ပွဲတွေ အကြောင်း ကြည့်ရအောင်
FA ပဉ္စမအဆင့်ပွဲတွေ အကြောင်း ကြည့်ရအောင် FA ပဉ္စမအဆင့်ပွဲတွေကို တနလာၤည အဂါၤည နဲ႕ ဗုဒၶဟူး ညေတြမွာ ဆက္တိုက္ကန္သြားမွာပါ။ တနလာၤညကေတာ့ အာႀကီးပြဲ တစ္ပြဲပဲ ရွိၿပီး အဂါၤညမွာ ၃ပွဲနဲ့ ဗုဒ္ဓဟူး ညမှာ ၄ပွဲရှိပါတယ်။ သရေကျရင် အဝေးကွင်းမှာပြန်ကန်ရမှာပါ။ နိုင်သွားရင်တော့ တစ်ပွဲတည်းနဲ့ ပြတ်သွား မှာမို့လို့ အားထည့်ကစားကြလေ့ရှိပါတယ်။ ပွဲကောင်းတွေပါ။ ပို့စ်မောင့်နဲ့ အာဆင်နယ် (၂-၂)။။ အိမ်ရှင် ပို့စ်မောင့်က ၂၀၁၉-၂၀၂၀ FA ကစားပွဲတစ်လျှောက်မှာ အိမ်ကွင်းရလဒ် ကောင်းပါတယ်။ ခံစစ်ကြောင်း တောင့်တင်းလို့ အာဆင်နယ်ရဲ့ သိပ်မကောင်းလှတဲ့တိုက်စစ်က ထိုးဖောက်နိုင်ဖို့ခက်ခဲသလို ပိုစ်မောင့်ကလည်း တန်ပြန်တိုက်စစ်ကိုအားပြုပြီး ဂိုးသွင်းမှာပါ။ သရေရလဒ်ထက်မပိုပါဘူး။ ချယ်ဆီးနဲ့လီဗာပူး (၀-၁)။။ …
အသင်းကြီးကိုရွေးမယ်ဆိုရင် စိတ်ချလက်ချကြည့်ရမယ့် ငါးပွဲ ခန့်မှန်းချက်
Sport
အသင်းကြီးကိုရွေးမယ်ဆိုရင် စိတ်ချလက်ချကြည့်ရမယ့် ငါးပွဲ ခန့်မှန်းချက်
အသင်းကြီးကိုရွေးမယ်ဆိုရင် စိတ်ချလက်ချကြည့်ရမယ့် ငါးပွဲ ခန့်မှန်းချက် ဒီတစ်ပတ် စနေ တနင်္ဂနွေရဲ့ ပရီမီးယားလိဂ် ပြိုင်ပွဲ ပွဲစဉ် (၂၈) မှာ ၂ပွဲက ရက်ရွေ့ သွားလို့ အားလုံး ၈ပွဲပဲကြည့်ရမှာပါ။ အက်စတန် ဗီလာနဲ့ရှက်ဖီး ၊ မန်စီတီးနဲ့ အာဆင်နယ်ပွဲတွေ ကိုရက်ရွေ့ ထားပါတယ်။ လက်ကျန်၈ပွဲမှာ ကိုယ်က အပေါ်စီးကပဲ ကြည့်ချင်တယ် ဆိုရင်တော့ ခန့်မှန်းထားတဲ့ငါးပွဲကိုပဲ အားပေးလိုက်ပေါ့။ နော့ဝခ်ျနဲ့ လက်စတာ (ဝ-၂)။ ပြီးခဲ့တဲ့အပတ်က မန်စီတီးကို ၁-၀ နဲ့ ရှုံးခဲ့တဲ့ လက်စတာက အပေါ်၎သင်းနေရာကနေ မဆင်းရအောင် ထိန်းရတော့မှာပါ။ နော့ဝခ်ျကတော့ ဒီနှစ်မှာ အောက်တန်းကို ပြန်ဆင်းရဖို့အတွက် သေချာသလောက်ဖြစ်သွားပါပြီ။ လက်စတာရဲ့ ဂိုးပေါက်ပျောက်နေတဲ့ …
ကိုဗစ်-၁၉ဗိုင်းရက်ပြန့်လို့ အီတလီ စီရီးအေ ပွဲစဉ်အချို့ နား
Sport
ကိုဗစ်- ၁၉ဗိုင်းရက်ပြန့်လို့ အီတလီ စီရီးအေ ပွဲစဉ်အချို့ နား
ကိုဗစ်- ၁၉ဗိုင်းရက်ပြန့်လို့ အီတလီ စီရီးအေ ပွဲစဉ်အချို့ နား ကိုဗစ်- ၁၉ ဗိုင်းရက် (ဝူဟန်ထူးဆန်းတုတ်ကွေး ရောဂါပိုး) ပြန့်နှံ့မှုက အီတလီနိုင်ငံကို ပြင်းထန်စွာ ရိုက်ခတ်လာပါပြီ။ အီတလီ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းတွေကို ခလုပ် လာဆွဲနေပါတယ်။ လက်ရှိရထားတဲ့ သတင်းအရဆိုရင် လူ၂ဦး စတင် သေဆုံးနေပါပြီ။ ဒါကြောင့် အခုလာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ပွဲ၃ပွဲကို ရွှေ့ ဆိုင်းလိုက်ရပါတယ်။ အဲ့ဒိပွဲတွေကတော့ အတ္တလန်တာနဲ့ ဆက်ဆူအိုလို ၊ အင်တာမီလန်နဲ့ ဆမ်ဒိုးရီးယား ၊ ဗီရိုနာနဲ့ ကာဂလီယာရီ ပွဲတွေ ဖြစ်ပါတယ်။ အဲ့ဒါအပြင် စီရီးအေ အမျိုးသမီးပွဲတွေဖြစ်တဲ့ အေစီမီလန်နဲ့ ဖရင်အိုတီးနား ပွဲကိုလည်း …