မင္းသိခၤေျပာသည့္ ဟိတ္ႏွင့္ဟန္အေၾကာင္း (သို႔မဟုတ္) အမွာစာ

မင္းသိခၤေျပာသည့္ ဟိတ္ႏွင့္ဟန္အေၾကာင္း
Article

မင္းသိခၤေျပာသည့္ ဟိတ္ႏွင့္ဟန္အေၾကာင္း (သို႔မဟုတ္) အမွာစာ

တစ္ေန႔သ၌ ကြၽႏ္ုပ္ထံသို႔ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္း ၿမိဳ႕ဦးေစတီဘုရားမွ ဆရာသိဒၶိစိုးဆိုသည့္ ေဗဒင္လကၡဏာဆရာတစ္ဦး ေရာက္ရွိလာေလ၏။ ၎ဆရာသိဒၶိစိုးသည္ ကြၽႏ္ုပ္ထံတြင္ ေဗဒင္ လကၡဏာပညာမ်ားကို ဆည္းပူးသြားသူ ျဖစ္၏။

ယခု သူေရာက္လာသည့္ကိစၥမွာ သူေရးထားသည့္ “ႏွလုံးစိတ္ဝမ္း ေအးခ်မ္းေစေသာ ယၾတာမ်ား ဆိုသည့္ စာအုပ္အား ကြၽႏ္ုပ္ကို အမွာစာ ေရးေပးေစလို၍ ေရာက္လာျခင္းျဖစ္၏။ ထို႔ေၾကာင့္ ကြၽႏ္ုပ္လည္း ၎၏ စာအုပ္ကို လွန္ေလွာ၍ ဖတ္ရႈၿပီးေနာက္ –

“အမွာစာလည္း ေရးေပးလိုက္မယ္၊ မနက္စာလည္း ထမင္းေကြၽးလိုက္မယ္၊ စီးလာတဲ့ ဆိုင္ကယ္ ထဲမွာလည္း ဓာတ္ဆီ ထည့္ေပးလိုက္ဦးမယ္…၊ အဲဒီလို လုပ္တဲ့အတြက္ ကိုယ့္လူက ကိုယ့္ကို စိတ္မဆိုးဘူး မဟုတ္လား …”ဟု ေမးလိုက္ရာ ၎က –

“ကြၽန္ေတာ္ေမြးတဲ့ ဆရာေတြထဲမွာ ဆရာႀကီးဟာ အလိမၼာဆုံးပဲ..”ဟု ေျပာသျဖင့္ ကြၽႏ္ုပ္လည္း ေပါင္မုန႔္ကို မီးကင္၍ ေထာပတ္သုတ္ၿပီးလွ်င္ လက္ဘက္ရည္ခ်ိဳ တစ္ခြက္ျဖင့္ ၎အား အဆာေျပဧည့္ခံ ထားကာ ေမွာ္ဘီေဈးသို႔ “အာၿဗဲ”ဆိုသည့္ ဆိုကၠားဆရာ၏ ဆိုကၠားျဖင့္ သြားရေလေတာ့၏။

ေဈးမွ ျပန္ေရာက္အခါ ဆရာသိဒၶိစိုးကို ထားခဲ့ေသာ သီဟိုဠ္ပင္ေအာက္သို႔ပင္ မီးဖိုမ်ား၊ အိုးခြက္ မ်ား၊ ပန္းကန္ခြက္ေရာက္မ်ားကို ေ႐ႊ႕ကာ ၎ႏွင့္ စကားေျပာရင္း နံနက္စာကို ခ်က္ျပဳတ္ရေလေတာ့၏။

ငါးျမင္းေခါင္းကို ခရမ္းသီး၊ ႐ုံးပတီသီးတို႔ျဖင့္ အရည္ေသာက္ ခ်ဥ္စပ္ခ်က္၏။ ပုဇြန္ဆိတ္မ်ားကို ဆုံ တြင္ေထာင္း၍ ခ်င္း (ဂ်င္း)မ်ားျဖင့္ ဆုပ္ၿပီးလွ်င္ ေၾကာ္လိုက္ၿပီးေနာက္ အုန္းႏို႔ျဖင့္ ဆီျပန္ ခ်က္ရေလ၏။ ငါး ဖယ္ငါးဆုပ္ကို ပါးပါးလွီး၍ သုပ္ရေလ၏။

ဘဲ႐ိုးကို ဟင္းခ်ိဳပူပူ ခ်က္ကာ ဆူးပုပ္႐ြက္ မီးသင္း၍ ခတ္၏။ ထို႔ ေနာက္ မုန္လာခ်ဥ္ႏွင့္ ငံျပာရည္ခ်က္ကို စီမံရေလ၏ ။ အလုံးစုံ ၿပီးေသာအခါ၌ ၎ဆရာသိဒၶိစိုးအား ထိုသီဟိုဠ္ပင္ ေအာက္၌မွာပင္ ထမင္းစားပြဲခင္းကာ နံနက္စာ တည္ခင္း ေကြၽးေမြးရေလ၏။

၎ထမင္းစားေနစဥ္အတြင္း ၎၏ စာအုပ္ကို ကြၽႏ္ုပ္သည္ အစမွ အဆုံးထိေအာင္ ဖတ္ၾကည့္၏။ စာအေရးအသား ညက္ေညာ၏ ။ တင္ျပပုံ ေကာင္း၏ ။ ထို႔ေၾကာင့္ ေဗဒင္ယၾတာစာအုပ္ကို ဖတ္ရသည္ႏွင့္ မတူဘဲ စိတ္ဝင္စားဖြယ္ ေကာင္းေသာ ဝတၳဳစာအုပ္တစ္အုပ္ကို ဖတ္ေနရသည္ႏွင့္ တူ၏ ။ ကြၽႏ္ုပ္သည္ စာအုပ္ကိုဖတ္ၿပီးေသာအခါ၌ –

“ေဟ့ သိဒၶိစိုး …၊ ေျခေထာက္မသန္ဘဲ လမ္းေလွ်ာက္ခ်င္ရင္ေတာ့ ခ်ိဳင္းေထာက္ကို အကူအညီယူ ရမွာေပါ့ကြာ …၊ ေျခေထာက္ေကာင္းေနရင္ေတာ့ ခ်ိဳင္းေထာက္ မလိုပါဘူး …”ဟု ကြၽႏ္ုပ္က ေျပာလိုက္ရာ ၎က –

“ဆရာႀကီး ဘာကို ဆိုလိုတာလဲ …”ဟု ေမးေလ၏။

“ဘာကို ဆိုလိုရမလဲကြာ …၊ မင္းစာအုပ္က အေၾကာင္းအရာလည္း ေကာင္းတယ္ကြာ …၊ အေရးအသားလည္း ေကာင္းတယ္ကြာ …၊ တင္ျပပုံလည္း ေကာင္းတယ္ကြာ …၊ သူ႔ဟာနဲ႔သူ ေလွ်ာက္လို႔ ရေနၿပီပဲ …၊ ခ်ိဳင္းေထာက္နဲ႔တူတဲ့ ငါ့အမွာစာ မလိုပါဘူး ….”ဟု ကြၽႏု္ပ္က ေျပာလိုက္ရာ –

“မဟုတ္ဘူး ဆရာႀကီးရဲ႕ …၊ ေလာကမွာ ဟိတ္နဲ႔ ဟန္ဆိုတာ ရွိေသးတယ္…” ဟု ျပန္၍ေျပာေလ၏။

“ဘာလဲကြ .. ဟိတ္၊ ဟန္ဆိုတာ …“ဟု ကြၽႏ္ုပ္က ျပန္၍ေမးရာ ၎င္းဆရာသိဒၶိစိုးက –

“ဟန္ဆိုတာကေတာ့ ကိုယ္ပိုင္အရည္အခ်င္းပဲ ဆရာႀကီးေရ ..၊ ဟိတ္ဆိုတာကေတာ့ သူတစ္ပါး ရဲ႕ အရည္အခ်င္းကို ေဖာ္ျပတာပဲ ..၊ ကြၽန္ေတာ္တို႔နားမွာ မုန႔္ဟင္းခါးအခ်က္ေကာင္းတဲ့ ဦးေခြးရဲ႕ တူ မုန႔္ဟင္း ခါးအခ်က္ေကာင္းတဲ့ ေဒၚဘုမရဲ႕သားက မုန႔္ဟင္းခါးဆိုင္ထြက္တဲ့ အခါမွာ ဦးေခြးရဲ႕တူေဒၚဘုမရဲ႕သား ေမာင္ ငယ္မုန႔္ဟင္းခါးဆိုင္ လို႔ ဆိုင္းဘုတ္ေရးၿပီး တင္ထားတယ္ ။

ဦးေခြးရဲ႕ တူတို႔၊ ေဒၚဘုမရဲ႕ သားတို႔ဆိုတာ သူ႔အရည္အခ်င္း မဟုတ္ဘူး ..၊ ဟိတ္ဟန္ထုတ္ထားတာ ..၊ သူ႔အရည္အခ်င္းကေတာ့ ေမာင္ငယ္မုန႔္ဟင္းခါးပဲ၊ ကြၽန္ေတာ္ ေတာမွာ ေနတုန္းက သူႀကီးသားနဲ႔ ရန္ ျဖစ္ဖူးတယ္…၊ သူႀကီးသားက ေျပာတယ္…၊

ငါ့ကို ဘာေအာက္ေမ့လို႔လဲ …၊ သူႀကီးသားကြ ..”လို႔ ေျပာတယ္၊ အဲဒါ ဘာလုပ္တာလဲဆိုေတာ့ သူ႔အေဖသူႀကီးရဲ႕ဟိတ္ကိုယူၿပီး သုံးလိုက္တာ ..၊ အဲဒီလိုလည္းေျပာေရာ …၊ ကြၽန္ေတာ္တို႔လည္း ၿဖဳံသြား တာေပါ့ …၊ ရွင္းရွင္းေျပာရရင္ ကြၽန္ေတာ္တို႔လည္း လန႔္သြားတာေပါ့ ..၊

ဟန္လည္း ဒီလိုပါပဲ ဆရာႀကီးရယ္ ..၊ဆရာသိဒၶိစိုးဆိုတာက ဘယ္သူမွမသိဘူးေလ …၊ဆရာႀကီး မင္းသိခၤရဲ႕ အမွာစာပါတယ္ဆိုတဲ့ “ဟိတ္”ကိုယူထားတာပါ …၊ အခုေလာက္ ရွင္းျပရင္ ဆရာႀကီးဟာ “ဟိတ္နဲ႔ ဟန္”ကို ကြဲကြဲျပားျပား သိၿပီေပါ့ …”ဟု ေမးေလေတာ့၏။

“သိပါၿပီ ငါ့လူရာ …၊ သိပါၿပီ ..၊ ဟန္က ကိုယ္ပိုင္၊ ဟိတ္က သူမ်ားဟာ …”ဟု ကြၽႏ္ုပ္က ေျဖလိုက္ လွ်င္ ၎က –

“ကြၽန္ေတာ္ေမြးတဲ့ ဆရာေတြထဲမွာ ဆရာႀကီးက ေျပာရဆိုရ သိပ္ၿပီးလြယ္တာပဲ …၊ နားကေျဖာင့္တယ္၊ မေကာက္ဘူး၊ အဲဒီေတာ့ အဆင္ေျပတာေပါ့ ဆရာႀကီးရယ္ …”ဟု ေျပာေလေတာ့ ၏ ။

“မင္းရဲ႕ ယၾတာနည္းေတြက ႐ိုး႐ိုးမေရးဘဲ ဇာတ္လမ္းေလးလိုလို ဘာေလးလိုလို အစပ်ိဳးထား ေတာ့ ဖတ္ရတာ မၿငီးေငြ႕ဘူးကြာ၊ ၿပီးေတာ့ မလိုအပ္ဘဲ လွ်ာေၾကာရွည္ၿပီး ရွင္းျပတာေတြလည္း မပါေတာ့ ဖတ္ရတဲ့ဘူ အေမာေျပတာေပါ့ကြာ …၊ မလိုအပ္ဘဲ ရွင္းလင္းခ်က္ေတြမ်ားေနရင္ ဖတ္ရတာစိတ္ရႈတ္ဖို႔ ေကာင္းတယ္ကြ ..၊

အဲဒါေၾကာင့္ မင္းရဲ႕ စာအုပ္ကို ႀကိဳက္တယ္ကြာ ..၊ ငါတို႔ၿခံမွာ ရွိတဲ့ “ရာဇၿဂိဳလ္”စာအုပ္ဆိုင္မွာလည္း တင္မယ္ကြာ ..၊ ငါတို႔ၿခံရဲ႕ “နာလႏၵာ”ခန္းမမွာ ဖြင့္တဲ့ ေဗဒင္သင္တန္းမွာလည္း ေရာင္းေပးမယ္ကြာ …၊

ယၾတာနည္းယူဖို႔ မဟုတ္ဘူး၊ ငါ့ရဲ႕ သင္တန္းသားေတြ စာေရးနည္း အတုယူရေအာင္ပါ …၊ မင္းရဲ႕လုပ္ရပ္ကေတာ့ ဆရာတစ္ေယာက္အေနနဲ႔ အလြန္ပီတိ ျဖစ္မိတယ္ကြာ …”ဟု ကြၽႏ္ုပ္က ေျပာလိုက္လွ်င္ ၎က –

“ကြၽန္ေတာ္ေမြးတဲ့ ဆရာေတြထဲမွာ ဆရာႀကီးက ခ်စ္ဖို႔ အေကာင္းဆုံးပဲ …”ဟု ေျပာေလ၏။

“မင္းကလည္းကြာ …၊ တပည့္ေမြးတာပဲ ၾကားဖူးပါတယ္၊ ဘယ့္ႏွယ့္ ဆရာေမြးရမွာလဲကြာ …”ဟု ကြၽႏ္ုပ္က ေျပာလိုက္ရာ –

“ဆရာက တပည့္ေမြးသလို တပည့္ကလည္း ဆရာကိုေမြးတာေပါ့ ..၊ အျပန္အလွန္ ေမြးျမဴေရး ေလ ဆရာႀကီးရဲ႕ ..၊ ငုံးေမြးတာ၊ ၾကက္ေမြးတာက အစာဖိုး၊ ေဆးဖိုး ကုန္ေသးတယ္၊ ဆရာေမြးရတာက အစာ ဖိုးလည္း မကုန္ဘူး၊ ေဆးဖိုးလည္း မကုန္ဘူး …”ဟု ေျပာလိုက္ရာ ကြၽႏ္ုပ္မွာ ရယ္ရေသးေတာ့၏။

“ေဟ့ေကာင္ မိုးေတြၿခိမ္းေနၿပီေနာ္ ..၊ မိုးႀကိဳးပစ္လိမ့္မယ္ …”ဟု ကြၽႏ္ုပ္က ေနာက္လိုက္ရာ ၎က

“ပစ္ခ်င္လည္း ပစ္ပါေစ ဆရာႀကီးရယ္ ..၊ ကြၽန္ေတာ္ကေတာ့ ဆရာႀကီးကို ဖက္ထားမွာပဲ၊ ဆရာႀကီးက ေကာင္းမႈမ်ားတယ္ အေပၚကိုတက္ရမွာ …၊ အဲဒီေတာ့ ေသသြားရင္ေတာင္ ဆရာႀကီးနဲ႔ကပ္ၿပီး အေပၚကို ေရာက္သြားႏိုင္တယ္ …”ဟု ေျပာလိုက္လွ်င္ ကြၽႏ္ုပ္က –

“မင္းဘက္က အသာခ်ည္းပါပဲလားကြာ …”ဟု ေျပာလိုက္လွ်င္ ၎က –

“စစ္ပါရဂူႀကီး ဆြန္ဇူးက ႏိုင္မယ့္စစ္ကိုပဲ တိုက္ရမယ္တဲ့၊ အဲဒီအတိုင္းဆိုရင္ တိုက္ပြဲတစ္ရာ၊ ေအာင္ပြဲတစ္ရာပဲတဲ့ …၊ သူ႔ရဲ႕ “အတ္ေအာ့ဖ္ဝါး”မွာ အဲဒီအတိုင္း ဆိုထားတယ္ ဆရာႀကီးရဲ႕ ..၊ ကြၽန္ေတာ္ လည္း ကိုယ့္ဘက္က မသာရင္၊ မျမတ္ရင္ ဘာမွမလုပ္ဘူး ဆရာႀကီးရဲ႕ …”ဟု ေျပာေလ၏ ။ ထိုအခါ ကြၽႏ္ုပ္ က –

“အဲဒီအတိုင္းဆိုရင္ မင္းဟာ တစ္ကိုယ္ေကာင္း ဆန္တာေပါ့၊ အၿမီးက်က္ အၿမီးစားဆိုတဲ့ သ ေဘာမ်ိဳးေပါ့ ..“ကြၽႏ္ုပ္က အျပစ္တင္လိုက္ရာ ၎က

“ကြၽန္ေတာ္က အၿမီးက်က္ အၿမီးစားအဆင့္ပဲ ရွိေသးတယ္ ဆရာႀကီးရဲ႕ ..၊ ကြၽန္ေတာ္ေတြ႕ရတဲ့ လူေတြကေတာ့ အၿမီးက်က္ ေခါင္းစားလူေတြပဲ ေတြ႕ရတယ္၊ သူတို႔ထက္ စာရင္ေတာ့ ကြၽန္ေတာ္က အမ်ားႀကီး ေတာ္ေသးတာေပါ့ …”ဟု ေျပာလိုက္ရာ ကြၽႏ္ုပ္လည္း သေဘာက်စြာျဖင့္ ရယ္ရေလေတာ့၏ ။

“ေတာ္ပါေပတယ္ … ေမာင္မင္းႀကီးသားေလး ေတာ္ပါေပတယ္ ….၊ မင္းေရးတဲ့ စာအုပ္ကလည္း ေကာင္းပါေပတယ္ ….”ဟု ႏွစ္ႏွစ္ကာကာ ခ်ီးက်ဴးလိုက္ရေလေတာ့သတည္း ….။

သဗ္ဗေသတ္တာကမ္မႆကာ
မင္းသိခၤ

မွတ္ခ်က္ ။ ။ ဤစာသည္( ၂၀၀၆ ခုႏွစ္၊ဇန္နဝါရီ )
လတြင္ထုတ္ေဝခဲ့သည့္ ကြၽန္ေတာ့္ရဲ႕ ပထမဆုံးစာ အုပ္ျဖစ္သည့္ ယၾတာစာအုပ္တြင္ “အမွာစာ ( သို႔မဟုတ္ ) ေမာင္မင္းႀကီးသားေလး ေတာ္ပါေပတယ္” ေခါင္းစဥ္ျဖင့္ အဘေရးေပးခဲ့သည့္ အမွာစာကို ျပန္လည္ေဖာ္ျပလိုက္ျခင္း ျဖစ္ပါေပသည္။

သိဒၶိစိုး

Unicode

မင်းသိင်္ခပြောသည့် ဟိတ်နှင့်ဟန်အကြောင်း (သို့မဟုတ်) အမှာစာ

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့ဦးစေတီဘုရားမှ ဆရာသိဒ္ဓိစိုးဆိုသည့် ဗေဒင်လက္ခဏာဆရာတစ်ဦး ရောက်ရှိလာလေ၏။ ၎င်းဆရာသိဒ္ဓိစိုးသည် ကျွန်ုပ်ထံတွင် ဗေဒင် လက္ခဏာပညာများကို ဆည်းပူးသွားသူ ဖြစ်၏။

ယခု သူရောက်လာသည့်ကိစ္စမှာ သူရေးထားသည့် “နှလုံးစိတ်ဝမ်း အေးချမ်းစေသော ယတြာများ ဆိုသည့် စာအုပ်အား ကျွန်ုပ်ကို အမှာစာ ရေးပေးစေလို၍ ရောက်လာခြင်းဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်လည်း ၎င်း၏ စာအုပ်ကို လှန်လှော၍ ဖတ်ရှုပြီးနောက် –

“အမှာစာလည်း ရေးပေးလိုက်မယ်၊ မနက်စာလည်း ထမင်းကျွေးလိုက်မယ်၊ စီးလာတဲ့ ဆိုင်ကယ် ထဲမှာလည်း ဓာတ်ဆီ ထည့်ပေးလိုက်ဦးမယ်…၊ အဲဒီလို လုပ်တဲ့အတွက် ကိုယ့်လူက ကိုယ့်ကို စိတ်မဆိုးဘူး မဟုတ်လား …”ဟု မေးလိုက်ရာ ၎င်းက –

“ကျွန်တော်မွေးတဲ့ ဆရာတွေထဲမှာ ဆရာကြီးဟာ အလိမ္မာဆုံးပဲ..”ဟု ပြောသဖြင့် ကျွန်ုပ်လည်း ပေါင်မုန့်ကို မီးကင်၍ ထောပတ်သုတ်ပြီးလျှင် လက်ဘက်ရည်ချို တစ်ခွက်ဖြင့် ၎င်းအား အဆာပြေဧည့်ခံ ထားကာ မှော်ဘီဈေးသို့ “အာဗြဲ”ဆိုသည့် ဆိုက္ကားဆရာ၏ ဆိုက္ကားဖြင့် သွားရလေတော့၏။

ဈေးမှ ပြန်ရောက်အခါ ဆရာသိဒ္ဓိစိုးကို ထားခဲ့သော သီဟိုဠ်ပင်အောက်သို့ပင် မီးဖိုများ၊ အိုးခွက် များ၊ ပန်းကန်ခွက်ရောက်များကို ရွှေ့ကာ ၎င်းနှင့် စကားပြောရင်း နံနက်စာကို ချက်ပြုတ်ရလေတော့၏။

ငါးမြင်းခေါင်းကို ခရမ်းသီး၊ ရုံးပတီသီးတို့ဖြင့် အရည်သောက် ချဉ်စပ်ချက်၏။ ပုဇွန်ဆိတ်များကို ဆုံ တွင်ထောင်း၍ ချင်း (ဂျင်း)များဖြင့် ဆုပ်ပြီးလျှင် ကြော်လိုက်ပြီးနောက် အုန်းနို့ဖြင့် ဆီပြန် ချက်ရလေ၏။ ငါး ဖယ်ငါးဆုပ်ကို ပါးပါးလှီး၍ သုပ်ရလေ၏။

ဘဲရိုးကို ဟင်းချိုပူပူ ချက်ကာ ဆူးပုပ်ရွက် မီးသင်း၍ ခတ်၏။ ထို့ နောက် မုန်လာချဉ်နှင့် ငံပြာရည်ချက်ကို စီမံရလေ၏ ။ အလုံးစုံ ပြီးသောအခါ၌ ၎င်းဆရာသိဒ္ဓိစိုးအား ထိုသီဟိုဠ်ပင် အောက်၌မှာပင် ထမင်းစားပွဲခင်းကာ နံနက်စာ တည်ခင်း ကျွေးမွေးရလေ၏။

၎င်းထမင်းစားနေစဉ်အတွင်း ၎င်း၏ စာအုပ်ကို ကျွန်ုပ်သည် အစမှ အဆုံးထိအောင် ဖတ်ကြည့်၏။ စာအရေးအသား ညက်ညော၏ ။ တင်ပြပုံ ကောင်း၏ ။ ထို့ကြောင့် ဗေဒင်ယတြာစာအုပ်ကို ဖတ်ရသည်နှင့် မတူဘဲ စိတ်ဝင်စားဖွယ် ကောင်းသော ဝတ္ထုစာအုပ်တစ်အုပ်ကို ဖတ်နေရသည်နှင့် တူ၏ ။ ကျွန်ုပ်သည် စာအုပ်ကိုဖတ်ပြီးသောအခါ၌ –

“ဟေ့ သိဒ္ဓိစိုး …၊ ခြေထောက်မသန်ဘဲ လမ်းလျှောက်ချင်ရင်တော့ ချိုင်းထောက်ကို အကူအညီယူ ရမှာပေါ့ကွာ …၊ ခြေထောက်ကောင်းနေရင်တော့ ချိုင်းထောက် မလိုပါဘူး …”ဟု ကျွန်ုပ်က ပြောလိုက်ရာ ၎င်းက –

“ဆရာကြီး ဘာကို ဆိုလိုတာလဲ …”ဟု မေးလေ၏။

“ဘာကို ဆိုလိုရမလဲကွာ …၊ မင်းစာအုပ်က အကြောင်းအရာလည်း ကောင်းတယ်ကွာ …၊ အရေးအသားလည်း ကောင်းတယ်ကွာ …၊ တင်ပြပုံလည်း ကောင်းတယ်ကွာ …၊ သူ့ဟာနဲ့သူ လျှောက်လို့ ရနေပြီပဲ …၊ ချိုင်းထောက်နဲ့တူတဲ့ ငါ့အမှာစာ မလိုပါဘူး ….”ဟု ကျွနု်ပ်က ပြောလိုက်ရာ –

“မဟုတ်ဘူး ဆရာကြီးရဲ့ …၊ လောကမှာ ဟိတ်နဲ့ ဟန်ဆိုတာ ရှိသေးတယ်…” ဟု ပြန်၍ပြောလေ၏။

“ဘာလဲကွ .. ဟိတ်၊ ဟန်ဆိုတာ …“ဟု ကျွန်ုပ်က ပြန်၍မေးရာ ၎င်းင်းဆရာသိဒ္ဓိစိုးက –

“ဟန်ဆိုတာကတော့ ကိုယ်ပိုင်အရည်အချင်းပဲ ဆရာကြီးရေ ..၊ ဟိတ်ဆိုတာကတော့ သူတစ်ပါး ရဲ့ အရည်အချင်းကို ဖော်ပြတာပဲ ..၊ ကျွန်တော်တို့နားမှာ မုန့်ဟင်းခါးအချက်ကောင်းတဲ့ ဦးခွေးရဲ့ တူ မုန့်ဟင်း ခါးအချက်ကောင်းတဲ့ ဒေါ်ဘုမရဲ့သားက မုန့်ဟင်းခါးဆိုင်ထွက်တဲ့ အခါမှာ ဦးခွေးရဲ့တူဒေါ်ဘုမရဲ့သား မောင် ငယ်မုန့်ဟင်းခါးဆိုင် လို့ ဆိုင်းဘုတ်ရေးပြီး တင်ထားတယ် ။

ဦးခွေးရဲ့ တူတို့၊ ဒေါ်ဘုမရဲ့ သားတို့ဆိုတာ သူ့အရည်အချင်း မဟုတ်ဘူး ..၊ ဟိတ်ဟန်ထုတ်ထားတာ ..၊ သူ့အရည်အချင်းကတော့ မောင်ငယ်မုန့်ဟင်းခါးပဲ၊ ကျွန်တော် တောမှာ နေတုန်းက သူကြီးသားနဲ့ ရန် ဖြစ်ဖူးတယ်…၊ သူကြီးသားက ပြောတယ်…၊

ငါ့ကို ဘာအောက်မေ့လို့လဲ …၊ သူကြီးသားကွ ..”လို့ ပြောတယ်၊ အဲဒါ ဘာလုပ်တာလဲဆိုတော့ သူ့အဖေသူကြီးရဲ့ဟိတ်ကိုယူပြီး သုံးလိုက်တာ ..၊ အဲဒီလိုလည်းပြောရော …၊ ကျွန်တော်တို့လည်း ဖြုံသွား တာပေါ့ …၊ ရှင်းရှင်းပြောရရင် ကျွန်တော်တို့လည်း လန့်သွားတာပေါ့ ..၊

ဟန်လည်း ဒီလိုပါပဲ ဆရာကြီးရယ် ..၊ဆရာသိဒ္ဓိစိုးဆိုတာက ဘယ်သူမှမသိဘူးလေ …၊ဆရာကြီး မင်းသိင်္ခရဲ့ အမှာစာပါတယ်ဆိုတဲ့ “ဟိတ်”ကိုယူထားတာပါ …၊ အခုလောက် ရှင်းပြရင် ဆရာကြီးဟာ “ဟိတ်နဲ့ ဟန်”ကို ကွဲကွဲပြားပြား သိပြီပေါ့ …”ဟု မေးလေတော့၏။

“သိပါပြီ ငါ့လူရာ …၊ သိပါပြီ ..၊ ဟန်က ကိုယ်ပိုင်၊ ဟိတ်က သူများဟာ …”ဟု ကျွန်ုပ်က ဖြေလိုက် လျှင် ၎င်းက –

“ကျွန်တော်မွေးတဲ့ ဆရာတွေထဲမှာ ဆရာကြီးက ပြောရဆိုရ သိပ်ပြီးလွယ်တာပဲ …၊ နားကဖြောင့်တယ်၊ မကောက်ဘူး၊ အဲဒီတော့ အဆင်ပြေတာပေါ့ ဆရာကြီးရယ် …”ဟု ပြောလေတော့ ၏ ။

“မင်းရဲ့ ယတြာနည်းတွေက ရိုးရိုးမရေးဘဲ ဇာတ်လမ်းလေးလိုလို ဘာလေးလိုလို အစပျိုးထား တော့ ဖတ်ရတာ မငြီးငွေ့ဘူးကွာ၊ ပြီးတော့ မလိုအပ်ဘဲ လျှာကြောရှည်ပြီး ရှင်းပြတာတွေလည်း မပါတော့ ဖတ်ရတဲ့ဘူ အမောပြေတာပေါ့ကွာ …၊ မလိုအပ်ဘဲ ရှင်းလင်းချက်တွေများနေရင် ဖတ်ရတာစိတ်ရှုတ်ဖို့ ကောင်းတယ်ကွ ..၊

အဲဒါကြောင့် မင်းရဲ့ စာအုပ်ကို ကြိုက်တယ်ကွာ ..၊ ငါတို့ခြံမှာ ရှိတဲ့ “ရာဇဂြိုလ်”စာအုပ်ဆိုင်မှာလည်း တင်မယ်ကွာ ..၊ ငါတို့ခြံရဲ့ “နာလန္ဒာ”ခန်းမမှာ ဖွင့်တဲ့ ဗေဒင်သင်တန်းမှာလည်း ရောင်းပေးမယ်ကွာ …၊

ယတြာနည်းယူဖို့ မဟုတ်ဘူး၊ ငါ့ရဲ့ သင်တန်းသားတွေ စာရေးနည်း အတုယူရအောင်ပါ …၊ မင်းရဲ့လုပ်ရပ်ကတော့ ဆရာတစ်ယောက်အနေနဲ့ အလွန်ပီတိ ဖြစ်မိတယ်ကွာ …”ဟု ကျွန်ုပ်က ပြောလိုက်လျှင် ၎င်းက –

“ကျွန်တော်မွေးတဲ့ ဆရာတွေထဲမှာ ဆရာကြီးက ချစ်ဖို့ အကောင်းဆုံးပဲ …”ဟု ပြောလေ၏။

“မင်းကလည်းကွာ …၊ တပည့်မွေးတာပဲ ကြားဖူးပါတယ်၊ ဘယ့်နှယ့် ဆရာမွေးရမှာလဲကွာ …”ဟု ကျွန်ုပ်က ပြောလိုက်ရာ –

“ဆရာက တပည့်မွေးသလို တပည့်ကလည်း ဆရာကိုမွေးတာပေါ့ ..၊ အပြန်အလှန် မွေးမြူရေး လေ ဆရာကြီးရဲ့ ..၊ ငုံးမွေးတာ၊ ကြက်မွေးတာက အစာဖိုး၊ ဆေးဖိုး ကုန်သေးတယ်၊ ဆရာမွေးရတာက အစာ ဖိုးလည်း မကုန်ဘူး၊ ဆေးဖိုးလည်း မကုန်ဘူး …”ဟု ပြောလိုက်ရာ ကျွန်ုပ်မှာ ရယ်ရသေးတော့၏။

“ဟေ့ကောင် မိုးတွေခြိမ်းနေပြီနော် ..၊ မိုးကြိုးပစ်လိမ့်မယ် …”ဟု ကျွန်ုပ်က နောက်လိုက်ရာ ၎င်းက

“ပစ်ချင်လည်း ပစ်ပါစေ ဆရာကြီးရယ် ..၊ ကျွန်တော်ကတော့ ဆရာကြီးကို ဖက်ထားမှာပဲ၊ ဆရာကြီးက ကောင်းမှုများတယ် အပေါ်ကိုတက်ရမှာ …၊ အဲဒီတော့ သေသွားရင်တောင် ဆရာကြီးနဲ့ကပ်ပြီး အပေါ်ကို ရောက်သွားနိုင်တယ် …”ဟု ပြောလိုက်လျှင် ကျွန်ုပ်က –

“မင်းဘက်က အသာချည်းပါပဲလားကွာ …”ဟု ပြောလိုက်လျှင် ၎င်းက –

“စစ်ပါရဂူကြီး ဆွန်ဇူးက နိုင်မယ့်စစ်ကိုပဲ တိုက်ရမယ်တဲ့၊ အဲဒီအတိုင်းဆိုရင် တိုက်ပွဲတစ်ရာ၊ အောင်ပွဲတစ်ရာပဲတဲ့ …၊ သူ့ရဲ့ “အတ်အော့ဖ်ဝါး”မှာ အဲဒီအတိုင်း ဆိုထားတယ် ဆရာကြီးရဲ့ ..၊ ကျွန်တော် လည်း ကိုယ့်ဘက်က မသာရင်၊ မမြတ်ရင် ဘာမှမလုပ်ဘူး ဆရာကြီးရဲ့ …”ဟု ပြောလေ၏ ။ ထိုအခါ ကျွန်ုပ် က –

“အဲဒီအတိုင်းဆိုရင် မင်းဟာ တစ်ကိုယ်ကောင်း ဆန်တာပေါ့၊ အမြီးကျက် အမြီးစားဆိုတဲ့ သ ဘောမျိုးပေါ့ ..“ကျွန်ုပ်က အပြစ်တင်လိုက်ရာ ၎င်းက

“ကျွန်တော်က အမြီးကျက် အမြီးစားအဆင့်ပဲ ရှိသေးတယ် ဆရာကြီးရဲ့ ..၊ ကျွန်တော်တွေ့ရတဲ့ လူတွေကတော့ အမြီးကျက် ခေါင်းစားလူတွေပဲ တွေ့ရတယ်၊ သူတို့ထက် စာရင်တော့ ကျွန်တော်က အများကြီး တော်သေးတာပေါ့ …”ဟု ပြောလိုက်ရာ ကျွန်ုပ်လည်း သဘောကျစွာဖြင့် ရယ်ရလေတော့၏ ။

“တော်ပါပေတယ် … မောင်မင်းကြီးသားလေး တော်ပါပေတယ် ….၊ မင်းရေးတဲ့ စာအုပ်ကလည်း ကောင်းပါပေတယ် ….”ဟု နှစ်နှစ်ကာကာ ချီးကျူးလိုက်ရလေတော့သတည်း ….။

သဗ်ဗသေတ်တာကမ်မဿကာ
မင်းသိင်္ခ

မှတ်ချက် ။ ။ ဤစာသည်( ၂၀၀၆ ခုနှစ်၊ဇန်နဝါရီ )
လတွင်ထုတ်ဝေခဲ့သည့် ကျွန်တော့်ရဲ့ ပထမဆုံးစာ အုပ်ဖြစ်သည့် ယတြာစာအုပ်တွင် “အမှာစာ ( သို့မဟုတ် ) မောင်မင်းကြီးသားလေး တော်ပါပေတယ်” ခေါင်းစဉ်ဖြင့် အဘရေးပေးခဲ့သည့် အမှာစာကို ပြန်လည်ဖော်ပြလိုက်ခြင်း ဖြစ်ပါပေသည်။

သိဒ္ဓိစိုး

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

နာဇီ ၁၂၀၀၀ ရဲ႕ဆြစ္ဘဏ္ အေကာင့္ကို အာဂ်င္တီးနားမွာေတြ႕
Article
နာဇီ ၁၂၀၀၀ ရဲ႕ဆြစ္ဘဏ္ အေကာင့္ကို အာဂ်င္တီးနားမွာေတြ႕

နာဇီ ၁၂၀၀၀ ရဲ႕ဆြစ္ဘဏ္ အေကာင့္ကို အာဂ်င္တီးနားမွာေတြ႕ ဒုတိယ ကမာၻ စစ္အတြင္းမွာ နာဇီပါတီက ပါတီဝင္ေတြက ဂ်ာမဏီစစ္တပ္ တိုက္လို႔ ႏိုင္ခဲ့တဲ့ ၿမိဳ႕ေတြတိုင္းကို အေနာက္က လိုက္လာၿပီး ၿမိဳ႕ထဲက ခ်မ္းသာသူေတြရဲ႕ ပိုင္ဆိုင္မႈေတြကို လုယက္ယူငင္ခဲ့ပါတယ္။ ဘာလင္ၿမိဳ႕ က်ရႈံးသြားတဲ့အခ်ိန္မွာ ႐ုရွား တပ္နီေတာ္က ဘာလင္ၿမိဳ႕ထဲက အိမ္ေတြမွာ ပိုင္ဆိုင္မႈေတြကို ျပန္လည္ လုယက္ယူ ႏိုင္ေပမဲ့ ဥေရာပတစ္လႊားက အဖိုးတန္ပစၥည္း ေတာ္ေတာ္မ်ားမ်ား ျပန္မရခဲ့ပါဘူး။ ေပ်ာက္ျခင္းမလွ ေပ်ာက္သြားခဲ့ပါတယ္။ အဲ့ဒိကိစၥကို စိတ္ဝင္စားေနတဲ့ အေမရိကန္ အေျခစိုက္ ဝိုက္ဆန္သည္ စင္တာက ႏွစ္ေပါင္းမ်ားစြာ ေျခရာခံၿပီး ေနာက္မွာေတာ့ အာဂ်င္တီးနားမွာ နာဇီပါတီဝင္ ၁၂၀၀၀ရဲ႕ ဆြစ္ဘဏ္အေကာင့္ကို စတင္ …

ဒူးရင္းသီးကို ပါဝါဘန႔္ အျဖစ္ သုံးႏိုင္ေတာ့မယ္
Article
ဒူးရင္းသီးကို ပါဝါဘန႔္ အျဖစ္ သုံးႏိုင္ေတာ့မယ္

ဒူးရင္းသီးကို ပါဝါဘန႔္ အျဖစ္ သုံးႏိုင္ေတာ့မယ္ က်ေနာ္တို႔ စားေနတဲ့ ဒူးရင္းသီးနဲ႔ ပိႏၷဲသီးက စမတ္ဖုန္းေတြလို အားသြင္းသုံးရတဲ့ ပစၥည္းေတြအတြက္ အားျပန္ျဖည့္လို႔ရတဲ့ လွ်ပ္စစ္ သိုေလွာင္ႏိုင္တဲ့ အစြမ္းရွိတယ္ ဆိုတာကို သိရင္ အံ့အားသင့္ေနမလား။ ၾသစေတးလွ် ႏိုင္ငံက သိပၸံ ပညာရွင္ အုပ္စု တစ္စုကေတာ့ သူတို႔ရဲ႕ ေတြ႕ရွိမႈကို သက္ေသျပဖို႔အတြက္ ႀကိဳးစားေနပါတယ္။ ဒူးရင္းသီးနဲ႔ ပိႏၷဲသီး အူတိုင္ေတြမွာ အလြန္ အစြမ္းထက္တဲ့ လွ်ပ္သို စြမ္းအားေတြ ရွိတယ္ ဆိုတာကို ေတြ႕ ရွိေနပါတယ္။ ေနာက္ၿပီးေတာ့ တကယ္ အားျပန္ျဖည့္လြယ္တဲ့ ပါဝါဘန႔္ေတြ ျဖစ္ေနတယ္ ဆိုတာကိုလည္း ေတြ႕ရွိ ခဲ့ၾကပါတယ္။ ဒူရင္းသီးတို႔ ပိႏၷဲသီးတို႔ဆိုတာ ျမန္မာျပည္မွာေတာ့ …

ဒက္ဘိုးရက္နာနီ ျပကၡဒိန္က အိုင္ဒီယာ ခိုးခ်တယ္ဆိုၿပီး အျပစ္ေျပာခံရ
Article
ဒက္ဘိုးရက္နာနီ ျပကၡဒိန္က အိုင္ဒီယာ ခိုးခ်တယ္ဆိုၿပီး အျပစ္ေျပာခံရ

ဒက္ဘိုးရက္နာနီ ျပကၡဒိန္က အိုင္ဒီယာ ခိုးခ်တယ္ဆိုၿပီး အျပစ္ေျပာခံရ အိႏၵိယႏိုင္ငံက ဒက္ဘိုး ျပကၡဒိန္က နာမည္ႀကီး ျပကၡဒိန္ တစ္ခုပါ ။ အိုင္ဒီယာ လန္းလန္း ေတြနဲ႔ ေဘာလီးဝုဒ္ မင္းသား မင္းသမီး ပုံေတြကို ႐ိုက္ႏွိပ္ ထုတ္ ေဝတာပါ ။ ဒီႏွစ္ထုတ္ေဝ တဲ့ ျပကၡဒိန္မွာ မင္းသမီး ကီရာရာအက္ဗာနီ ရဲ႕ ဓာတ္ပုံက သူမ်ား ဓာတ္ပုံ အိုင္ဒီယာ ခိုးခ်ထား တယ္ လို႔ ေဝဖန္ခံ ေနရပါတယ္ ။ အြန္လိုင္း အသုံးျပဳသူေတြက ႏိုင္ငံတကာ ဓာတ္ပုံဆရာ မာရီဘာရွ္ ရဲ႕ ဓာတ္ပုံ အိုင္ဒီယာကို ခိုးခ်ထားတယ္ လို႔ ဝိုင္းဝန္း …