
International-news










မောင်ယဿ REF: inshort

Unicode

မက်စ်နဲ့ လက်သန့်ဈေးတွေကို မှောင်ခိုဈေးကွက်ထဲ မရောက်အောင် တင်းကျပ်ထား

အိန္ဒိယမှာ ကိုဗစ် -၁၉ ရောဂါဖြစ်နေသူ ၃၁ ယောက်ရှိပြီး လူ ၃၀၀၀၀ လောက်ကို စောင့်ကြည့် ခံအဖြစ် ထားရပါတယ်။ အဲ့ဒိအတွက် အများပြည်သူက မျက်နှာကာ (မက်စ်) တွေနဲ့ လက်သန့်ဆေးတွေကို အဝယ်လိုက်လာပါတယ်။

ဒါကြောင့် အစိုးရက မက်စ်နဲ့ လက်သန့် ဆေးတွေကို မှောင်ခိုဈေးကွက်ထဲ မရောက်အောင် အဲ့ဒိပစ္စည်းတွေ အရောင်းအဝယ်ကို တင်းကျပ်ထားမယ်လို့ သောကြာ နေ့က ဆိုတယ်။

ဓာတုပစ္စည်းနဲ့ ဆေးပစ္စည်းဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ဂိုဝါဒါက အစိုးရအနေနဲ့ မက်စ်နဲ့ လက်သန့်ဆေးတွေကို အလုံအလောက်ရှိ အောင် လုပ်ထားပေးတယ်။

နောက်ဆုံးပေါ် မဟုတ်ပေမဲ့ ဈေးကွက်လိုအပ်ချက်ကို မရ ရအောင် ဖြည့်ပေးနိုင်မယ်လို့ သုံးသက်ထားပေမဲ့ မှောင်ခိုဈေးကွက်ထဲကို ရောက်သွားရင် ဘာမှ မတတ်နိုင်တော့တဲ့အတွက် အဲ့ဒိပစ္စည်းတွေ အဝယ်အရောင်းကို တင်းကျပ် ထားရတာပါလို့ ဆိုတယ်။

“ကျနော်တို့က က စက်ရုံတွေဆီကို တိုက်ရိုက်သွားပြီး တိုင်းပြည်အတွက် လုံလောက်အောင် ထုတ်ပေးနိုင်ဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။ သူတို့ကလည်း လုံလောက်အောင် ထုတ်ပေးမယ်လို့ ကတိပြုထားပါတယ်။

အဲ့ဒိထဲမှာ မှောင်ခိုဈေးကွက်ထဲကို ရောက်သွားရင်တော့ မတတ်နိုင်ဘူးလို့ ဆိုလာတဲ့ အတွက်ပါ” လို့ ဂိုဝါဒါက သတင်းထောက်တွေကို ဆိုတယ်။ အိန္ဒိယ အစိုးရကလည်း ဈေးကွက်ထဲမှာ အဲ့ဒိပစ္စည်းတွေ မလောက်ဘူးဆိုတဲ့ စကားမကြားချင်ဘူးလို့ ပြောထားပါတယ်။

လက်ကားသမားတွေ မှောင်ခို ဈေးကွက် သမားတွေကိုလည်း အနီးကပ် စောင့်ကြည့်နေပါတယ်။ တိုင်းပြည်ရဲ့ ၉၅% လိုအပ်ချက်ကို ဖြည်ဆည်းနိုင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ ၃လအတွင်းမှာ ဘာလိုအပ်ချက်မှ မရှိဘဲ ဖြစ်အောင် ပြင်ဆင်ထားပါတယ် လို့လည်း ဝန်ကြီးကဆိုတယ်။

အိန္ဒိယကို ဆေးပစ္စည်းတွေ တရုတ်က သွင်းတာမှန်ပေမယ့် သူတို့က တရုတ်သွင်းတဲ့ ဆေးပစ္စည်းတွေနဲ့ ပြည်တွင်းထုတ်တွေကို သမမျှတအောင် ချိန်ထားပါတယ်။ နေ့စဉ် သုံးစွဲတဲ့ ပမာဏနဲ့ ပြည်တွင်း ထုတ်လုပ်နိုင်မှုကို ချိန်ပြီ ၃လတိတိ ပစ္စည်းမပြတ်ရပါစေဘူးလို့ အာမခံထား ပါတယ်။

မောင်ယဿ REF: inshort
Photo; the indian express

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဆိုက်ဘေးရီးယားမှာ ဒီဇယ် တန်၂၀၀၀၀ ယိုစိမ့်မှု ဖြစ်လို့ ရုရှားမှာ အရေးပေါ် အခြေအနေကြေညာ
International-news
ဆိုက်ဘေးရီးယားမှာ ဒီဇယ် တန်၂၀၀၀၀ ယိုစိမ့်မှု ဖြစ်လို့ ရုရှားမှာ အရေးပေါ် အခြေအနေကြေညာ

ဆိုက်ဘေးရီးယားမှာ ဒီဇယ် တန်၂၀၀၀၀ ယိုစိမ့်မှု ဖြစ်လို့ ရုရှားမှာ အရေးပေါ် အခြေအနေကြေညာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဆိုက်ဘေးရီးယားမှာရှိတဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံရဲ့ လောင်စာကန် ကနေ ဒီဇယ်ဆီ ခန့်မှန်းချေ တန်၂ သောင်းလောက် ယိုစိမ့်မှု ဖြစ်ခဲ့လို့ တိုင်းပြည်အရေးပေါ် အခြေအနေ အဖြစ် ကြေညာ ခဲ့ပါတယ် ။ ဒီဇယ်ကွက်ကြီးက ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက အနီးအနားက မြစ်ချောင်းတွေထဲကို စီးဆင်း သွားခဲ့တယ် ။ လောင်စာဆီ ပေါက်ကျမှု က မော်စကိုမြို့မှ မိုင် ၁၈၀၀ ဝေးတဲ့ နော်အစ် မြို့စွန်မှာ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ပွား ခဲ့တာပါ ။ …

ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ
International-news
ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ

ရူမေးနီးယား ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဘောလုံးကလပ်ကိုဝယ်ယူ မကြာသေးခင်က ရူမေးနီးယားဘောလုံးလောကမှာ အအောင်မြင်ဆုံးအေးဂျင့် ဖြစ်လာတဲ့ ပလေးဘွိုင်း မော်ဒယ် ဟောင်းက အကြွေးတွေဝိုင်းနေတဲ့ ရူမေးနီးယားထိပ်တန်းဘောလုံး ကလပ်တစ်ခု ဟာမန်စ်တက် ဘောလုံး ကလပ်ကို ဝယ်ယူနိုင်ခဲ့ပါတယ်။ အန်နာမာရီယာပရိုဒန်ရက်ဂရီကမ့်(၄၇နှစ်) က ဆီဘူးမြို့ အခြေစိုက် ဘောလုံးအသင်းကို အောင်မြင်စွာ ဝယ်ယူပြီးနောက် မှာတော့ ဟာမန်စ်တက်က ကျမနဲ့ အတူ ဘဝအသစ်တစ်ခုကို ဖန်တီးနိုင်တော့မှာ ပါလို့ဆိုတယ်။ ငွေကြေးဆိုင်ရာကိစ္စကိုတော့ထုတ်ပြန်ခြင်းတော့ မရှိပါ။ ရိုမေးနီးယား မီဒီယာတွေကတော့ ၂၀၁၅ ခုနှစ်မှာ တည်ထောင်ထားတဲ့ အဲ့ဒိကလပ်က ၂၀၁၈မှာ အဆင့်မြင်တန်းမှာစကန်နိုင်ခဲ့ပေမဲ့ ခန့်မှန်းခြေ အကြွေး ကန်ဒေါ်လာ၁သန်းလောက်ရှိမယ်လို့ သုံးသပ်ကြပါ တယ်။ ပလေးဘွိုင်းမော်ဒယ်ဟောင်းက ရူမေးနီးယားကနေ အန်ဒါလက်ခ်ျ အသင်းကိုကန်ဒေါ်လာ …

မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန်
International-news
မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန်

မာယာများတဲ့ နယူးယောက်ခ်ရဲတွေကြောင့် တွစ်တာပေါ်မှာ ရန်တွေဖြစ်ကုန် ဆန္ဒပြ မှုများကို မနိမ်နှင်းခင်မှာ နယူးယောက်ခ် ရဲတွေက ဆန္ဒပြသူ တွေနဲ့ တစ်သားထဲ ရှိကြောင်း ဆန္ဒပြသူ တွေရဲ့ ရှေ့မှာ ရဲအချို့က ဒူးထောက်ပြီး နေပြတဲ့ပုံတွေရယ် ဆန္ဒပြသူတွေကို အကြမ်း ဖက်နေ တဲ့ပုံတွေက လိုင်းပေါ်မှာ ပလူပျံလာတော့ ရဲတွေက ငြိမ်းချမ်းရေးကို အလိုရှိတယ် ။ ရဲတွေက အကြမ်းဖက်တယ် ဆိုတဲ့ သဘောထားတွေ ကွဲလွဲမှု ဖြစ်လာပါတယ် ။ တစ်ဘက်နဲ့ တစ်ဘက် မင်းတို့ ပုံတွေက သက်သက် ဝါဒဖြန့် တာဆိုပြီး အငြင်းပွားမှု တွေဖြစ်ကာ စကားလုံးတွေနဲ့ ရန်ဖြစ် ကုန်ကြပါတယ် ။ ပုံမှာပါတာက …