
International-news





မောင်ယဿ


Unicode

မက္ကဆီကိုမှာ ကော်ရိုနာ ဗိုင်းရက်ပုံ မိုးသီးတွေ ကြွေကျ

မက္ကဆီကိုက မွန်တီလိုမိုရီလိုမြို့မှာ မိုးသီးအလုံးကြီးတွေ ကြွေကျတာ ကော်ရိုနာဗိုင်းရက်ပုံတွေ ဖြစ်နေလို့ မြို့ခံ လူကြီးတွေက ဘုရားသခင်က ပြည်သူ တွေကို အိမ်မှာ နေဖို့ သတိပေးတာလို့ ပြောကြ ပါတယ် ။ ဒေသခံ တွေက လူမှုကွန်ရက် ပေါ်မှာ အဲ့ဒိ မိုးသီးတွေ ကြွေကျတဲ့ ဗီဒီယိုဖိုင်တွေ ဓာတ်ပုံဖိုင်တွေ တင်ကြပါ တယ် ။ ကော်ရိုနာဗိုင်းရက်က စက်လုံးပုံမှာ အတက် ကလေးတွေ ထွက်နေတဲ့ ပုံပါ ။ အခု မိုးသီးတွေ ကြွေတာက လည်း အလုံးပုံမှာ အတက်အလက် တွေနဲ့ ကိုဗစ်-၁၉ ဗိုင်းရက် ပုံနဲ့ တော်တော် တူပါတယ် ။ မိုးလေဝသ ပညာရှင် တွေကတော့ “မိုးသီးတွေက အများအားဖြင့်တော့ ဂေါ်လီလုံး တွေလိုပဲ အလုံးလိုက်ကြွေ တာများ ပါတယ် ။

ရာသီဥတု ပမာဏ ပေါ်မူတည်ပြီး အသေးအကြီး ကွာကြပါတယ် ။ အချို့ နေရာတွေမှာ ဆိုရင် တင်းနစ်ဘောလုံး အရွယ်အထိ ကြွေလေ့ ရှိပါတယ် ။ ဒါပေမဲ့ ဒီလိုပုံမျိုး မိုးသီးတွေ ကတော့ ရှားရှားပါးပါး ပါပဲ”လို့ ဆိုပါတယ် ။ ကောင်းကင် ပေါ်မှာ ငွေ့ရည်ဖွဲ့ တဲ့ တိမ်တွေရဲ့ အတွင်းပိုင်းမှာ ရေခဲစိုင်တွေ ဖြစ်ထွန်း လာပြီး အလုံးအခဲ အဖြစ် ရွာကျတာပါ ။ အဓိက ကတော့ မိုးတိမ်တောင်တွေမှာ အဖြစ်များ ပါတယ် ။ တစ်ခါတစ်လေ မုန်တိုင်းကြောင့်လည်း မိုးသီးတွေ ကြွေကျ တတ်ပါတယ် ။ မိုးတိမ်တောင်ရဲ့ ထိပ်ပိုင်းမှာ ရေခဲတွေက အလုံးအခဲ အဖြစ် ရှိနေတတ် ပါတယ် ။ အဲ့ဒိအချိန်မှာ အချင်းချင်း တိုက်မိ ခိုက်မိတဲ့အခါမှာ ပုံသဏ္ဍန် မညီတဲ့ ရေခဲတုံးလေး တွေ ဖြစ်သွားတတ် ပါတယ် ။

အဲ့ဒိ ကနေကြယ်ပုံ မိုးသီးတွေ ဖြစ်လာတာပါ လို့ ပညာရှင်တွေက ရှင်းပါတယ် ။ ဒေသခံတွေကတော့ ကော်ရိုနာ ဗိုင်းရက် မိုးသီးတွေ ကြွေကျတာက သူတို့ကို ဘုရားသခင်က အိမ်ပြင် မထွက်ဘဲ နေဖို့ သတိပေး နေတာပဲလို့ ပြောကြ ယုံကြည် နေကြပါတယ် ။ အွန်လိုင်းပေါ်မှာကလည်း အချို့က ကျနော်တို့ကို ဖန်တီးသူရဲ့ ဖုံးကွယ်ထားတဲ့ သတင်းစကားပဲ မဟုတ်လားလို့ ရေးတင်ကြပါတယ် ။ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ မှတ်တမ်းများ အရ ကိုဗစ်-၁၉ ရောဂါ ဖြစ်သူ ၅၁၆၃၃ ဦးရှီနေပြီး သေဆုံးသူ ၅၃၃၂ ဦးရှိနေပါတယ် ။

မောင်ယဿ

REF: dailymail / Photo; cen

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို
International-news
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို

လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို လေ့လာမှု အသစ်တစ်ခုက သွေးလှူတဲ့ လူငယ်တွေမှာ နှစ်ရှည်လများ သံဓာတ်ချို့တဲ့ခြင်းတွေ ဖြစ်ပေါ်တတ်လို့ သွေးလှူပြီးတဲ့နောက်မှာ သံဓာတ် အားဖြည့်ဆေးတွေ သောက်သုံးရန်လိုတယ်လို့ သတိပေးထားပါတယ် ။ အမေရိကားမှာ ဆိုရင် ၁၆ နှစ်က ၁၈နှစ် အတွင်း လူငယ်တွေက သွေးလှူတဲ့ သူအများဆုံး အုပ်စုတွေ ဖြစ်ပါတယ် ။ ၂၀၁၆ ကနေ ၂၀၁၈ အထိ သွေး ပထမဆုံးလှူတဲ့ လူငယ် ၃၁၀၀၀ ကျော်ကို လေ့လာမှု ပြုခဲ့ရာ ၁၀ ယောက်မှာ ၁ ယောက် သံဓာတ်ချို့တဲ့ မှု လက္ခဏါ တွေကို ခံစား နေရတယ်လို့ …

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
International-news
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်

ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ် မေလ နောက်ဆုံးပတ် အတွင်း မလေးရှားနိုင်ငံ ပီနန် ကမ်းခြေ တစ်လျှောက်မှာ ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်နေခဲ့ပြီး ဘာကြောင့်သေဆုံးမှု ဖြစ်ပေါ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခဲ့ရတယ်လို့ ဒေသခံအာဏါပိုင် တွေက ဆိုပါတယ် ။ သည်စတား သတင်းစာ အဆိုအရ ဒေသခံ ငါးလုပ်ငန်း ဦးစီးဌာနက တော့ အဲ့ဒိ ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးခြင်းက တစ်စုံတရာသော ဘေးအန္တရာယ် ကျရောက်တော့မယ် ဆိုတဲ့ အရိပ် လက္ခဏါမဟုတ်ပါဘူလို့ ဆိုတယ် ။ အဲ့လို သေဆုံးနေခြင်းက ငါးတွေမှာ ဖြစ်တတ်တဲ့ သဘာဝ …

ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့
International-news
ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့

ကိုဗစ် သုတေသနလုပ်ငန်းကိုတောင် ဟက်ကာတွေချမ်းသာ မပေးတော့ ၂၀၁၉ ဒီဇင်ဘာ လလောက်က စပြီး ကမ္ဘာ့ ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ က ပြန့်နှံ့မှု တွေ စတင် ခဲ့ပါတယ် ။ ဗိုင်းရက်ရဲ့ သဘာဝက ထူးခြားလွန်းလို့ နိုင်ငံတိုင်းမှာ ရောဂါ ပြန်နှံ့မှုကို ခက်ခက်ခဲခဲ ထိန်းချုပ် နေခဲ့ရပါတယ် ။ ၂၀၂၀ နှစ်ဦးပိုင်းကနေစပြီး ရောဂါပြန်နှံ့ နေတာက ဒီနေ့အထိ ဖြစ်နေတုန်းပါပဲ ။ တိုင်းပြည်တွေ စီးပွားရေး ကျပ်တည်းမှုတွေ ဖြစ်နေ ချိန်မှာ ရုပ်ရှင်မင်းသမီးတွေ အဆိုတော်တွေရဲ့ အွန်လိုင်း အကောင့်တွေ ဖောက်ထွင်းခံ နေရပါတယ် ။ အခုဆိုရင် ကျန်းမာရေး ဆိုင်ရာအချက်အလက်တွေကိုပါ ဖောက်ထွင်း …