
ဘောလီးဝုဒ် စူပါမင်းသားကြီး အမီတာဘချန်း ဆေးရုံဆင်းပြီ
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရပြီး ဆေးရုံပေါ်မှာ တစ်လနီးပါး ကြာအောင် ကုသပြီး နောက်မှာတော့ ဘောလီးဝုဒ် စူပါမင်းသားကြီး အမီတာဘချန်း (၇၇နှစ်) က ဒီကနေ့မှာ ဆေးရုံက ဆင်းခွင့် ရခဲ့ပါပြီ။
ပြီးခဲ့တဲ့လက မင်းသားကြီးကို ဆေးစစ်ရာက ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံနေရတယ် ဆိုတာကို တွေ့ရှိရလို့ မွန်ဘိုင်းမြို့က နာနာဗာတီ ဆေးရုံမှာ တက်ရောက် ကုသခဲ့ပါတယ်။ “ ကျနော်ကို ဆေးစစ်မှုတွေ ပြန်လုပ်တော့ ရောဂါပိုး ကင်းစင်ပြီဆိုတဲ့ အဖြေရပါတယ်။
ဒါကြောင့် ကျနော်ကို ဆေးရုံက ဆင်းခွင့် ပြုလိုက်ပါတယ်။ အခုတော့ ကျနော်က အိမ်မှာ ကွာရင်တိုင် ဝင်နေပါပြီ” လို့ သူ့ရဲ့ တွစ်တာမှာ သူရဲ့ ပရိသတ်တွေကို ပြောခဲ့ပါတယ်။
ဘောလီးဝုဒ်မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူတွေ ထဲမှာတော့ အမီတာဘချန်က နာမည်ကြီး တစ်ဦးဖြစ်ပါတယ်။ အိန္ဒိယက အကြီးကျယ် အခမ်းနားဆုံး ရုပ်ရှင်မင်းသားတစ်လက် ဖြစ်ပြီး အမျိုးသားရေးကို စိတ်ဝင်စားတဲ့ ဘောလီးဝုဒ် ရုပ်ရှင်လုပ်ငန်းက ဂန္ထဝင်တစ်ဦး ဖြစ်ပါတယ်။
“ ကျနော်အတွက် ဆုတောင်းပေးကြတဲ့ သူတော်စင်တွေ ၊ ခင်မင်ရသူတွေ ၊ ပရိသတ်တွေ နဲ့ မိသားစုတွေကို ကျေးဇူးတင်ပါတယ်ဗျာ။ ကျနော်ကို ပြန်လည် တွေ့မြင်ခွင့်ရအောင် အထူးဂရုစိုက်ပြီး ကြပ်မတ် ကုသပေးတဲ့ နာနာဗာတီ ဆေးရုံ က ဝန်ထမ်းတွေ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်”လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ လက အမီတာဘချန်းရယ် ၊ သူ့သား အဘီရှက်ရယ် ၊ချွေးမ အရှဝါရာရိုင်း နဲ့ မြေးမလေး အာယာဒယာတို့ ရောဂါပိုး ကူးစက်ခံရလို့ ဆေးရုံတက်ရောက် ကုသခဲ့ရပေမဲ့ မြေးမလေးနဲ့ ချွေးမတို့ က ဆေးရုံက အစောကြီး ဆင်းခွင့်ရပေမဲ့ အမီတာ ဘချန်းကတော့ ဒီနေ့မှ ဆေးရုံက ဆင်းခွင့်ရတာပါ။ သားဖြစ်သူ အဘီရှက်ကတော့ ဆေးရုံ ဆင်းခွင့် မရသေးပါဘူး။
အဘီရှက်ကတော့ သူက ကိုဗစ်ကို အနိုင်တိုက်ပြီး ကျန်းကျန်းမာမာ နဲ့ ဆေးရုံက ပြန် ဆင်းလာခဲ့မယ်လို့ လည်း သူရဲ့ တွစ်တာမှာ တင်ခဲ့ပါတယ်။ အိန္ဒိယမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁.၇၅ သန်း ရှိပြီး ၃သောင်း ရထောင်ကျော် သေဆုံး ခဲ့ရပါတယ်။ ကမ္ဘာ့ တတိယ အများဆုံး ရောဂါဖြစ်ပွားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
မောင်ယဿ, REF: CNN ,Photo; twitter
Zawgyi
ေဘာလီးဝုဒ္ စူပါမင္းသားႀကီး အမီတာဘခ်န္း ေဆး႐ုံဆင္းၿပီ
ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံရၿပီး ေဆး႐ုံေပၚမွာ တစ္လနီးပါး ၾကာေအာင္ ကုသၿပီး ေနာက္မွာေတာ့ ေဘာလီးဝုဒ္ စူပါမင္းသားႀကီး အမီတာဘခ်န္း (၇၇ႏွစ္) က ဒီကေန႔မွာ ေဆး႐ုံက ဆင္းခြင့္ ရခဲ့ပါၿပီ။
ၿပီးခဲ့တဲ့လက မင္းသားႀကီးကို ေဆးစစ္ရာက ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံေနရတယ္ ဆိုတာကို ေတြ႕ရွိရလို႔ မြန္ဘိုင္းၿမိဳ႕က နာနာဗာတီ ေဆး႐ုံမွာ တက္ေရာက္ ကုသခဲ့ပါတယ္။ “ က်ေနာ္ကို ေဆးစစ္မႈေတြ ျပန္လုပ္ေတာ့ ေရာဂါပိုး ကင္းစင္ၿပီဆိုတဲ့ အေျဖရပါတယ္။
ဒါေၾကာင့္ က်ေနာ္ကို ေဆး႐ုံက ဆင္းခြင့္ ျပဳလိုက္ပါတယ္။ အခုေတာ့ က်ေနာ္က အိမ္မွာ ကြာရင္တိုင္ ဝင္ေနပါၿပီ” လို႔ သူ႔ရဲ႕ တြစ္တာမွာ သူရဲ႕ ပရိသတ္ေတြကို ေျပာခဲ့ပါတယ္။
ေဘာလီးဝုဒ္မွာ ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံရသူေတြ ထဲမွာေတာ့ အမီတာဘခ်န္က နာမည္ႀကီး တစ္ဦးျဖစ္ပါတယ္။ အိႏၵိယက အႀကီးက်ယ္ အခမ္းနားဆုံး ႐ုပ္ရွင္မင္းသားတစ္လက္ ျဖစ္ၿပီး အမ်ိဳးသားေရးကို စိတ္ဝင္စားတဲ့ ေဘာလီးဝုဒ္ ႐ုပ္ရွင္လုပ္ငန္းက ဂႏၴဝင္တစ္ဦး ျဖစ္ပါတယ္။
“ က်ေနာ္အတြက္ ဆုေတာင္းေပးၾကတဲ့ သူေတာ္စင္ေတြ ၊ ခင္မင္ရသူေတြ ၊ ပရိသတ္ေတြ နဲ႔ မိသားစုေတြကို ေက်းဇူးတင္ပါတယ္ဗ်ာ။ က်ေနာ္ကို ျပန္လည္ ေတြ႕ျမင္ခြင့္ရေအာင္ အထူးဂ႐ုစိုက္ၿပီး ၾကပ္မတ္ ကုသေပးတဲ့ နာနာဗာတီ ေဆး႐ုံ က ဝန္ထမ္းေတြ အားလုံးကိုလည္း အထူးေက်းဇူးတင္ပါတယ္”လို႔ သူက ဆိုပါတယ္။
ၿပီးခဲ့တဲ့ လက အမီတာဘခ်န္းရယ္ ၊ သူ႔သား အဘီရွက္ရယ္ ၊ေခြၽးမ အရွဝါရာ႐ိုင္း နဲ႔ ေျမးမေလး အာယာဒယာတို႔ ေရာဂါပိုး ကူးစက္ခံရလို႔ ေဆး႐ုံတက္ေရာက္ ကုသခဲ့ရေပမဲ့ ေျမးမေလးနဲ႔ ေခြၽးမတို႔ က ေဆး႐ုံက အေစာႀကီး ဆင္းခြင့္ရေပမဲ့ အမီတာ ဘခ်န္းကေတာ့ ဒီေန႔မွ ေဆး႐ုံက ဆင္းခြင့္ရတာပါ။ သားျဖစ္သူ အဘီရွက္ကေတာ့ ေဆး႐ုံ ဆင္းခြင့္ မရေသးပါဘူး။
အဘီရွက္ကေတာ့ သူက ကိုဗစ္ကို အႏိုင္တိုက္ၿပီး က်န္းက်န္းမာမာ နဲ႔ ေဆး႐ုံက ျပန္ ဆင္းလာခဲ့မယ္လို႔ လည္း သူရဲ႕ တြစ္တာမွာ တင္ခဲ့ပါတယ္။ အိႏၵိယမွာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံရသူ ၁.၇၅ သန္း ရွိၿပီး ၃ေသာင္း ရေထာင္ေက်ာ္ ေသဆုံး ခဲ့ရပါတယ္။ ကမာၻ႔ တတိယ အမ်ားဆုံး ေရာဂါျဖစ္ပြားတဲ့ ႏိုင္ငံလည္းျဖစ္ပါတယ္။
ေမာင္ယႆ, REF: CNN ,Photo; twitter
No Comments