International-news
မောင်ယဿ ReF: mirror.uk
Photo; rupty
Unicode
မက္ကဆီကိုက ဗျောက်အိုးထုပွဲတော် ၄၃ယောက်ဒဏ်ရာရ
မက္ကဆီကိုနိုင်ငံက မြို့ကလေးတစ်မြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဗျောက်အိုးထုပွဲတော်ကို ဖေဖော်ဝါရီလအတွင်း ကျင်းပရာ ဒီနှစ်ပွဲ ကျင်းပနေစဉ်အတွင်း ၄၃ ဦး ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။ ပွဲတော်မှာ ပါဝင်တဲ့သူတွေက ဗျောက်အိုးဖောက်ဖို့အတွက် ဆာလဖာနဲ့ ကလိုရိတ်ကို အသုံးပြု ကြပါတယ်။
သူတို့က ၎င်းဓာတုပစ္စည်းတွေကို ရောပြီး အထုတ်ထုပ်ကာ ဖောက်ခွဲမယ့် တူမှာချည်နှောင်ပါတယ်။ အဲ့ဒိနောက်မှာ တူကိုလွှဲယမ်းပြီး ရထားသံလမ်း အပိုင်း ဒါမှမဟုတ် အိတ်ချ်ဘင့် လို အမာခံ သံချောင်းပေါ်ကို အားနဲ့ထုချလိုက်ပါတယ်။ ပေါက်ကွဲသံနဲ့အတူ မီးခိုးလုံဖြူများနဲ့ ဖုန်မှုန့်တွေ အလုံးလိုက်တက်လာပါတယ်။
နှစ်စဉ်နှစ်တိုင်းပဲ ဗျောက်အိုးတွေ ထုရင်းက လက်ဆပြင်းပြီး လူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီနှစ်ဆိုရင် မနေ့က စပြီး တစ်ယောက်ဒဏ်ရာရပါတယ်။ ဒီနေ့လည်း ထိခိုက်မှုတွေတော်တော်များပါတယ်။ ၄၀ကျော်လာပါပြီ။ အခြားလူတွေကတော့ ဒဏ်ရာသိပ်မပြင်းပေမဲ့ လူတစ်ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိ ပါ တယ်။
အဲ့ဒိမြို့လေးကို ဆန်ဂျိုအန်ဒလာဗီဂါ မြို့ လို့ လူသိများပါတယ်။ လူသိများရတဲ့အကြောင်းက လည်း အဲ့ဒိဗျောက်အိုးထုပွဲတော်ကြောင့် ပဲဖြစ်ပါတယ်။ ပွဲတော်ရဲ့ ရာဇဝင် ကတော့တော်တော် ထူးဆန်းပါတယ်။ ဒီမြို့လေးကို ဓားပြတွေကလာပြီး မြို့ သူမြို့ သားတွေဆီကနေ ရွှေတွေကို လုယက်ယူငင် သွား ပါ တယ်။
အဲ့ဒိအချိန်မှာ ဒီမြို့ကလေးက တရားဟောဆရာ ဂျွန်က ပုံပြင်ထဲက ရော်ဘင်ဟုလိုဘဲ ဓားပြတွေဆီကနေ ရွှေတွေကို ပြန်လည်လုယူလာပြီး မြို့သားတွေကို ပြန်လည်ပေးခဲ့ပါတယ်။ သူ့သေဆုံးသွားတော့ စိန့်ဂျွန် ဘ၀ နဲ့ သူတို့ မြို့လေးကို စောင့်ရှောက်မယ် ဆိုတဲ့ အယူအဆနဲ့ ဗျောက်အိုးထုပြီး ဓားပြတွေကို ခြောက်လှန့် ရင် စိန့်ဂျွန်ကိုလည်း ဂုဏ်ပြု ကြတာပါ။
ဒီ နှစ် ပွဲ တော် ကို လူ ၆၀၀၀၀ ကျော် တက် ရောက် ခဲ့ ပါ တယ်။ ရဲ အစောင့် အရှောက် ၁၀၀ ကျော် နဲ့ အရေး ပေါ် အတွက် လူ နာ တင် ကား တွေ အ ရန် သင့် စီ စဉ် ထား ပါ တယ်။
မောင်ယဿ ReF: mirror.uk
Photo; rupty
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …