
Knowledge














မောင်ယဿ

REF: euronews

Photo; wiki

Unicode

မတ်လ၈ရက် နိုင်ငံတကာအမျိုးသမီးများနေ့

၂၀၂၀ မတ်လ ၈ ရက် (တနင်္ဂနွေနေ့)က နိုင်ငံတကာ အမျိုးသမီးနေ့ ဖြစ်ပါတယ်။ အောင်မြင်မှုတွေကို ဖန်တီးနိုင်တဲ့ အမျိုးသမီး များကို အသိအမှတ်ပြုရုံ သာမက ဘဝလမ်းမှာ ကြုံရတဲ့ အခက်အခဲများကို ရင်ဆိုင် ခံနိုင်ရည်ရှိတဲ့ အမျိုးသမီးတွေကိုပါ ရည်စူးတဲ့ နေ့ပါပဲ။

နိုင်ငံတကာ အမျိုးသမီးများနေ့နဲ့ ပတ်သက်တဲ့ ကမ္ဘာ ဖြစ်ရပ်ပုံရိပ်အချို့ကို ဖော်ပြလိုက်ပါတယ်။
၁၉၇၇ ခုနှစ်မှာ ကုသမဂ္ဂက နိုင်ငံတကာ အမျိုးသမီးများနေ့ကို မသက်မှတ်ခင်က အမျိုးသမီးများကို အသိအမှတ်ပြုတဲ့ နေ့ရက်တစ်ရက် တရားဝင်မဟုတ်ဘဲ သက်မှတ်ဖို့ ကြိုးစားခဲ့ပါတယ်။

အစပထမမှာ ကမ္ဘာ့သမိုင်းထဲက အမျိုးသမီး လှုပ်ရှားမှု တစ်ခုခုကို ရည်ညွှန်းပြီး နေ့သက်မှတ်ဖို့ ကြိုးစားခဲ့တဲ့ နေရာမှာ ၂၀ရာစု အစောပိုင်းက မြောက်အမေရိကားနဲ့ ဥရောပမှာရှိတဲ့ အမျိုးသမီး အလုပ်သမား လှုပ်ရှားမှုတွေကို ရှာဖွေကြည့်ခဲ့ကြပါတယ်။

ပထမကမ္ဘာစစ်အတွင်းက ရုရှားနိုင်ငံမှာ အမျိုးသမီး အလုပ်သမားတွေက တိုင်းပြည် စီးပွားရေး ကျဆင်းနေခြင်းကို ပြန်လည် တည်ဆောက်ရန် အစိုးရက တိုက်တွန်းတဲ့ အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ အဲ့ဒိနေ့က ၁၉၁၃ခုနှစ် မတ်လ ၈ ရက်နေ့ဖြစ်ပါတယ်။

အဲ့ဒိနေ့ရောက်တိုင်း ဥရောပနိုင်ငံတိုင်းက အမျိုးသမီးတွေက သက်ဆိုင်ရာ အစိုးရတွေကို စီတန်း လှည့်လည်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ အလေ့အထ ရှိခဲ့ပါတယ်။

ပေါင်မုန့်နဲ့ ငြိမ်းချမ်းရေး ခေါင်းစဉ်နဲ့ ဆန္ဒပြမှုတွေ လုပ်ခဲ့တာပါ။ ရုရှားနိုင်ငံ မှာလုပ်တဲ့ ဆန္ဒပြပွဲကိုလည်း အားဖြည့်တဲ့ အနေနဲ့ ဥရောပ အမျိုးသမီးတွေက သွားပြီး ပူးပေါင်းခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ရောက်တော့ မတ်လ ၈ရက်နေ့ ရောက်ပြီဆိုရင် ဥရောပ တစ်တိုက်လုံးက အမျိုးသမီးတွေက အမျိုးသမီး အခွင့်အရေးအတွက် စီတန်း လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

၁၉၇၀ ရောက်တော့မှ အမေရိကားက ဘောစတွန်မြို့မှာ ကိုယ်ဝန်ဖျက် ချခွင့်နဲ့ အလုပ်ခွင် တန်တူ ညီမျှမှု ရှိရေးအတွက် ဆန္ဒပြ တောင်းဆိုမှုတွေကို စလုပ်ခဲ့ပါတယ်။

အမျိုးသမီးတွေရဲ့ စုပေါင်း တောင်းဆိုမှု အတွက် နိုင်ငံအသီးသီးက နိုင်ငံခေါင်းဆောင်တွေက တောင်းဆိုမှုတွေကို အသိအမှတ်ပြု ပေးရတဲ့အထိ အောင်မြင်မှုကို ရရှိခဲ့ပါတယ်။

ကုလသမဂ္ဂက လိင်ကွဲပြားမှု တန်းတူအခွင့်အရေး ရရှိရေးနဲ့ အမျိုးသမီးအခွင့်အရေးကို နားလည်သဘောပေါက်ပါ ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်စွဲခဲ့ပါတယ်။

“၂၀၂၀က အမျိုးသမီးတွေရဲ့ ကျား ၊မ ခွဲခြားမှု တန်းတူ အခွင့်အရေးအတွက် အထူးခြားဆုံး လုပ်ဆောင်နိုင်တဲ့ နှစ်ပါပဲ။ အဲ့ဒိအတွက် ဘယ်သူမှ နောက်ချန်မနေဘဲ ကျမတို့နဲ့အတူ လက်တွဲလိုက်ခဲ့ပါ။

ကျား၊ မ ခွဲခြားနေတဲ့ နိုင်ငံတွေက ဘယ်တော့မှ အောင်မြင်တဲ့ နိုင်ငံတစ်နိုင်ငံကို ထူထောင်နိုင်မှာ မဟုတ်ဘူး”လို့ ကုလသမဂ္ဂ အမျိုးသမီးရေးရာ ဆောင်ရွက်နေတဲ့ ထိပ်တန်း အရာရှိတစ်ဦးက ဆိုပါတယ်။

မောင်ယဿ

REF: euronews

Photo; wiki

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါလွတ်မြောက်ရေး လယ်တီဆရာတော်ဘုရားကြီး၏အစီအရင်တော်
Knowledge
“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက် ရပ်ကွပ်၊မြို့ရွာ၊တိုင်းခရိုင်၊ပြည်နယ်အလိုက် ကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းလမ်း” ၂

“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက် ရပ်ကွပ်၊မြို့ရွာ၊တိုင်းခရိုင်၊ပြည်နယ်အလိုက် ကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းလမ်း” ၂ (၁)မိမိတို့၏ ရပ်ကွပ်၊ကျေးရွာရှိ လမ်းတိုင်း၊လမ်းတိုင်းတွင် ခြုံနွယ်ပိတ်ပေါင်းများကင်းစင်စေရန်အတွက် ခုတ်ထွင်ရှင်းလင်းခြင်း၊အမှိုက်ပုံ၊ရေပုပ်ရေကန်စ သည့် အပုပ်နံ့၊အညီနံ့ အကောင်းသည့်အနံ့အသက်များထွက်ပေါ်နေသည့် နေရာများကိုအနံ့အသက်ကင်းပျောက်စေရန် စီမံပြုလုပ်ခြင်း၊တံမြက်စည်းလှဲ၍ သန့်ရှင်းအောင်ပြုလုပ်ထားခြင်း၊လူမနေသည့် အိမ်၊အိမ်အိုအိမ်ပျက်၊တဲအိုတဲပျက်များကို ခွင့်ပြုချက်ယူ၍ ဖြိုဖျက်ခြင်း၊လူအစောင့်အရှောက်ထားစေခြင်းတို့ ကိုစီမံပြုလုပ်ထားရပါမည်။ဖျားနာနေသောလူနာများရှိလျှင် ဆေးဝါးကုသပေးခြင်း၊ဆေးရုံ၊ဆေးခန်း၊ဒေသန်္တရကျန်းမာရေးဌာနများသို့ပို့ဆောင်ပေးခြင်းတို့ ကိုပါပြုလုပ်ပေးရပါမည်။ (၂) ရပ်ကွပ်၊ကျေးရွာများရှိ လူကြီး၊လူငယ်၊ပရဟိတအဖွဲ့များသည် မိမိတို့၏ ရပ်ကွပ်၊ကျေးရွာရှိ ရဟန်းသံဃာတော်များထံသို့သွားရောက်ပြီး အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်ရန်အတွက် လျှောက်ထားပြီး ရပ်ကွပ်၊ကျေးရွာအတွင်း၌ အန်္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲများကျင်းပနိုင်ရန်အတွက် စနစ်တ ကျစီစဉ်ပြီး ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကြီးများကို ပြုလုပ်ပေး၍ ရပ်ကွပ်၊ကျေးရွာအနှံ့တွင် ပရိတ်ရေစင်များပက်ဖျန်းပေးရပါမည်။ထို့အပြင် အသံမစဲမဟာပဋ္ဌာန်း ပွဲကြီးကိုပါစီစဉ်၍ကျင်းပပြုလုပ်ပေးရပါမည်။ပဋ္ဌာန်းပွဲပြီးလျှင် ပဋ္ဌာန်းရေစင်များကိုလည်း အထက်ပါနည်းအတိုင်း ရပ်ကွပ်၊ကျေးရွာအနှံ့တွင် အန္တရာယ်ကင်း စေရန်အတွက် ပက်ဖျန်းပေးရပါမည်။ဤနည်းအတိုင်း မြို့နယ်၊တိုင်းဒေသကြီး၊ပြည်နယ်များတွင်ပါ …

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါလွတ်မြောက်ရေး လယ်တီဆရာတော်ဘုရားကြီး၏အစီအရင်တော်
Knowledge
“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက်လူတစ်ဦးခြင်း ကြိုတင်ကာကွယ်ရမည့်နည်းလမ်း”

“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက်လူတစ်ဦးခြင်း ကြိုတင်ကာကွယ်ရမည့်နည်းလမ်း” (၂) သူတစ်ပါးအသက်ကိုသတ်ဖြတ်ခြင်းမှရှောင်ကြဉ်ရမည်။ (၁) အရက်သေစာ၊မူးယစ်ဆေးဝါး သုံးစွဲခြ င်းမှရှောင်ကြဉ်ရမည်။ (၃) ခိုးဆိုး၊လုယက်စသည့် မတရားသောအမှုကိုပြုလုပ်ခြင်းမှရှောင်ကြဉ်ရမည်။ (၃) ခိုးဆိုး၊လုယက်စသည့် မတရားမှုပြုလုပ်ခြင်းမှရှောင်ကြဉ်ရမည်။ (၄) သူတစ်ပါးသားမယားကိုပြစ်မှားခြင်းမှရှောင်ကြဉ်ရမည်။ (၅) မဟုတ်မမှန်သောမုသားစကားပြောဆိုခြင်းမှရှောင်ကြဉ်ရမည်။ (၆) ကပ်ရောဂါပိုဆိုးလာလျှင်(သို့မဟုတ်)ယခုအချိန်မှစတင်၍ သက်သတ်လွတ်ကိုသာစားလျှင်ပို၍ကောင်းပါသည်။ (၇) ရတနသုတ်ပရိတ်တော်ကြီးနှင့်ဘုရားခုနှစ်ဆူ စက်ပရိတ်တော်ကြီးကို နေ့၊ညမှန်မှန်ရွတ်ဖတ်ပူဇော်ရမည်။(အခေါက်ရေများများရွတ်နိုင်လေပိုကောင်း လေဖြစ်၏) (၈) ပရိတ်ချည်၊ပရိတ်ကြိုးများကို ကိုယ်မှာဆောင်ထားရမည်။ဆောင်ထားရမည်ဆိုသည်မှာ လယ်တီဆရာတော်ဘုရားကြီးက အတိအကျလမ်းညွှန်ထား သည်မှာ လည်ပင်းတွင်လည်းဆွဲထားရမည်။ထို့အတူလက်ကောင်ဝတ်နှစ်ဘက်တွင်လည်းချည်ထားရမည်ဟု ညွှန်ကြားထားသည့်အတွက်ထိုအတိုင်း ဆောင်ထားရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ (၉) တုတ်၊ဓားလက်နက်၊လေးခွတို့ကိုဆောင်ထားပါ။ဘီလူးသားဘက်တို့သည် ၎င်းင်းတို့၏တန်ခိုးဖြင့်ကိုယ်ယောင်ဖျောက်ထားနိုင်သော်လည်း တုတ်၊ဓား လက်နက်၊ဆူးချွန်၊လေးခွတို့ကို မကာကွယ်နိုင်သဖြင့်အလွန်ကြောက်ကြ၏။ထို့ကြောင့်လက်နက်တို့နှင့်ဝေးရာသို့ ရှောင်ရှားထွက်ပြေးကြ၏။မိမိတို့ကိုအန္တရာယ်ပေးခြင်း၊ဖမ်းစားခြင်းမပြုနိုင်ဟု ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးက ကိုယ်တွေ့နှိမ်နင်းနိုင်ခဲ့သည့်နည်းလမ်းဖြစ်ကြောင်းကိုမိန့်ဆိုထားလေ၏။ ထို့ကြောင့် ထို့ကြောင့်လမ်းသွားလမ်းလာပြုသောအခါတွင် တုတ်၊ဓားလက်နက်ဆောင်၍ရသောနယ်များတွင်၊တုတ်၊ဓားလက်နက်များကိုဆောင်သွားပါ။အ နည်းဆုံး …

ချစ်ပြီးမှ လမ်းမခွဲ ချင်ဘူးဆိုရင်တော့
Knowledge
ချစ်ပြီးမှ လမ်းမခွဲ ချင်ဘူးဆိုရင်တော့

ချစ်ပြီးမှ လမ်းမခွဲ ချင်ဘူးဆိုရင်တော့ ချစ်ပြီးမှ လမ်းခွဲစကား ပြောဖို့က တကယ်တော့ အားနာဖို့ကောင်းတယ် ။ တစ်ယောက် အကြောင်းလည်း တစ်ယောက် သိနေပြီ ။ တစ်ယောက် အားနည်းချက် ကိုလည်း မြင်ပြီးမှ အဲဒါကို နင်းပြီး လမ်းခွဲ လိုက်ကြတာ ဘယ်ကောင်းမလဲ ။ တကယ် နှစ်နှစ်ကာကာ ချစ်တဲ့ သူတွေ ဆိုရင် နစ်နာပါတယ် ။ ချစ်တယ် ဆိုတဲ့ စကားလုံးကို လိင် စိတ်ဖြေဖို့အတွက် သက်သက် အငှားသုံးတဲ့သူတွေကို မဆိုလိုပါဘူး ။ အပြန်အလှန် ချစ်မိကြလို့ အကြောင်းကြောင်းကြောင့် လမ်းမခွဲချင်ဘူး ဆိုရင်တော့ အောက်မှာ အကြံပြုထားတာကို လိုက်နာကြည့်ပါလား။ ၁။ အပြုသဘောဆောင်တဲ့ …