မန္ယူကိုေရာက္လာတဲ့ ဘ႐ူႏို ဖာနန္ဒက္

မန္ယူကိုေရာက္လာတဲ့ ဘ႐ူႏို ဖာနန္ဒက္
Sport

မန္ယူကိုေရာက္လာတဲ့ ဘ႐ူႏို ဖာနန္ဒက္

ဇန္နဝါရီ ကစားသမား အေျပာင္းအေ႐ြ႕ ေဈးကြက္ စဖြင့္ကတည္းက မန္ယူက ပစ္မွတ္ေတြကို တစ္ခုၿပီးတစ္ခု ခ်ဥ္းကပ္ခဲ့ပါတယ္။ ပီအက္ဂ်ီက ကာဗာနီကိုပဲ တကယ္ ဝယ္ျဖစ္မလိုလို တိုက္စစ္အား ျမႇင့္ဖို႔အတြက္ အာဖရိက က လူငယ္ တိုက္စစ္အတြဲကို ဝယ္မလိုလို ဝက္စ္ဟမ္းက ဒီကလန္႐ိုက္စ္ကို ဝယ္မလိုလိုနဲ႔ လိုလိုေတြ မ်ားစြာ ျဖစ္ခဲ့ပါတယ္။

ဇန္နဝါရီေဈးကြက္ ေနာက္ဆုံး ပိတ္ခ်ိန္အထိ ေစာင့္ေနခဲ့ တယ္။ ေနာက္ဆုံးအခ်ိန္ ေရာက္ေတာ့မွပဲ ေပၚတူဂီ ကြင္းလယ္ကစားသမား ဘ႐ူႏို ဖာနန္ဒက္ ကို အရေခၚႏိုင္ခဲ့ပါတယ္။ ကနဦး သေဘာတူညီမႈအရ စပို႔တင္းစီပီ အသင္းကို ေပါင္ ၅၅ သန္း ေပးမယ္လို႔ လုပ္ထားပါတယ္။

ေဆးစစ္ၿပီးေနာက္ပိုင္း ရလဒ္ကို ၾကည့္ၿပီး ေဈး အနည္းငယ္ အေျပာင္းအလဲ ရွိႏိုင္ပါတယ္။ အေျခအေနေကာင္းရင္ ေနာက္ထပ္ ေပါင္ ၁၀ သန္း ေလာက္ ေပၚတူဂီအသင္း ထပ္ရႏိုင္ပါတယ္။ အမွန္ေတာ့ ဘ႐ူႏိုကို မန္ယူက တိတ္တိတ္ေလး ေအာက္ေဈးနဲ႔ ဆြဲဖို႔ႀကံၿပီး ႀကီတ္လုပ္ေနတာကို ဘာစီလိုနာ အသင္းက သိသြားလို႔ ေဈးၿပိဳင္လိုက္ေခၚတာ ကိုခံလိုက္ရပါတယ္။

ဘ႐ူႏိုဖာနန္ဒက္ စပို႔တင္စီပီ နဲ႔ ေပၚတူဂီ လက္ေ႐ြးစင္အသင္းရဲ႕ ကြင္းလယ္ကစားသမားပါ။ ၁၉၉၄ စက္တင္ဘာလ ၈ရက္ေန႔မွာ ေပၚတိုၿမိဳ႕နားက မာရီအာမွာ ေမြးပါတယ္။ သူ႔ရဲ႕ ေဘာလုံးသမားဘဝကို အီတလီ စီရီးဘီ က ႏိုဗာရာ ကယ္စီယို ကလပ္ ကေန စတင္ခဲ့ ပါတယ္။ ေျခစြမ္းေကာင္းလို႔ စီရီးေအက အူဒီနီစ္ က အသင္းမွာ ကစားဖို႔ ကမ္းလွမ္းခံ ခဲ့ရပါတယ္။

အဲ့ဒီေနာက္မွာေတာ့ ဆမ္ဒိုရီးယား အသင္းကို ေျပာင္းေ႐ႊ႕ ကစားခဲ့ပါတယ္။ ၂၀၁၇ မွာ သူက ေပၚတူဂီ ကလပ္ စပို႔တင္းစီပီနဲ႔ လက္မွတ္ထိုးၿပီး ေပၚတူဂီမွာ သူက အေကာင္းဆုံး ေဘာလုံးသမား ျဖစ္တယ္ ဆိုတာကို ေျခစြမ္းျပခဲ့ပါတယ္။ ၂၀၁၈ ၊ ၂၀၁၉ ေပၚတူဂီ တစ္ႏွစ္တာ အေကာင္းဆုံး ေဘာလုံးသမားဆုကို ၂ ႏွစ္ဆက္တိုက္ ရခဲ့ပါတယ္။

ေပၚတူဂီ အက္ဖ္ေအ ဖလားရေအာင္ စပို႔တင္းစီပီကို ထိန္းေက်ာင္း ေမာင္းႏွင္ ေပးခဲ့ႏိုင္ပါတယ္။ ၂၀၁၆ ေႏြရာသီ အိုလံပစ္ၿပိဳင္ပြဲမွာ ေပၚတူဂီ လက္ေ႐ြးစင္အသင္းနဲ႔ ၿပိဳင္ပြဲ ဝင္ခဲ့ၿပီးေနာက္ ၂၀၁၈ ကမာၻ႔ဖလားကိုလည္း ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ပါတယ္။ ဖာနန္ဒက္ရဲ႕ အားသားခ်က္က ကိုယ့္အသင္း အသက္ရႈက်ပ္ ေနခ်ိန္ေတြမွာ ဂိုးသြင္းတတ္တာပါပဲ။

အူဒီနီစ္ အသင္း အင္တာမီလန္ကို ၃ ဂိုးျပတ္ ရႈံးၿပီး ေအာက္တန္းဆင္ရေတာ့မယ့္ အေျခအေနမွာ သူက ေခ်ပဖြင့္ဂိုးသြင္းၿပီး သေရက်ေအာင္ ကစားခဲ့ကာ ေအာက္တန္းဆင္းရမယ့္ ေဘးက လြတ္ေအာင္ ႐ုန္းခဲ့ပါတယ္။

ဆမ္ဒိုရီးယားတုန္းကလည္း အဲ့လိုပါပဲ။ ၁ဂိုးနဲ႔ရ႕ႈံၿပီး ေအာက္တန္းဆင္းရမယ့္ အေျခအေနကို သူက ေခ်ပဂိုးသြင္းယူကာ အသင္းကို ကယ္တင္ ေပးခဲ့ႏိုင္ပါတယ္။ မန္ယူမွာေတာ့ ဘာေတြ ဆက္ျဖစ္ဦးမယ္ ဆိုတာကို ေစာင့္ၾကည့္ရမွာပါ။

ေမာင္ယႆ
REF: the Mirror uk

Unicode

မန်ယူကိုရောက်လာတဲ့ ဘရူနို ဖာနန်ဒက်

ဇန်နဝါရီ ကစားသမား အပြောင်းအရွေ့ ဈေးကွက် စဖွင့်ကတည်းက မန်ယူက ပစ်မှတ်တွေကို တစ်ခုပြီးတစ်ခု ချဉ်းကပ်ခဲ့ပါတယ်။ ပီအက်ဂျီက ကာဗာနီကိုပဲ တကယ် ဝယ်ဖြစ်မလိုလို တိုက်စစ်အား မြှင့်ဖို့အတွက် အာဖရိက က လူငယ် တိုက်စစ်အတွဲကို ဝယ်မလိုလို ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ်ကို ဝယ်မလိုလိုနဲ့ လိုလိုတွေ များစွာ ဖြစ်ခဲ့ပါတယ်။

ဇန်နဝါရီဈေးကွက် နောက်ဆုံး ပိတ်ချိန်အထိ စောင့်နေခဲ့ တယ်။ နောက်ဆုံးအချိန် ရောက်တော့မှပဲ ပေါ်တူဂီ ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက် ကို အရခေါ်နိုင်ခဲ့ပါတယ်။ ကနဦး သဘောတူညီမှုအရ စပို့တင်းစီပီ အသင်းကို ပေါင် ၅၅ သန်း ပေးမယ်လို့ လုပ်ထားပါတယ်။

ဆေးစစ်ပြီးနောက်ပိုင်း ရလဒ်ကို ကြည့်ပြီး ဈေး အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်။ အခြေအနေကောင်းရင် နောက်ထပ် ပေါင် ၁၀ သန်း လောက် ပေါ်တူဂီအသင်း ထပ်ရနိုင်ပါတယ်။ အမှန်တော့ ဘရူနိုကို မန်ယူက တိတ်တိတ်လေး အောက်ဈေးနဲ့ ဆွဲဖို့ကြံပြီး ကြီတ်လုပ်နေတာကို ဘာစီလိုနာ အသင်းက သိသွားလို့ ဈေးပြိုင်လိုက်ခေါ်တာ ကိုခံလိုက်ရပါတယ်။

ဘရူနိုဖာနန်ဒက် စပို့တင်စီပီ နဲ့ ပေါ်တူဂီ လက်ရွေးစင်အသင်းရဲ့ ကွင်းလယ်ကစားသမားပါ။ ၁၉၉၄ စက်တင်ဘာလ ၈ရက်နေ့မှာ ပေါ်တိုမြို့နားက မာရီအာမှာ မွေးပါတယ်။ သူ့ရဲ့ ဘောလုံးသမားဘဝကို အီတလီ စီရီးဘီ က နိုဗာရာ ကယ်စီယို ကလပ် ကနေ စတင်ခဲ့ ပါတယ်။ ခြေစွမ်းကောင်းလို့ စီရီးအေက အူဒီနီစ် က အသင်းမှာ ကစားဖို့ ကမ်းလှမ်းခံ ခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ ဆမ်ဒိုရီးယား အသင်းကို ပြောင်းရွှေ့ ကစားခဲ့ပါတယ်။ ၂၀၁၇ မှာ သူက ပေါ်တူဂီ ကလပ် စပို့တင်းစီပီနဲ့ လက်မှတ်ထိုးပြီး ပေါ်တူဂီမှာ သူက အကောင်းဆုံး ဘောလုံးသမား ဖြစ်တယ် ဆိုတာကို ခြေစွမ်းပြခဲ့ပါတယ်။ ၂၀၁၈ ၊ ၂၀၁၉ ပေါ်တူဂီ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ၂ နှစ်ဆက်တိုက် ရခဲ့ပါတယ်။

ပေါ်တူဂီ အက်ဖ်အေ ဖလားရအောင် စပို့တင်းစီပီကို ထိန်းကျောင်း မောင်းနှင် ပေးခဲ့နိုင်ပါတယ်။ ၂၀၁၆ နွေရာသီ အိုလံပစ်ပြိုင်ပွဲမှာ ပေါ်တူဂီ လက်ရွေးစင်အသင်းနဲ့ ပြိုင်ပွဲ ဝင်ခဲ့ပြီးနောက် ၂၀၁၈ ကမ္ဘာ့ဖလားကိုလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ဖာနန်ဒက်ရဲ့ အားသားချက်က ကိုယ့်အသင်း အသက်ရှုကျပ် နေချိန်တွေမှာ ဂိုးသွင်းတတ်တာပါပဲ။

အူဒီနီစ် အသင်း အင်တာမီလန်ကို ၃ ဂိုးပြတ် ရှုံးပြီး အောက်တန်းဆင်ရတော့မယ့် အခြေအနေမှာ သူက ချေပဖွင့်ဂိုးသွင်းပြီး သရေကျအောင် ကစားခဲ့ကာ အောက်တန်းဆင်းရမယ့် ဘေးက လွတ်အောင် ရုန်းခဲ့ပါတယ်။

ဆမ်ဒိုရီးယားတုန်းကလည်း အဲ့လိုပါပဲ။ ၁ဂိုးနဲ့ရ့ှုံပြီး အောက်တန်းဆင်းရမယ့် အခြေအနေကို သူက ချေပဂိုးသွင်းယူကာ အသင်းကို ကယ်တင် ပေးခဲ့နိုင်ပါတယ်။ မန်ယူမှာတော့ ဘာတွေ ဆက်ဖြစ်ဦးမယ် ဆိုတာကို စောင့်ကြည့်ရမှာပါ။
မောင်ယဿ
REF: the Mirror uk

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်
Sport
အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ် ကမ္ဘာကျော်ဂေါက်သီးရိုက် ကစားသမား တိုက်ဂါးဝုဖ်ရဲ့သား ချာလီ (၁၁နှစ်)က အမေရိကန် ကလေး ဂေါက်ရိုက်ပြိုင်ပွဲမှာ အနိုင်ရခဲ့ ပြီး အဖေ့ခြေရာ ကိုနင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဖလော်ရီဒါ ပြည်နယ် ပမ်းမြို့ က ဟမ်းမလော့ ခရိ ဂေါက်ကွင်းမှာကျင်းပတဲ့ အမေရိကန် ကလေးများ ဂေါက်ပြိုင်ပွဲမှာ ချာလီက အသာစီး နဲ့ အနိုင်ရခဲ့ပါတယ်။ ၁၁နှစ်အရွယ် ချာလီက ပြိုင်ပွဲဝင်တွေ အားလုံးထက် တာထွက်ကတည်းက ထိပ်ဆုံးမှာ နေခဲ့ပါတယ်။ ပထမ ၉ကျွင်း ရိုက်ချက် ၃၃ ချက်ကို ၃ ချက်လျော့ ပြီး ရိုက်နိုင်ခဲ့ပါတယ်။ ၁၈ကျွင်းရိုက်ပြီးမှာတော့ သူက …

ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ
Sport
ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ

ဆီမီး ဖိုင်နယ် ၃ပွဲ တက်ပြီး ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ မန်ယူ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီး ဖိုင်နယ်ပွဲမှာ မန်ယူက စပိန်အသင်း ဆီဗီးလားကို ၂ဂိုး ၁ဂိုးနဲ့ ရှုံး နိမ့်ခဲ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ မန်နေဂျာ ဆိုးရှားရဲ့ မန်ယူအသင်းအတွက် ၂၀၂၀ က ဆိုးဝါးတဲ့ နှစ် တစ်နှစ်လို့ ပြောရမလို ဖြစ်ခဲ့ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုင်ပွဲ ၃ရပ်မှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်း လာပြီးပါမှ ဖလားနဲ့ ကပ်ပြီး လွဲခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ELF ပြိုင်ပွဲလို့ ကာရာဘောင် ဖလားတုန်းကလည်း မန်စီတီးအသင်းကို ၂ပွဲ ပေါင်း ၃ဂိုး …

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်
Sport
ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်

ဂျာမန်နဲ့ ပြင်သစ် အသင်းတွေ အားပြိုင်မယ့် သြဂုတ် ၁၈၊ ၁၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဥရောပ ချန်ပီလိဂ် ဖလားပြိုင်ပွဲ က နတ်ကြီး ပါတယ်။ ထင်ထားသလို ဖြစ်ဖို့က ခက်ခဲတယ် ဆိုပေမဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲတွေကို ကြီးစိုးနေတာကတော့ စပိန်နဲ့ အင်္ဂလန်အသင်းတွေ ပါပဲ။ ၂၄နှစ်ကြာ ကြီးစိုးထားတဲ့ စပိန်နဲ့ အင်္ဂလန်အသင်းတွေရဲ့ အုပ်စီးထားမှုကိုတော့ ဒီနှစ်မှာ ရပ်တန့် ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလိပ် နဲ့ စပိန်တွေ မပါပဲ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်က ၁၉၉၆ ခုနှစ် မှာပါ။ မနေ့ညက မန်စီတီးအသင်းကို ပြင်သစ်အသင်း လိုင်းယွန်းက ၃ဂိုး ၁ဂိုးနဲ့ …