
International-news









Unicode

မက်စ်မတပ်တဲ့ ဘူဂေးရီးယားဝန်ကြီး ချုပ်ဘိုရစ်ဆော့ ဒဏ်ရိုက်ခံရ

မက်စ်မတပ်ဘဲ ဘုရားကျောင်းထဲကို ဝင်လာလို့ ဘူဂေးရီးယား ဝန်ကြီးချုပ် ဘွိုင်ကိုဘိုရစ်ဆော့ကို ကျန်းမာရေးဝန်ကြီးဌာနက တိုင်လို့ တရားရုံးက ဒဏ်ရိုက်ခဲ့ပါတယ် ။ ဝန်ကြီးချုပ် ဘိုရစ်ဆော့ အစိုးရက ကော်ရိုနာဗိုင်းရက်နဲ့ ပတ်သက်လာရင် ပေါ့ပေါ့ ဆဆ နေထိုင်တဲ့ အတွက် ဝန်ကြီးချုပ်ရုံး ဝန်ထမ်းတွေနဲ့ ပြန်ကြားရေး အဖွဲ့တွေက မကြာခဏ ဒဏ်ရိုက် ခံနေရပါတယ် ။

ဘူးဂေးရီးယားမှာ မက်စ်မတပ်လျှင် တစ်ဦးကို တစ်ရက် ယူရို ၁၅၀ ဒဏ်ရိုက်ပါတယ် ။ ဘူဂေးရီးယားမှာ ကော်ရိုနာဗိုင်းရက် ကူးစက်မှုက တိုးလာတဲ့ အတွက်ကြောင့် လူစုလူဝေး ရှိတဲ့ မည်သည့် နေရာ မဆိုမှာ မက်စ်တပ်ရမယ်လို့ အမိန့်ထုတ်ပြန် ထားပါတယ် ။ ကျန်းမာရေး ဝန်ကြီး ဌာနက အမိန့်ထုတ်ပြန် ထားတာကို ဝန်ကြီးချုပ် ကိုယ်တိုင် လက်မှတ်ရေးထိုးထား ပေမဲ့ ဝန်ကြီးချုပ်ရုံး ဝန်ထမ်းတွေ နဲ့ ဂျာနယ်လစ် တွေက လုံး၀ လိုက်နာခြင်းမရှိပါဘူး ။

နေ့စဉ် တရားရုံးမှာ ဒဏ်ရိုက်ခံရတဲ့သူ အများစုက ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ စာနယ်ဇင်းသမားတွေ ပဲဖြစ်နေပါတယ် ။ “လူအများစု ရှိတဲ့ နေရာတွေမှာ မက်စ်က မဖြစ်မနေ တပ်ရမယ်လို့ ကျမတို့ ဝန်ကြီး ဌာနက အမိန့်ထုတ်ထား ပါတယ် ။ ဒါပေမဲ့ လိုက်နာမှု အားနည်းနေတာကို တွေ့နေရပါတယ်”လို့ ကျန်မာရေး အာဏါပိုင် တစ်ဦးက ဆိုတယ် ။

အင်္ဂါနေ့က ဝန်ကြီးချုပ်ဘိုရစ်ဆော့ဟာ တိုင်းပြည် အနောက်တောင်ပိုင်းက နာမည်ကျော် ရီလာဘုရားကျောင်းကို လမ်းပြင်ဖို့ကိစ္စ တစ်ခုအတွက် သွားခဲ့ပါတယ် ။ အဲ့ဒီ ဘုရားကျောင်း အဝင်ဝမှာ မက်စ်မတပ်ထားတဲ့ ဝန်ကြီးချုပ်က ဘုရားကျောင်း တာဝန်ရှိသူတွေနဲ့ နီးကပ်စွာ စကားပြောခဲ့ကြပါတယ် ။ သူတို့က ရှေးဟောင်း ဘာသာရေး အဆောက်အအုံဆီကို ဧည့်သည်တွေ လာရောက်လည်ပတ်နိုင်ရေး ကိစ္စ အတွက် လိုအပ်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြ ပါတယ် ။

ရှေးရိုးစွဲ ဝန်ကြီးချုပ်ဖြစ်သူ ဘိုရစ်ဆော့ ( ၆၁နှစ် ) က ကပ်ရောဂါ စဖြစ်ကတည်းက မက်စ်တပ်တာနဲ့ ပတ်သက်ပြီး ငြင်းဆိုမှုတွေကို လုပ်ထားဖူးပါတယ် ။ ဘူဂေးရီယားက ဥရောပမှာ ကိုဗစ်-၁၉ ရောဂါပြန့်နှံ့မှုအနည်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ မတ်လ ပထမအပတ်အထိ တစ်နိုင်ငံလုံးမှာ ကိုဗစ်ရောဂါပိုးရှိသူ တစ်ဦး တည်းရှိပါတယ် ။ တစ်နိုင်ငံလုံးရဲ့ ပေါ့ဆမှုကြောင့် မေလအလယ်လောက်မှာ တစ်ရက်ကို လူ ၁၀၀ လောက် ရောဂါပိုး ကူးစက်နေပါတယ် ။

တနင်္လာနေ့ကလည်း ဝန်ကြီးချုပ် ပါတီအစည်းအဝေးမှာ မက်စ်မတပ်တဲ့ အမတ် ၁၀ ယောက်ရှိနေလို့ ယူရို ၁၅၀၀ ဒဏ်ရိုက်ခဲ့ရတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ် ။

မောင်ယဿ REF: euronews photo: Ap

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …