
Entertainment









Unicode

မန်ယူကနေ ထွက်လာလိုက်ရလို့ ဘာမှမဖြစ်ပါဘူးလို့ ဆိုတဲ့ အက်ရှလေယန်း

ဒီနှစ် ဇန်နဝါရီကစားသမားအပြောင်းအရွေ့ ဈေးကွက်မှာ မန်ယူကနေ အီတလီကလပ် အင်တာမီလန်ကို ရှင်းထုတ်တာ ခံလိုက်ရတဲ့ အသင်းခေါင်းဆောင် အက်ရှလေယန်းက သူ့အနေနဲ့ ဘာခံစားချက်မှမရှိပါဘူး၊ ဘောလုံးလောကရဲ့ ဓမ္မတာတစ်ခုပါပဲလို့ ဆို လိုက် ပါ တယ်။

ပြီးခဲ့တဲ့ အပတ် မီလန် ဒါဘီပွဲမှာ ၂ဂိုးနဲ့ ရှုံးနေရာက ၄ဂိုးပြန်သွင်းပြီး အဖိုတန်၃မှတ်ကို ရယူနိုင်လိုက်တဲ့ပွဲမှာ အက်ရှလေယန်းက တောင်ပံကနေ ဘောလုံးတွေပေးပို့ပြီး မိနစ်၉၀လုံးလုံး ကစားခဲ့ပါတယ်။ မန်ယူမှာ ၈နှစ်ခွဲကြာအောင်ကစားခဲ့ပြီးနောက် လမ်းခွဲလိုက်ရတဲ့ ယန်း(၃၄နှစ်) အတွက်က လွမ်းလောက်စရာဘာမှမရှိခဲ့ပါဘူး။ ပြီးတော့ အီတလီမှာလည်း သူ့အတွက်က အဆင်ပြေ ပါ တယ် လို့ ဆို တယ်။

အခုဆိုရင် အင်တာအတွက် သူကစားနေတာ ၄ပွဲရှိပါပြီ။ သူက talk sport အစီအစဉ်မှာ “ တော်တော်လေးကိုမိုက် တယ်လို့ ထင်တယ်ဗျ။ ဒါဘီပွဲပြီးလို့ကျနော်တို့ အောင်ပွဲခံတာကို ခင်ဗျားတို့ တွေ့လိုက်တယ် မဟုတ်လား။ ကျနော်တို့အတွက် အားသစ် တွေရတာပေါ့ဗျာ။ ဒါဘီပွဲလိုမျိုးမှာ ၂ဂိုးရှုံးနေတာက တော်တော်ခက်ခဲတဲ့အခြေအနေပါ။ ဒါကိုအနိုင်အဖြစ်ပြောင်းပစ်နိုင်တာ ကျနော်တို့ ရဲ့ စိတ်ဓာတ်ကို ပြလိုက်တာပါပဲ”လို့ ဆို လိုက် တယ်။

မန်ချက်စတာ အသင်းကတော့ ပရီးမီးယားလိဂ်မှာ အသည်းအသန်ရုန်းကန်နေရတဲ့ အချိန်မှာ ယန်းက အီတလီမှာ အောင်ပွဲတွေ နဲ့ ပျော်ရွင်နေရတာနဲ့ပတ်သက်ပြီး အသင်းခေါင်းဆောင်ဟောင်တစ်ယောက်အနေနဲ့ ဘယ်လိုခံစားရသလဲလို့အမေးကိုတော့ သူကရှောင်လွဲပြီး “ ဒီလိုပါပဲဗျာ။ ကျနော်ဒီကိုလာတာ ဘောလုံးကစားဖို့ပါပဲ။ နိုင်ပွဲတွေကိုရှာမယ် ။ ကျနော့် အောင်မြင်မှုအတွက် ကျနော် ဝမ်း မြောက် နေ ရ မှာ လေ။

အရမ်းကိုမိုက်တဲ့ခံစားချက် တွေအတွက် ပူဆွေးမှုတွေနဲ့ရောမနေချင်ပါ ဘူးဗျာ။ သူတို့အတွက်လည်း စဉ်းစားမနေချင်ပါဘူး။ ပိုကောင်းပါစေလို့ပဲ ဆုတောင်းပေးချင်ပါတယ်”လို့ဖြေသွားပါတယ်။ အခုတော့ အနီရောင်ဝတ်စုံအစား အပြာရောင်ဝတ်စုံဝတ်ပြီး သူနဲကလိုက်ဖက်မယ့် ဘဝကို ယန်းတစ်ယောက်ရှာဖွေ နေပါတယ်။ “ဒါတွေက မထူးဆန်း ပါဘူးဗျာ။

ကျနော့်အတွက်ကတော့စိန်ခေါ်မှု အသစ်တွေ လိုချင်တယ်။ ရလည်းရနေပါပြီ ၊ကွင်းထဲကမိနစ်တိုင်းအတွက် တန်ဖိုးထားပြီးချစ်နေပါတယ်”လို့ ယန်းက ပြောပါတယ်။သူက အင်တာမီလန်မှာ မြန် မြန် အ ထိုင် ကျ သွား ပါ ပြီ။

မောင်ယဿ REF: goal .com photo; manchaster evening news

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဟယ်ရီပေါ်တာ သွေးစုတ်ဖုတ်ကောင်မှ လင်းနို့လူသား ပက်တင်ဆန်
Entertainment
ဟယ်ရီပေါ်တာ သွေးစုတ်ဖုတ်ကောင်မှ လင်းနို့လူသား ပက်တင်ဆန်

ဟယ်ရီပေါ်တာ သွေးစုတ်ဖုတ်ကောင်မှ လင်းနို့လူသား ပက်တင်ဆန်   မနေ့ညက ရုပ်ရှင်ကြည့် ပရိသတ်အတွက် သတင်းးကောင်း တစ်ခုကို ကြားလိုက် ရတယ် ။ ရောဘတ်ပတ်တင်ဆန်ကို (batman) လင်းနို့လူသား အဖြစ် ရုပ်ရှင်ရိုက်ဖို့ အတွက် ဒါရိုက်တာမတ်ရီဗီးက စမ်းသက်ရိုက်ကူး ကြည့်ခဲ့တယ် ။ အားလုံး အဆင်ပြေတယ် ။ ဒါကြောင့် လာမယ့် လင်းနို့လူသား ရှပ်ရှင်ကား တွေမှာ ပတ်တင်ဆန်ကို လင်းနို့လူသား အဖြစ်တွေ့မြင် ကြရတော့မှာပါ ။ လင်းနို့လူသား ဝတ်စုံနဲ့ လိုက်မလိုက် စမ်းသပ် ကြည့်တာပါ ။ သီချင်းရေးဆရာ ဂီရာချီနို နဲ့ ကင်မရာမင်း ဖရာဆာတို့က သူတို့ရဲ့ လက်စွမ်းကို နည်းနည်းစီ …

ရှုံးသွားတဲ့ လီဗာပူးကို မခံချိ မခံသာဖြစ်အောင် အက်သလက်တီကို အောင်ပွဲခံပြ
Sport
ရှုံးသွားတဲ့ လီဗာပူးကို မခံချိ မခံသာဖြစ်အောင် အက်သလက်တီကို အောင်ပွဲခံပြ

ရှုံးသွားတဲ့ လီဗာပူးကို မခံချိ မခံသာဖြစ်အောင် အက်သလက်တီကို အောင်ပွဲခံပြ “ ခင်ဗျားတို့ စဉ်းစားကြည့်ဗျာ ။ သူတို့ အောင်ပွဲခံနေတာက ဖလားပဲ အခု ရတော့မယ့်ပုံစံမျိုးနဲ့ အောင်ပွဲခံ နေကြတယ် ။ တကွင်းလုံး ပတ်ပြေးပြီးတော့ လုပ်ပြ နေကြတယ် ။ နောက်လမှာ ကျနော်တို့ အန်းဖီးကွင်းမှာ ပြန်တွေ့ ကြမယ့် ဟာကို “လို့ မကျေမချမ်းနဲ့ ပြောသွား သူကတော့ လီဗာပူးကစား သမား စကော်တလန်သား အန်ဒီရောဘတ်ဆန်ပဲ ဖြစ်ပါတယ် ။ မနေ့ညက စကစားတဲ့ ချိန်ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက်ပွဲမှာ လီဗာပူး အသင်းက အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ …

ဥရောပဝင်ခွင့် တစ်နေရာအတွက် နီးစပ်လာတဲ့မန်ယူ
Sport
ဥရောပဝင်ခွင့် တစ်နေရာအတွက် နီးစပ်လာတဲ့မန်ယူ

ဥရောပဝင်ခွင့် တစ်နေရာအတွက် နီးစပ်လာတဲ့မန်ယူ ပြီးခဲ့တဲ့ တနလာင်္နေ့ညက ချယ်ဆီးအသင်းကို ၂-၀ ဂိုး နဲ့ နိုင်လိုက်တဲ့အတွက် မန်ယူအသင်းက လာမည့်နှစ် ဥရောပပြိုင်ပွဲ ဝင်ခွင့် တစ်နေရာ နဲ့ နီးစပ်သွားပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ်ဇယားမှာ ၂၆ ပွဲ ကစားထားပြီး ၃၈ မှတ် နဲ့ အဆင့် ၇ နေရာမှာရပ် တည်နေပါ တယ်။ အဆင့် ၄ နေရာက ချယ်လ်ဆီး နဲ့ ၃ မှတ်သာ ကွာပြီး နောက်ပွဲတွေ အလားအလာကော င်းပါက ယူရိုပါလိဂ် အပြင် ချန်ပီယံ လိဂ် ဝင်ခွင့်တစ်နေရာ ရနိုင်ပါတယ်။ နောက်တစ်ချက်က ဇယားမှာ နံပတ်၂ …