မနေ့က ဂါဇာမှာ ပါလက်စတိုင်းတွေနဲ့ အစ္စရေးတွေ ဆော် ကြပြန်ပြီ

မနေ့က ဂါဇာမှာ ပါလက်စတိုင်းတွေနဲ့ အစ္စရေးတွေ ဆော် ကြပြန်ပြီ
International-news

မနေ့က ဂါဇာမှာ ပါလက်စတိုင်းတွေနဲ့ အစ္စရေးတွေ ဆော် ကြပြန်ပြီ

မောင်ယဿ ( သြဂုတ် ၂၃ )

ဆန္ဒပြ ပါလက်စတိုင်း အရပ်သား တစ်ယောက်က ကင်းစောင့်နေတဲ့ အစ္စရေး စစ်သားတစ်ယောက် ကို သေနတ်နဲ့ ပစ်ခတ်ရာမှ အစ္စရေး စစ်သားတွေက ပြန်လည်ပစ်ခတ်လို့ ပါလက်စတိုင်း အရပ်သား တော်တော် များများ ထိခိုက်ဒဏ်ရာရခဲ့သလို အပစ်ခံရတဲ့စစ်သားလည်း အရေးပေါ်ပို့လိုက်ရပါတယ်။

ဂါဇာ ကမ်းမြှောင် ဒေသက အစ္စရေး ပါလက်စတိုင်း နယ်စပ်မှာ မနေ့က ဆန္ဒပြမှုတွေ လုပ်ခဲ့ပါတယ်။ အကြမ်းဖက်မှု ဖြစ်ပေါ်လာလို့ အစ္စရေးတွေက ပစ်ခတ်ခဲ့ရပါတယ်လို့ အစ္စရေးသတင်းစာ တိုင်းမ်အော့ဖ် အစ္စရေးက ဖော်ပြခဲ့ သလို ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးကလည်း ပါလက်စတိုင်း အရပ်သား ၁၂ ယောက် အပြင်းအထန်ဒဏ်ရာရခဲ့တယ် လို့ ထုတ်ပြန်ပါတယ်။

အဲ့ဒိအထဲမှာ ၁၃ နှစ်အရွယ် ကလေးတစ်ဦးလည်း ပါပါတယ်။ အစ္စရေးကာကွယ်ရေးဝန်ကြီး ဌာနရဲ့ တွစ်တာပေါ်က ထုတ်ပြန်ချက်မှာ တော့ “ ကျနော်တို့ တပ်တွေ ကင်းစောင့်နေတဲ့ ဂါဇာ ခြံစည်းရိုး က ကင်းစခန်းတွေ ဆီကို ရာနဲ့ချီတဲ့ အာဖဂန်ဆူပူ အကြမ်းဖက် သမားတွေလာပြီး အော်ဟစ်ခဲ့ ကြပါတယ်။

အဲ့ဒိထဲက အချို့ က ခြံစည်းရိုးတွေကို ကျော်ပြီး ကျနော်တို့ ဖက်ကို မိုလိုတော့ တွေအပါအဝင် ပေါက်ကွဲတတ်တဲ့ ပစ္စည်းတွေနဲ့ ပစ်ခဲ့ကြပါတယ်။

အဲ့ဒိလူအုပ်ထဲက တစ်ယောက်က ပစ္စတိုနဲ့ ကင်းစောင့် စစ်သားကို ပစ်ခဲ့ပါတယ်။ အဲ့ဒိဗီဒီယိုဖိုင် ကို ကျနော်တို့ တွစ်တာမှာ တင်ပေးထားပါတယ်။

ကျနော်တို့က နယ်ခြား စည်းက ကွန်ကရစ်ခြံစည်းရိုး မှာ စနိုက်ပါသမားတွေ ပစ်ဖို့ အတွက် အပေါက်လေးတွေ ဖောက်ထားပါတယ် ။ အဲ့ဒိအပေါက် ကနေ ပါလက်စတိုင်း ပစ္စတိုသမားက ပစ်လိုက်လို့ ကျနော်တို့ စစ်သားတစ်ယောက် ထိသွားပါတယ် ။ သူ့ကို ဆိုရိုကာ ဆေးရုံ ပိုပြီး အရေးပေါ် ကုသခဲ့ရပါတယ်” လို့ ဆိုပါတယ်။

မနေ့က ပါလက်စတိုင်းနဲ့ ဟားမတ်စစ်သွေးကြွတွေ ပေါင်းပြီး ဆန္ဒပြ တာက ၂၀၁၉ ပြီးနောက် ပထမဆုံး ဆန္ဒပြန်ပြတာပဲဖြစ်ပါတယ်။

ဟားမတ်စစ်သွေးကြွ ပြောခွင့်ရပုဂ္ဂိုလ် ဖူဆီဘာဟာရွန် ကတော့ “ ကျနော်တို့ ပါလက်စတိုင်းနယ်မြေ ကိုကျူကျော်ပြီး ဝင်ရောက်အခြေချနေတဲ့ အစ္စရေးတွေကို ကျနော်တို့ကတော့ ဘယ်တော့ မှသဘောတူ မှာမဟုတ်ပါဘူး ။ အဲ့လိုပဲ ဆန္ဒပြတာတွေ ခံချတာတွေက အမြဲလုပ်နေမှာပါ” လို့ ဆိုပါတယ်။

REF: UPI,Photo:Credit  UPI

Zawgyi


မနေ့က ဂါဇာမှာ ပါလက်စတိုင်းတွေနဲ့ အစ္စရေးတွေ ဆော် ကြပြန်ပြီ
မနေ့က ဂါဇာမှာ ပါလက်စတိုင်းတွေနဲ့ အစ္စရေးတွေ ဆော် ကြပြန်ပြီ

မောင်ယဿ ( သြဂုတ် ၂၃ )



မနေ့က ဂါဇာမှာ ပါလက်စတိုင်းတွေနဲ့ အစ္စရေးတွေ ဆော် ကြပြန်ပြီ1





မနေ့က ဂါဇာမှာ ပါလက်စတိုင်းတွေနဲ့ အစ္စရေးတွေ ဆော် ကြပြန်ပြီ2



REF: UPI
Photo: UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …