မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့
- By : Phoe Linn
- Category : Cele News
- Tags: cele news, entertainment

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့
တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ ဘလက်ပင့်ခ်နဲ့ အမေရိကန် နာမည်ကြီး ဆယ်လီနာဂိုမက်ဇ် တို့ ပူးပေါင်းပြီး ICE CREAM ဆိုတဲ့ မြူဇစ်ဗီဒီယို တစ်ခုကို မနေ့က သြဂုတ်လ ၂၈ရက်နေ့မှာ ထုတ်လွှင့်လိုက် ပါတယ်။
သဘောင်္သား ဦးထုတ်ဆောင်းထားပြီး ဘီကီနီ ဝတ်ထားတဲ့ ဂိုးမက်ဇ်က ရေခဲမုန့်ရောင်းတဲ့ ကားနဲ့ သီချင်းဆို ပြနေတာ တော်တော် လှနေပါတယ်။ သီချင်းတစ်ပုဒ်လုံးက အရောင်တွေ စုံလင်စွာနဲ့ ကြည့်လို့ အရမ်းကောင်းပါတယ်။
ဘလက်ပင့်ခ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျီဆိုး ၊ဂျန်နီ ၊ရိုစီနဲ့ လီဆာတို့ကလည်း ရောင်စုံ ပန်းကလေးတွေလို ရေခဲမုန်တွေနဲ့ ကလေးစီး ကားတွေနဲ့ မြူးတူး ခုန်ပေါက် ပြနေတာက ကလေးမလေးတွေ လိုပါပဲ။
ရောင်စုံနေရာ အမျိုးမျိုးကနေ ခုန်ပေါက် ထွက်လာတဲ့ ဟန်နဲ့ သူမတို့ရဲ့ တင်ဆက်မှုက ဒီဖက်ခေတ် ကလေးတွေ အကြိုက် ပုံပါပဲ။ မြူးဇစ်ကတော့ ထုံးစံအတိုင်း လျှပ်စစ်ဂီတသံကို ခပ်မြူးမြူး စကားလုံးတွေနဲ့ ဖွဲ့စည်း တည်ဆောက် ထားတာပါ။
“ကြည့်စမ်းပါဦး အရမ်းကောင်းတာပဲ။ ချိုမယ့်ပုံ ပေါ်နေတယ်။ စားလို့လည်း ကောင်းမယ့်ပုံ ပေါ်ပါတယ်။ အနမ်းတွေကို အအေးဆုံး လုပ်ထားတယ်။ သူကတော့ ကျမကို ရေခဲမုန့်လေးလို့ ခေါ်တာပဲ။ ရေခဲသေတ္တာထဲမှာ ကျမကို လာဖမ်း လှည့်ချေနော်၊ ကျမရှိတဲ့ နေရာကိုက ဒီနေရာမှာပါ” လို့ သံပြိုင်အပိုဒ်ကို ဂိုးမက်ဇ်နဲ့ ဘလက်ပင့်ခ်တို့ အတူတူ ဆိုကြပါတယ်။
လာမယ့် အောက်တိုဘာ ၂ရက်နေ့မှာ ဘလက်ပင့်ခ်အဖွဲ့ ထုတ်မယ့် ICE CREAM အယ်လ်ဘမ်ရဲ့ ခေါင်းစီး သီချင်းပါ။ အဲ့ဒိ အယ်လ်ဘမ် အတွက် ကြော်ညာတဲ့ သဘောနဲ့ ဒီမြူးဇစ် ဗီဒီယိုကို ထုတ်လိုက်တာပါ။ တောင်ကိုရီးယား ဝိုင်းတွေရဲ့ အထာအတိုင်း ခပ်မြူးမြူး နဲ့ လူငယ်ကြိုက် မြူးဇစ်ပုံစံပါ။
ခပ်သွက်သွက်ကလေး သွားနေတဲ့ မြူဇစ်နဲ့အတူ သူတို့ရဲ့ လှုပ်ရှားမှု တွေကလည်း သွက်လက် တက်ကြွနေပါတယ်။ ဘလက်ပင့်ခ်က ၂၀၁၉ ဧပြီမှာ သူတို့ရဲ့ EP KILL THIS LOVE ကို နောက်ဆုံး ထုတ်ထားခဲ့ပြီး ဂိုးမက်ဇ်ကတော့ ဇန်ဝါရီလတုန်းက RARE ကို နောက်ဆုံး အနေနဲ့ ထုတ်ထားတာပါ။
မောင်ယဿ, REF: UPI, Photo: UPI
Zawgyi
မေန႕က ဘက္လက္ပင့္ခ္ နဲ႔ ဆယ္လီနာဂိုမက္ဇ္ တို႔ ေပါင္းၿပီး ျမဴဇစ္ဗီဒီယို ထုတ္လႊင့္ခဲ႕
ေတာင္ကိုရီးယား မိန္းကေလး အဆိုေတာ္အဖြဲ႕ျဖစ္တဲ့ ဘလက္ပင့္ခ္နဲ႔ အေမရိကန္ နာမည္ႀကီး ဆယ္လီနာဂိုမက္ဇ္ တို႔ ပူးေပါင္းၿပီး ICE CREAM ဆိုတဲ့ ျမဴဇစ္ဗီဒီယို တစ္ခုကို မေန႔က ၾသဂုတ္လ ၂၈ရက္ေန႔မွာ ထုတ္လႊင့္လိုက္ ပါတယ္။
သေဘာသၤား ဦးထုတ္ေဆာင္းထားၿပီး ဘီကီနီ ဝတ္ထားတဲ့ ဂိုးမက္ဇ္က ေရခဲမုန႔္ေရာင္းတဲ့ ကားနဲ႔ သီခ်င္းဆို ျပေနတာ ေတာ္ေတာ္ လွေနပါတယ္။ သီခ်င္းတစ္ပုဒ္လုံးက အေရာင္ေတြ စုံလင္စြာနဲ႔ ၾကည့္လို႔ အရမ္းေကာင္းပါတယ္။
ဘလက္ပင့္ခ္ အဖြဲ႕ဝင္ေတြ ျဖစ္တဲ့ ဂ်ီဆိုး ၊ဂ်န္နီ ၊႐ိုစီနဲ႔ လီဆာတို႔ကလည္း ေရာင္စုံ ပန္းကေလးေတြလို ေရခဲမုန္ေတြနဲ႔ ကေလးစီး ကားေတြနဲ႔ ျမဴးတူး ခုန္ေပါက္ ျပေနတာက ကေလးမေလးေတြ လိုပါပဲ။
ေရာင္စုံေနရာ အမ်ိဳးမ်ိဳးကေန ခုန္ေပါက္ ထြက္လာတဲ့ ဟန္နဲ႔ သူမတို႔ရဲ႕ တင္ဆက္မႈက ဒီဖက္ေခတ္ ကေလးေတြ အႀကိဳက္ ပုံပါပဲ။ ျမဴးဇစ္ကေတာ့ ထုံးစံအတိုင္း လွ်ပ္စစ္ဂီတသံကို ခပ္ျမဴးျမဴး စကားလုံးေတြနဲ႔ ဖြဲ႕စည္း တည္ေဆာက္ ထားတာပါ။
“ၾကည့္စမ္းပါဦး အရမ္းေကာင္းတာပဲ။ ခ်ိဳမယ့္ပုံ ေပၚေနတယ္။ စားလို႔လည္း ေကာင္းမယ့္ပုံ ေပၚပါတယ္။ အနမ္းေတြကို အေအးဆုံး လုပ္ထားတယ္။ သူကေတာ့ က်မကို ေရခဲမုန႔္ေလးလို႔ ေခၚတာပဲ။ ေရခဲေသတၱာထဲမွာ က်မကို လာဖမ္း လွည့္ေခ်ေနာ္၊ က်မရွိတဲ့ ေနရာကိုက ဒီေနရာမွာပါ” လို႔ သံၿပိဳင္အပိုဒ္ကို ဂိုးမက္ဇ္နဲ႔ ဘလက္ပင့္ခ္တို႔ အတူတူ ဆိုၾကပါတယ္။
လာမယ့္ ေအာက္တိုဘာ ၂ရက္ေန႔မွာ ဘလက္ပင့္ခ္အဖြဲ႕ ထုတ္မယ့္ ICE CREAM အယ္လ္ဘမ္ရဲ႕ ေခါင္းစီး သီခ်င္းပါ။ အဲ့ဒိ အယ္လ္ဘမ္ အတြက္ ေၾကာ္ညာတဲ့ သေဘာနဲ႔ ဒီျမဴးဇစ္ ဗီဒီယိုကို ထုတ္လိုက္တာပါ။ ေတာင္ကိုရီးယား ဝိုင္းေတြရဲ႕ အထာအတိုင္း ခပ္ျမဴးျမဴး နဲ႔ လူငယ္ႀကိဳက္ ျမဴးဇစ္ပုံစံပါ။
ခပ္သြက္သြက္ကေလး သြားေနတဲ့ ျမဴဇစ္နဲ႔အတူ သူတို႔ရဲ႕ လႈပ္ရွားမႈ ေတြကလည္း သြက္လက္ တက္ႂကြေနပါတယ္။ ဘလက္ပင့္ခ္က ၂၀၁၉ ဧၿပီမွာ သူတို႔ရဲ႕ EP KILL THIS LOVE ကို ေနာက္ဆုံး ထုတ္ထားခဲ့ၿပီး ဂိုးမက္ဇ္ကေတာ့ ဇန္ဝါရီလတုန္းက RARE ကို ေနာက္ဆုံး အေနနဲ႔ ထုတ္ထားတာပါ။
ေမာင္ယႆ, REF: UPI, Photo: UPI
No Comments