ဘောလီဝုဒ်က မူးယစ်ဆေးဝါး အသုံးပြုပုံအကြောင်း ဖွင့်ပြောလာတဲ့ ကန်ဂါနာရေးနော့
- By : Phoe Linn
- Category : International-news
- Tags: cele news, international news

ဘောလီဝုဒ်က မူးယစ်ဆေးဝါး အသုံးပြုပုံအကြောင်း ဖွင့်ပြောလာတဲ့ ကန်ဂါနာရေးနော့
ဟင်ဒီရုပ်ရှင်လောကမှာ ဆိုရင် ကန်ဂါနာရေးနော့ လို့ ဆိုလိုက်ရင် ရုပ်ရှင်သရုပ်ဆောင် ထုပ်လုပ်သူအဖြစ် လူသိများတာထက် ရုပ်ရှင်လောကသားတွေကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်တတ်သူ အဖြစ် ကျော်ကြား တာက ပိုပါတယ်။ မီဒီယာသမားတွေ အကြိုက် မင်းသမီး တစ်လက်ပါ။
သူမရဲ့ ဖက်ရှင်ကျတဲ့ ဝတ်ပုံ ဆင်ပုံတွေထက် ရုပ်ရှင်လောကရဲ့ အတွင်းရေးတွေ ပြုပြင် ပြောင်းလဲရေးအတွက် ပြောတဲ့ စကားတွေက မီဒီယာတွေကို ပိုပြီး စိတ်ဝင်စား စေပါတယ်။ လောလောဆယ်မှာလဲ ဘောလီးဝုဒ်က ထိပ်တန်းရုပ်ရှင် မင်းသားတစ်ယောက် မူးယစ်ဆေး လွန်ပြီး အိန္ဒိယကထိပ်တန်း ဆေးရုံ တက်ရတာနဲ့ ပတ်သက်ပြီး သူမရဲ့အမြင်ကို မီဒီယာတွေက လာပြီး မေးမြန်းပါတယ်။
“ အိန္ဒိယ ရုပ်ရှင်လောကမှာ မူးယစ်ဆေးဝါးဆိုတာ ထမင်းစား ရေသောက်အဆင့် ဖြစ်နေတာ ကြာပါပြီ။ ကျမက ဘောလီးဝုဒ်က ထိပ်တန်းမင်းသားတွေ တော်များများနဲ့ အလုပ် လုပ်ဖူးပါတယ်။ ကျမ အမြင်ကတော့ ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ဖို့အတွက် မူးယစ်ဆေးဝါးက မလိုလောက်ဘူးလို့ ထင်တာပဲ” လို့ သူမက ဆိုပါတယ်။ မနေ့က သူမရဲ့ အင်တာဗျူးမှာ သူမက စကားတွေ အကြာကြီး ပြောခဲ့ပါတယ်။
“ ဘယ်သူတွေက ဘာလဲဆိုတဲ့ လှို့ဝှက်ချက်တွေ ကျမ သိထားတာတွေ အများကြီးပါ။ အဲ့ဒါကြောင့် သူတို့တွေက ကျမကို အမြဲလို ရန်ရှာချင် နေကြတာပါ။ ဥပမာတစ်ခု ပြောပြမယ် ။ ကျမရဲ့ တွဲဖက်သရုပ်ဆောင် တစ်ယောက် ဆိုရင် လာဗီးဂတ်စ်မှာ ရိုက်ကွင်း ထဲမှာတောင် မူးယစ်ဆေးတွေကို သုံးနေတယ်။
အဲ့တုန်းကဆိုရင် နိုင်ငံခြားသူ သူ့ကောင်မလေးကလည်း သူနဲ့အတူ မူယစ်ဆေးတွေကို သုံးနေတာပါပဲ။ ညတိုင်း ပါတီပွဲတွေ လုပ်ပြီး မူးယစ်ဆေးကို ရေလို သုံးနေကြတယ်။ နေ့ခင်းဖက်မှာလည်း LSD တို့ ကိုကင်းတို့ စိတ်ကြွဆေးတွေကို သုံးပြီး ရုပ်ရှင် ရိုက်ကြတာပါပဲ။ အခု ကိုကီလာဘီင်း ဆေးရုံကို တက်နေရတဲ့ တစ်ယောက်ကလည်း အရင်ကတည်းက ဆေးလွန်ပြီး ဆေးရုံ တက်ဖူးပါတယ်”လို့ သူမက ဆိုပါတယ်။
“သူက မူးယစ်ဆေးတွေကို သူ့အဆုတ်ထဲကို တိုက်ရိုက် ရှုသွင်းခဲ့တယ်လို့ ကျမထင်ပါတယ်။ ဆေးရုံကတော့ ဘာမှ မပြောပေမဲ့ ကျမသိပါတယ်။. အဲ့လို သုံးတာကို မြင်ဖူးလို့ပါ။ သူ့ရဲ့ အဆုတ်တစ်ခုလုံး အဲ့ဒိ အမှိုက်တွေ ပြည့်သွားလို့ နေမှာပါ။
ဘောလီဝုဒ်က သရုပ်ဆောင် ၉၉% က မူးယစ်ဆေးဝါးတွေနဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေပါတယ်။ ဒါတွေကိုလည်း ရဲတွေနဲ့ နိုင်ငံရေးသမားတွေ ပါးစပ်ပိတ် ထားကြပါတယ်။ သူတို့တွေက အင်အားကြီးတယ်။ ပါဝါများတယ်။ ကျမက ဘယ်လိုလုပ်ပြီး သူတို့ကို တွန်းလှန်လို့ ရမလဲ။
ဒါကြောင့် သူတို့တွေက ကျမကို ထောင်ထဲကို ပို့ချင် နေကြတာပါ။ ဒါပေမဲ့ သူတို့သိတာက ကျမက အဲ့ဒိ အတွင်းရေးတွေကို ဖော်လိုက်ရင် ဆိုတဲ့ အတွေးနဲ့ ဒီအတိုင်း ကြည့်နေကြတာပါ။ သူတို့တွေက ကျမကို သတ်ချင်နေတာတော့ အမှန်ပါပဲ”လို့ ရီးပါ့ဘလစ်ချန်နယ် နဲ့ အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။
မောင်ယဿ, REF: Bollywood life, Photo; new track life
Zawgyi
ေဘာလီဝုဒ္က မူးယစ္ေဆးဝါး အသုံးျပဳပုံအေၾကာင္း ဖြင့္ေျပာလာတဲ့ ကန္ဂါနာေရးေနာ့
ဟင္ဒီ႐ုပ္ရွင္ေလာကမွာ ဆိုရင္ ကန္ဂါနာေရးေနာ့ လို႔ ဆိုလိုက္ရင္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ထုပ္လုပ္သူအျဖစ္ လူသိမ်ားတာထက္ ႐ုပ္ရွင္ေလာကသားေတြကို ပ်စ္ပ်စ္ႏွစ္ႏွစ္ ေဝဖန္တတ္သူ အျဖစ္ ေက်ာ္ၾကား တာက ပိုပါတယ္။ မီဒီယာသမားေတြ အႀကိဳက္ မင္းသမီး တစ္လက္ပါ။
သူမရဲ႕ ဖက္ရွင္က်တဲ့ ဝတ္ပုံ ဆင္ပုံေတြထက္ ႐ုပ္ရွင္ေလာကရဲ႕ အတြင္းေရးေတြ ျပဳျပင္ ေျပာင္းလဲေရးအတြက္ ေျပာတဲ့ စကားေတြက မီဒီယာေတြကို ပိုၿပီး စိတ္ဝင္စား ေစပါတယ္။ ေလာေလာဆယ္မွာလဲ ေဘာလီးဝုဒ္က ထိပ္တန္း႐ုပ္ရွင္ မင္းသားတစ္ေယာက္ မူးယစ္ေဆး လြန္ၿပီး အိႏၵိယကထိပ္တန္း ေဆး႐ုံ တက္ရတာနဲ႔ ပတ္သက္ၿပီး သူမရဲ႕အျမင္ကို မီဒီယာေတြက လာၿပီး ေမးျမန္းပါတယ္။
“ အိႏၵိယ ႐ုပ္ရွင္ေလာကမွာ မူးယစ္ေဆးဝါးဆိုတာ ထမင္းစား ေရေသာက္အဆင့္ ျဖစ္ေနတာ ၾကာပါၿပီ။ က်မက ေဘာလီးဝုဒ္က ထိပ္တန္းမင္းသားေတြ ေတာ္မ်ားမ်ားနဲ႔ အလုပ္ လုပ္ဖူးပါတယ္။ က်မ အျမင္ကေတာ့ ႐ုပ္ရွင္ထဲမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ မူးယစ္ေဆးဝါးက မလိုေလာက္ဘူးလို႔ ထင္တာပဲ” လို႔ သူမက ဆိုပါတယ္။ မေန႔က သူမရဲ႕ အင္တာဗ်ဴးမွာ သူမက စကားေတြ အၾကာႀကီး ေျပာခဲ့ပါတယ္။
“ ဘယ္သူေတြက ဘာလဲဆိုတဲ့ လႈိ႕ဝွက္ခ်က္ေတြ က်မ သိထားတာေတြ အမ်ားႀကီးပါ။ အဲ့ဒါေၾကာင့္ သူတို႔ေတြက က်မကို အၿမဲလို ရန္ရွာခ်င္ ေနၾကတာပါ။ ဥပမာတစ္ခု ေျပာျပမယ္ ။ က်မရဲ႕ တြဲဖက္သ႐ုပ္ေဆာင္ တစ္ေယာက္ ဆိုရင္ လာဗီးဂတ္စ္မွာ ႐ိုက္ကြင္း ထဲမွာေတာင္ မူးယစ္ေဆးေတြကို သုံးေနတယ္။
အဲ့တုန္းကဆိုရင္ ႏိုင္ငံျခားသူ သူ႔ေကာင္မေလးကလည္း သူနဲ႔အတူ မူယစ္ေဆးေတြကို သုံးေနတာပါပဲ။ ညတိုင္း ပါတီပြဲေတြ လုပ္ၿပီး မူးယစ္ေဆးကို ေရလို သုံးေနၾကတယ္။ ေန႔ခင္းဖက္မွာလည္း LSD တို႔ ကိုကင္းတို႔ စိတ္ႂကြေဆးေတြကို သုံးၿပီး ႐ုပ္ရွင္ ႐ိုက္ၾကတာပါပဲ။ အခု ကိုကီလာဘီင္း ေဆး႐ုံကို တက္ေနရတဲ့ တစ္ေယာက္ကလည္း အရင္ကတည္းက ေဆးလြန္ၿပီး ေဆး႐ုံ တက္ဖူးပါတယ္”လို႔ သူမက ဆိုပါတယ္။
“သူက မူးယစ္ေဆးေတြကို သူ႔အဆုတ္ထဲကို တိုက္႐ိုက္ ရႈသြင္းခဲ့တယ္လို႔ က်မထင္ပါတယ္။ ေဆး႐ုံကေတာ့ ဘာမွ မေျပာေပမဲ့ က်မသိပါတယ္။. အဲ့လို သုံးတာကို ျမင္ဖူးလို႔ပါ။ သူ႔ရဲ႕ အဆုတ္တစ္ခုလုံး အဲ့ဒိ အမႈိက္ေတြ ျပည့္သြားလို႔ ေနမွာပါ။
ေဘာလီဝုဒ္က သ႐ုပ္ေဆာင္ ၉၉% က မူးယစ္ေဆးဝါးေတြနဲ႔ တစ္နည္းမဟုတ္ တစ္နည္း ပတ္သက္ေနပါတယ္။ ဒါေတြကိုလည္း ရဲေတြနဲ႔ ႏိုင္ငံေရးသမားေတြ ပါးစပ္ပိတ္ ထားၾကပါတယ္။ သူတို႔ေတြက အင္အားႀကီးတယ္။ ပါဝါမ်ားတယ္။ က်မက ဘယ္လိုလုပ္ၿပီး သူတို႔ကို တြန္းလွန္လို႔ ရမလဲ။
ဒါေၾကာင့္ သူတို႔ေတြက က်မကို ေထာင္ထဲကို ပို႔ခ်င္ ေနၾကတာပါ။ ဒါေပမဲ့ သူတို႔သိတာက က်မက အဲ့ဒိ အတြင္းေရးေတြကို ေဖာ္လိုက္ရင္ ဆိုတဲ့ အေတြးနဲ႔ ဒီအတိုင္း ၾကည့္ေနၾကတာပါ။ သူတို႔ေတြက က်မကို သတ္ခ်င္ေနတာေတာ့ အမွန္ပါပဲ”လို႔ ရီးပါ့ဘလစ္ခ်န္နယ္ နဲ႔ အင္တာဗ်ဴးမွာ ေျဖခဲ့ပါတယ္။
ေမာင္ယႆ, REF: Bollywood life, Photo; new track life
No Comments