မက်ဆီ ငိုတုန်းက နှပ်သုတ်ခဲ့တဲ့ တစ်ရှုးကို ဒေါ်လာ ၁သန်း နဲ့ လေလံပစ်

မက်ဆီ ငိုတုန်းက နှပ်သုတ်ခဲ့တဲ့ တစ်ရှုးကို ဒေါ်လာ ၁သန်း နဲ့ လေလံပစ်
International-news

မက်ဆီ ငိုတုန်းက နှပ်သုတ်ခဲ့တဲ့ တစ်ရှုးကို ဒေါ်လာ ၁သန်း နဲ့ လေလံပစ်

မောင်ယဿ ( သြဂုတ် ၁၇ )

မက်ဆီ ဘာစီလိုနာက ထွက်မယ်လုပ်တုန်းကနောက်ဆုံး သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့အချိန်မှာ ဝမ်းနည်းလွန်းလို့ ငိုမိတဲ့ ဗီဒီယိုဖိုင် ကို လူတိုင်းနီးပါး ကြည့်ဖူးပါတယ်။ သူက ပြောရင်း ဝမ်းနည်းလာလို့ မျက်ရည်တွေကျတဲ့ အခါ သူ့ရဲ့ ဇနီးဖြစ်သူ အန်တိုနယ်လာရော်ကတ်ဇို က သူ့ကို မျက်ရည်တွေ နှပ်တွေသုတ်ဖို့အတွက် တစ်ရှုး တစ်ခု ထုတ်ပေးခဲ့ပါတယ်။

အခုတော့ အဲ့ဒိတစ်ရှုးက အွန်လိုင်းပေါ်မှာ ကန်ဒေါ်လာ ၁သန်း နဲ့ လေလံပစ်နေပါတယ်။ ဟီဘရူး လူမျိုးတွေရဲ့ အဆို တစ်ခုရှိပါတယ်။ လူတစ်ယောက်အတွက် အမှိုက်ဖြစ်ပေမဲ့ အခြားလူတစ်ယောက် အတွက် ရတနာဖြစ်သွားနိုင်ပါတယ်ဆိုတဲ့ အဆိုပါပဲ။

ဂျူးတွေက ကမ္ဘာ တစ်ဝှမ်းမှာ ကျူလီယာဆိုင် လို့ ခေါ်တဲ့ ရှေးဟောင်းပစ္စည်းတွေ ရောင်းတဲ့ ဆိုင်ကလေးတွေဖွင့်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေတာ အဲ့ဒိအဆိုအမိန့် အတိုင်း သွားခဲ့ကြတာပါ။

သူတို့က သူများတွေ အသုံးမလိုတဲ့ အမှိုက်တွေကို ဝယ်ယူသိမ်းဆည်းပြီး အသုံးလိုတဲ့ သူတွေကို ဈေးကြီးခေါ်ပြီး ရောင်းခဲ့ ကြတာပါ။

Business standard သတင်းဌာန ရဲ့ဖော်ပြချက်အရ အဲ့ဒိတစ်ရှုး ကို ကန်ဒေါ်လာ ၁သန်း နဲ့ ဈေး ဆိုင်ထားတယ်လို့ ဆိုပါတယ်။ မက်ဆီရဲ့ မျက်ရည်နဲ့ နှပ်တွေက အခုဆိုရင် ဒေါ်လာ သန်းနဲ့ ချီတန်သွားပါပြီ။

ရောင်းတဲ့သူက သူ့ရဲ့အကောင့်မှာ ဘယ်လိုတင်ထားလဲ ဆိုတော့ ဒီတစ်ရှုးမှာ မက်ဆီရဲ့ မျက်ရည်တွေ နှပ်တွေ ပါတဲ့အတွက် အဲ့ဒိက DNA( မျိုးရိုးဗီဇမျှဉ်) ကနေ မက်ဆီနဲ့ တူတဲ့ ကလုန်း (ကိုယ်ပွား ) တွေကို ဖန်တီးလိုတဲ့ သူအတွက် တောင်းတဲ့ ဈေးထက်အများကြီး တန်တယ်လို့ ဆိုလိုက်ပါတယ်။

မက်ဆီနဲ့ပတ်သက်ပြီး အသေးစိတ်ကလေးတွေ က အခုမှ ဈေးကွက် ဝင်ခဲ့တာမဟုတ်ပါဘူး။ သူ ငယ်ငယ်တုန်း က ဘာစီလိုနာကို ရောက်ခါစ စားသောက်ဆိုင်တစ်ခုမှာ လူတစ်ယောက်ကို လက်သုတ် ပုဝါ တစ်ခုမှာ အမှတ်တရ စာရေးပြီး လက်မှတ်ထိုးပေး ဖူးပါတယ်။

အဲ့ဒါကို သိမ်းထားတဲ့ ကာလီရက်ရှက် ဆိုသူက မှန်ဘောင် သွင်းပြီး အရောင်းအဝယ် လုပ်တာ ဒေါ်လာသန်းနဲ့ ချီရခဲ့ဖူးပါတယ်။ အဲ့ဒိစာထဲမှာ ဘာစီလိုနာက သူ့အတွက် ဘောလုံး ကလပ်တစ်ခု ထက် အများကြီးပိုပါတယ်လို့ ရေးခဲ့ဖူးပါတယ်။

REF: world of buzz,Photo:Credit  gulf today

Zawgyi


မက်ဆီ ငိုတုန်းက နှပ်သုတ်ခဲ့တဲ့ တစ်ရှုးကို ဒေါ်လာ ၁သန်း နဲ့ လေလံပစ်
မက်ဆီ ငိုတုန်းက နှပ်သုတ်ခဲ့တဲ့ တစ်ရှုးကို ဒေါ်လာ ၁သန်း နဲ့ လေလံပစ်

မောင်ယဿ ( သြဂုတ် ၁၇ )





မက်ဆီ ငိုတုန်းက နှပ်သုတ်ခဲ့တဲ့ တစ်ရှုးကို ဒေါ်လာ ၁သန်း နဲ့ လေလံပစ်





REF: world of buzz
Photo: gulf today

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …