” မက်ဆီနဲ့ အနှိုင်းခံရတာကို စိတ်အနှောက်အယှက်ဖြစ်ရပါတယ်ဆိုတဲ့ လူကာရိုမီယို ”

'' မက္ဆီနဲ႔ အႏႈိင္းခံရတာကို စိတ္အေႏွာက္အယွက္ျဖစ္ရပါတယ္ဆိုတဲ့ လူကာ႐ိုမီယို ''
Sport

” မက်ဆီနဲ့ အနှိုင်းခံရတာကို စိတ်အနှောက်အယှက်ဖြစ်ရပါတယ်ဆိုတဲ့ လူကာရိုမီယို ”

ကိုဗစ်၁၉ ကြောင့် ရပ်တန့်ထားတဲ့ စပိန် လာလီဂါဘောလုံး ပြိုင်ပွဲ စတင်တဲ့အချိန်မှာ လိဂ်ပြိုင်ပွဲရဲ့ စံချိန်သစ်တစ်ခု ပေါ်ထွက်လာပါတယ် ။ အဲ့ဒါကတော့ လိဂ်ပြိုင်ပွဲမှာ အသက်အငယ်ဆုံးကစားသမား လူကာရိုမီယို က၁၅နှစ် နဲ့ ၂၁၉ မှာ မာယော့ကာ အသင်းကနေ ဝင်ရောက်ကစားခဲ့တာပါပဲ ။

'' မက္ဆီနဲ႔ အႏႈိင္းခံရတာကို စိတ္အေႏွာက္အယွက္ျဖစ္ရပါတယ္ဆိုတဲ့ လူကာ႐ိုမီယို ''1

“ ကျနော့်ကို မက်ဆီ နဲ့ နှိုင်း တာ စိတ်အနှောက်အယှက် ဖြစ်ရပါတယ် ။ ဘာကြောင့်လည်း ဆိုတော့ ဘောလုံးလောကမှာ လိုင်ယွန်နယ် မက်ဆီ ဆိုတာ တစ်ယောက်တည်းပဲ ရှိပါတယ် ။ ကျနော်ကလည်း ဘောလုံးလောကမှာ လူကာရိုမီယိုဆိုတဲ့ နာမည်တစ်လုံးတည်းနဲ့ ရပ်တည်ချင်လို့ပါ”လို့ သူက ဖောက်စ်နယူး ကို ပြောပြခဲ့ပါတယ် ။

“ ကျနော်က မက္ကဆီကို နိုင်ငံသားပါ ။ ကျနော်မိဘတွေက အာဂျင်တီးနားသားတွေ ဖြစ်ပါတယ် ။ ကျနော်က စပိန်စကားပြောတဲ့ နိုင်ငံ ၃နိုင်ငံမှာ ရှင်သန်လာခဲ့ရတာပါ”လို့ လူကာက သူရဲ့ မိသားစုဘ၀ လူနေမှုကို ရှင်းပြခဲ့ပါတယ် ။

“ အဲ့ဒိတော့ဗျာ ကျနော်က အာဂျင်တီးနားက ဘောလုံး ကစားစေချင်ရင် ကျနော် အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ ကစားမှာပါ ။ ကျနော်က မိဘ ဘိုးဘွားတွေကို သွားကန်တော့တဲ့အခါတိုင်း အာဂျင်တီးနားကို ရောက်ဖြစ်ပါတယ် ။ ဒါပေမဲ့ သိပ်အကြာကြီးတော့ မနေခဲ့ပါဘူး ။

အဖေက အဲ့ဒိက ကေးလ်မက် အသင်းမှာ ဘောလုံးကစားတယ်လေ။ သူတို့နဲ့ ရထားစီးပြီး လိုက်ရတာပျော်ပါတယ်” လို့ သူ့ရဲ့ ငယ်ဘ၀ က အာဂျင်တီးနာမှာ နေခဲ့စဉ်အကြောင်းတွေကိုပြောပြပါတယ်။

'' မက္ဆီနဲ႔ အႏႈိင္းခံရတာကို စိတ္အေႏွာက္အယွက္ျဖစ္ရပါတယ္ဆိုတဲ့ လူကာ႐ိုမီယို ''2

မာယော့ကာအသင်း နဲ့ ပတ်သက်ပြီးတော့ “ ကျနော်က ကွင်းလယ်ဖန်တီးရှင်အဖြစ် ကစားရတာကိုနှစ်သက်ပါတယ် ။ အခုမာယော့ကာမှာ ကွင်းလယ်မှာပဲ ကစားပါတယ် ။ တကယ်လို့ ကွင်းလယ်မှာ မကစားရဘူးဆိုရင်တော့ ညာတောင်ပံကနေ ကစားဖို့အတွက် အဆင်သင့်ပါပဲ ။

ကျနော်က ဘယ်သန်ဗျ ။ ဒီကိုရောက်တော့ နည်းပြက ညာ နဲ့ ကစားတတ်အောင် သင်ပေးပါတယ် ။ ကျနော်ရဲ့ ညာဖက်ခြေထောက် အသုံးချနိုင်မှုက တော်တော် တိုးတက်လာပါတယ် ။ အရင်က ညာနဲ့ မကစားတတ်ဘူး ။ အခုတော့ ၂ဖက်လုံး ကောင်းကောင်း ကစားတတ်နေပါပြီ”လို့ မာယော့ကာ ကစားသမားဘ၀ ကိုရှင်းပြပါတယ် ။

ပြန်လည် အသက်ဝင်လာပြီဖြစ်တဲ့ စပိန်လာလီဂါ ပြိုင်ပွဲတွေမှာ မာယော့ကာ အသင်း နဲ့ အတူ တောက်ပလာနိုင်တဲ့ လူကာရိုမီယိုရဲ့ ခြေစွမ်းတွေက တကယ်စိတ်ဝင်စားစရာ ကောင်းပါတယ် ။

မောင်ယဿ
REF: marca.com , Photo; besoccer

Zawgyi

” မက္ဆီနဲ႔ အႏႈိင္းခံရတာကို စိတ္အေႏွာက္အယွက္ျဖစ္ရပါတယ္ဆိုတဲ့ လူကာ႐ိုမီယို ”

ကိုဗစ္၁၉ ေၾကာင့္ ရပ္တန႔္ထားတဲ့ စပိန္ လာလီဂါေဘာလုံး ၿပိဳင္ပြဲ စတင္တဲ့အခ်ိန္မွာ လိဂ္ၿပိဳင္ပြဲရဲ႕ စံခ်ိန္သစ္တစ္ခု ေပၚထြက္လာပါတယ္ ။ အဲ့ဒါကေတာ့ လိဂ္ၿပိဳင္ပြဲမွာ အသက္အငယ္ဆုံးကစားသမား လူကာ႐ိုမီယို က၁၅ႏွစ္ နဲ႔ ၂၁၉ မွာ မာေယာ့ကာ အသင္းကေန ဝင္ေရာက္ကစားခဲ့တာပါပဲ ။

'' မက္ဆီနဲ႔ အႏႈိင္းခံရတာကို စိတ္အေႏွာက္အယွက္ျဖစ္ရပါတယ္ဆိုတဲ့ လူကာ႐ိုမီယို ''3

“ က်ေနာ့္ကို မက္ဆီ နဲ႔ ႏႈိင္း တာ စိတ္အေႏွာက္အယွက္ ျဖစ္ရပါတယ္ ။ ဘာေၾကာင့္လည္း ဆိုေတာ့ ေဘာလုံးေလာကမွာ လိုင္ယြန္နယ္ မက္ဆီ ဆိုတာ တစ္ေယာက္တည္းပဲ ရွိပါတယ္ ။ က်ေနာ္ကလည္း ေဘာလုံးေလာကမွာ လူကာ႐ိုမီယိုဆိုတဲ့ နာမည္တစ္လုံးတည္းနဲ႔ ရပ္တည္ခ်င္လို႔ပါ”လို႔ သူက ေဖာက္စ္နယူး ကို ေျပာျပခဲ့ပါတယ္ ။

“ က်ေနာ္က မကၠဆီကို ႏိုင္ငံသားပါ ။ က်ေနာ္မိဘေတြက အာဂ်င္တီးနားသားေတြ ျဖစ္ပါတယ္ ။ က်ေနာ္က စပိန္စကားေျပာတဲ့ ႏိုင္ငံ ၃ႏိုင္ငံမွာ ရွင္သန္လာခဲ့ရတာပါ”လို႔ လူကာက သူရဲ႕ မိသားစုဘ၀ လူေနမႈကို ရွင္းျပခဲ့ပါတယ္ ။

“ အဲ့ဒိေတာ့ဗ်ာ က်ေနာ္က အာဂ်င္တီးနားက ေဘာလုံး ကစားေစခ်င္ရင္ က်ေနာ္ အာဂ်င္တီးနား လက္ေ႐ြးစင္အသင္းမွာ ကစားမွာပါ ။ က်ေနာ္က မိဘ ဘိုးဘြားေတြကို သြားကန္ေတာ့တဲ့အခါတိုင္း အာဂ်င္တီးနားကို ေရာက္ျဖစ္ပါတယ္ ။ ဒါေပမဲ့ သိပ္အၾကာႀကီးေတာ့ မေနခဲ့ပါဘူး ။

အေဖက အဲ့ဒိက ေကးလ္မက္ အသင္းမွာ ေဘာလုံးကစားတယ္ေလ။ သူတို႔နဲ႔ ရထားစီးၿပီး လိုက္ရတာေပ်ာ္ပါတယ္” လို႔ သူ႔ရဲ႕ ငယ္ဘ၀ က အာဂ်င္တီးနာမွာ ေနခဲ့စဥ္အေၾကာင္းေတြကိုေျပာျပပါတယ္။

'' မက္ဆီနဲ႔ အႏႈိင္းခံရတာကို စိတ္အေႏွာက္အယွက္ျဖစ္ရပါတယ္ဆိုတဲ့ လူကာ႐ိုမီယို ''4

မာေယာ့ကာအသင္း နဲ႔ ပတ္သက္ၿပီးေတာ့ “ က်ေနာ္က ကြင္းလယ္ဖန္တီးရွင္အျဖစ္ ကစားရတာကိုႏွစ္သက္ပါတယ္ ။ အခုမာေယာ့ကာမွာ ကြင္းလယ္မွာပဲ ကစားပါတယ္ ။ တကယ္လို႔ ကြင္းလယ္မွာ မကစားရဘူးဆိုရင္ေတာ့ ညာေတာင္ပံကေန ကစားဖို႔အတြက္ အဆင္သင့္ပါပဲ ။

က်ေနာ္က ဘယ္သန္ဗ် ။ ဒီကိုေရာက္ေတာ့ နည္းျပက ညာ နဲ႔ ကစားတတ္ေအာင္ သင္ေပးပါတယ္ ။ က်ေနာ္ရဲ႕ ညာဖက္ေျခေထာက္ အသုံးခ်ႏိုင္မႈက ေတာ္ေတာ္ တိုးတက္လာပါတယ္ ။ အရင္က ညာနဲ႔ မကစားတတ္ဘူး ။ အခုေတာ့ ၂ဖက္လုံး ေကာင္းေကာင္း ကစားတတ္ေနပါၿပီ”လို႔ မာေယာ့ကာ ကစားသမားဘ၀ ကိုရွင္းျပပါတယ္ ။

ျပန္လည္ အသက္ဝင္လာၿပီျဖစ္တဲ့ စပိန္လာလီဂါ ၿပိဳင္ပြဲေတြမွာ မာေယာ့ကာ အသင္း နဲ႔ အတူ ေတာက္ပလာႏိုင္တဲ့ လူကာ႐ိုမီယိုရဲ႕ ေျခစြမ္းေတြက တကယ္စိတ္ဝင္စားစရာ ေကာင္းပါတယ္ ။

ေမာင္ယႆ
REF: marca.com , Photo; besoccer

No Comments

Leave a Reply

Your email address will not be published.

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်
Sport
အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ် ကမ္ဘာကျော်ဂေါက်သီးရိုက် ကစားသမား တိုက်ဂါးဝုဖ်ရဲ့သား ချာလီ (၁၁နှစ်)က အမေရိကန် ကလေး ဂေါက်ရိုက်ပြိုင်ပွဲမှာ အနိုင်ရခဲ့ ပြီး အဖေ့ခြေရာ ကိုနင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဖလော်ရီဒါ ပြည်နယ် ပမ်းမြို့ က ဟမ်းမလော့ ခရိ ဂေါက်ကွင်းမှာကျင်းပတဲ့ အမေရိကန် ကလေးများ ဂေါက်ပြိုင်ပွဲမှာ ချာလီက အသာစီး နဲ့ အနိုင်ရခဲ့ပါတယ်။ ၁၁နှစ်အရွယ် ချာလီက ပြိုင်ပွဲဝင်တွေ အားလုံးထက် တာထွက်ကတည်းက ထိပ်ဆုံးမှာ နေခဲ့ပါတယ်။ ပထမ ၉ကျွင်း ရိုက်ချက် ၃၃ ချက်ကို ၃ ချက်လျော့ ပြီး ရိုက်နိုင်ခဲ့ပါတယ်။ ၁၈ကျွင်းရိုက်ပြီးမှာတော့ သူက …

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ၈ဂိုး ၂ ဂိုးနဲ့ သမိုင်းဝင် ရှုံး သွားတဲ့ ဘာစီလိုနာ
Sport
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ၈ဂိုး ၂ ဂိုးနဲ့ သမိုင်းဝင် ရှုံး သွားတဲ့ ဘာစီလိုနာ

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ၈ဂိုး ၂ ဂိုးနဲ့ သမိုင်းဝင် ရှုံး သွားတဲ့ ဘာစီလိုနာ မနေ့ညက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲတွေထဲ က ပွဲစဉ် တစ်ခုဖြစ်တဲ့ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ပွဲ ကစားဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ရဲ့ ရှုံးထွက်ပွဲစဉ် သမိုင်း တစ်လျှောက်မှာ ပထမဆုံး အကြိမ်အနေနဲ့ သမိုင်မှတ်တမ်း တစ်ခုကို ရေးထိုးလိုက်တာက ဘိုင်ယန်မြူးနစ် အသင်းပါပဲ။ ပြိုင်ဖက် ဘာစီလိုနာအသင်းကို ၈ဂိုး သွင်းယူလိုက်တာက သမိုင်းမှတ်တမ်း ဝင်သွားပါတယ်။ ဘာစီလိုနာအသင်းကလည်း နှစ်၆၀ ကျော် ထိန်းသိမ်းလာတဲ့ ၁၉၄၆ ခုနှစ်ကတည်းက ဂိုးပြန် မရှုံးဖူးတဲ့ စံချိန်ကို ဒီပွဲမှာ ချိုးပြလိုက်တာပါပဲ။ ပွဲစလို့ ၁၀မိနစ် အတွင်းမှာ …

လာမယ့္ အပတ္ထဲမွာ ကစားမယ့္ ခ်န္ပီယံလိဂ္ ကြာတာဖိုင္နယ္ပြဲစဥ္မ်ား
Sport
လာမယ့် အပတ်ထဲမှာ ကစားမယ့် ချန်ပီယံလိဂ် ကွာတာဖိုင်နယ်ပွဲစဉ်များ

လာမယ့် အပတ်ထဲမှာ ကစားမယ့် ချန်ပီယံလိဂ် ကွာတာဖိုင်နယ်ပွဲစဉ်များ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲ စဉ်တွေထဲက ဒုတိယအကျော့ ပြန်ကန်ပွဲတွေ ကစားပြီးနောက်မှာတော့ စပိန် နာမည်ကြီး ရီရယ်မက်ဒရစ်ကို အင်္ဂလန်ကလပ် မန်စီတီးက အနိုင်ယူပြီး အီတလီက စီရီးအေဘီလူးကြီး ဂျူဗင်တပ်ကို ပြင်သစ်အသင်း လိုင်းယွန်းက အနိုင်ယူခဲ့ကာ ကွာတာဖိုင်နယ်မှာ တွေ့ ဆုံ ကြတော့မှာ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ချန်ပီယံလိဂ် ဘောလုံပွဲတွေ မနားခင် ဖေဖော်ဝါရီလအတွင်းက မန်စီတီးကွင်းမှာ မန်စီတီးက ရီရဲမက်ဒရစ်အသင်းကို ကို ၂-၁ဂိုးနဲ့ အနိုင်ယူ ထားတာကို ရီရဲက အိမ်ကွင်းမှာ အနိုင်အဖြစ် မပြောင်း နိုင်ဘဲ ၂-၁ဂိုးနဲ့ ထပ်ရှုံးလို့ ၂ပွဲပေါင်း …