
International-news






မောင်ယဿ

REF: upi / Photo; upi

Unicode

မက်စ် တပ်ပါလို့ ဘရာဇီးသမ္မတကို တရားရုံးက သတိပေး

ကမ္ဘာပေါ်မှာ ကော်ရိုနာဗိုင်းရက် ဒုတိယမြောက် အပြန့်ပွားဆုံး နိုင်ငံဖြစ်တဲ့ ဘရာဇီးနိုင်ငံရဲ့ သမ္မတက လူကြားထဲကို သွားတဲ့အခါမှာ မက်စ် မတပ်တာရယ် တပ်ရင် လည်း မမှန်မကန် နားရွက်မှာ သာချိပ်ထားတဲ့ အတွက် တရားရုံးက ပထမဆုံး အကြိမ်အဖြစ် သတိပေးလိုက်ပါတယ် ။ တကယ်လို့ သတိပေးပြီးနောက်ပိုင်းကို သမ္မတ အနေနဲ့မက်စ် မတပ်တာရင်ဘဲဖြစ်ဖြစ် မမှန်မကန် တပ်တာပဲဖြစ်ဖြစ် တွေ့ရှိတာနဲ့ ကိုဗစ်-၁၉ဗိုင်းရက် ပြန့်ပွားမှု ထိန်းချုပ်ရေး ဥပဒေနဲ့ဒဏ်ရိုက်မယ်လို့ ဆိုတယ် ။

ပြည်ထောင်စုဗဟိုတရားရုံးက သမ္မတပဲဖြစ်ဖြစ် ကျန်တဲ့ ဘယ်သူပဲဖြစ်ဖြစ် အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေ ကိုဗစ်-၁၉ ဗိုင်းရက် ပြန့်နှံ့နေတဲ့နေရာတွေမှာ မက်စ်တပ်ကို တပ်ထားရမယ် ။ မတပ်လို့ ဖမ်းမိတယ်ဆိုရင် တစ်ရက် ကို အမေရိကန် ဒေါ်လာ ၃၉၀ ဒဏ်ရိုက်မယ်လို့ဆိုတယ် ။ “ကိုဗစ်-၁၉ ရောဂါမပြန့်နှံ့ဖို့ အတွက် သမ္မတ ကိုယ်တိုင်က အမိန့်ထုတ်ပြန်ထားတာကို လိုက်နာရပါမယ် ။ နိုင်ငံတော် ဥသျှောင်တစ်ယောက်အနေနဲ့ သူ့ရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့လိုသလို ဥပဒေကို လည်း မပျက်မကွက် လိုက်နာနိုင်ရပါမယ်”လို့ တရားသူကြီးချုပ် ရီနာတိုဘော်ရယ်လီကဆိုတယ် ။

ဘရာဇီးသမ္မတ ဘောဆိုနာရိုက အများပြည်သူနဲ့ တွေ့ဆုံတဲ့ပွဲတွေမှာ မက်စ်တပ်လေ့ တပ်ထ မရှိပါဘူး ။ တစ်ခါ တစ်လေ သူက မက်စ်ကို နားရွက်မှာ ချိပ်လျက်သော်လည်းကောင်း မေးစေ့မှာ ချိပ်ထားလျက်သော် လည်း ကောင်း တွေ့မြင်ရလေ့ရှိပါတယ် ။ လက်ရှိက ဘရာဇီးမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၁သန်း ၁သိန်း ကျော်ရှိနေပြီး သေဆုံးသူက ၅သောင်း ၂ထောင် ကျော်နေပါပြီ ။

သမ္မတ ဘောဆိုနာရို ကိုယ်တိုင်က ကိုဗစ်-၁၉ ဗိုင်းရက်ကို သာမန်တုတ်ကွေး အဆင့် သာရှိတယ်လို့ ပြောဆိုထားပါတယ် ။ သူကိုယ်တိုင်က ကမ္ဘာက အသိအမှတ် ပြုထား တဲ့ ကပ်ရောဂါကို သာမန်အဆင့် သာမြင်ပြီး သာမန် သဘောထားတဲ့အတွက် ဘရာဇီးနိုင်ငံက ကမ္ဘာ့ ဒုတိယ အများဆုံး ရောဂါဖြစ်ပွား တဲ့ နိုင်ငံ ဖြစ်စေခဲ့ပါတယ် ။

မောင်ယဿ

REF: upi / Photo; upi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …