Sport
Unicode
မန်စီးတီးကထွက်လာပြီး ဂျူဗီကိုလာလိုက်ပေါ့လို့ ဒယ်ပီယာရိုဆို
ဂျူဗီ အသင်းနဲ့ အီတလီ လက်ရွေးစင် တိုက်စစ်မှူးဟောင်းကြီး ဒယ်ပီယာရိုက ဥရောပ ပြိုင်ပွဲဝင်ခွင့်ပိတ်ခံလိုက်ရတဲ့မန်စီးတီးကို နည်းပြနေမယ့်အစား ဂျူဗင်တပ်အသင်းကိုလာပြီးစိန်ခေါ်မှု အသစ်ကိုရင်ဆိုင်ဖို့ ကြိုးစားသင့် တယ် ဆို တဲ့ အကြောင်း ပြော သွား ပါ တယ်။
ဒယ်ပီယာရိုဆိုတာ အီတလီစီရီးအေဖလား ၈ကြိမ်နဲ့ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ဖလား ၁ကြိမ် စီရထားတဲ့မဟာ တိုက်စစ်မှူးတစ်ယောက် ပါ။ ကမ္ဘာ့စံချိန်တင်ကြေးသူ့ခောတ်နဲ့သူ့အခါက ရခဲ့တဲ့သူပါ။ သူက မန်စီတီးနည်းပြ ဂွာဒီယိုလာကို စိန်ခေါ်မှု အသစ်ဖြစ်တဲ့ အီတလီစီရီးအေမှာ နည်းပြလာလုပ်သင့်တဲ့အကြောင်းပြောခဲ့ပါတယ်။ ဂွာဒီယိုလာက စပိန်လာလီဂါဖလား ၊ ဂျာမဏီ ဘွန်ဒစ်လီဂါ ဖလားနဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ဖလားတွေကို ရရှိပြီးပြီ ဆိုတော့ အီတလီစီရီးအေ ဖလားကို ဂျူဗင်တပ် နဲ့ အ တူ လာ ယူ ဖို့ ကောင်း တယ် လို့ ဆို လို တာ ပါ။
ဒီကနေ့ ပြုလုပ်တဲ့၂၀ကြိမ်မြာက် လောရီးယက် အားကစားဆုပေးပွဲမှာ သူက ပြောခဲ့တာပါ။ သူပြောတဲ့စကားကို ပွဲတက်လာတဲ့ တစ်ခောတ်တခါက ဘောလုံးအကျော်အမော်တွေ ဖြစ်တဲ့ ရှုးအက်ဂဲလစ် ၊ လူးဝစ်ဖီဂို ၊ကားလ် ပူယိုတို့က ထောက်ခံခဲ့ပါတယ်။ သူတို့ကလည်း ဂွာဒီယိုလာအနေနဲ့ ၂နှစ်ကြာအပိတ်ခံထားရတဲ့ မန်စီတီးမှာနေမယ့် အစား ဆုံးဖြတ်ကြီးကြီး တစ်ခုချသင့်တယ်လို့ သုံးသပ်ကြပါတယ်။ ဒယ်ပီယာရိုက “ ပတ်က စပိန် ဂျာမဏီ အင်္ဂလန်တွေမှာ အောင်မြင်မှုတွေရခဲ့ဲပြီးပါပြီ။ သူ ဒီ တ ခါ က တော့ အီ တ လီ ကို လာ ဖို့ ပါ ပဲ။
နောက်ပြီး မန်စီးတီးမှာက ဘောလုံးသမားတွေ တော်တော်များများက ထွက်ခွာသွားတော့မှာ ၊ ပတ် ကျန်နေခဲ့လည်း ဘောလုံးသမားကောင်းတွေနဲ့ အလုပ်လုပ်ရတော့မှာ မဟုတ်ပါဘူး။ အခုပဲ ကောလာဟလကထွက်နေပြီး ဘယ်သူတွေ ထွက်မယ်ဆိုတာကို အတိအကျကြီးတောင် ဆိုနေကြတယ်။ အဲ့တော့ ပတ်အနေနဲ့ စဉ်းစားဖို့ကောင်းတာက မန်စီတီးမှာသူရဲကောင်ကြီးလို နေခဲ့မှာလား ။ ပြောင်မြောက်တဲ့ ကမ္ဘာ့စံချိန်တစ်ခုကိုတင်မလား ဆိုတဲ့အတွေး တွေးဖို့ကောင်းပါပြီ”လို့ သူကဆိုတယ်။ တကယ်လို့ သူသာ အီတလီ စီရီးအေဖလားကို ဂျူဗင်တပ်နဲ့ ရယူနိုင်ခဲ့ရင် ဖလားအစုံဆုံး ဘော လုံး သ မား နည်း ပြ ဖြစ် သွား မှာ ပါ။
မောင်ယဿ REF: daily mail photo;getty image
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
FA ပဉ္စမအဆင့်ပွဲတွေ အကြောင်း ကြည့်ရအောင်
Entertainment
FA ပဉ္စမအဆင့်ပွဲတွေ အကြောင်း ကြည့်ရအောင်
FA ပဉ္စမအဆင့်ပွဲတွေ အကြောင်း ကြည့်ရအောင် FA ပဉ္စမအဆင့်ပွဲတွေကို တနလာၤည အဂါၤည နဲ႕ ဗုဒၶဟူး ညေတြမွာ ဆက္တိုက္ကန္သြားမွာပါ။ တနလာၤညကေတာ့ အာႀကီးပြဲ တစ္ပြဲပဲ ရွိၿပီး အဂါၤညမွာ ၃ပွဲနဲ့ ဗုဒ္ဓဟူး ညမှာ ၄ပွဲရှိပါတယ်။ သရေကျရင် အဝေးကွင်းမှာပြန်ကန်ရမှာပါ။ နိုင်သွားရင်တော့ တစ်ပွဲတည်းနဲ့ ပြတ်သွား မှာမို့လို့ အားထည့်ကစားကြလေ့ရှိပါတယ်။ ပွဲကောင်းတွေပါ။ ပို့စ်မောင့်နဲ့ အာဆင်နယ် (၂-၂)။။ အိမ်ရှင် ပို့စ်မောင့်က ၂၀၁၉-၂၀၂၀ FA ကစားပွဲတစ်လျှောက်မှာ အိမ်ကွင်းရလဒ် ကောင်းပါတယ်။ ခံစစ်ကြောင်း တောင့်တင်းလို့ အာဆင်နယ်ရဲ့ သိပ်မကောင်းလှတဲ့တိုက်စစ်က ထိုးဖောက်နိုင်ဖို့ခက်ခဲသလို ပိုစ်မောင့်ကလည်း တန်ပြန်တိုက်စစ်ကိုအားပြုပြီး ဂိုးသွင်းမှာပါ။ သရေရလဒ်ထက်မပိုပါဘူး။ ချယ်ဆီးနဲ့လီဗာပူး (၀-၁)။။ …
အသင်းကြီးကိုရွေးမယ်ဆိုရင် စိတ်ချလက်ချကြည့်ရမယ့် ငါးပွဲ ခန့်မှန်းချက်
Sport
အသင်းကြီးကိုရွေးမယ်ဆိုရင် စိတ်ချလက်ချကြည့်ရမယ့် ငါးပွဲ ခန့်မှန်းချက်
အသင်းကြီးကိုရွေးမယ်ဆိုရင် စိတ်ချလက်ချကြည့်ရမယ့် ငါးပွဲ ခန့်မှန်းချက် ဒီတစ်ပတ် စနေ တနင်္ဂနွေရဲ့ ပရီမီးယားလိဂ် ပြိုင်ပွဲ ပွဲစဉ် (၂၈) မှာ ၂ပွဲက ရက်ရွေ့ သွားလို့ အားလုံး ၈ပွဲပဲကြည့်ရမှာပါ။ အက်စတန် ဗီလာနဲ့ရှက်ဖီး ၊ မန်စီတီးနဲ့ အာဆင်နယ်ပွဲတွေ ကိုရက်ရွေ့ ထားပါတယ်။ လက်ကျန်၈ပွဲမှာ ကိုယ်က အပေါ်စီးကပဲ ကြည့်ချင်တယ် ဆိုရင်တော့ ခန့်မှန်းထားတဲ့ငါးပွဲကိုပဲ အားပေးလိုက်ပေါ့။ နော့ဝခ်ျနဲ့ လက်စတာ (ဝ-၂)။ ပြီးခဲ့တဲ့အပတ်က မန်စီတီးကို ၁-၀ နဲ့ ရှုံးခဲ့တဲ့ လက်စတာက အပေါ်၎သင်းနေရာကနေ မဆင်းရအောင် ထိန်းရတော့မှာပါ။ နော့ဝခ်ျကတော့ ဒီနှစ်မှာ အောက်တန်းကို ပြန်ဆင်းရဖို့အတွက် သေချာသလောက်ဖြစ်သွားပါပြီ။ လက်စတာရဲ့ ဂိုးပေါက်ပျောက်နေတဲ့ …
ကိုဗစ်-၁၉ဗိုင်းရက်ပြန့်လို့ အီတလီ စီရီးအေ ပွဲစဉ်အချို့ နား
Sport
ကိုဗစ်- ၁၉ဗိုင်းရက်ပြန့်လို့ အီတလီ စီရီးအေ ပွဲစဉ်အချို့ နား
ကိုဗစ်- ၁၉ဗိုင်းရက်ပြန့်လို့ အီတလီ စီရီးအေ ပွဲစဉ်အချို့ နား ကိုဗစ်- ၁၉ ဗိုင်းရက် (ဝူဟန်ထူးဆန်းတုတ်ကွေး ရောဂါပိုး) ပြန့်နှံ့မှုက အီတလီနိုင်ငံကို ပြင်းထန်စွာ ရိုက်ခတ်လာပါပြီ။ အီတလီ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းတွေကို ခလုပ် လာဆွဲနေပါတယ်။ လက်ရှိရထားတဲ့ သတင်းအရဆိုရင် လူ၂ဦး စတင် သေဆုံးနေပါပြီ။ ဒါကြောင့် အခုလာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ပွဲ၃ပွဲကို ရွှေ့ ဆိုင်းလိုက်ရပါတယ်။ အဲ့ဒိပွဲတွေကတော့ အတ္တလန်တာနဲ့ ဆက်ဆူအိုလို ၊ အင်တာမီလန်နဲ့ ဆမ်ဒိုးရီးယား ၊ ဗီရိုနာနဲ့ ကာဂလီယာရီ ပွဲတွေ ဖြစ်ပါတယ်။ အဲ့ဒါအပြင် စီရီးအေ အမျိုးသမီးပွဲတွေဖြစ်တဲ့ အေစီမီလန်နဲ့ ဖရင်အိုတီးနား ပွဲကိုလည်း …