International-news
Unicode
မက်စ် လိုချင်လို့ ကားမှန်ရိုက်ခွဲ လုယူ
တရုတ်နိုင်ငံ ဝူဟန်မြို့က စလိုက်တဲ့ Covid-19 က တစ်ကမ္ဘာလုံးကိုပြန့်နှံသွားတော့ လူတွေက သွားသတိ လာသတိ နဲ့ နေကြရတယ် ။ အသက်ရှု လမ်းကြောင်းကနေ ကူးစပ်တဲ့ ပိုးဖြစ်တဲ့အတွက်ကြောင့် မက်စ်က ရောဂါဖြစ်ပွားတဲ့နေရာတွေမှာ အရေးတကာ့အရေးကြီးဆုံး ဖြစ်နေပါတယ်။ အချို့ဒေသတွေမှာ ရောဂါကူးစပ်ခံရတဲ့ သူတွေက မက်စ်မလုံလောက်မှုရယ် မက်စ်တပ်ရမယ်ဆိုတဲ့ဗဟုသုတ နည်းပါးမှုရယ် ကြောင့် ဖြစ်နေတာပါ။ N95 မက်စ်ရဲ့ အရေးပါမှုကို သိလ့ိုလူတွေက အသည်းအသန် ရ ရင် ရ သ လောက် ဝယ် ယူ ကြ လို့ ဆိုင် တွေ မှာ လည်း ပြတ် ကုန် တာ ပေါ့ ။
မက်စ်က ရောဂါဖြစ်နေတဲ့နေရာတွေမှာဆိုရင် ရွှေထက်တောင်တန်ဖိုကြီး နေပါတယ်။ မက်စ်ကိုရရှိဖို့အတွက် လူတွေရဲ့ လိုအင်ဆန္ဒက အကြမ်းဖက်မှုဆီကို ဦးတည်လာပါပြီ။ အချို့ ကားပိုင်ရှင်တွေက မက်စ်တွေကို သွားလေရာ ယူသွားနိုင်ဖို့အတွက် သူတို့ရဲ့ကားတွေထဲမှာ ထည့်ထားကြတယ်။ မက်စ်ကို လိုချင်သူတွေက ကားထဲမှာ မက်စ်ဗူးကိုတွေ့တဲ့အခါ အတော်မသက်နိုင်တဲ့ လိုအင်ဆန္ဒအရ ရာဇဝတ်မှု မှန်းသိသိကြီးနဲ့ ကား မှန် ကို ရိုက် ခွဲ ပြီး လု ယူ သွား ပါ တော့ တယ် ။
ဆင်ချူးနေ့စဉ်သတင်းစာတွေထဲမှာ ဟောင်ကောင်က လမ်းဘေးမှာရပ်ထားတဲ့ ကားရဲ့မှန်ကိုရိုက်ခွဲ ပြီးအထဲက မက်စ်ကို လုယူသွားတယ်လို့ သတင်းပါလာပါတယ်။ ဟောင်ကောင် ရှုအန်ရှိးမှာဖြစ်သွားတာပါ။ ကားသမားရဲ့ အလွန်လို့လည်းပြောရင်မမှားပါဘူး။ ကားသမားက မက်စ် ဗူး၈ဗူးကို ကားထဲမှာထည့်ထားပြီး ကားကိုလောခ့်ချပြီး ထွက်သွားတာပါ။ သူခိုးတွေက N95 မျက်နှာကာ မက်စ်ဗူးတွေမှန်းလည်းသိသွားရော ကားမှန်ကိုရိုက်ခွဲ ပြီးယူသွားတာပါလို့ ရဲတွေက ပြောပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ရဲတွေက စီစီတီဗီ မှတ်တမ်းနဲ့ တိုက်စစ်ပြီး ၃၃နှစ်အရွယ် လူ တစ် ယောက် ကို ဖမ်း ပြီး စစ် ဆေး နေ ပါ တယ် ။
သူတို့က ခိုးသွားတဲ့မက်စ်တွေကို ဘယ်မှာထားလဲ ဆိုတာကိုပဲ ဦးတည်ပြီးမေးမြန်နေတာပါ။ ပိုင်ရှင်ကလည်း သူ့မက်စ်တွေ ပြန်ရရင်အမှုမလုပ်ပါဘူးလို့လည်း ရဲစခန်းမှာ ထွက်ဆိုပါတယ်။ အရင်တုန်းက ဘာမှတန်ဖိုးမရှိတဲ့ မျက်နှာကာ မက်စ်လေးတွေက ကျန်းမာရေးပြဿနာကြောင့် အခုတော့ ရွှေလိုတန်ဖိုးကြီးပြီး ရာဇဝတ်မှု ကျူး လွန် ရတဲ့ အထိ ဖြစ် နေ ပါ တယ် ။
မောင်ယဿ REF: world of buzz photo ; shinchew
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
ကြောင်တောင်တောင် အနိုင်ဆုံး မှောင်ခိုပစ္စည်းများ
International-news
ကြောင်တောင်တောင် အနိုင်ဆုံး မှောင်ခိုပစ္စည်းများ
ကြောင်တောင်တောင် အနိုင်ဆုံး မှောင်ခိုပစ္စည်းများ အမေရိကန် နယ်စပ်ကုန်စည်စစ်ဆေးရေးစခန်းတွေမှာ မူးယစ်ဆေးဝါတွေ မှတ်ပုံတင်အတုတွေ ကုန်ပစ္စည်းအတုတွေနဲ့ တရားမ၀င် ကုန်ပစ္စည်းတွေကို ဖမ်းဆီး အရေယူနေတဲ့ကြားက ငိုအားထက် ရီအားသန်ဖို့ကောင်းတဲ့ ကြောင်တောင်တောင် မှောင်ခိုပစ္စည်းတွေကို ဖမ်းဆီးရမိပါတယ်။ဖောက်စ်သတင်းဌာနက အဲ့ဒိအကြောင်းကို တင်ဆက်သွားပါတယ်။ ၁။ခို အရှင်များ ။။အသက်၂၃နှစ်အရွယ် သြစတေးလျှ သားတစ်ယောက်ကို လေယာဉ်ကွင်းမှာ မသင်ကာလို့ စစ်ကြည့်တာ သူ့ရဲ့အိတ်ထဲက အစားအစာထည့်တဲ့ဗူးထဲမှာ ခိုဥ၂လုံးတွေ့ရပါတယ်။ အဲ့ဒါနဲ့ သူ့ရဲ့ အ၀တ်အစားတွေ ချွတ်ကြည့်တော့ ခြေသလုံးမှာ စာအိတ်နဲ့ထုတ်ထားတဲ့ခိုအရှင် ၂ကောင်ကို တိပ်နဲ့ ပတ်ထားတာကိုတွေ့လိုက်ရတယ်။ ဒါအပြင် သူ့ခါးပတ်မှာ ခုတုခုတုဖြစ်နေလို့ ခွဲကြည့်တာ ခရမ်းမျိုးစေ့တွေကိုဖမ်းဆီးရမိလိုက်တယ်တဲ့။ ၂။ အီဂျစ် မမ်မီ အ၀တ်စ။။မစ်ချီဂန်က အရာရှိတွေကတော့ ဆိပ်ကမ်းမှာ …
ကင်ဂျုံအန်က မြင်းသရဲဆိုတာ ရုရှား အကောက်ခွန် အချက်အလက်တွေမှာပါ
International-news
ကင်ဂျုံအန်က မြင်းသရဲဆိုတာ ရုရှား အကောက်ခွန် အချက်အလက်တွေမှာပါ
ကင်ဂျုံအန်က မြင်းသရဲဆိုတာ ရုရှား အကောက်ခွန် အချက်အလက်တွေမှာပါ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က မြင်းဆိုရင် သရဲမရဲ ဖြစ်တတ်ကြောင်း နဲ့ နှင်းပြင်ကြီးပေါ်မှာ မြင်းစီးရတာကို အလွန် နှစ်ခြိုက်ကြောင်း ရုရှား အကောက်ခွန် ဌာနကအချက်အလက်တွေအရ သိရပါတယ်။သူ့ကို စီးပွားရေးပိတ်ဆို့ထားတဲ့အခါတုန်းက တောင် မြင်းကောင်းတယ်ဆိုရင် ပွဲစားတွေက တစ်ဆင့် ကြိုက်ဈေးပေးဝယ်ပါတယ်။ ရုရှားပွဲစားအများစုက လွန်ခဲ့တဲ့ ၁၀စုနှစ် အတွင်းက နိုင်ငံတကာမှာ မြင်းကောင်း တွေ လိုက်ဝယ်ဖူးပါတယ်။ အဲ့တုန်းက ဘာအကြောင်းမှန် မသိခဲ့ကြပေမဲ့ ရုရှားက မြင်းမျိုး သန့်သန့်တွေကို မြောက်ကိုရီးယားကို တင်သွင်းခဲ့တာပါ။ အဲ့ဒိတုန်းက စာရင်းအချို့အရ မြောက်ကိုရီးယားက မြင်းဖိုးချည်းပဲ သက် သက် ဒေါ်လာ၅သိန်းဖိုး လောက်သုံးခဲ့ပါတယ်။ အဲ့ဒါ …
ကမ္ဘာ့ရာသီဥတုပြုပြင်ဖို့အတွက် ဂျက်ဖ် ဘီဇော့က၁၀ဘီလီယံလှူမယ်
International-news
ကမ္ဘာ့ရာသီဥတုပြုပြင်ဖို့အတွက် ဂျက်ဖ် ဘီဇော့က၁၀ဘီလီယံလှူမယ်
ကမ္ဘာ့ရာသီဥတုပြုပြင်ဖို့အတွက် ဂျက်ဖ် ဘီဇော့က၁၀ဘီလီယံလှူမယ် အွန်လိုင်းမာကတ် ဆရာကြီး အမေဇုံရဲ့ စီအီးအို ဂျက်ဖ်ဘီးဇော့က ကမ္ဘာ့ရာသီစည်းချက်ပျက်ပြားနေမှုကို ပြုပြင်ရန်အတွက် ကန်ဒေါ်လာ ၁၀ ဘီလီယံ (ကုဋေ ၁၀၀၀) လှူဒါန်းမယ်လို့ကြေညာလိုက်ပါတယ်။ ဘီးဇော့က သူ့ရဲ့ အင်စတာဂရမ်မှာ ဘီးဇော့ ကမ္ဘာ့ရန်ပုံငွေအဖွဲ့ တည်ထောင်ပြီး ကမ္ဘာ့ရာသီပြောင်းလဲမှုကိုတိုက်ဖို့အတွက် လက်ရှိလုပ်နေတဲ့ လုပ်ငန်းစဉ်တွေကို တိုးမြှင့်ဖို့နဲ့ နည်းလမ်းသစ်ရှာဖွေဖို့အတွက် သူ့ရဲ့ ပိုက်ဆံတွေကို အသုံးပြုတော့မယ်လို့ ကြေညာပါတယ်။ “ဒီတစ်ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းအတွက် သိပ္ပံပညာရှင်တွေ လှုံ့ဆော်သူတွေ NGOတွေ အတွက် ရန်ပုံငွေ တည် ထောင် ပေး ပါ မယ်။ ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး တွေ ထိန်းသိမ်းမှုတွေ ကိုလုပ်တဲ့ ဘယ်လို ကြိုးပမ်းအားထုတ်မှုတွေအတွက်မဆို …